NLD ကလည်း တစ်ကောင်တည်း ပြေးနေတဲ့ မြင်းလိုပဲ သွားလို့တော့မရဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေး

တပ်ရော၊ NLDရော၊ တိုင်းရင်းသားခေါင်းဆောင်တွေရော စုဝေးပြီးတော့ ပြည်ထောင်စုကိုငါတို့ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လိုသွားမလဲဆိုတဲ့ Road Map တစ်ခုကိုတော့ ထုတ်ရတော့မယ်။ ဒါပေမယ့် ခံနေတာက ပြဿနာ က ဘာလဲ ဆိုတော့ …

ပြည်သူရွေးကောက်တင်မြှောက်ခဲ့သည့် အစိုးရလက်ထက် တွင် လူထုမျှော်လင့်ချက်၊ လိုအပ်ချက်တွေ ဖြစ်ခဲ့ရဲ့လား။ ငြိမ်ချမ်း ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သဘောထားနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်း အခြေအနေများကို ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုတည်ထောင်သူ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးနှင့် ငြမ်းမီဒီယာ က တွေ့ဆုံ မေးမြန်းခဲ့သည်။

 ငြမ်းမီဒီယာ – ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ အကောင်းမြင်မှုတွေလည်းရှိပါတယ်။ တိုးတက် သင့်သလောက် တိုးတက်မှုရှိတယ်ပေါ့။ တချို့အပိုင်းတွေမှာလည်း တော်တော်လေး အခြေအနေ ဆိုးနေတုန်းပဲ။ ပိုဆိုးလာ တွေတောင် ရှိတယ်ပြောလို့ရမယ်။ ရှေ့လာမယ့် အခြေအနေတွေကိုရော ကိုမြအေးဘယ်လို သုံးသပ်မျှော်လင့်ထားလဲ။

UMA – ကျွန်တော်အရင်ဆုံးပြောချင်တာက နိုင်ငံရေးပါတီထဲမှာ အင်စတီ ကျူးရှင်းအားအကောင်းဆုံးက NLD ပဲ ရှိတယ်။ နောက် တစ်ခုက နိုင်ငံရေး သမားတွေမှာ ပြည်တွင်းကရော၊ ပြည်ပကရော အများစုလက်ခံတဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်ပဲ ရှိတယ်။ ကျွန်တော်တို့လည်း လက်ခံတယ်။ ဘယ်သူမှတော့ မပြည့်စုံဘူး။ အားနည်းချက် တွေလည်း ရှိမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တပ်အပိုင်း ကလည်း သူကိုင်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူခြောက်ချက် ကို ပြန်ရီဗျူးလုပ်ရမှာပဲ။ တိုင်းပြည်က ယိမ်းယိုင်နေပြီ။ အဲဒီလို အစိုးရ …

အားကောင်းတဲ့ အချက်တွေလည်း ရှိမယ်။ ဒါပေမယ့် ဒီလိုရှိထားတဲ့ အခြေအနေတွေကို အားကောင်းတဲ့ဘက်ကို ဘယ်လို ဆွဲယူ မလဲစဉ်းစားရမယ်။ ကျွန်တော်တို့က အားကောင်းချက်တွေရော၊ အားသာချက် တွေရောကြည့်မယ်ဆိုရင် NLDရော၊ ဒေါ်အောင် ဆန်းစုကြည်ကိုရော ကျွန်တော်တို့ထောက်ခံနေဆဲပါ။ သို့သော် ထောက်ခံ တယ်ဆိုတာ မျက်စေ့စုံမှိတ်ပြီး လုပ်သမျှအားလုံး မှန်တယ်လို့ ပြောဖို့တော့ မဟုတ်ဘူးဗျ။ကျွန်တော်တို့ဝေဖန်တယ်ဆိုတာ ဒီနေရာလေးတော့ ဒီလိုသတိပြုမိရင် ကောင်းမယ် ဆိုပြီး ဝေဖန်တာ။ ပြည်သူလူထုတွေထဲသွားတဲ့အခါ တော်တော်များများ ငြီးကြတာ စီးပွားရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လူထုကြားထဲမှာ ဒွိဟ ဖြစ်လာတာ၊ တိုင်းရင်းသားတွေနဲ့ကွဲလာတာ ဒါတွေအကုန်လုံးက အလားသဏ္ဍန်ကောင်းတွေ မဟုတ်ဘူးဗျ။ အဲဒါတွေက ဘယ် အစိုးရတက်တက် ကျွန်တော်ဝေဖန်မှာပဲ။ လက်ခုပ်တီးပြီး မျက်စေ့စုံမှိတ်နေရင် ကျွန်တော် နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ တိုင်းပြည်အပေါ် တာဝန်ဘယ်ကျေတော့မလဲ။ ချစ်ခြင်း၊ မုန်းခြင်းမပါပါဘူး။ NLD ကိုပြောတာရော၊ စစ်တပ်ကိုပြောတာရော ချစ်ခြင်း မုန်းခြင်း မပါပါဘူး။ တိုင်းပြည်အတွက်ပြောတာပဲ ဖြစ်ပါတယ်။

 ငြမ်းမီဒီယာ  – ရှေ့လာမယ့်နိုင်ငံရေးအခြေအနေ ဘယ်လိုလဲမျှော်မှန်းထားလဲ။

UMA – ကျွန်တော်က စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာက ကျွန်တော်တို့ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေက ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင်ကာလ အခြေအနေမျိုး၊ ယူဂိုဆလားဗီးယား မပြိုကွဲခင် အခြေအနေမျိုး၊ ကျွန်တော်ကတော့ အဲလိုသွားမြင်တယ်။ ဆိုဗီယက် ပြည်ထောင်စုပြိုကွဲရတဲ့အဓိကအကြောင်အရင်းထဲက တစ်ချက်က ဘောလတစ်သုံးနိုင်ငံရဲ့ လူမျိုးရေး နိုးကြားပြီး လွတ်လပ်ရေး တောင်းဆိုတာတွေ လည်းပါတယ်။ အဲဒီတော့အရေးကြီးတယ်။ အခုခေတ်ကြီးက တစ်နိုင်ငံတည်း ထီးထီးနေတဲ့ခေတ် မဟုတ် တော့ဘူး။ တယ်လီဖုန်းရှိနေရုံမျှနဲ့ တစ်ကမ္ဘာလုံးကသိနိုင်တဲ့အခြေအနေမျိုး ရောက်သွားပြီ။ အရင်လိုမျိုး ဖုံးဖိလုပ်လို့ရတဲ့ အခြေအနေမဟုတ်ဘူးဗျ။ အခုအဲဒါတွေ ဆင်ဆင်သွားတူတာ။ ရခိုင်ဆိုသိပ်ထင်ရှား တယ်။ ဒါကြိမ်မီးအုံးသလိုဖြစ်နေတာ။

တပ်ဘက်ကလည်း ငါ့ကို အမြဲတမ်း Blame Game ကစားနေတယ်လို့ မြင်မယ်။ ပြည်သူလူထုကလည်း တပ်က ကပ်ဖဲ့ယက်ဖဲ့ လိုက် လုပ်တယ်လို့ မြင်မယ်။ ကျွန်တော်တို့လည်းမြင်တာပဲ …

ရှမ်းပြည်မှာ ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသာအချင်းချင်း မသင့်မြတ်တာ။ ဥပမာ ပလောင်နဲ့ရှမ်း၊ ပအိုင်းနဲ့ရှမ်း၊ ကချင်မှာ ဆိုရင် ရှမ်းနီနဲ့ကချင်၊ လီဆူးနဲ့ကချင် ဒီပြဿ နာတွေက များလာတယ်။ Identity Politics က ရှေ့သိပ်ရောက်လာတယ်။ ဒါတွေ အကုန်လုံးကို ကျွန်တော်တို့က ကျယ်ကျယ်ဝန်းဝန်းမစဉ်းစားဘဲ ထင်တာမြင်တာ လုပ်လို့ရတာ မဟုတ်ဘူး။ ဒါတွေအကုန်လုံးကို ဖြေရှင်းဖို့ကတော့ ဘယ်အစိုးရတက်တက် တက်တဲ့ အစိုးရမှာ တာဝန်ရှိတာဗျ။ တပ်မှာလည်း တာဝန်ရှိတယ်။ တပ်ကလည်း အခုဘာဖြစ်လာသလဲ ဆိုတော့ ကျွန်တော် ပြန်သုံးသပ်ပြတာပါ။ ကမ္ဘာ့အလယ်မှာ ရခိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း အခုဟာက အိုင်စီစီရော၊ ဘာရောညာရော ဖြစ်လာတယ်။ နောက်တဖြေးဖြေး ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ်က တော်တော်လေး ပျက်လာတယ်။ ပြီးတော့ မေမြို့ပြဿနာပြန်ကြည့်ရင်လာရှိုးလမ်းမကြီး တစ်ခုလုံးကို ပြန်ပြီးတည်ငြိမ်မှုရအောင် Stability ဖြစ်အောင်လုပ်ရတာ (၁၅) ရက်လောက်ကြာတယ်။၊ ဗီဒီယိုဖိုင် တစ်ခုတွေ့တယ်။ ကျွန်တော် လည်း ဒီလမ်းသွားဖူးတော့ သိနေတာ။ ကွတ်ခိုင်မြို့လယ်ခေါင် လမ်းလယ်မှာ၊ လမ်းပိတ်ပြီး ပြဿ နာဖြစ်တာတွေ၊ ဒီလိုမျိုးတွေ။ စစ်ဘောင်က တအားကျယ်လာတယ်။ စစ်ဖြစ်တဲ့ ဧရိယာ ကျယ် လာတယ်။ စစ်ရဲ့သဏ္ဍန်က ကျွန်တော်မြင်တာက တောထဲကနေ မြို့တွင်းကို ရောက်လာတဲ့ သဘောဖြစ်နေတယ်။ တပ်ရဲ့ အနေ အထားကရော ဘယ်လိုရှိသလဲ။ ဒါကျွန်တော်တို့ စဉ်းစားလာရတာ။ ဒီလို အနေအထားမှာ ဒီအတိုင်းပဲ ဆက်သွားနေမယ်၊

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး တိုတိုတုတ်တုတ်နဲ့ တိုင်းပြည်ကို တစ်နှစ် နှစ်နှစ်အတွင်း ဘယ်လိုပြောင်းလဲယူမလဲ ဆိုတာကို စဉ်းစားစေချင်တယ်။ ဒါပေမယ့် …

ဒီမီးတွေ က မငြိမ်းနိုင်ဘူး ဆိုရင် တစ်ခုခုချွတ် ချော်လိုက်တာနဲ့ တိုင်းပြည် က လုံး၀ ထိန်းလို့ မရတော့မယ့် Failed State ရောက်သွား မယ်။ စီးပွားရေးကFailedဖြစ်နေတယ်။ လူမှုရေးက Failedဖြစ်နေတယ်။လူမှုသဟဇာတဖြစ်မှုတွေကလည်း ပျောက်ကွယ်လာ တယ်။စစ်ရေးအရ ဒီလိုဖြစ်နေရင် နိုင်ငံကဘယ်လိုမှ အဖတ်ဆယ်လို့ရမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ အရမ်း စိုးရိမ် တယ်။ ဒီရှေ့လာမယ့်၂၀၂၀ ရွေးကောက်ပွဲကို စဉ်းစားနေတာ။ ကျွန်တော်လည်း မစဉ်းစားဘူးမဟုတ်ဘူး။ စဉ်းစား ပါတယ်။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုပဲ နိုင်စေချင်ပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းနဲ့ မပြီးတော့ဘူးလို့ ကျွန်တော် ထင်တယ်။ မပြည့်စုံ သေးဘူးလို့ ကျွန်တော်မြင်တယ်။ ဒီနေ့အခြေအနေကို ရှင်းရှင်းပြောရင် ဒီနေ့တိုင်းပြည် ဘာဖြစ်နေလဲ ဆိုတဲ့ အခြေအနေကို NLD ကလည်း တစ်ကောင်တည်းပြေးနေတဲ့မြင်းလိုပဲ သွားလို့တော့မရဘူးဗျ။ ကျွန်တော် နားလည်တာလေ။ အလိုချင်ဆုံး ဆန္ဒ ပြောမယ် ဆိုရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အေးအေးဆေးဆေးစကားတွေ ပြောပြီး တချို့ဟာတွေ ညှိနှိုင်းရမှာလို့ ကျွန်တော် ထင်တယ်။ ပြီးရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး တိုတိုတုတ်တုတ်နဲ့ တိုင်းပြည်ကို တစ်နှစ် နှစ်နှစ်အတွင်း ဘယ်လိုပြောင်းလဲယူမလဲ ဆိုတာကို စဉ်းစားစေချင်တယ်။ ဒါပေမယ့် ဒီအခင်းအကျင်း က ၂၀၂၀ လွန်မှဖြစ်မလား၊ မတိုင်ခင်ဖြစ်မလားဆိုတာကတော့ Stakeholder တွေပေါ်မှာလည်း မူတည်တယ်။

 ငြမ်းမီဒီယာ  – တချို့ယူဆချက်တွေမှာ NLD အစိုးရနဲ့ တပ်နဲ့က ရင်ကြားစေ့ရေးလမ်းကြောင်းမှာ အရင်ထက်နီးနီး ကပ်ကပ် ရှိလာတယ်လို့ သုံးသပ်သူတွေလည်းရှိတယ်လေ။ ဒါပေမယ့် NLD နဲ့ တပ်နဲ့ကလည်း စကားပြောဆိုဖို့ လိုနေသေးတယ်။ အဆင်မပြေသေးဘူး။ တိုင်းရင်းသားတွေနဲ့ကလည်း အဆင်မပြေသေးဘူး။တချို့ကောက်ချ က်ချမှုတွေမှာ တပ်နဲ့ NLD အဆင်ပြေနေပြီ ဆိုတာမျိုးလည်းရှိနေတော့ ကိုမြအေး ဘယ်လိုမြင်လဲဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – ဒီလိုဗျ တပ်နဲ့ NLD ပဲ ပြေလည်လို့တော့မရဘူး။ ကျွန်တော်ပြောချင်တာက ဒီနေ့စဉ်းစားရမှာက မင်းဘာယူ၊ ငါဘာပေးမယ်။ အဲဒါဆွေးနွေးရမှာ မဟုတ်ဘူး။အခြေခံအားဖြင့် အစိုးရနဲ့တပ်အပိုင်းက ငါတို့နိုင်ငံကိုဘယ်လို သွားရင် ကောင်းမလဲ။ အကြမ်းထည် ဆွေးနွေးရမယ်။ ပြီးရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမယ်။တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ ပြီးရင် ဒေသခံတွေရဲ့ သဘောထားတွေ ဘယ်လို စုစည်းယူမလဲ။ ဒီလို တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ အဲလို သွားနိုင်ဖို့က တကယ့် Stakeholder လေးငါးခြောက်ယောက် စကားပြောရလိမ့်မယ်။ ဒါက NLD က အာဏာရ အစိုးရ ဖြစ်နေတဲ့ အတွက် ပြောတာ လေ။ NLD နေရာမှာ တခြား အစိုးရဆိုလည်း ဒီစကားပဲ ပြောရမှာပဲ။ တချို့တော်တော်များများ သုံးသပ်တာက တပ်နဲ့ NLD ပေါင်းသွားရင် တိုင်းရင်းသားတွေ ဘာမှမရနိုင်ဘူး။ အဲလိုတွေးတာတွေရှိတယ်။ အဲလိုမဖြစ်စေချင်ဘူး။ ကျွန်တော်က တပ်ရော၊ NLDရော၊ တိုင်းရင်းသားခေါင်းဆောင်တွေရော စုဝေးပြီးတော့ ပြည်ထောင်စုကိုငါတို့ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လို သွားမလဲဆိုတဲ့ Road Map တစ်ခုကိုတော့ ထုတ်ရတော့မယ်။ ဒါပေမယ့် ခံနေတာက ပြဿနာ က ဘာလဲဆိုတော့ ၂၀၁၅ အလွန် မှာဆို ပြဿနာ မဟုတ် ဘူး။ အခုကျတော့ ၂၀၂၀ ရွေးကောက်ပွဲက ရှိနေတယ်။၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပြီးမှ ဒါတွေဖြစ်လာ မလား မပြောတတ် ဘူေးပါ့ဗျာ။ မဖြစ်လို့တော့ မရတော့ဘူးနော်။ ဒီအတိုင်း သွားနေရင် နှစ်ဆယ့်တစ်ပင်လုံက အလှ ကစား နေတာပဲ။

သူ့ဘက်ကိုယ့်ဘက် ဆိုတဲ့ပုံစံနဲ့ တစ်ချိန်ချိန်မှာ လိပ်ခဲတည်းလည်းဖြစ်မှုအခြေအနေက ထိပ်တိုက်ဆိုင်ဖို့ အခြေအနေ များသွား မယ်လို့ ကျွန်တော်ထင်တယ်။ ဆိုင်ပြီဆိုရင် ကျွန်တော်တို့ကနိုင်ငံရေး သမားတွေ …

ကျွန်တော် က တော့ ပြောတယ် ဘာမှမဖြစ်ဘူး။ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကို မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကိုယ်တိုင် NCA စာချုပ်မှာ သက်သေ အဖြစ်ပါခဲ့တာ။ မျှော်လင့်ချက်အကြီးကြီးထားခဲ့တာဗျာ။ သို့သော် NCA စာချုပ်က လိုအပ်ချက်တွေရှိတာကို ကျွန်တော်ကိုယ်တိုင် လုပ်ရင်းကိုင်ရင်းနဲ့ သိလာတာ။ ဒါရိုးသားစွာဝန်ခံတာ။ အဲဒီတော့ ဒီလိုပဲ တိုင်းရင်းသားတွေ ဘက်ကလည်း သူတို့လိုအပ်ချက်တွေပြောတဲ့အခါ ကျွန်တော်တို့ ရီဗျူးပြန်လုပ်ရမယ်လေ။ ဒါကြီးကဒီလိုပဲ ဒီဟာအတိုင်းပဲ သွားမယ်ဆိုတာ မဖြစ်နိုင် ဘူးလေဗျာ။ ကာလပြောင်းသွားတယ်။ အခြေအနေ ပြောင်းသွားတယ်။ သေးတဲ့အဖွဲ့တွေ ကြီးလာတယ်။ ကြီးတဲ့အဖွဲ့တွေ သေးသွား တယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ ရီဗျူးပြန်လုပ်ရမယ်။ လုပ်ပြီးတော့မှ ရှေ့ကို ဘယ်လိုသွားမလဲ။ မဟုတ်ရင် နှစ်ဆယ့်တစ် ပင်လုံက ပိုက်ဆံတွေအကုန်ခံပြီး အခုခြောက်လ တစ်ကြိမ်တောင်မဖြစ်ဘူး။

ကျွန်တော်တို့ကနိုင်ငံရေး သမားတွေ၊ ဒီမိုကရက် တစ်တွေ။ အဲဒီတော့ ကျွန်တော် တို့လည်း မလွှဲသာမရှောင်သာ ဆိုင်ရမှာပဲ။ Principle နဲ့ပတ်သက်ရင်တော့ ရှင်းတယ်ဗျာ၊ လွှတ်တော်ထဲမှာ တပ်မရှိရဘူး …

လက်မှတ် ထိုးထားတဲ့ (၁၀) ဖွဲ့ထဲမှာလည်း RCSSနဲ့ KNU ရဲ့အနေအထားကသိတဲ့အတိုင်းပဲ။ ဒါကြီးက မြင်နေပြီဆိုရင် ရီဗျူး ပြန်လုပ် ရမှာ သဘောထားကတိုင်းရင်းသားတွေကို တစ်ဖွဲ့ကို တစ်မျိုးထား၊ တစ်ဖွဲ့ကိုတစ်မျိုး။ အဲဒါက မရဘူးဗျ။ဥပမာ “ ၀ “ ကိုတစ်မျိုး ထားတယ်ဗျာ။ နာဂကို တစ်မျိုးထားတယ်ဗျာ။ ကျန်တဲ့ တိုင်းရင်းသား အငယ်တွေကျတော့ တစ်မျိုးထားပြန်ရော။ အဲဒါက မဖြစ်နိုင် ဘူးလေဗျာ။ ဆိုပါစို့ ပြည်နယ်သစ်တွေ ဖော်ထုတ်မယ် ဆိုရင် ပြည်နယ်သစ်တွေ ဖော်ထုတ်ဖို့ Creteria တွေ သတ်မှတ်ရမှာလေ။ အဲဒါနဲ့ “ ဝ” ကို ချဉ်းကပ်ရမှာလေ။ အခြား တိုင်းရင်းသား ကိုလည်း ချဉ်းကပ်ရမှာလေ၊ မဟုတ်ဘူးလား။ ငါတည်ဆောက်မယ် ဆိုတာထက် ငါတို့အားလုံးပေါင်းပြီး တည်ဆောက်မယ် ဆိုတဲ့ အခင်းအကျင်းကို စဉ်းစားရတော့မှာ။ အဲလိုမဟုတ်ဘဲနဲ့ လက်နက် ချရေး တစ်ခုတည်းနဲ့ သွားဆွေးနွေးလို့တော့ လုံးဝမဖြစ်နိုင်ဘူး။

 ငြမ်းမီဒီယာ  – ဆွေးနွေးတယ်ဆိုတဲ့ကိစ္စမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာ တိုင်ရင်းသား ပါတီတချို့နဲ့ တချို့ပုဂ္ဂိုလ်တွေ နုတ်ထွက်တာတွေ ရှိတယ်။ တချို့တိုင်းရင်းသား ပါတီတွေကို အကဲခပ်ရတာလည်း စောင့်ကြည့်နေတဲ့ပုံစံ ရှိနေတယ်။ အဲဒီတော့ ဆွေးနွေးတယ် ဆိုတဲ့နေရာမှာ ဘယ်လို မူဘောင်တွေချသင့်လဲ။

UMA – အော်လ်တာနေတစ်ကိုစဉ်စားရမယ်။ အဟောင်းတွေကတော့ မရဘူး။ တခြားနည်းလမ်းသစ်ကို ရှာရမယ်။ နည်းလမ်းသစ် ကိုရှာဖို့ Brain Storming တွေ အများကြီးလုပ်ဖို့လိုတယ်။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရှိမယ်။ အစိုးရအဖွဲ့ထဲမှာ ရှိတာ လည်းဖြစ်မယ်။ အစိုးရအဖွဲ့မဟုတ်ဘဲနဲ့ သက်ကြီးနိုင်ငံရေး သမားကြီးတွေရှိမယ်။ သမိုင်းကိုလည်း သိတယ်ကျွမ်းတယ်။ပညာရပ် ပိုင်း ဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေရှိမယ်။ ငယ်ရင်ငယ်မယ်။ အဲဒါတွေနဲ့ တိုင်းပြည်ကို ဘယ်လိုထူထောင် မလဲဆိုတာ ပုံဖော်ယူရ မှာ။ ဘယ်လိုထူထောင်မလဲဆိုတဲ့ အဆင့်ကိုသွားဖို့အတွက်က တပ်ရယ်၊ NLD ရယ်၊ တိုင်းရင်းသားတွေရယ် ကြားထဲမှာ အရင် ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ အော်လ်တာနေးတစ် တစ်ခုကို မွေးထုတ်ရမယ်။ ကျွန်တော့်အမြင်အရ တည့်တည့်ပဲသွားမယ်။ ဒီ Constitution ပြင်တာက (၃၇၆၅) ချက်ရှိတယ်။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တိုင်းရင်းသားထဲက ထွက်တာ ANP ကနှစ်ယာက် ရှိမယ်။ နောက်တစ်ယောက်က အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက ဦးစိန်ဝင်း။ နောက် ဦးစိုင်းညွှန်လွင် နဲ့ အင်တာဗျူးမှာလည်း ကျွန်တော်တွေ့တယ်။ ဘာမှသိပ်ပြီး မျှော်လင့်ချက်မရှိဘူး။ကျွန်တော်ကိုယ်တိုင်လည်း ဖွဲ့စည်းပုံပြင်ရေးကို မူအရထောက်ခံတယ်။ ဒါပေမယ့် ဒီဟာကြီးကို ဘယ်နှနှစ်ပြင်မလဲ။ ပြင်တယ် ထားဦး။ တင်လိုက်တယ်။ တင်လိုက်တဲ့အခါမှာ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ အပေါင်းတစ်မှ ပြင်လို့ရတာလေ။ တချို့ဟာ က Referendum တောင်ပါ သေးတယ်။ အဲဒီ အခါကျတော့ တပ်က ကန့်ကွက်မှာ။ တပ်ကသူ့သဘောထား မပေးထားဘူး။ ကန့်ကွက်ပြီ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က Blame Game သွားကစားသလို ဖြစ်နေတယ်။ ငါပြင်ချင်တာပဲ မရဘူး။ သူကန့်ကွက်လို့ဆိုတဲ့ဟာက မဖြစ်ဘူးလား။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ ဒီအတိုင်းပဲလေ။ ပြင်ကားပြင်၏ မရဆိုတော့ အရွှေ့မရှိဘူး။ အရွေ့မရှိရင် ဘယ်လိုလုပ်မလဲ။ ကောင်းကျိုးတွေ လည်း စဉ်းစားရမယ်၊ ဆိုးကျိုးတွေလည်း စဉ်းစားရမယ်။ ဘယ် …

ဘယ်လိုလုပ်သွားပြီးနီးမလဲ။ ပြင်ဖို့ကြိုးစားတာ လက်ခံတယ်။ သဘောတူတယ်။ လက်ခံတယ်။ မူအရထောက်လည်း ထောက်ခံတယ်။ ဒါကတော့ ကျွန်တော်တို့ငွေရတုဆုံးဖြတ်ချက် သုံးချက်ထဲမှာ တစ်ချက် ပါတဲ့အတွက်ထောက်ခံတယ်။ သို့သော် ရလဒ်မထွက် လာဘူးဆို လုပ်ကားလုပ်၏မရဆိုတော့ ပြည်သူလူထုရဲ့ မျှော်လင့်ထားတာတွေ အကုန်လုံးက “ဟာ မဖြစ်နိုင်ပါဘူးကွာ”ဆိုတဲ့ Feedback ပြန်မလာဘူးလား။ National Reconciliation ကိုသွားတဲ့နေရာမှာ ကျွန်တော် တို့ အထစ်အငေါ့တွေ ပိုမကြီးလာနိုင် ဘူးလား။ တပ်ဘက်ကလည်း ငါ့ကို အမြဲတမ်း Blame Game ကစားနေတယ်လို့ မြင်မယ်။ ပြည်သူလူထုကလည်း တပ်က ကပ်ဖဲ့ယက်ဖဲ့ လိုက် လုပ်တယ်လို့ မြင်မယ်။ ကျွန်တော်တို့လည်းမြင်တာပဲ။ ဒါရှင်းရှင်းပဲ။ လွှတ်တော်မှာဆွေးနွေးချက်ဆိုရင် ICCPR ဆိုရင်လွှတ်တော်မှာ မှတ်တမ်း အနေနဲ့ ပြန်ထား ရတာ ရှိတယ်။ ဒီမိုကရက်တစ် စံနှုန်းက ဘယ်မှာတုန်း။ အဲဒီတော့ သူ့ဘက်ကိုယ့်ဘက် ဆိုတဲ့ပုံစံနဲ့ တစ်ချိန်ချိန်မှာ လိပ်ခဲတည်းလည်းဖြစ်မှုအခြေအနေက ထိပ်တိုက်ဆိုင်ဖို့ အခြေအနေ များသွား မယ်လို့ ကျွန်တော်ထင်တယ်။ ဆိုင်ပြီဆိုရင် ကျွန်တော်တို့ကနိုင်ငံရေး သမားတွေ၊ ဒီမိုကရက် တစ်တွေ။ အဲဒီတော့ ကျွန်တော် တို့လည်း မလွှဲသာမရှောင်သာ ဆိုင်ရမှာပဲ။ Principle နဲ့ပတ်သက်ရင်တော့ ရှင်းတယ်ဗျာ၊ လွှတ်တော်ထဲမှာ တပ်မရှိရဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူတွေလေဗျာ။ ဘယ်လောက်ရင့်ကျက်တယ် ပဲပြောပြော လူတွေဆိုတာ စိတ် ခံစားမှုတွေအနည်းနဲ့အများ ရှိကြ တာပဲ။   ပို ပိုဝေးသွားမယ်။ ကျွန်တော်ပဋိပက္ခမဖြစ်ချင်ဘူး …

ဒါပဲ။ ဒါကျွန်တော်တို့ Priciple ကိုတော့ အပြတ်ပြောမှာပဲ။ အဲလိုပြောခြင်းက မုန်းလို့ မဟုတ်ဘူး လေဗျာ။ဒါပေမယ့် ဒီနှစ်ဆယ့် ငါးရာခိုင် နှုန်းကိုဖြေးဖြေးနားလည်ပြီးကျေကျေ လည်လည် ညှိနှိုင်းပြီး သွားတဲ့ နည်းလမ်းက ပိုကောင်းတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါက တပ်အပိုင်း ကလည်း သူကိုင်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူခြောက်ချက် ကို ပြန်ရီဗျူးလုပ်ရမှာပဲ။ တိုင်းပြည် က ယိမ်းယိုင်နေပြီ။ အဲဒီလို အစိုးရက အခုငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ NCA ကို ပြန်ရီဗျူးလုပ်ရမှာ။ ဖွဲ့စည်း ပုံ ပြင်ဆင်ရေးဆိုတာ ဒီအတိုင်းပဲလေ။ ပြင်ကားပြင်၏ မရဆိုတော့ အရွှေ့မရှိဘူး။ အရွေ့မရှိရင် ဘယ်လိုလုပ်မလဲ။ ကောင်း ကျိုး တွေ လည်း စဉ်းစားရမယ်၊ ဆိုးကျိုးတွေလည်း စဉ်းစားရမယ်။ ဘယ်ဟာကိုမှ ကျွန်တော်တို့ ကြောက်တာမဟုတ်ဘူး။ ကြာတဲ့ အခါ ကျတော့ လူတွေလေဗျာ။ ဘယ်လောက်ရင့်ကျက်တယ် ပဲပြောပြော လူတွေဆိုတာ စိတ် ခံစားမှုတွေအနည်းနဲ့အများ ရှိကြ တာပဲ။   ပို ပိုဝေးသွားမယ်။ ကျွန်တော်ပဋိပက္ခမဖြစ်ချင်ဘူး။ Principle အပိုင်းမှာတော့ ဘယ်ဟာကိုမှ ကျွန်တော်တို့ လျှော့ပေးလို့ မရဘူး။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,