ဒေါက်ဖိနပ်အသံ ချုပ်ငြိမ်း၊ UEC ကို ဖျက်သိမ်းပြီ စတဲ့ သတင်းအမှားတွေ နဲ့ လှုံ့ဆော်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အများပြည်သူရဲ့ သိမှတ်မှုကို မှောက်မှားစေနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံဖန်တီးနေသူတွေဟာ ဖေ့စ်ဘွတ် ဆိုရှယ်ပလက်ဖောင်းကို အခြေပြုပြီး သတင်းအတု၊ သတင်းအမှားတွေ ဖြန့်ချိနေကြဆဲပါပဲ။

သည်တစ်ခါ ပြောပြလိုတာကတော့ ” UEC ကို ဖျက်သိမ်းပြီ၊ မဲခိုးကြောင်းဝန်ခံပြီ၊ ဘုရားကျောင်းကန် စေတီ ပုထိုး ဖြိုဖျက်တဲ့ ဒေါက်ဖိနပ်အသံ ဒီနေ့ နံနက်မှာပဲ ချုပ်ငြိမ်း သွားပါပြီ ” စတဲ့ အကြောင်းအရာတွေကို Sitt Thway May အမည်ရ ဖေ့စ်ဘွတ်ခ် အကောင့် က ဒီဇင်ဘာ(၁၉ ) ရက်နေ့မှာ ဖြန့်ချိထားတာ တွေ့ရပါတယ်။ သည်နေရာ နဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာ နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလမှာ UEC နဲ့ ပတ်သက်တဲ့ သတင်းအတု၊ သတင်းအမှား တွေအများအပြား ထွက်ပေါ်လာခဲ့ပြီး သည်လို ထွက်ပေါ်ခဲ့တဲ့ သတင်းအတု၊ သတင်းအမှားတွေထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (၄၅) ရက်မပြည့်ခင် နုတ်ထွက်ခွင့်တင်၊ UEC အဖွဲ့ က ခြောက်ဦး နုတ်ထွက်၊ စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲ စာရွက်စာတန်းတွေကို UEC က ပြမယ် စတဲ့ သတင်းအတု၊သတင်းအမှား များစွာ ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် ထွက်ပေါ်လာတဲ့ သတင်းအတု၊ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး UEC ရဲ့ တုံ့ပြန် ဖြေရှင်းချက်တွေ  သည်နေရာ ၊  သည်နေရာ နဲ့  သည်နေရာမှာကြည့်နိုင်ပါတယ်။

Sitt Thway May ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိခဲ့တဲ့ UEC ကို ဖျက်သိမ်းပြီ ဆိုတဲ့ အကြောင်အရာနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးကြည့်ရာမှာ သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ UEC ကို ဖျက်သိမ်းပြီ ဆိုတဲ့ အကြောင်အရာနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာမျိုး မရှိပါဘူး။

ဒါ့အပြင် သတင်းအတု၊ သတင်းအမှား လုပ်ကြံဖန်တီးနေသူတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (၄၅) ရက်မပြည့်ခင် နုတ်ထွက်ခွင့်တင်၊ UEC အဖွဲ့ က ခြောက်ဦး နုတ်ထွက်၊ စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲ စာရွက်စာတန်းတွေကို UEC က ပြမယ် စတဲ့ သတင်းအတု၊သတင်းအမှား တွေကို အကောင့်အတုတွေကနေ ပုံစံမျိုးစုံနဲ့ ဖြန့်ချိနေတာ တွေ့ရပါတယ်။ သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Sitt Thway May ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိခဲ့တဲ့ UEC ကို ဖျက်သိမ်းပြီးဆိုတဲ့ အကြောင်းအရာ ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

UEC က ရွေးကောက်ပွဲအနေအထားတွေ အကုန်ပြီးမှ မပြီးသေးတာပဲ။ ဆက်ရှိနေဦးမှာပဲ။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အကျိုးဆက်တွေက မပြီးသေးဘူး။ UECကို ဖျက်သိမ်းမှာ မဟုတ်ဘူး။ ဆက်ရှိနေမှာ။ ဒါတွေက သတင်းအတု၊သတင်းအမှားတွေပါ လို့ NLD ပါတီ ၊ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

ဒါ့အပြင် Sitt Thway May ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ ” ဘုရားကျောင်းကန် စေတီ ပုထိုး ဖြိုဖျက်တဲ့ ဒေါက်ဖိနပ်အသံ ဒီနေ့ နံနက်မှာပဲ ချုပ်ငြိမ်း သွားပါပြီ ၊ အေးချမ်းစွာ သာသနာပြုဖို့ မင်းကောင်း ပေါ်လာပါလိမ့်မယ်လို့ ပြောရင်း ပျော်လို့ရပြီးဆိုတဲ့ အကြောင်းလေးကို ကနဦး သတင်းအဖြစ် တင်ပေးလိုက်ပါသည်။ အကြောင်းစုံကို နောက်ဆက်တွဲသတင်းအဖြစ် တင်ပြပေးပါမည်” ဆိုတဲ့ စာသားတွေအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံ ကို အသုံးပြုထားတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာ NLD ပါတီကို သတင်းအတု၊သတင်းအမှား တွေနဲ့ တိုက်ခိုက်ရာမှာ ဘာသာရေး၊ လူမျိုးရေး အခြေအနေ တွေကို တလွဲ အသုံးချ ပုံဖျက် တိုက်ခိုက် သကဲ့သို့ Sitt Thway May ဖေ့စ်ဘွတ်အကောင့်ဟာ လည်း “ ဘုရားကျောင်းကန် စေတီ ပုထိုး ဖြိုဖျက်တဲ့ ဒေါက်ဖိနပ်အသံ ဒီနေ့ နံနက်မှာပဲ ချုပ်ငြိမ်း သွားပါပြီ ” ဆိုတဲ့ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ ပုံဖျက်တိုက်ခိုက်ထားတာ ကိုတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ဒေါက်ဖိနပ် ဆိုတာကတော့ ဒေါ်စုရဲ့အနေအထားပေါ့ဗျာ။ ဒေါ်စုအနေအထား NLDရဲ့အနေအထားပေါ့ဗျာ။ အဲ့ဒါကလည်း သိတဲ့အတိုင်းပဲ ဘယ်လိုလို့ ပျက်သွားမှာလည်း။ ဆက်ပြီး အလုပ်လုပ်နေဦးမှာပဲ။ကျနော်တို့လည်း ဆက်လုပ်နေဦးမှာပဲ။ အဲဒီလိုပဲ ပြောချင်ပါတယ် ” လို့ NLD ပါတီ ၊ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်း အားဖြင့် Sitt Thway May ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိနေတဲ့ အထက်ပါ အကြောင်းအရာတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊သတင်းအမှားတွေသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

Sitt Thway May ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအတု၊သတင်းအမှား တွေ ပုံမှန် ဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တာတွေ့ရပါတယ်။  သည်နေရာ နဲ့ သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

မှတ်ချက် ။ ။ ( ဒေါက်ဖိနပ် လျောက်သံ သီချင်း ဟာ ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း NLD ပါတီရဲ့ လူသိများထင်ရှားတဲ့ မဲဆွယ်စည်းရုံးရေး သီချင်းဖြစ်ပါတယ်။ သည် သီချင်းကို တေးရေး – ဗိုလ်သူရိန်က ရေးဖွဲ့ပြီး မိမိလေး က သီဆိုခဲ့ပါတယ်။)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,