ဒေသခံပြည်သူတွေ အိုးမဲ့၊အိမ်မဲ့၊ အလုပ်လက်မဲ့၊ မြေယာတွေ စွန့်လွှတ်ရတာဖွံ့ဖြိုးရေးလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဘာမှ မရှိဘဲနဲ့ အိုးမဲ့အိမ်မဲ့ ထွက်ပေးရတဲ့ သူက ထွက်ပေး ရမယ်။မြေယာမဲ့လူတွေများမယ်။ဖွံ့ဖြိုးရေးဆိုတာ ရေကာတာ တစ်ခုတည်း ရှိရုံနဲ့ ဖွံ့ဖြိုးရေးလို့ ပြောလို့မရဘူး။ဖွံ့ဖြိုးရေးဆိုတဲ့ သူတို့ဆိုတဲ့ စကားလုံးက ဘာကိုဆိုလိုတာလဲ …

နိုဝင်ဘာ(၅)၊၂၀၁၉၊ရန်ကုန်

The Nyang News

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊လေးမြို့မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ စိုးရိမ်ပူပန်မှုရှိနေပြီး အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့( Chin River Watch) ၏ အတွင်းရေးမှူး (ဦး) မန်ဇခုပ် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဒီရေကာတာကိစ္စက ပြီးခဲ့တဲ့နှစ်တွေကတည်းက ကန့်ကွက်မှုတွေ လုပ်နေတာတွေ့ရပါတယ်။ အခုကန့်ကွက်မှုတွေ လုပ်နေတဲ့အခြေအနေ သက်ရောက်မှုကရော ဘယ်လိုရှိလဲ။

MZK – ဒီရေကာတာ အစက ၂၀၀၇ မှာစတယ်။ ဒေသခံတွေက ဘာသတင်းအချက်အလက်မှ မသိရဘူး။ဒေသခံတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ကျေးရွာတွေကို ရွှေ့ပြောင်းရမယ်လို့ ဆိုတာေ လာက်ပဲ သိတယ်။ ဒါပေမယ့် ရွှေ့ပြောင်းရမယ့်ကိစ ္စတွေရော၊သူတို့ပိုင်ဆိုင်မှု ၊နေရာဆုံးရှုံးမှုတွေရော သူတို့ ဘာမှသတင်းအချက်အလက်မသိရတဲ့အခါကျတော့ ဒေသခံတွေက ၂၀၁၂ မှာ ဒေသခံတွေနဲ့ ကုမ္ပဏီနဲ့ ကြားမှာ ပြဿနာ တစ်ခုဖြစ်သွာတယ်။ကုမ္ပဏီတွေက စက်တပ်တဲ့အခါမှာ ဒေသခံတွေက ဖျက်ဆီးတယ်ဆိုပြီး ကုမ္ပဏီက စွပ်ဆွဲတယ်။ ကုမ္ပဏီဘက်ကနေ ဒေသခံတွေက သူတို့ရဲ့ပစ္စည်းတွေကို ဖျက်ဆီးတယ် ၊သူတို့ရဲ့ တရုတ်လူမျိုးတွေကို ခဲနဲ့ပစ်ပေါက်တယ် ဆိုပြီး သမ္မတဆီ စာတင်တယ်။ အဲလိုဖြစ်လာတဲ့အခါကျတော့ ဒီစီမံကိန်းကို ကျနော်တို့အဲဒီဒေသခံတွေက လုံးဝသဘောမတူေ ကြာင်းဆန္ဒပြတယ်။ကျနော်တို့ သတင်းအချက်အလက်ဘာမှ မသိရဘူး။ရွှေ့ပြောင်းရမှာက (၅၁)ရွာ။ရွှေ့ပြောင်းတဲ့အခါ ကျနော်တို့ စိုက်ခင်းတွေကို ထားခဲ့ရမယ်။ရေထဲရောက် သွားမယ်။ အဲဒါကို အစားထိုးဖို့ဘယ်လို လုပ်မလဲ။ဘယ်လို စီစဉ်ပေးမလဲ ဆိုတာမှာ လုံးဝတာဝန်ခံမှု၊တာဝန်ယူမှု လုံးဝမသိရတဲ့အခါကျတော့ ဒီဟာတွေကို ကျနော်တို့ လက်မခံဘူးဆိုပြီး ဆန္ဒပြခဲ့ကြတာ။ ဆန္ဒပြတော့ ခေါင်းဆောင်အဖမ်းခံရတယ်။

ငြမ်း – ဆန္ဒပြခေါင်းဆောင်ဖမ်းခံရတာ ဘယ်အချိန်ကလဲ။ ဘယ်နှယောက်အဖမ်းခံရလဲ။

MZK – ၂၀၁၂ ခုနှစ်မှာ တစ်ယောက်အဖမ်းခံရတယ်။

ငြမ်း – ဒီစီမံကိန်းရဲ့ဧရိယာဝန်းကျင်က ဒေသခံတွေကို ၂၀၀၇ မှာ စဖယ်ရှားခိုင်းတာလား။

MZK – ဖယ်ရှားခိုင်းတာမဟုတ်ဘူး။ ၂၀၀၇ မှာစီမံကိန်းြ ဖစ်နိုင်ခြေကို ဆန်းစစ်လေ့လာတာ။အဲဒီအချိန်မှာ ဒေသခံတွေက စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ဘယ်နေရာမဆို သိတဲ့အတိုင်းပဲ ဖြစ်နေတဲ့အခါ ကျတော့ ကျနော်တို့ဒေသခံတွေက စိုးရိမ်ကြ တယ်။အဲဒီတော့ သူတို့ကမေးတယ်။ဒါက ဘယ်လောက် ကျယ်လဲ ယေဘုယျအားဖြင့်ပေါ့။အဲဒီအခါမှာ သူတို့ရဲ့ စိုက်ပျိုးေြ မတွေက ကမ်းခြေပေါ်မှာ၊သူတို့ရွာတွေကလည်း ကမ်းခြေအပေ ါ်မှာပဲ ရှိတဲ့အခါကျတော့ ရွာလည်းရွှေ့ပြောင်း ရမယ်၊စိုက်ပျိုးမြေေ တွလည်း စွန့်လွှတ်ရမယ်ဆိုတဲ့ အကြောင်းတွေ ရှိတဲ့အခါကျတော့ စိုးရိမ်ကြတာပေါ့။ အစိုးရကတော့ ပယ်ဖျက် ရမယ်ဆိုတဲ့စာ ပို့တာတော့ မရှိသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဒီစီမံကိန်းကို ဒေသခံတွေကတော့ သဘောမတူဘူး။၂၀၀၇ ကစတယ်ဆိုပေမယ့် အခုအစိုးရလက်ထက်မှာ တာဝန်ရှိတဲ့ အခြေအနေ။အဲဒီတော့ ဒေသခံတွေ သဘောမတူဘူးဆိုတဲ့ ရေကာတာစီမံကိန်းက ဘယ်လောက်အတိုင်းအတာထိေ ရာက်နေပြီလဲ။

MZK – အခုက အကြီးစား လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အတိုင်းအတာ၊ အစိုးရဘက်က သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်သောနည်း လမ်းနဲ့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘော။ဒါပေမယ့် ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် စကားကိုပြန်သုံး သပ်ကြည့်တာ သူက သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်စေ ဘူးတဲ့။မထိခိုက်စေသောနည်းလမ်းနဲ့ လုပ်ကိုလုပ်ရ မှာဖြစ်ပါတယ်တဲ့။ အဲဒီသဘောတော့ ရှိတယ်။

ငြမ်း – အဲဒီတော့ အစိုးရအနေနဲ့ ဒေသခံတွေ သဘောမတူလည်း ဆက်လှမ်းမယ့် သဘောပေါ့။

MZK – ဟုတ်တယ်။ဆက်လှမ်းမယ့်သဘော၊ဆက်လုပ်မယ့်သဘော ရှိတယ်။

ငြမ်း – ဒီစီမံကိန်းဆက်လုပ်ရင် အဲဒီဝန်းကျင်မှာ ရှိတဲ့ ဒေသခံတွေရဲ့ လူမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်နိုင်တဲ့ လူဦးရေ ဝန်းကျင် ဘယ်လောက် ရှိလဲ။

MZK – လူဦးရေ အနည်းဆုံး ၂၅၀၀၀ ဝန်းကျင်ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဒီစီမံကိန်းက ရေအားလျှပ်စစ်ထုတ်မယ့်စီမံကိန်းလို့ဆိုတော့ ဒီဒေသတွေကလည်း ဖွံ့ဖြိုးမှု တော်တော်နောက်ကျတဲ့ အခြေအနေထဲမှာ ရှိနေတာ လျှပ်စစ်ဓာတ်အားထုတ်နိုင်ရင် ဒေသခံတွေကို တစ်နည်းတစ်ဖုံ အကျိုးမပြုနိုင်ဘူးလား ။ဒေသခံတွေကရော အဲဒီအပေါ်ကို ဘယ်လို မြင်ထားတာလဲ။ ဘယ်လို သဘောပေါက်ထားတာလဲ။

MZK – ဒီမးခွန်းက အရေးကြီးတယ်။ ကျနော်တို့သဘောေ ပါက်ထားတာ၊ကျနော်တို့ သိထားတာက ဒီလိုရှိတယ်။အခုလုပ်မယ့် စီမံကိန်းက အကြီးစား။ အကြီးစားနှစ်ခုရှိတယ်။ တစ်၊ နှစ် ရှိတယ်။ တစ်က ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ။စီမံကိန်း နှစ်က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ။နှစ်ခုစလုံး က ထုက်တဲ့ မဂ္ဂါဝပ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို နိုင်ငံခြားကိုရောင်းမယ်။ ကျန်တဲ့ ဆယ်ရာခိုင်နှုန်းကို ဘယ်မှာ သုံးမလဲ။ ဘယ်လို လုပ်မလဲ မသိရသေးဘူး။ ကျေးရွာပြည်သူတွေ လျှပ်စစ်မီးရမယ်။ မရဘူးဆိုတာရော ဘာတစ်ခုမှ ကျနော်တို့ ခံစားခွင့်ကို မသိရသေးဘူး။

ငြမ်း – အစိုးရဘက်က ဒေသခံပြည်သူတွေအပေါ် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အကြောင်းအကျိုး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးတာမျိုးလည်း မရှိဘူးပေါ့။

MZK – လုံးဝမရှိဘူး။

ငြမ်း – ဘာတွေခံစားရမလဲဆိုတာကလည်း ဒေသခံတွေက မသိဘူး။ဘာတွေ ဖြစ်လာမလဲ ဆိုတာလည်းမသိဘူး စိုးရိမ်ပူပန်မှုနဲ့ သူတို့ နေထိုင်နေရတဲ့ အခြေအနေမျိုးပေါ့။

MZK – ဟုတ်ကဲ့။ဟုတ်ပါတယ်။အသေးစိတ်လေ့လာ ဆန်းစစ်ချက်တွေကို မသိဘူး။ကျနော်တို့ ဒေသခံတွေ သိထားရတာက သူတို့ ရွှေ့ပြောင်းရလိမ့်မယ်။ကျနော်တို့ ဒေသခံတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်မြေတွေကို စွှန့်ကိုစွှန့်ပစ်ရမယ်။ဒီလယ်မြေတွေကို စွှန့်ပစ်ရမယ်ဆိုရင် အားလုံးက အလုပ်လက်မဲ့တွေဖြစ်သွားမယ်။ ဒီဒေသမှာက အဓိက အသုံးပြုတာရေကြောင်း ကို အသုံးပြုတာ။ လမ်းပန်းဆက်သွယ်ရေး မရှိဘူးလို့ပြောမယ်ဆိုရင် ပြောလို့ရတယ်။အဲဒီတော့ အဓိက က ဒီ ရွာပေါင်း(၅၁)ရွာကို ဆက်သွယ်နေတာက အဓိက က ရေကြောင်းပဲဆိုတော့ ရေကာတာ လုပ်ရင် အဲဒီဟာတွေ ပြတ်တောက်သွားနိုင်တယ်။ အဲဒါတွေကို စိုးရိမ်တယ်။

ငြမ်း – အဲဒီတော့ ဒီရေကာတာဆောက်ရင် ဖြစ်လာမယ့် အခြေအနေတွေကို စိုးရိမ်ပူပန်မှုကို မြင်ရပါတယ်။ သတင်းစာ ရှင်လင်းပွဲတွေ၊ဆန္ဒပြမှုတွေ လုပ်တာလည်းေ တွ့ရတယ်။ ဒီတော့ အကျိုးအပြစ်ကို ဘယ်လို လေ့လာဆန်းစစ်မှုနဲ့တွေ့ရှိထားတာလဲ။

MZK – အစိုးရဘက်ကရော။ကော်မတီဘက်ကရော ဒီဧရိယာ ဘယ်လောက်ရှိမလဲ၊အမြင့်ပေ ဘယ်လောက်ရှိမလဲ ဆိုတာ တိတိကျကျ ချပြတာမျိုး၊ ရှင်းလင်းတာမျိုးမရှိတဲ့အခါကျတော့ အဲဒီအပိုင်းကို ကျနော်တို့နားမလည်ဘူး။ ဒါပေမယ့် ကျနော်တို့ တွေးတာ၊အတွေးထဲမှာ ဒီစီမံကိန်းကြောင့် ကျနော်တို့ ဒေသခံတွေ ရွှေ့ပြောင်းရမှာ၊ အလုပ်လက်မဲ့ ဖြစ်မှာ၊လယ်ယာမြေတွေ စွန့်လွှတ်ရမှာ အဲဒါတွေပဲ ကျနော်တို့သိတယ်။ ကျနော်တို့ ခံစားရမယ့် ခံစားခွင့်က ကျတော့ တစ်ခုမှမသိရသေးဘူး။ရရှိလာတဲ့ ဓာတ်အားကို ဘင်္ဂလားဒေရှ်ကိုရောင်းမယ်ဆိုတာပဲ ကျနော်တို့ သိတယ်။

ငြမ်း – အခုဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှု၊ပြောဆိုမှု၊ ဆန္ဒပြမှုတွေ၊ဒါနဲ့ပတ်သက်တဲ့ သတင်းစာရှင်လင်းပွဲတွေ လုပ်တယ်ပြောဆိုတယ်။ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ အသံကို အစိုးရက ဘယ်လောက်အထိ နားထောင်တယ်လို့ထင်လဲ။ ဘယ်လိုတုန့်ပြန်လဲ။

MZK – အခုထိတော့ ဘာမှ မတုန့်ပြန်ဘူး။ အစိုးရက ဒါဟာ ဖွံ့ဖြိုးရေးကို ကန့်ကွက်တယ်လို့မြင်တယ်။ ကျနော်တို့က ဖွံ့ဖြိုးရေးကို ကန့်ကွက်တာ မဟုတ်ဘူး။ဖွံ့ဖြိုးရေးအစီအစဉ်လုပ်လို့ ကျနော်တို့ ရပိုင်ခွင့်ကဘာလဲ။ ကျနော်တို့ နစ်နာ ဆုံးရှုံး သွားတဲ့အရာတွေကို အစားထိုးဘယ်လိုရမလဲ ဆိုတဲ့အပေးမှာ အစိုးရက တာဝန်ခံမှု၊တာဝန်ယူမှု အပြည့်အဝရှိပြီးတော့မှ အဲဒါတွေဖန်တီးပြီးမှ နောက်မှ ဒီဟာကို ဒုတိယအဆင့်မှ အကောင်အထည်ဖော်စေချင်တယ်။အခုက ဘာမှလည်း မသိရဘူး။ကျနော်တို့ရဲ့ ဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေ ကိုလည်း ဘယ်သူက တာဝန်ခံမယ် ဆိုတာမသိရဘူး။ပြီးတော့ ဒေသခံတွေရဲ့ခံစားခွင့်ကိုလည်း ကျနော်တို့ဘာမှမသိရဘူး။

ငြမ်း – ဒေသခံတွေလည်း ဖြစ်၊အရပ်ဘက်အဖွဲ့အစည်း လည်းဖြစ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ကြ တယ်။အဲဒီနေရာမှာ ဒေသခံ နိုင်ငံရေး သမားတွေ၊နိုင်ငံရေး အဖွဲ့အစည်းတွေကရော ဒါနဲ့ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒ ပြောဆိုတာမျိုး မရှိဘူးလား။

MZK – တချို့တလေက ပြောပါတယ်။ဒါပေမယ့် ကျယ်ကျယ် ဝန်းဝန်း ပြောတာတော့ မရှိဘူး။

ငြမ်း – ဘာကြောင့် ဒီကိစ္စမှာ ဒေသခံ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက ကျယ်ကျယ်လောင်လောင် မပြောကြတာလဲ။

MZK – ကျနော်တို့ဒေသခံနဲ့ အရပ်ဘက်အဖွဲ့အစည်းပူးပေါင်းပြီး ဒါက ပထမအကြိမ် သတင်းစာရှင်းလင်းပွဲဆိုတော့ ဒါက အမာခံပါတီတွေအနေနဲ့ ဒေသခံတွေက အကြီးအကျယ်အော်မှသာ ထလုပ်တာမျိုး ရှိတဲ့အခါကျတော့ တော်တော်များများက ဒေသခံတွေရဲ့ သဘောထားကိုစောင့်ကြည့်တဲ့ သဘောမျိုးရှိတယ်။

ငြမ်း – ဒီစီမံကိန်းက အခု ဘယ်အခြေအနေ ရှိပြီလဲ။

MZK – စီမံကိန်း ဘယ်အခြေအနေအထိရောက်ပြီလဲ ဆိုတာ တိတိကျကျမသိရဘူး။ ဆက်လက်ပြီး အကောင်အထည်ဖော် မယ်ဆိုတာပဲ ကျနော်တို့သိတယ်။ကျန်တာ တိတိကျကျ ကျနော်တို့ ဘာမှမသိရဘူး။စီမံကိန်းကို ဆက်အကောင်အထည်ဖော်မယ် ဆိုတာပဲ ကျနော်တို့ သိရတာ။အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ေ တွမှာ သိရတာ။

ငြမ်း – အခု အစိုးရဘက်က စီမံကိန်းနဲပပတ်သက်ပြီး ရှင်းပြ တာမျိုးမရှိဘူး ဆိုတော့ ဒီစီမံကိန်းနဲပပတ်သက်ပြီး အစိုးရ က ရှင်းပြရင် ဒေသခံတွေဘက်က သဘောတူမယ်ဆိုတဲ့ သဘောလား။

MZK – ရှင်းပြရုံ နဲ့သဘောတူတာမျိုးမဟုတ်ဘူး။ အစိုးရက ရှင်းပြတာနဲ့ သဘောတူခြင်း၊မတူခြင်းက မဆိုင်ဘူး။ အစိုးရက ရှင်းပြရမယ်။ ကျနော်တို့နဲ့ အငြင်းအခုန်လုပ်မယ်။ ညှိနှိုင်းမယ်။ အဲဒါက သဘောတူခြင်း၊ မတူခြင်းနဲ့မဆိုင်ဘူး။သူတို့မှာ ရှင်းပြရဖို့ တာဝန်ရှိတယ်။သဘောမတူရင်လည်း ရှင်းပြဖို့ တာဝန်ရှိ တယ်။သဘောတူလည်း ရှင်းပြဖို့တာဝန်ရှိတယ်လို့ ကျနော်တို့ ခံယူတယ်။

ငြမ်း – အစိုးရ က ဒေသဖွံ့ဖြိုးရေးလုပ်တယ်၊အရပ်ဘက် အဖွဲ့အစည်းတွေက ဒါကို လိုက်ပြီး ဖျက်လိုဖျက်ဆီး လုပ်တယ်ဆိုပြီး ဝေဖန်မှုတွေက စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကန့်ကွက်မှုေ တွဖြစ်လာရင် ပြောဆိုကြတာမျိုးရှိပါတယ်။ဒါကိုရော ဘာပြောချင်သလဲခင်ဗျ။

MZK – ကျနော်မေးခွန်းထုတ်ချင်တယ်။ဒေသဖွံ့ဖြိုးရေးဆိုတာ ဘာလဲ။ဒေသခံပြည်သူတွေ အိုးမဲ့၊အိမ်မဲ့၊ အလုပ်လက်မဲ့၊ မြေယာတွေ စွန့်လွှတ်ရတာ ဖွံ့ဖြိုးရေးလား။အဲဒီလို ဘဝရောက်ပြီးမှ ဖွံံ့ဖြိုးရေးဆိုတာ ဘာဖွံ့ဖြိုးရေးလဲ။ အခုဒေသအတွက်ဖွံ့ဖြိုးရေးဆိုရင် ဘာကိုဆို လိုချင်တာလဲ ဆိုတာ သူတို့ကိုမေးခွန်းထုတ်ချင်တယ်။ ဘာခံစားခွင့် ရှိလဲ။ရွှေ့ပြောင်းရမယ်ဆိုရင် ရွှေ့ပြောင်းစရိတ်ကို အစိုးရက တာဝန်ယူပေးမှု ရှိသလား။ အစားထိုးနေရာပြန်လည် နေရာချထားရေး အစိုးရက စီစဉ်ထားမှုရှိသလား။ နစ်နာချက်ေ တွကို အစိုးရက ဘယ်လို စီစဉ်ထားမှုရှိသလဲ။ပလန်တွေကို တိတိကျကျ ချပြလုပ်ပြီးမှ ဒါ ဖွံ့ဖြိုးရေးလို့ ခေါ်လို့ရမှာလေ။ ဒေသခံတွေရဲ့ မူလဘ၀ အခြေအနေထက်မနိမ့်တဲ့ ဘဝကို အစိုးရက အရင်ဖန်တီးပေး။အဲဒါမှ ဒီရေကာတာကို ကျနော်တို့ ပြည်နယ်လူထု ဖွံ့ဖြိုးရေးလုပ်တယ်လို့ပြောလို့ရမှာ။ အခုဘာမှ မရှိဘဲနဲ့ အိုးမဲ့အိမ်မဲ့ ထွက်ပေးရတဲ့ သူကထွက်ပေးရမယ် ။မြေယာမဲ့လူတွေများမယ်။ဖွံ့ဖြိုးရေးဆိုတာ ရေကာတာတစ်ခုတည်း ရှိရုံနဲ့ ဖွံ့ဖြိုးရေးလို့ ပြောလို့မရဘူး။ ဖွံ့ဖြိုးရေးဆိုတဲ့ သူတို့ဆိုတဲ့ စကားလုံးက ဘာကိုဆိုလိုတာလဲ ကျနော်မသိဘူး။ ကျနော့်အမြင်မှာတော့ ဒါက ဖွံ့ဖြိုးရေးလို့ လုံးဝဆိုလို့မရတဲ့ အခြေအနေပဲ။

ငြမ်း – တိုင်းရင်းသားတွေ ရပိုင်ခွင့်၊ဖက်ဒရယ်စနစ် တိတိကျမရှိခင်မှာ စီမံကိန်းကြီးကြီးမားမားတွေ မလုပ်ဖို့ ဆရာတို့ ပြောဆိုထားတာတွေ့ရပါတယ်။အဲဒါနဲ့ပတ်သက်ပြီးပြောပြပါဦး။

MZK – ကျနော်တို့ နိုင်ငံတော်သွားနေတာ ငြိမ်းချမ်းရေးကို လိုလားနေတယ်။ဖက်ဒရယ်ကို လိုလားနေတယ်။ အဲဒီလမ်းဆုံကို သွားနေတဲ့အချိန် ။အဲဒီမှာ ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ ၊သဘာဝသယံဇာတက ထွက်လာတဲ့ အကျိုးအမြတ်တွေကို ဥပဒေထဲမှာ တိတိကျကျ ခွဲဝေပြဌာန်းထားခြင်းမရှိတဲ့ ကာလပတ်လုံး စီမံကိန်း အကြီးစားတွေ မလုပ်စေချင်ဘူး။ဒါအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ထဲမှာလည်း တော်တော်များများပါ ပါတယ်။ ဒီဟာတွေကြောင့် ကျနော်တို့ ဖက်ဒရယ်စနစ်ကို သွားနေကြတာ။ တစ်ဖက်မှာလည်း ဖက်ဒရယ်စနစ်ကိုပြောပြောပြီးမှ ဖက်ဒရယ် စနစ်နဲ့မညီတဲ့ နည်းလမ်းတွေနဲ့ အကောင်အထည်ေ ဖာ်နေမယ်ဆိုရင် ဒါက ဖက်ဒရယ်လမ်းကြောင်းကို သွားနေတဲ့ဟာက အနှောင့် အယှက်ဖြစ်စေနိုင်တယ်။ အဲဒါကြောင့်ဒီဟာတွေကို အစိုးရက ချက်ခြင်း ရပ်ဆိုင်းပေးဖို့ တကယ်ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီးမှ အကောင်အထည်ဖော်ဖို့ပါ။

ငြမ်း – ဘာဖြည့်စွက်ပြောချင်သလဲဗျ။

MZK – အစိုးရကနေ လတ်တလောမှာ ရေတိုနဲ့ ရေရှည်ရှိတယ်။ လတ်တလောက အခု စီမံကိန်းကို ချက်ခြင်းရပ်ဆိုင်းပေးဖို့၊ ရပ်ဆိုင်းလို့မရဘူး အကောင်အထည်ဖော်ကို ဖော်ရမှ ဆိုရင် စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်ချပြရမယ်။ ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေကို အသေးစိတ်တိတိကျကျ ဥပဒေထဲမှာ ဖော်ပြ အကာအကွယ်ပေးတဲ့ တစ်နေ့ကျရင် အကောင်အထည်ဖော်မယ်။ ကျနော်တို့အခွင့်အရေးကို အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိဘူး။ ရပိုင်ခွင့်တွေကို ဥပဒေအားဖြင့်ပြဌာန်းထားတာမရှိတဲ့ အခါကျတော့ အဲဒီဥပဒေတွေ မရှိသရွေ့ အကောင်အထည်မေ ဖာ်စေချင်ဘူး။

ငြမ်း – ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ – MZK Fb

ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့( Chin River Watch) ၏ အတွင်းရေးမှူး (ဦး) မန်ဇခုပ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။