ဒီဒုက္ခပေးတဲ့ အခြေခံဥပဒေကို ရေးဆွဲထောက်ခံခဲ့တဲ့အထဲမှာ ကျွန်တော်တို့မပါဘူး – အပိုင်း(၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SNLD / SNLD ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွှန့်လွင်

တပ်မတော်ကပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေကပဲဖြစ်ဖြစ် ငါတို့မြေကို တစ်လက္မမှအကျူးကျော်မခံဘူး ဘာညာပြောနေပေမယ့် တောင်အလုံးလိုက်ရောင်းစားလိုက်တာတို့၊ မြေကြီးတွေရောင်းစားလိုက်တာတို့ စသဖြင့် အများကြီးရှိတာပဲ။ ဒါတွေဟာ တကယ့်တကယ်က လွဲနေတာ . . .

ပါတီသက်တမ်းနှစ် (၃၀) ကျော်ခဲ့ပြီဖြစ်သော SNLD ပါတီသည် ၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးခရီးကြမ်းတွင် ဒီမိုကရေစီအရေး အတွက် အခက်အခဲအကျပ်အတည်းအမျိုးမျိုးကြားမှ ကြိုးစားရပ်တည်ခဲ့ကြသည့် နိုင်ငံရေးပါတီများထဲမှ တစ်ခုဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေမှုများအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) ပါတီ ၏ ဒုတိယဥက္ကဌ (၁) ဦးစိုင်းညွှန့်လွင်ကို ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – မြစ်ဆုံကိစ္စမှာ ဦးစိုင်းညွှန့်လွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တာ တွေ့ရပါတယ်။ မြစ်ဆုံနဲ့ပတ်သက်ပြီး SNLD ပါတီရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

USNL – ကျွန်တော့်တစ်ယောက်တည်းရဲ့သဘောထားနဲ့ပေါ့နော်။ ပါတီမှာတော့ အဲဒီကိစ္စ သိပ်မဆွေးနွေးဖြစ်ပါဘူး။ ဆိုတော့ ကျွန်တော်တို့ တစ်ယောက်တစ်ဒေါ်လာ လျော်မယ်ဆိုပြီးလုပ်တဲ့ပွဲမှာ ကျွန်တော့်ကိုခေါ်လို့ သွားပြောပါတယ်။ ကျွန်တော်တို့က မြစ်ဆုံနဲ့သိပ်မနီးစပ်ပါဘူး။ ဒါပေမယ့် အဲဒီမှာလုပ်တဲ့သူတွေ အားလုံးက မိတ်ဆွေတွေဆိုတော့ သွားပြောတာပါ။ ပြောသံကြားနေတာ ကတော့ တရုတ်နဲ့ အရင်အစိုးရက လွဲမှားတဲ့အယူအဆတွေနဲ့ ချုပ်ထားတဲ့စာချုပ်တွေရှိတယ်။ စာချုပ်တွေကို မဖော်ပြဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော်တို့ SNLD က လူတွေအားလုံးကလည်း No Vote ပဲ။ မဲမထည့်ခဲ့ကြဘူး။ ကျွန်တော်တို့ No Vote စည်းရုံးရေး လုပ်ခဲ့ကြတာပေါ့။ ကျွန်တော်တို့ မနိုင်မှန်းလည်းသိတယ်။ ဒါပေမယ့် …

အခု အစိုးရ တက်လာတော့လည်း စာချုပ်တွေက ဘာတွေချုပ်ထားလည်း မသိရဘူးပေါ့။ အဲဒါမျိုးတွေ ကြားနေရတယ်။ ကျွန်တော် အများကြီးလည်း မပြောချင်ဘူး။ သဘောက အခုဖြစ်နေတဲ့နေရာဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ နေရာမှာ ဖြစ်တာလေ။ တခြားဘာမှစဉ်းစားနေစရာမလိုဘူး။ ကိုယ့်ဘာသာဆုံးဖြတ်လို့ရတယ်။ ဆုံးဖြတ်လို့ စစ်ဖြစ်မယ်ဟေ့ဆိုရင်လည်း ခုခံရုံကလွဲပြီး ဘာတတ်နိုင်မှာလည်း။ ကိုယ့်နယ်မြေထဲမှာ၊ကိုယ့်အချုပ်အခြာ အာဏာပိုင်တဲ့ နေရာမှာ ရှိနေတာကို ဘာလို့ တခြားလျောက်တွေးနေရမှာတုန်း။ကျွန်တော့် အယူအဆ ပြောပါတယ်။ လူတွေကတော့ အမျိုးမျိုးတွေးကြတာပေါ့လေ။ တရုတ်ကြီး လည်း ကြောက်ရတာပေါ့တို့ ဘာတို့။ အမှန်ကတော့ ကြောက်စရာရှိလည်း ကြောက်ရမှာပေါ့လေ နော၊ မကြောက်ရဖို့ အကြောင်း လည်း မပြောလိုပါဘူး။ သို့သော်လည်းပဲ ဒီကိစ္စက ကိုယ့်အချုပ်အခြာအာဏာ ပိုင်နက်ထဲမှာရှိတယ်။

ကျွန်တော်တို့ဖြတ်သန်းမှုထဲမှာတော့ အကြီးမားဆုံးအလှည့်အပြောင်းတစ်ခု၊ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ …

ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ဒီအချက်ကိုပြောတာ။ ဆိုတော့ တပ်မတော်ကပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေကပဲ ဖြစ်ဖြစ် ငါတို့မြေကို တစ်လက္မ မှ အကျူးကျော်မခံဘူး ဘာညာပြောနေပေမယ့် တောင်အလုံးလိုက် ရောင်းစားလိုက်တာတို့၊ မြေကြီးတွေ ရောင်းစား လိုက်တာတို့ စသဖြင့် အများကြီးရှိတာပဲ။ ဒါတွေဟာ တကယ့်တကယ်က လွဲနေတာ။ အချုပ်အခြာအာဏာကို ကာကွယ် မယ် တို့ ဘာတို့၊ တကယ့် တကယ်တမ်းကျတော့ အချုပ်အခြာအာဏာကို သူများဆီထားတဲ့ဟာလောက်ပဲ ကာကွယ်နေတာ၊ ကိုယ့်အထဲ ရှိတာဟာကျတော့ လက်မလွှဲရသေးဘူးတို့ ဘာတို့လုပ်ပစ်တာ။ ဒီလောက်ပဲ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိလွှတ်တော်ထဲမှာ SNLD က ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတာ၊ အဆိုတင်သွင်းတာတွေကို မကြာခဏတွေ့ရပါတယ်။ မကြာသေးခင်ကဆို အခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စမှာ သိန္ဒီကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ထဲက တစ်ပိုဒ်ကို မှတ်တမ်းမတင်ဖို့ တပ်မတော်သားကိုယ်စားလှယ်တစ်ဦး ကန့်ကွက်တာလည်း သတိပြုမိတယ်။ ဆိုတော့ လွှတ်တော်နိုင်ငံရေးကို SNLD ပါတီအနေနဲ့ အားရကျေနပ်မှု ရှိသလား။

USNL – အားရကျေနပ်တယ်၊ မကျေနပ်ဘူး ပြောတာထက် ပြည်ထောင်စုလွှတ်တော်မှာ ကျွန်တော်တို့ရဲ့ ပါဝါက (2.5) percent ပဲရှိတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့က ၂၀၀၈ အခြေခံဥပဒေကို ကြိုက်တာ မဟုတ်ဘူး။ ရွေးကောက်ပွဲလည်း ပြောရမယ်ဆို မယုံကြည်ဘူး။ ဒါပေမယ့် လောလောဆယ်ကတော့ဗျာ၊ ဘောလုံး ကစားသလိုပေါ့။ ပေးဂိုးရှိတာပေါ့။

ကျွန်တော်တို့က အမှန်တရားကိုဆုပ်ကိုင်ထားတဲ့အတွက် လူကို၊ ပါတီကို၊ ဆွေးနွေးတဲ့ ကိစ္စ ကို ကြည့်ပြီး ကန့်ကွက်မယ်ဆို ဒါ အမှန်တရားကို ကန့်ကွက်တာပဲလေ …

ကိုယ်ပေးထား ရတဲ့ ဂိုးရှိသလို ကိုယ်ကလည်း ဂိုးသွင်းဖို့ လိုသေးတာပေါ့။ ဆိုတော့ NLD ကိုယ်တိုင်ကလည်း ဒီ လွှတ်တော် နိုင်ငံရေးမှာ ပါသွားပြီ ဆိုတော့ ကျွန်တော်တို့လည်း မပါလို့မရဘူးလေ။ အဓိကကတော့ ကိုယ့်ဒေသကလူတွေကို ကာကွယ်ဖို့၊ ကိုယ့်ဒေသကလူတွေရဲ့ အကျိုးစီးပွား ကို ဆောင်ရွက်ဖို့၊ သူတို့ရဲ့ သဘောထားတွေကို လွှတ်တော်မှာတင်ပြဖို့ဆိုတဲ့ ရည်မှန်း ချက်လောက်ပဲ သွားရတယ်။ တကယ့် နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သွားနေတာ မဟုတ်ဘူး။ နိုင်ငံရေး ရည်မှန်းချက်နဲ့ သွားမယ်ဆိုတောင် ကျွန်တော်တို့ တိုးနိုင် မှာမဟုတ်သေးပါဘူး။ ကျွန်တော်တို့ ယုံကြည်တာ ကတော့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ အဆိုတွေ၊ ဆွေးနွေးချက်တွေကို အမှန် တရားပေါ်မှာထိုင်ပြီး ဆွေးနွေးဖို့ကိုပဲ။ ဒီလို ဆွေးနွေးပြီဟေ့ဆိုရင် အင်အားကြီးတဲ့ ပါတီကြီးတွေ က ကန့်ကွက်ချင်လည်း ကန့်ကွက် မယ်လေ။ ဒါပေမယ့် ကျွန်တော်တို့က အမှန်တရားကို ဆုပ်ကိုင်ထားတဲ့ အတွက် လူကို၊ ပါတီကို၊ ဆွေးနွေးတဲ့ ကိစ္စ ကို ကြည့်ပြီး ကန့်ကွက်မယ်ဆို ဒါ အမှန်တရားကို ကန့်ကွက်တာ ပဲလေ။ အဲဒီအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ သွားနေတာပဲ။ ဆိုတော့ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ လွှတ်တော် ရေးရာကော်မတီ ရှိပါတယ်။ အဲဒီကော်မတီ က ဆွေးနွေးပြီးတော့မှ မေးခွန်းတွေ၊ ဆွေးနွေးချက်တွေ လုပ်ကြတာများပါတယ်။

၂၀၀၄ ညောင်နှစ်ပင်မှာလုပ်မယ့် အဲဒီပွဲ တက် မတက် အားလုံးကလည်း ကျွန်တော် တို့ကို စိတ်ဝင်စားကြပါတယ်။ ဘာလို့လည်း ဆိုတော့ NLD က မတက်ဘူးဆိုတာ အားလုံး သိနေကြတာကိုး …

ဒါပေမယ့် အဲဒီကော်မတီ ထူးခြားတာကတော့ အားလုံးလွတ်လပ်ခွင့်ပေးထားတယ်။ ပါတီကနေပြီး ဒါကိုကိုင်ထားတာမရှိဘူး။ သိပ်ပြီးတော့ သူများကိုတိုက်ခိုက်တာတွေ၊ ပါတီရဲ့အကျိုးစီးပွားကို ထိခိုက်မှာတွေ၊ လူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မယ့် ကိစ္စမျိုး တွေလောက်ပဲ ဒါမျိုးတွေမဖြစ်အောင် ကျွန်တော်တို့က guide line လုပ်တာ။ ကျန်တာ ဘာမှ မလုပ်ဘူး။ ပြောမယ်ဆိုရင် ကျွန်တော်တို့ကိုယ်စားလှယ် (၁၈) ယောက်ရှိတယ်။ (၁၈) ယောက်လုံးက လွတ်လပ်တယ်။ ထိန်းချုပ် ထားတာမရှိဘူး။ ဒါပေမယ့် ခုနကပြောတဲ့ ဘောင်လေးပေါ့။ အဲဒီတော့ တချို့ ကန့်ကွက် ရမလား၊ ထောက်ခံ ရမလား ကိစ္စတွေမှာ ပါတီရဲ့ သဘောထားနဲ့ ကင်းလွတ်တဲ့ကိစ္စတွေဆို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်နဲ့ ကန့်ကွက်ချင်လည်းကန့်ကွက်၊ ထောက်ခံ ချင်လည်း ထောက်ခံ လွတ်လပ်ခွင့်ရှိတယ်။ ကျွန်တော်တို့ဆီမှာက အဲဒီလိုပေါ့။ ဆိုတော့ မတူဘူးပေါ့။ တခြားပါတီတွေတော့ ကျွန်တော်တို့လည်း မသိဘူး၊ ကြားနေရတာပဲ။ တစ်ချို့လည်း အသံသိပ်မထွက်တော့ဘူးလေ။ အဲဒါမျိုးတွေ ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကိုယ်စားလှယ် (၁၈) ယောက်ရဲ့ လွှတ်တော်တွင်းဆောင်ရွက်ချက်တွေအပေါ်မှာရော ပါတီကကျေနပ် အားရ ပါသလား။

USNL – ကောင်းပါတယ်။ ကျွန်တော်တို့လူတွေက စကားနားထောင်ပါတယ်။ သိပ်ပြီးပြဿနာ မရှိပါဘူး။ ကိုယ်ရေးကိုယ်တာ ကို လည်း ထိန်းသိမ်းကြပါတယ်။ နိုင်ငံရေးအရ ဘာမှပြောစရာ မရှိဘူး။ နိုင်ငံရေးအရ အားလုံးကောင်းပါတယ်။ ကျွန်တော်တို့ အတင်းအကျပ် မလုပ်ရဘဲကို နိုင်ငံရေးခေါင်းဆောင်မှုနောက်မှာ သူတို့ရှိနေတယ်။ အဲဒါ ကောင်းတဲ့အလားအလာပဲလေ။

ငြမ်းမီဒီယာ – SLLD ရဲ့ နှစ် (၃၀) ကျော် ဖြတ်သန်းမှုခရီးမှာ ဦးစိုင်းညွှန့်လွင်အနေနဲ့ ကျေနပ်စရာအကောင်းဆုံး အမှတ်ရ စရာက ဘာများဖြစ်မလဲ။

USNL – ကျွန်တော်တို့ဖြတ်သန်းမှုထဲမှာတော့ အကြီးမားဆုံးအလှည့်အပြောင်းတစ်ခု၊ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ညောင်နှစ်ပင်အစည်းအဝေး ပြန်စခဲ့တုန်းက တက်မယ် မတက်ဘူးကိစ္စပေါ့။ ကျွန်တော်တို့ ကို တက်ဖို့ ဖိတ်ကြားပါတယ်။ ကျိုက္ကစံမှာလုပ်ခဲ့တဲ့ ၁၉၉၃ အမျိုးသားညီလာခံကို တက်ခဲ့တယ်။ ၂၀၀၄ ညောင်နှစ်ပင်မှာလုပ်မယ့် အဲဒီပွဲ တက် မတက် အားလုံးကလည်း ကျွန်တော် တို့ကို စိတ်ဝင်စားကြပါတယ်။ ဘာလို့လည်း ဆိုတော့ NLD က မတက်ဘူးဆိုတာ အားလုံး သိနေကြတာကိုး။ ကျွန်တော်တို့ထဲမှာလည်း CEC ထဲမှာ အဲဒီကိစ္စ ကို အကြိတ်အနယ်ဆွေးနွေးကြတာပေါ့။ မတက်ဘူး ဆိုရင် အဖမ်းခံရမှာလည်း သိနေကြတယ်။ တက်ချင်တဲ့ အုပ်စုရှိသလို မတက်ချင်တဲ့ သူတွေလည်း ရှိတယ်။ သဘောထား မတူကြဘူး ပေါ့နော်။ နောက်ဆုံးမှာ ကျွန်တော်တို့က မတက်ဖို့ ဆုံးဖြတ်တယ်။ အဲဒီတော့ SNLD ရဲ့ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦး နဲ့ ကျွန်တော် အဖမ်း ခံရတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ နုတ်ထွက်ဖို့ ဖိအားပေး ခံရတယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖြတ်သန်းမှုမှာ ဒါက အမှတ်ရစရာပေါ့။ ဒါက သမိုင်းမှာတော့ ကျွန်တော်တို့ပြောလို့ရတယ် …

SNLD မှာ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်လေ။ အဲဒီမှာ အတင်းအကျပ် ဖိနှိပ်ပြီး ရှုတ်ချပွဲတွေ လုပ်ခိုင်း တာပေါ့။ သူတို့လည်း သဘော မတူပေမယ့် အတင်းအကျ ပ်လုပ်ခိုင်းတဲ့ အခါ လုပ်ရတာတွေ ရှိတယ်။ ဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ အလှည့်အပြောင်းပေါ့။ ဒီ ၂၀၀၈ အခြေခံဥပဒေရဲ့ အခြေခံမူတွေကို ညောင်နှစ်ပင်ညီလာခံမှာ ချမှတ်ခဲ့တာလေ။ အဲဒီမှာ ကျွန်တော်တို့ လည်း အဲဒါကို သိတဲ့အတွက် မတက်ဖို့ ဆုံးဖြတ်ကြတာ။ ဆိုတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျွန်တော်တို့ မပါဘူးပေါ့ဗျာ။ ရေးဆွဲတဲ့အထဲမှာရော ထောက်ခံတဲ့အထဲမှာပါ ကျွန်တော်တို့မပါခဲ့ဘူး။ ဒါကြီးကို ရေးခဲ့တဲ့ အတွက် မြန်မာပြည်ရဲ့ဒုက္ခဟာ အခုဆို (၁၀) နှစ်ကျော်လာပြီပေါ့၊ (၁၁) နှစ်လောက်ရှိပြီ။ ဒုက္ခပေးလာခဲ့တာ။ အဲဒီဒုက္ခပေးတဲ့ အခြေခံဥပဒေကို ရေးဆွဲထောက်ခံခဲ့တဲ့အထဲမှာ ကျွန်တော်တို့မပါဘူး။

ငြမ်းမီဒီယာ – ၂၀၀၈ အခြေခံဥပဒေ အတည်ပြုဆန္ဒခံယူပွဲ (referendum) မှာလည်း မဲမပေးခဲ့ဘူးလို့ ပြောချင်တာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USNL – အဲဒီအချိန်က ကျွန်တော်ကထောင်ထဲမှာ။ No Vote လုပ်တာပေါ့။ ကျွန်တော်တို့ SNLD က လူတွေအားလုံးကလည်း No Vote ပဲ။ မဲမထည့်ခဲ့ကြဘူး။ ကျွန်တော်တို့ No Vote စည်းရုံးရေး လုပ်ခဲ့ကြတာပေါ့။ ကျွန်တော်တို့ မနိုင်မှန်းလည်းသိတယ်။ ဒါပေမယ့် ကိုယ့်ရဲ့သဘောထားက ဒါပဲဆိုတာ ပြတာပေါ့။ ဆိုတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖြတ်သန်းမှုမှာ ဒါက အမှတ်ရစရာပေါ့။ ဒါက သမိုင်းမှာတော့ ကျွန်တော်တို့ပြောလို့ရတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ဒီစဉ်းစားချက်မျိုးက ဒီနေ့ NLD မှာ သိပ်ရှိပုံမရဘူး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,