ဒေသခံလူမှုဘဝများကို ထိခိုက်နေသည့် ဓာတ်မြေဩဇာစက်ရုံအရေး ဝန်ကြီးချုပ် ကွင်းဆင်း စစ်ဆေးမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း /ဒေသခံများ နှင့် ညှိနှိုင်းဆွေးနွေးနေသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်

ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့လည်း ဝိုင်းပြီးတောင်းပန်နေတာပဲ အချိန်ကြာပြီ။ ရွာဘက်က မခံမရပ်နိုင်လို့ အစိုးရအဖွဲ့ရုံးအထိ လာပြီး တင်ပြတာ။ ကျနော်တို့ကိုယ်တိုင်လည်း …

အမှုန်နှင့်အနံ့ဆိုးများထွက်နေမှုကြောင့် ဒေသခံလူမှုဘဝများကို ထိခိုက်နေ၍ စက်ရုံပိတ်ပေးဖို့အထိတောင်းဆိုမှုတွေရှိနေသော မြန်မာရွှေနဂါးဓာတ်မြေဩဇာစက်ရုံအရေး ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေးသွားမည် သည်။

ဇန်နဝါရီလ (၂၆ )ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် စက်ရုံပိတ်သိမ်းပေးရန်တောင်းဆိုထားသည့် တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာကဒေသခံများတွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

” ရန်ကုန်တိုင်းဝန်ကြီးချုပ်ယာဉ်တန်း ရုံးရှေ့ရောက်လာတော့ ကျနော်တို့က လှမ်းအော်တဲ့အခါ သူဆင်းလာပြီး တွံ့တေးမြို့နယ် ရွှေနဂါးစက်ရုံ ကိစ္စလားလို့ သူမေးပါတယ်။ ဟုတ်ပါတယ်လို့ပြောတဲ့အတွက်သူ့အနေနဲ့နက်ဖြန်ကို ဝန်ကြီးနှစ်ဦး လာပြီး စစ်ပေးမယ်။ ရုံးဘက်ကိုလည်း သူအကြောင်းကြားပေးမယ်လို့ပြောပါတယ်။ (၂၈) ရက်နေ့ သဘက်ခါ ကြရင် သူကိုယ်တိုင် ရွာသားတွေနဲ့တွေ့ဆုံပြီး ဒီစက်ရုံအရေး ဆောင်ရွက်ပေးမယ်လို့ပြောပါတယ်” ဟု စက်ရုံပိတ်သိမ်းရေး တောင်းဆိုနေသည့် ဒေသခံ ကိုရဲဝင်းထွဋ်က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရွှေနဂါးဓာတ်‎မြေဩဇာစက်ရုံ အပြီးပိတ်သိမ်ပေးရေး၊ ပျက်စီးသွားသော ကွမ်းခြံများကို စိုက်ပျိုးစားရိတ်သီးနှံ လျော်ကြေးပေး‎ရန်အတွက် အစိုးရဘက်က ဆောင်ရွက်ပေးရန်နှင့် စက်ရုံက ဥပဒေချိုးဖောက်ပြီး လည်ပတ်သည့်အတွက် အစိုးရအနေဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် စသည့် (၃) ချက်ကို ဒေသခံများဘက်က တောင်းဆိုထားသည်။

‎ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ စတင်လည်ပတ်သည့် (၂၀၁၉) ခုနှစ်နှစ်လယ်ပိုင်းမှ စတင်ပြီး စက်ရုံအနီးတွင် တည်ရှိသည့် ကျေးရွာများတွင် အမှုန်များနှင့်အနံ့ဆိုများ ရရှိနေခြင်း၊ ကျေးရွာသောက်သုံရေကန်များပျက်စီးသွားခြင်းနှင့် စက်ရုံအနီးရှိကွမ်းခြံတွေ ပျက်စီးသွားမှုများ ရှိကြောင်း ဒေသခံတွေက ပြောကြားထားသည်။

ဌာနဆိုင်ရာတွေ လာစစ်ရင် ရပ်ထားတယ်။ ပြီးရင်သူတို့ဘာသာ လုပ်ချင်တာလုပ်တာ။ အဲဒီလို ပုံစံတွေဖြစ်နေတာ။ ခုက ဆက်တိုက်ဖြစ်နေတာပေါ့။ ဒီလေးငါးခြောက်လ တစ်နှစ်အတွင်းမှာ …

အဆိုပါစက်ရုံကို ဒေသခံများနှင့်အငြင်းပွားနေစဉ် ကာလအတွင်း စက်ရုံယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာက တားမြစ်ထားသော်လည်း စစ်ဆေးရေးဝင်ရောက်သည့် ကာလတွင်သာ စက်ရုံလည်ပတ်မှုကိုရပ်ဆိုင်းထားပြီး စစ်ဆေးရေးပြန်သွားသည့်အချိန်တွင် စက်ရုံခိုးလည်ပတ်မှုများကို ဆောင်ရွက်ခဲ့သည့်အတွက် အစိုးရအဖွဲ့ထံကို တင်ပြထားခဲ့ရကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဇင်ဦး က ပြောသည်။

” ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့လည်း ဝိုင်းပြီးတောင်းပန်နေတာပဲ အချိန်ကြာပြီ။ ဒါရွာဘက်က မခံမရပ်နိုင်လို့ အစိုးရအဖွဲ့ရုံးအထိ လာပြီး တင်ပြတာ။ ကျနော်တို့ကိုယ်တိုင်လည်း စိစစ်ရေး သုံးလေးခါမှာလည်း နှစ်ခါလောက် ပါလာတယ်ပေါ့။ အဲဒါလည်း သူတို့က လာတဲ့အချိန် ရပ်ထားတယ်။ ပြီးရင်ပြန်လည်တယ်။ အဲဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ ပုံစံဖြစ်နေတယ်။ အမှန်တိုင်းပြောရင် ဂရုမစိုက်တဲ့ ပုံစံဖြစ်နေတယ်။ လာစစ်ရင်ရပ်ထားတယ်။ ပြီးရင်ပြန်လည်တယ်ဆိုတော့ အစိုးရအဖွဲ့ကိုတော့ တိုက်တွန်းရမှာပေါ့။ ဒီလို ကတိမတည်တဲ့ ပုံစံမျိုးကို ဘယ်လို ကြပ်ကြပ်မတ်မတ် လုပ်မလဲ ဆိုတာကိုပေါ့။ ကျနော်တို့လာတဲ့အချိန်ကို ရပ်ထားတယ်။ ဌာနဆိုင်ရာတွေ လာစစ်ရင် ရပ်ထားတယ်။ ပြီးရင်သူတို့ဘာသာ လုပ်ချင်တာလုပ်တာ။ အဲဒီလို ပုံစံတွေဖြစ်နေတာ။ ခုက ဆက်တိုက်ဖြစ်နေတာပေါ့။ ဒီလေးငါးခြောက်လ တစ်နှစ်အတွင်းမှာပေါ့။ အဲဒီအတိုင်း သူတို့ကတိမတည်ဘူးဆိုရင် အမှုန်မထွက်၊အနံ့မထွက် လုပ်နိုင်ရင်ပေါ့။တစ်ကယ်လို့မှ မလုပ်နိုင်ရင် ပိတ်သိမ်းပေါ့လေ ။ ဒါပဲရှိတာပေါ့လေ” ဟုတ် ဒေါက်တာကျော်ဇင်ဦးကပြောသည်။

အဆိုပါရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ငှားရမ်းစဉ်က ဓာတ်မြေဩဇာများကို အတင်ချပြုလုပ်ခြင်းနှင့်သိုလှောင်ခြင်းအတွက်သာခွင့်ပြုခဲ့သော်လည်း စာချုပ်ပါအချက်အလက်တွေကိုကျော်လွန်ပြီး ရောစပ်၊ကြိတ်ခွဲခြင်းလုပ်ငန်းများကို ပြုလုပ်နေသည့်အတွက် ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရုံပိတ်ထားရန်အတွက် ၂၀၂၁ ဇန်နဝါရီလ (၁၅) ရက်နေ့က ညွှန်ကြားထားသည်။

“ မြေပြင်အခြေအနေက စက်ရုံက ပိတ်သိမ်းလိုက်ဆိုပေမယ့် ညဘက်မှာ ခိုးခိုးလည်နေတယ်။ စက်ကြီးတွေနဲ့မလည်ဘဲ အုန်းမွှေးလုံးတွေနဲ့ ခိုးခိုးလည်နေတယ်။ အနံ့ကတော့ အရင်ကထက်စာရင် မထွက်တော့ဘူး။ အပေါက်တွေကို အကုန်ပိတ်ဆို့ထားပြီး အဲဒီလိုလုပ်နေတယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးကျော်ဇေယျက ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်ရှိအချိန်တွင် စက်ရုံကို ရပ်ဆိုင်းထားပြီး ဥပဒေနှင့်အညီ အကောင်းဆုံးဖြေရှင်းသွားမည်ဖြစ်ပြီး၊ ဒေသခံများနှင့်လည်းပြေလည်မှုရရှိရန်အတွက်အကောင်းဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းရွှေနဂါးဓာတ်မြေဩဇာစက်ရုံ မန်နေဂျာဦးဆန်းထွန်းဦးကပြောသည်။

” ကျနော်တို့စက်ရုံကတော့အစိုးရသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်တွေကိုတော့ အကုန်ရှိတာပဲ။ EIA,SIA လည်း Third Party နဲ့ ဆွဲပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလည်း ဆောင်ရွက်ထား ပါတယ်။ နောက်သူတို့ပြောတဲ့ အနံ့၊ အမှုန်တွေဆိုတာလည်း ကျနော်တို့ တပ်ပြီးသွားပြီ။ ဒါပေမယ့် ဌာနဆိုင်ရာက စစ်ဆေးပြီးမှ ခွင့်ပြုပြီးမှ ဆိုလို့ ကျနော်တို့မလည်ဘဲနဲ့ရပ်ထားတာပါ” ဟု စက်ရုံမန်နေဂျာ ဦးဆန်န်းထွန်းဦးကပြောသည်။

တွံ့တေးမြို့နယ်၊လှိုင်သာယာ-မအူပင်ကားလမ်းဘေးတွင်ရှိသော ရွှေနဂါးဓာတ် မြေဩဇာစက်ရုံမြေနေရာကို တစ်နှစ်လျှင် ကျပ်သိန်း၆၀၀နှုန်းဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ငှားရမ်းထားခြင်းဖြစ်သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,