ဒေါက်တာအေးမောင်ရဲ့ လူသိများကျော်ကြားမှုကို ဂျေ(Jealous)ဝင်တယ်ထင်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရခိုင့်ရှေ့ဆောင်ပါတီ၏ ဥက္ကဌ ဦးခင်နု

ဒေါက်တာအေးမောင်ရဲ့အနေအထားတစ်ခုကို ကျန်တဲ့သူတွေက နည်းနည်းတော့ မရှုစိမ့်တဲ့ သဘောတော့ ရှိကောင်းရှိမှာ ပေါ့လေ။ကျနော်က …

ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party) သည် ရခိုင်ပြည်နယ်၏ ထင်ရှားသော နိုင်ငံရေးသမား တစ်ဦး ဖြစ်သည့် ဒေါက်တာအေးမောင်၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့် ရခိုင်တိုင်းရင်းသား ပါတီတစ်ခု ဖြစ်သည်။ လက်ရှိအချိန် တွင် ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဥက္ကဌ တာဝန်အား ဦးခင်နုက တာဝန်ယူ ဆောင်ရွက်နေသည်။ ရခိုင့် ဦးဆောင်ပါတီ၏ ရွေးကောက်ပွဲ ပြင်ဆင်ထားမှု၊ မြန်မာ့နိုင်ငံရေး အခြေအနေများ ကို AFP ပါတီ၏ ဥက္ကဌ ဦးခင်နုနှင့် ငြမ်းမီဒီယာ ကတွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရခိုင့်ဦးဆောင်ပါတီ ဘယ်လိုပေါ်ပေါက်လာ တာလဲ။ အကျဉ်းချုပ် မိတ်ဆက်ပေးပါဦး။

UKN – ဒေါက်တာအေးမောင်က အရင် ANP ပါတီက ဒါပေမယ့် ANP နဲ့ဒေါက်တာအေးမောင်က အဆင်မပြေ ဘူး။ အဲဒါနဲ့ ပါတီ တစ်ခု ခွဲထောင်မယ်ပေါ့။အဲဒီကနေ ဒေါက်တာအေးမောင်ဦးဆောင်ပြီးတော့ ရခိုင့်ဦးဆောင်ပါတီကို တည်ထောင်ခဲ့တယ်။ ပါတီ တည်ထောင်ရင်း တန်းလန်းမှာ ဒေါက်တာအေးမောင်က အကြောင်းမညီညွတ်လို့ ဖမ်းဆီးခံလိုက်ရတယ်။အဲဒီအခါမှာ ပါတီ တည်ထောင်ခွင့် ကျလာတဲ့အခါကျတော့ ဒေါက်တာအေးမောင်က ကျနော့်ကို ပါတီဥက္ကဌတာဝန်ယူပေးပါဆိုပြီး Request လုပ်လို့ ကျနော်က AFP ပါတီ မှာ ပါတီဥက္ကဌတာဝန်ယူထားခဲ့တာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဆိုတော့ ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့် ကျတဲ့အချိန်က ဒေါက်တာအေးမောင်က ဖမ်းဆီးထိန်းသိမ်း ခံရတဲ့အချိန်ပေါ့။အဲလိုလားခင်ဗျ။

UKN – ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့်ကျတဲ့အချိန်မှာ ဒေါက်တာအေးမောင်ဖမ်းဆီခံလိုက်ရတယ်။ တည်ထောင်ခွင့် ကျပြီးရင် ပါတီရဲ့ စီအီးစီ စာရင်းပေးရတယ်လေ။ ဒီအီးစီစာရင်းပေးဖို့အခါကျတော့ ဒေါက်တာအေးမောင်က ထောင်ထဲရောက်နေတဲ့ အခါကျတော့ ပါလို့မရတော့ဘူး။အဲဒီမှာ ဒေါက်တာ အေးမောင်က ကျနော့်ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးလိုက်တယ်။ပါတီ စ တည်ထောင်တဲ့နေ့ကနေ အခုဒီနေ့ထိပေါ့။

တခြားပါတီတွေ ဝင်တိုးလို့ မရနိုင်တဲ့နေရာဗျာ။ရှင်းရှင်းပြောရရင် သေကွင်းသတ်ကွင်းပေါ့။အဲဒီမှာ ဒေါက်တာအေးမောင်ဘာပြောလိုက်သလဲဆိုတော့ …

ငြမ်းမီဒီယာ – ဒေါက်တာအေးမောင်က ဘာကြောင့် ရခိုင့်ဦးဆောင်ပါတီ (AFP)ကို တည်ထောင်ဖို့ စိတ်ကူးတာလဲ။ ဒေါက်တာ အေးမောင်နဲ့ ANP ပါတီနဲ့ကရော ဘာတွေ အဆင်မပြေ ရှိလို့လဲ။

UKN – အဲဒီအကြောင်းကို ပြောမယ်ဆိုရင် ဒေါက်တာအေးမောင်ကို ပါတီအတွင်းမှာ အတိုက်အခိုက်တွေ ရှိလာကြတယ်။ ဒေါက်တာအေးမောင်ရဲ့အနေအထားတစ်ခုကို ကျန်တဲ့သူတွေက နည်းနည်းတော့ မရှုစိမ့်တဲ့ သဘောတော့ ရှိကောင်းရှိမှာ ပေါ့လေ။ကျနော်ကလည်း အခုမှ နိုင်ငံရေးထဲကို ဝင်လာတာ ဆိုတော့လေ။ ကျနော်က ဝန်ထမ်းတောက်လျောက်လုပ်လာပြီး အခုမှ နိုင်ငံရေးလုပ်တာဆိုတော့ ကျနော် လေ့လာ သိသလောက်ကတော့ ဒေါက်တာအေးမောင်က ဟိုအထဲမှာသူ့ကို တိုက်ခိုက်ကြတယ်။ အတိုက်အခိုက် ခံနေရတဲ့အခါကျတော့ ဒီလူတွေနဲ့ လက်တွဲလို့မရတော့ဘူး။ANP ဆိုတာက ALD နဲ့RNDP ကိုပေါင်းလိုက်တာ။ အသွင်မတူပဲ ပေါင်းလိုက်တဲ့အခါကျတော့ ပေါင်းစည်းမှုသည် မကျစ်လစ်ဘူး။ မကျစ်လစ်တဲ့ အခါကျတော့ မကြာခင်မှာပဲ အက်ကြောင်းပြန်ကွဲသွားတယ်။ ALD ကလည်း သူ့ဘာသာသူပါတီ ပြန်ထောင်သွားတယ်။ANP မှာ ALD အုပ်စုပါတယ်။ RNDP အုပ်စုပါတယ်။ အုပ်စုမတူတဲ့ ALD အုပ်စုက ခွဲပြီး ပါတီတစ်ရပ် ထောင်ထား တယ်။ဆိုတော့ ဒေါက်တာအေးမောင် အနေနဲ့ ဒီအုပ်စုမှာ နေလို့မရတော့ဘူး။ ဆိုတော့ ဒေါက်တာအေးမောင် အနေနဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ဆက်ပါဖို့ဆိုရင် သူ့နောက်မှာ ပါတီတစ်ရပ် ရှိဖို့လိုတယ်။အဲဒီရည်ရွယ်ချက်နဲ့ ဒေါက်တာအေးမောင်က ဒီပါတီကို ထောင်တာ။ နောက်ပြီးတော့ သူနဲ့ စိတ်တူကိုယ်တူ၊ သဘောထားတူတဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့ ဆက်ပြီးတော့ ရခိုင်ပြည်ရဲ့ နိုင်ငံရေး နယ်ပယ် မှာ ပါဝင်လှုပ်ရှားပြီး အခင်အကျင်း တစ်ခုဖြစ်အောင် ဒေါက်တာအေးမောင် အနေနဲ့ ပါတီသီးခြားထောင်ရတာဖြစ်တယ်။

ငြမ်းမီဒီယာ – ဒေါက်တာအေးမောင်ကို မရှုစိမ့်ဘူးဆိုတာ ဘာကြောင့် သူတို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို အကြောင်းအရင်း တွေ ရှိလဲဗျ။

UKN – ကျနော့်အနေနဲ့ က ANP ပါတီမှာ ထဲထဲဝင်ဝင် နေခဲ့တာတော့မဟုတ်ဘူး။ပြောရမယ်ဆိုရင် ဒေါက်တာအေးမောင်ရဲ့ လူသိများကျော်ကြားမှုပေါ့ဗျာ အဲဒါကို ကျန်တဲ့လူတွေက နည်းနည်းလောက် ဂျေ(Jealous)ဝင်တယ်ထင်တယ်။ နောက်တစ်ခု ရှိတာက နိုင်ငံရေးမှာပါတဲ့သူတွေက တချို့ရှိတယ် မဟုတ်လား။ ထောင်ကျခံ နိုင်ငံရေးသမားတွေ ။ထောင်ကျမှ နိုင်ငံရေးသမား အစစ်ပေါ့ဗျာ။ အဲဒီလိုအစွဲလေးတွေ။နောက်တစ်ခုက ဒေါက်တာအေးမောင်က လွှတ်တော် တက်နေရတယ် ပြီးတဲ့ အခါကျတော့ လွှတ်တော်တာဝန်နဲ့ရော၊ ပါတီတာဝန်နဲ့ရောနိုင်ငံခြားခရီးတွေ သွားနေ ရတယ်။ ဆိုတော့ ပါတီဌာနချုပ်နဲ့ ကင်းကွာတယ်။ ကင်းကွာတဲ့အခါကျတော့ ပါတီဌာနချုပ်မှာ တချို့လူတွေက သူ့လက်သူ့ခြေ လုပ်သွားတာပဲ။ လုပ်တော့ ဒေါက်တာအေးမောင်က ပါတီဌာနချုပ်ကို ဝင်ကပ်လို့မရတော့ဘူးပေါ့။ အုပ်စုနဲ့ဖွဲ့ပြီး သူ့ကို ဝိုင်ပြီးတိုက်ကြခိုက်ကြတဲ့ သဘောရှိလာတယ်။ ဘယ်လောက်ထိ ဆိုးသလဲ အခါကျတော့ ၂၀၁၅ ဒေါက်တာအေးမောင် မဲရှုံးတဲ့ကာလ။အဲဒီကာလကိုပြောမယ်ဆိုရင် ဒေါက်တာအေးမောင်က ပါတီ ဥက္ကဌ။ ကျနော်တို့သိသလောက် ယေဘုယျအားဖြင့် ကိုယ့်ပါတီတစ်ခုရဲ့ ဥက္ကဌဆိုတာ သူ့ကို သေချာပေါက် နိုင်မယ့်နေရာမှာ ရွေးကောက်ပွဲဝင်ဖို့ နေရာရွေးပေးရမှာ။သို့သော်လည်း အဲဒီလိုမဟုတ်ဘဲ ဒေါက်တာအေးမောင်က မဲဆန္ဒနယ်တစ်ခုမှာ ဝင်မယ်ဆိုရင် ကိုယ့်ပါတီထဲက ပါတီကိုယ်စားလှယ်လောင်း တွေကပေါ်ပေါ် လာတယ်။ပါတီတွင်းကိုယ်စားလှယ်လောင်းနဲ့ ယှဉ်လိုက်လို့ ဒေါက်တာအေးမောင် နိုင် သွားရင်လည်း မကောင်းဘူး။ ဟိုလူနိုင်သွားရင်လည်း ဒေါက်တာအေးမောင် မကောင်းဘူး။ အဲဒီလို နဲ့ ဒေါက်တာအေးမောင်နောက်ဆုပ်လာတာ ကျနော်တို့နဲ့အလှမ်းဝေးတဲ့ မာန်အောင်မဲဆန္ဒနယ် ရောက်သွား တယ်။ မာန်အောင်မဲဆန္ဒနယ် ကျတော့လိုက်မပြိုင်တော့ဘူး။မာန်အောင်မှာပြိုင်တော့ ဒေါက်တာအေးမောင် ရှုံးတယ်။ပြောချင်တာက ဒေါက်တာအေးမောင်ကို အထဲမှာ အဲလိုတိုက်နေကြတယ်။ ပြီးတော့ ဥက္ကဌတစ်ယောက်ကို သေချာနိုင်မယ့် မဲဆန္ဒနယ်မှာ ဥက္ကဌကို နိုင်အောင်ပံ့ပိုးပေးရမှာ။ ဒါက လူမြင်သူမြင်ရှိတဲ့အတိုက်အခိုက်ပေါ့။ ဆိုလိုတာက ဒေါက်တာအေးမောင် က ANP မှာနေလို့မရတော့ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ရခိုင့်ဦးဆောင်ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲအတွက်ဘယ်လို မူဝါဒတွေချမှတ်ထားလဲ။

UKN – ရခိုင်ပြည်နယ်တိုးတက်ရေးအတွက် ရခိုင်အမျိုးသားတွေ ဦးဆောင်ပြီးလုပ်ချင်တာလိုချင်တယ်။ အကျဉ်းချုပ်ပြောရရင် ရခိုင်ပြည်နယ်အစိုးရကို ကျနော်တို့ပါတီ ဦးဆောင်ပြီးဖွဲ့ပါ။မဲဆန္ဒနယ်မှာ အများစု အနိုင်ရအောင် ပြည်သူကိုစည်းရုံမယ်။ ပြီးတဲ့အခါကျတော့ ကျနော်တို့အစိုးရဖွဲ့ခွင့်တောင်းမယ်။ ပြီးခဲ့တဲ့အချိန်က ဒေါက်တာအေးမောင် လည်း အစိုးရဖွဲ့ခွင့်တောင်းတာ မရခဲ့ဘူး။ အဲဒီမှာလိပ်ခဲတည်းလည်းတွေ၊ အကျိတ်အခဲတွေဖြစ်ပြီးတော့ အဲဒီဒဏ်တွေကို ဒေါက်တာအေးမောင်အခုခံရတာ။

ငြမ်းမီဒီယာ – လာမယ့်ရွေးကောက်ပွဲ မှာ တိုင်းရင်းသားပါတီတွေ ပူးပေါင်းတာ၊မဟာမိတ်ဖွဲ့ကြ တာတွေ ရှိပါတယ်။ အခုကြားရ သလောက်ကတော့ ရခိုင်တိုင်းရင်းသားပါတီတချို့ကြားမှာ အကွဲအပြဲတွေ ရှိနေပုံ ရတယ်။ဘယ်လိုညှိနှိုင်းကြမလဲ။ ဒီလို ရခိုင်တိုင်းရင်းသားပါတီတွေရဲ့အခြေအနေက ရခိုင်ပြည်သူတွေ မက်နေတဲ့အိပ်မက်ကို ဖော်ဆောင်နိုင်ပါ့မလား။ဖြစ်လာနိုင်ပါ့မလား။

UKN – အဲဒီတော့ ဘယ်လိုပြောရမလဲ။ပါတီတိုင်းပါတီတိုင်းက တော့ ကိုယ်တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့ချင်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် တော့ ရှိတာပေါ့။ ခုနက မေးခွန်းကိုပြောရမယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေ က ပြန်ပေါင်းစည်းကြတယ်။ ဒါပေမယ့် အရင်ဆုံးပေါင်းစည်းတာ ရခိုင်ပဲ။ပါတီတွေပေါင်းပြီး ရခိုင်တစ်ပါတီတည်း လုပ်မယ်။ရခိုင်တွေ ရဲ့အနေအထားက ဘာလဲ ဆိုတော့ ရခိုင်တွေက ရခိုင်ပါတီပဲ မဲပေးမှာ။ ကျန်တဲ့ပါတီ တိုင်းရင်းသား ပါတီ၊ပြည်မက ပါတီ ကျန်တာကနည်း ပါတယ်။NLD နဲ့ကြံ့ခိုင်ရေးပေါ့။တစ်ပြည်လုံးမှာ ဒီ နှစ်ပါတီပဲ လာပြိုင်တာရှိတယ်။ ဒါပေမယ့် ရခိုင်တွေက ရခိုင်ပါတီပဲ မဲပေးမှာ ဆိုတဲ့ အခါကျ တော့ ကျနော်တို့က မတူညီဘဲ အတင်းပေါင်းစည်းမှု လုပ်ခဲ့ကြတယ်။ အဲဒါကြောင့်ပြန်ကွဲ တယ်။ပြန်ကွဲတဲ့အခါကျတော့ ပါတီတွေ ပေါင်းစည်းဖို့ ဆိုတာ လောလောဆယ် အခြေအနေ မပေးသေးဘူးလို့ ကျနော်ထင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲကာလမှာ မဟာမိတ် အနေနဲ့ ငါတို့ဟာ ဘယ်လိုလုပ်ကြမလဲ။ ရခိုင်တွေဦးဆောင်ပြီး ရခိုင်တွေ အများဆုံးနိုင် ရမယ်။ နိုင်ဖို့အတွက်ဆိုရင် ဘယ်လို လုပ်ကြမလဲ။ရွေးကောက်ပွဲဗျူဟာမှာ ဘယ်လို ညှိနှုင်းကြမလဲပေါ့။ဒါတွေက ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ရွေးကောက်ပွဲ ကာလ အတွင်းမှာပေါ့။ဘယ်မဲဆန္ဒနယ်မှာဆို၊ဘယ်ပါတီ က ကိုယ်စားလှယ်ဝိုင်းပြီးပံ့ပိုးပေးနိုင်မလဲ။ ကျနော်တို့ လက်ရှောင် ပေးမယ် စသည် အားဖြင့်ပေါ့။ ဒီလိုမျိုးတွေ ရှိကောင်းရှိလာနိုင်တယ်လို့ထင်ရပါတယ်။

ငြမ်းမီဒီယာ – အဲဒီလိုမျှော်လင့်တယ်ပေါ့။

UKN – ဟုတ်တယ်။ မျှော်လင့်တာပဲ ပြောနိုင်သေးတယ်။ အခုဆွေးနွေးတာတွေ မရှိသေးဘူး။ နောက်ပြီး ရခိုင်ပြည်ရဲ့ ရွေးကောက်ပွဲအခြေအနေက ဘာမှန်မသိသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်မှာ ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာ သေသေချာချာ တပ်အပ်မပြောရဲ သေးဘူးပေါ့။

UKN – လုပ်မယ်၊မလုပ်ဘူးဆိုတာက လက်ရှိအနေအထားက သိတဲ့အတိုင်းပဲ။ လက်ရှိအခြေအနေအရ မတည်ငြိမ်တဲ့ နယ်မြေတွေ များနေတယ်။ တချို့နေရာတွေဆို မြို့ပေးမှာတောင် မတည်ငြိမ်ဘူး။ အဲဒီတော့ ကျနော်တို့ မှန်းကြည့်လိုက်တဲ့အခါကျတော့ ရခိုင်ပြည်နယ်မှာ (၁၇)မြို့နယ် ရှိတယ်။ (၁၇)မြို့နယ်မှာ လောလောဆယ် ရွေးကောက်ပွဲ လုပ်ရင် ရနိုင်တဲ့ လုံခြုံရေး၊တည်ငြိမ်ရေး ရှိတဲ့ မြို့နယ်က (၈)မြို့နယ်၊ (၉)မြို့နယ်လောက်တော့ လောလောဆယ် မှန်းလို့ရတယ်။ (၁၇)မြို့နယ်မှာ (၉)မြို့နယ်ဆို ထက်ဝက်ကျော် တယ်ပေါ့ဗျာ။ ထက်ဝက်ကျော်ရင် ထက်ဝက်ကျော်ပြည်သူကို ကိုယ်စားပြုတယ် ဆိုတော့လည်း ရွေးကောက်ပွဲကော်မရှင်က လုပ်ကောင်း လုပ်ပေးနိုင် တယ်။

ငြမ်းမီဒီယာ – အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရခိုင့်ဦးဆောင် ပါတီအပါအဝင် ရခိုင်တိုင်းရင်းသားပါတီတွေ က ရခိုင် ပြည်သူ လူထုကိုဦးဆောင်မယ့် နိုင်ငံရေးပါတီတွေ၊ လူထုရှေ့က မားမား မတ်မတ်ရပ်မယ့်ပါတီတွေ ပေါ့။ဒါပေမယ့် တဖက်မှာ လည်း တချို့ရခိုင်တိုင်းရင်းသားပါတီချင်းကြားမှာ ရှိနေတဲ့ မပြေလည်မှုအခံတွေ၊ ညှိနှိုင်းမရမှုတွေ နဲ့ဆို လူထုကို တကယ်ဦးဆောင်နိုင်ပါ့မလား။ဘယ်လို သုံးသပ်လဲခင်ဗျ။

UKN – ဒီမေးခွန်းက နည်းနည်း ခက်တော့ခက်တယ်။ လူထုကို ဦးဆောင်နိုင်မလား ဆိုတော့ လူထု လက်ခံတဲ့ ပါတီက ဦးဆောင်ရင် တော့ လူထုက ပါလာလိမ့်မယ်ထင်တယ်။ အခုလောလောဆယ် လက်ရှိ အခင်းအကျင်း ပြောမယ်ဆိုရင် လက်ရှိပါတီတွေ အပေါ်မှာ အားမလို၊အားမရဖြစ်နေကြတဲ့ ပြည်သူ့အသံတွေ ကြားနေရတယ်။ ပါတီတွေရဲ့ လုပ်ဆောင်မှု တွေ၊ကြိုးစားမှုတွေ ဒါတွေနဲ့ပတ်သက်ပြီး တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် ကန်ထရိုက် အမတ်တွေဘာတွေ ပြောနေကြတာတွေရှိတယ်။

ငြမ်းမီဒီယာ – ကျနော်နားမလည်လို့ပါ။ ကန်ထရိုက်အမတ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

UKN – ကန်ထရိုက်အမတ်ဆိုတာ ဘယ်လိုပြောမလဲ။ အဲဒီမဲဆန္ဒနယ်မှာ ရှိတဲ့ နိုင်ငံတော်က ချပေးလိုက်တဲ့ တည်ဆောက်ရေးလုပ်ငန်းတစ်ခု ဆိုပါစို့။အဲဒါကိုအမတ်က သူ့လက်သူ့ခြေနဲ့ လုပ်ပြီးတော့ ပြောရရင် အဲလိုမျိုးတွေရှိတော့ ကန်ထရိုက်အမတ်ဘာညာဆိုပြီးတော့ ပြောနေကြတာရှိတယ်။ ဆိုတဲ့အခါကျတော့ ပြည်သူ့ရဲ့အကျိုးစီးပွားကို တိတိကျကျ မှန်မှန်ကန်ကန်ဖော်ဆောင်နိုင်မယ့်ပါတီ တစ်ရပ်က ပြည်သူရဲ့ အမြင်မှာ လုပ်ရင်းနဲ့ သက်သေပြနိုင်မယ်ဆိုရင် ပြည်သူတွေက ပါလာလိမ့်မယ်ထင်တယ်။ ပြည်သူလက်မခံတဲ့ပါတီက တဖြေးဖြေး သူ့ဟာသူ ကျုံ့သွားမှာပေါ့။

ငြမ်းမီဒီယာ – အဲဒီတော့ ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ် လူထုရဲ့ထောက်ခံမှုက ဘယ်လောက်ရှိလဲ။

UKN – ဒေါက်တာအေးမောင်ကို ရခိုင်ပြည်သူက ရာနှုန်းပြည့် ထောက်ခံတယ်။ သူ ပြည်သူ့လွှတ်တော်မှာ နေခဲ့တုန်းကရော၊ အမျိုးသားလွှတ်တော်မှာ နေခဲ့တုန်းကရော အသံအများကြီးထုတ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်။ လွှတ်တော်မှာ တော်တော်လေးပြောနိုင်ဆိုနိုင်ပြီး အရည်အချင်းလည်း ရှိတဲ့ပုဂ္ဂိုလ်၊ သူ့ကို နိုင်ငံတကာမှာလည်း သိတယ်ပေါ့ဗျာ။ နောက်တစ်ခုက ဒေါက်တာအေးမောင်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ပြည်သူအများစုက လက်ခံတယ်။ ဒေါက်တာအေးမောင်ကို ယုံကြည်တယ်။ ရှင်းရှင်းပြောရရင် ဒေါက်တာအေးမောင်ကို ပြည်သူတွေကအရမ်းယုံကြည်တယ်။ အားကိုးတယ်။လေးစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာအေးမောင် ပထမတစ်ကြိမ် ၂၀၁၅ မာန်အောင်မှာ မဲရှုံးတယ်။ပြည်နယ်ကို ဆင်းပြီး ရွေးကောက်ပွဲဝင်တယ်ဆိုတဲ့ ရည်မှန်းချက်က ကိုယ့်ပါတီအများစုနိုင်မယ်။ပြည်နယ်မှာ သူဆင်းခံမယ်။ ဒါကြောင့်ပြည်နယ်မှာ အစိုးရဖွဲ့ခွင့်ရရင် သူပြည်နယ်ဝန်ကြီးချုပ် လုပ်မယ်။ဆိုတော့ ဝန်ကြီးချုပ်ရာထူးကိုမက်ပြီး ပြည်နယ်ကို ဆင်းတယ်ပေါ့ အဲလိုမျိုးနဲ့ စပြီးပါတီအတွင်းမှာရော၊ဘာရောညာရော တိုက်ခိုက်တာ ရှိတယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာအေးမောင်က NLD ရဲ့ ရုပ်သေးအစိုးရ အုပ်ချုပ်တာထက် စာရင် ကိုယ့်ရခိုင် ပါတီက ကိုယ့်လူမျိုးအချင်းချင်း အုပ်ချုပ်တာ၊ ကိုယ့်လူမျိုး အချင်းချင်းရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တာ ပိုပြီးတော့ နှောင်ကြိုး ကင်းကင်းနဲ့ ဖော်ဆောင်နိုင်တယ်ပေါ့ဗျာ။ အဲဒီလိုရည်ရွယ်ချက်နဲ့ ဒေါက်တာ အေးမောင် က ပြည်နယ်ကို ဆင်းတာ။အရင်တုန်းကတော့ ဒေါက်တာအေးမောင်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ်။ အဲဒီတော့ ဒေါက်တာအေးမောင်ရှုံးပြီဆိုတော့ ပါတီဥက္ကဌက ရွေးကောက်ပွဲမှာ ရှုံးပြီးဆိုတော့ များသောအားဖြင့် နိုင်ငံတကာမှာဆိုရင် ပါတီဥက္ကဌ နေရာက ဆင်းပေးရမှာပဲ။ အဲဒီလိုမျိုး သမိုင်းအစဉ်အလာ။ နောက်တစ်ခုက အမ်းမှာ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး သိန်းဆွေ က အလုပ်သမားဝန်ကြီးဖြစ်သွားတယ်။ ဆိုတော့ အဲဒီနေရာမှာ လစ်လပ်ပေါ်လာတော့ ဒေါက်တာအေးမောင်က ဝင်ပြိုင်မယ်။ အမ်းဆိုတာက စစ်တပ်နယ်မြေ။ စစ်တိုင်းဌာနချုပ် ရှိတဲ့နယ်မြေ။ ဘာပဲဖြစ်ဖြစ်တခြားပါတီတွေ ဝင်တိုးလို့ မရနိုင်တဲ့နေရာဗျာ။ရှင်းရှင်းပြောရရင် သေကွင်းသတ်ကွင်းပေါ့။အဲဒီမှာ ဒေါက်တာအေးမောင်ဘာပြောလိုက်သလဲဆိုတော့ ဒီနေရာမှာ ငါပြိုင်လို့ မနိုင်ဘူး ဆိုရင် နိုင်ငံရေးက ငါနားပြီ။ထွက်ပြီ။ အဲဒီလို အသံကို ဒေါက်တာအေးမောင်က ပေးလိုက်တော့ ပြည်သူ လူထုက ဒေါက်တာအေးမောင် နိုင်ငံရေးက၊ရခိုင်နိုင်ငံရေးက ထွက်သွားမှာ အင်မတန်စိုးရိမ်တယ်။ အင်တိုက်အားတိုက် အကူအညီပေးတာ။ အဲဒါတစ်ချက်။နောက်တစ်ချက်က ဒေါက်တာအေးမောင် အချုပ်ထဲရောက်နေတယ်။အမှုရင်ဆိုင်နေတာပေါ့။အဲဒီအချိန်မှာ ရသေ့တောင်မှာ ကြားဖြတ် ရွေးကောက်ပွဲ။ အဲဒီမှာ ဒေါက်တာအေးမောင်က သူ့သား ကို ဝင်ပြိုင်ခိုင်းတယ်။ ရသေ့တောင်ဆိုတာ ဒေါက်တာအေးမောင် ဟောပြောပွဲလုပ်လို့ အဖမ်းခံရတဲ့နေရာ။သူ့သားဆိုတာ နိုင်ငံရေးနဲ့ပတ်သက်လို့ အခုမှလေ့လာနေတုန်းရှိပါ သေးတယ်။ သူ့သားကို သူ့ကိုယ့်စား ပြည်သူက မဲပေးပါ၊သူဒုက္ခရောက်နေချိန်မှာ သူ့ကိုချစ်ခင်ရင် သူ့သားကို မဲပေးပါ။ သူ့သားရှုံးရင် နိုင်ငံရေးကနေ သူထွက်မယ်။ ဒေါက်တာအေးမောင်အဲလိုပြောလိုက်ချိန်မှာ အဲဒီမှာလည်း မဲအပြတ်အသတ်နိုင် တယ်။အဲဒီအချိန်က တစ်သီပုဂ္ဂလအနေနဲ့ ပြိုင်တာ။ ကျနော်တို့က အဲဒီအချိန်က ပါတီမထောင်ရသေးတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ပြိုင်တာ။ မဲအပြတ်အသတ်နဲ့ နိုင်တာ။ NLD၊ ALD၊ ANP ငွေအလုံးအရင်းနဲ့သုံးတာ။ကျနော်တို့က ပိုက်ဆံမသုံးနိုင်ဘူး။ မဲအပြတ်အသတ်နိုင်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါက်တာအေးမောင် အပေါ်မှာ ပြည်သူတွေက အဲဒီလောက်ထိ ယုံကြည်တယ်။ လေးစားတယ်။

အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,