ဒီမိုကရေစီပဲအရေးကြီးတယ်ဆိုတော့ တိုင်းရင်းသား အခွင့်အရေးတွေကို ဥပေက္ခာပြုလိုက်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ANP / ANP ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်

ဒီမိုကရေစီလမ်းကြောင်းကိုအတူတူသွားကြတယ်ဆိုပေမယ့် တစ်နေရာမှာတော့ ကျွန်မတို့ လမ်းခွဲရမယ့် အနေအထားတွေ၊ ခွဲလာတဲ့အနေအထားတွေ ဒီမိုကရေစီအုပ်စုအချင်းချင်းပဲ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ပေယျာလကန်လုပ်ပြီးတော့ အုပ်စုဖွဲ့ တဲ့သဘောမျိုးတွေလည်း ဖြစ်လာတဲ့အနေအထားတွေ …

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်နှစ်ဦးအား ဆက်လက် ပါဝင်ရန်မလိုအပ်တော့ဟု ရခိုင်အမျိုးသား ပါတီအနေဖြင့်ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါကိုယ်စားလှယ်နှစ်ဦး ပါဝင် နေခြင်း အား ပယ်ဖျက်ကြောင်း ကြေညာချက်ကို ရခိုင်အမျိုးသားပါတီ(ANP)က စက်တင်ဘာလ(၃) ရက်နေ့ တွင်ကြေညာချက် ထုတ်ပြန် ခဲ့သည်။ယင်းအခြေအနေများနှင့် ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို ငြမ်းမီဒီယာကဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ  – အနိုင်ရအင်အားကြီး ပါတီကြီး တစ်ခုရဲ့သဘောထား အဆိုပြုချက်မှတ်ချက်တွေကိုသာ မဲအသာစီးနဲ့ အတည်ပြု ဆုံးဖြတ်တဲ့ စနစ် ဖြစ်တဲ့ အတွက် ရခိုင်အမျိုးသားပါတီနဲ့အခြားတိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်လိုတဲ့ အချက်တွေမှာအတည်ပြု ဆုံးဖြတ်နိုင် ခြင်း မရှိတော့ဘူး ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

DANS – ပါတီအသီးသီက အဆိုပြုချက်တွေတင်သွင်းကြ တယ်လေ။ ကျွန်မတို့ပါတီ က ဖွဲ့စည်းပုံပြင်ဆင်ဖို့ အဆိုပြုချက်(၈၅၈)ချက် တင်ခဲ့တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာက အခန်းလိုက်၊ အချက်အလက် လိုက်ပြင်ကြရမှာကိုး။ စကတည်းကကို ဒီနိုင်ငံတော်ကြီး ကို ဘယ်ပုံသဏ္ဍန်နဲ့ပြန်လည်ပြီးတော့ ထူထောင်ဖွဲ့စည်းကြမလဲ ဆိုတဲ့အခါမှာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အသံက ကျယ်ကျယ် လောင်လောင်နဲ့အများကထွက်တယ်ဆိုတာလည်း သိပြီးသာလေ။ပြင်ဆင်ရန်ခက်ခဲတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ဘယ်လိုပြင်နိုင်ကြမလဲဆိုတာကြောင့် ၂၁ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကြီး မှာလည်း ပါတီအသီးသီးက၊ အဖွဲအစည်းအသီးသီးက သူတို့ရဲ့ဆန္ဒရှိသမျှ အချက်အလက်တွေနဲ့ ဒီနိုင်ငံတော်ကြီးကို ဘယ်လို ပုံဖော်မလဲဆိုတာ တင်ပြခဲ့ကြတယ်။အဲဒီမှာ၂၀၀၈ ကိုပြင် ဆင်ရန် မသင့်ဘူးလို့ ရပ်တည်တဲ့အချက်ဆိုလို့ နည်းနည်းပါးပါးပဲတွေ့တယ်။ ကျန်တာတွေကအကုန်လုံးပြင်ဆင် ချင်တယ် ဆိုတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေပါပဲ။ပထမဆုံးအဆင့်အနေနဲ့ကို ကျွန်မတို့က တစ်ချက်ချင်းစီ လိုက်ဆွေးနွေးပြီး တော့အတည်ပြု ကြမယ် ဆိုတဲ့အခါမှာ ဒီ(၄၅)ဦး ပါဝင်တဲ့အဖွဲ့အစည်းမှာ မဲခွဲပုံစနစ်ကိုဆွေးနွေးတဲ့အခါမှာ အဖွဲ့အစည်း လိုက်မဟုတ်ဘဲနဲ့ ကိုယ်စားလှယ် အလိုက်ပဲ မဲပေးပြီးတော့ ဆုံးဖြတ်မယ်၊ အတည်ပြုမယ် ဆိုတော့ ဒီအာဏာရပါတီက ကိုယ်စားလှယ်က အများဆုံး ဖြစ်နေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖက်ဒရယ်ပြည်ထောင်စုကိုရောက်ကို ရောက်ရမယ်ဆိုတဲ့ကြွေးကြော်သံတွေ၊ ခံယူချက်တွေ၊ယုံကြည်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့သွားကြတဲ့ပါတီတွေတောင်မှအခု အတိုင်းအတာ တစ်ခုကိုဖြတ်သန်းလာပြီး တဲ့အချိန်မှာ အဲဒီအဆင့်ကသွေဖီ သွားပြီဆိုတာ …

အဲဒီတော့အာဏာရပါတီက နှစ်သက်တဲ ကြိုက်တဲ့အချက်အလက်တွေဆိုရင် အဲဒီပါတီက ကိုယ်စားလှယ် များတဲ့ အတွက် ထောက်ခံရင်အတည်ဖြစ်သွားလိမ့်မယ်။အဲဒီပါတီက ကိုယ်စားလှယ်တွေ မထောက်ခံ ရင် ဘယ်ပါတီက တင်ပြတဲ့အချက် ဘယ်လောက်ပဲဆီလျော်တဲ့အချက်ဖြစ်ပါစေ အသာ ရဖို့၊အနိုင်ရဖို့၊ အတည်ပြုဖို့ မလွယ်တော့ဘူး။ အဲဒီတော့ဆွေးနွေးတဲ့ အဆင့်မှာ ကိုက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၊စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ အသံလေး တောင်မှ စကားလုံးလေးတောင် မှ အတည်ပြုခွင့် ဆုံးဖြတ်ခွင့်မရှိပြီးမှတော့ နောက်ထပ်နောက်ထပ်တင်ပြထား ချက်တွေ ဟာလည်း ဒီအာဏာရ လက်ရှိ ကိုယ်စားလှယ် အများစုပါဝင်တဲ့အဖွဲ့ကပဲ လိုချင်တဲ့အချက်အလက်တွေကို ဆုံးဖြတ် ပြီးတော့ အတည်ပြုသွား မှာဖြစ်တယ်လို့ ကျွန်မတို့မြင်လာရတယ်။ဒီမြင်လာရတဲ့ အခင်းအကျင်းမှာတော့ သူတို့လိုလားတဲ့ သူတို့ပါတီ ဖွဲ့စည်းပုံမှာ အတိအကျပြဌာန်းထားတဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့ အခန်းကဏ္ဍကို ပီပြင်အောင် ဆောင်ရွက်ဖို့အခွင့်အရေးဟာမရှိတော့ ဘူးဆိုတဲ့ ကျွန်မတို့ရဲ့ မျှော်လင့်ချက် ကုန်သွား တာပေါ့လေ။ အဲဒီအတွက်ကြောင့်ပဲ ကျွန်မတို့က ကိုယ်စားလှယ်တွေကို ရုပ်သိမ်း လိုက်တယ်။ကိုယ်စားလှယ်ကလည်း ပါတီဆုံးဖြတ်ချက်အရနုတ်ထွက်တယ်။

တိုင်းရင်းသား ရယ်လို့တောင်ပီပီပြင်ပြင်မခံယူချင်တဲ့ အုပ်စုက ဒီမိုကရေစီပဲအရေးကြီးတယ်ဆိုတော့ တိုင်းရင်းသားအခွင့်အရေး တွေကို ဥပေက္ခာပြုလိုက်တယ်။ အဲဒီအနေအထား တိုင်းရင်းသားတွေကတော့ …

ဘာကြောင့် ဒီလို လုပ်ရသလဲဆိုတော့ ကျွန်မတို့က ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ရာမကြိုက်တဲ့ ပါတီလား။မကြိုက်တဲ့ ပါတီတွေရဲ့ နောက် မြီးဆွဲလား။လက်ဝေခံလား။ကြိုးကိုင်မှုအောက်မှာရှိနေတဲ့ပါတီလား။စသဖြင့်အဲလို နိုင်ငံရေးအရထိုးနှက်ချက်တွေ၊ ဝေဖန်ချက် တွေကို ကျွန်မတို့ မလိုလားတဲ့အတွက် ရှင်းရှင်လင်းလင်း ဖြစ်ချင်တဲ့အတွက် ဒီ ၄/၂၀၁၉ကိုထုတ်ပြန် လိုက်ရတာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံတော်တော်သမ္မတကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားမယ်လို့ပြောထားတာပဲ။ ဒီကိစ္စကို ညှိနှိုင်းလို့ မရနိုင်ဘူးလား။

DANS – မရလို့ပဲပေါ့။မရလို့ပဲပေါ့။

ငြမ်းမီဒီယာ  – မရလို့ပဲပေါ့ဆိုတော့ ဒီကိစ္စကိုညှိနှိုင်းခဲ့တယ်လို့ပြောတာလားခင်ဗျ။

DANS – ဟုတ်တယ်လေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  – ဒီမိုကရေစီအင်အားစုတွေ၊ဖက်ဒရယ်ကို သွားကြမယ်လို့ပြောလာ ခဲ့ကြတဲ့အခြေအနေကနေ ဒီလိုဖြစ်လာကြတာဆိုတော ဒီအပေါ်ရာဘာများပြောချင်လဲ။

DANS – ဒါကတော့ ကျွန်မတို့ကို အခု ဒီလို လုပ်ခဲ့ရတဲ့အနေအထားတွေ ကျွန်မတို့ကို တစ်ချိန်လုံးထိုးနှက်နေတဲ့ အနေအထားတွေမှာ တကယ်တမ်း ဒီဖွဲ့စည်းပုံ ကိုပြင်ချင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်ကိုရောက်ရမယ်ဆိုတဲ့ ကြွေးကြော်သံတွေ၊ခံယူ ချက်တွေ၊ယုံကြည်ချက်တွေ၊ရည်မှန်းချက်တွေနဲ့သွားကြတဲ့ပါတီတွေတောင်မှအခု အတိုင်းအတာ တစ်ခုကို  ဖြတ်သန်းလာ   ပြီးတဲ့ အချိန်မှာ အဲဒီအဆင့်ကသွေဖီ သွားပြီဆိုတာမြင်ရပြီလေ။

ငြမ်းမီဒီယာ  – ဒီမိုကရေစီကိုလိုလားတဲ့၊ဖက်ဒရယ်ပြည်ထောင်စုကို လိုလားတယ်ဆိုတဲ့အင်အားစုအချင်းချင်းမှာ ဒီလိုမျိုးစေ့စပ်ညှိနှိုင်းလို့ မရတဲ့ကိစ္စတွေ ဖြစ်နေတာကိုဘာပြောချင်လဲဗျ။

DANS – အဲဒါကတော့ ပြည်ထောင်စုဆိုတဲ့အတိုင်း ဒီမိုကရေစီနဲ့တိုင်းရင်းသား အခွင့်အရေး ဆိုတာ ရှိတယ်လေ။အဲဒီတော့  တိုင်းရင်း သား ရယ်လို့တောင်ပီပီပြင်ပြင် မခံယူချင်တဲ့အုပ်စုက ဒီမိုကရေစီပဲအရေးကြီးတယ်ဆိုတော့ တိုင်းရင်းသား အခွင့်အရေး တွေကို ဥပ က္ခောပြုလိုက်တယ်။ အဲဒီအနေအထား တိုင်းရင်းသားတွေကတော့တကယ့်ကို တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရ ရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် ကျွန်မတို့သွားနေကြတဲ့အချိန်မှာ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပေယျာလကန် လုပ်လိုက်ပြီ ဆိုတော့ ဒီမို ကရေစီလမ်းကြောင်းကို အတူတူသွားကြတယ် ဆိုပေမယ့် တစ်နေရာမှာတော့ကျွန်မတို့ လမ်းခွဲရမယ့် အနေအထားတွေ၊ ခွဲလာတဲ့ အနေအထားတွေ ဒီမိုကရေစီအုပ်စုအချင်းချင်းပဲ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ပေယျာလကန် လုပ်ပြီးတော့ အုပ်စုဖွဲ့ တဲ့သဘော မျိုး တွေလည်း ဖြစ်လာတဲ့အနေအထားတွေကျွန်မတို့မြင်နေကြရပြီလေ။

ငြမ်းမီဒီယာ  – ထုတ်ပြန်ကြေညာချက်မှာ ရခိုင်အမျိုးသားပါတီနဲ့ အခြားတိုင်းရင်းသားပါတီတွေရဲ့ပြင်ဆင်လိုတဲ့ အချက်တွေမှာ အတည်ပြု ဆုံးဖြတ်နိုင်ခြင်း မရှိတော့ဘူးလို့တွေ့တော့ အခြားတိုင်းရင်းသားပါတီတွေကရော ဒီထဲကနေထွက်ဖို့ ရှိနေတာလား။

DANS – တခြားပါတီတွေ ထွက်ဖို့ ကိစ္စ ဒီအချိန်မှာ ဘယ်လိုပြောမလဲ။ အဲဒီအခြေအနေကိုတော့ စောင့်ကြည့်လိုက်ပေါ့။ ကျွန်မတို့ ကတော့ ကိုယ့်ရဲ့ရပ်တည်ချက်၊ယုံကြည်ချက်။ခံယူချက်နဲ့ ကိုယ်လုပ်ရမယ့် တာဝန်ကို ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်လေး မှာလုပ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  – ကျေးဇူးတင်ပါတယ်ခင်ဗျ။

 

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,