ဒေါ်စန္ဒာမင်း ရွေးကောက်ပွဲမဝင်တော့သည့် ဆိပ်ကြီးခနောင်တိုတွင် ပြည်သူ့ရှေ့ဆောင်ပါတီ ယှဉ်ပြိုင်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SDM / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း

NLD အမတ်ဒေါ်စန္ဒာမင်း ရွေးကောက်ပွဲဝင်မပြိုင်တော့သည့် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တာ် ကိုယ်စားလှယ် နေရာတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (People’ Pioneer Party) က ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် သွားမည် ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီမှ ဦးကျော်ဇေယျက ငြမ်းမီဒီယာ သို့ အတည်ပြုပြောကြားသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်း အနေဖြင့် လာမည့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လျှောက်ထားခဲ့ပေမယ့်လည်း လူကြီးများ၏ လမ်းညွှန်ချက်အရ ရုပ်သိမ်းထားသည်ဟု ဒေါ်စန္ဒာမင်း က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားခဲ့သည်။

ပြီးခဲ့တဲ့အစိုးရလုပ်တာပဲဆိုပြီး ထိုးချလို့မရဘူး။ ကျမတို့အစိုးရမှာ လုပ်ပိုင်ခွင့်ရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ ဆိပ်ကြီးခနောင်တိုမှာ အစက ကျနော်တို့ အပြည့်မပြိုင်ဘူး။ အခု အပြည့်ပြိုင်မယ်။ ဒေါ်စန္ဒာမင်းကို ကျနော်တို့ ပါတီက ဖြစ်စေ ချင်တယ်။ ကျနော်တို့ပါတီမှာတောင် ဒေါ်စန္ဒာမင်းနဲ့ ယှဉ်ပြီးအရည်အသွေးမီတဲ့သူ ကျနော်တို့ပါတီမှာ ရှားတယ်ပေါ့ဗျာ။ မပြိုင်ပါဘူးဆိုတာ ကျနော်က ပြောပြီးသား။ အခု သူ မပြိုင်တော့ဘူး ဖြစ်တဲ့အတွက် ကျနော်တို့ ဝင်ပြိုင်ဖို့ အစားထိုးဖို့ စာရင်းပေး ရတော့မှာပေါ့ “ ဟု ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်တိုင်းမှာ အဲဒီထက်ဆိုးတဲ့ဟာတွေ အများကြီးဖြစ်နေတယ်

လာမည့်ရွေးကောက်ပွဲတွင် ဒေါ်စန္ဒာမင်းအနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွက် နစ်နာကြောင်း၊ ဒေါ်စန္ဒာမင်းသည် ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နေရာများအတွက်ပါ တာဝန်ပေးသင့်သူ တစ်ဦးဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးလောကတွင် ဆက်လက် ရှိနေသင့်သည့်အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။

ဆိပ်ကြီးခနောင်တို ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် ဆိပ်ကြီးခနောင်တို့ မြို့နယ်အတွက်သာ မကဘဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်းမှာပါ တိုင်းဒေသကြီးအစိုးရကို အကောင်းဆုံး Check and Balance ပြုလုပ်နိုင်သူတစ်ဦးအဖြစ် ထင်ရှားသူတစ်ဦးဖြစ်သည်။

“ ကျနော်တို့အကြိုက်ပြောရရင် တော်တော်လေးလည်း ထက်ထက်မြက်မြက်ရှိတယ်။ နောက်ပြီးတော့ နာမည်ကောင်း တစ်ခုလည်း ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ထဲမှာ ပြောဆိုနိုင်တယ်။တစ်ကယ့် လုပ်ရည်ကိုင်ရည်လည်း ရှိတယ် ” ဟု ဆိပ်ကြီး ခနောင်တိုမြို့နယ် အခြေစိုက် ကရုဏာလူမှုကူညီရေး အသင်း ဥက္ကဌ ဦးမောင်မောင်က ဒေါ်စန္ဒာမင်း နှင့်ပတ်သက်၍ အထက်ပါ အတိုင်း မှတ်ချက်ပြုသည်။

ဒေါ်စန္ဒာမင်းအပြင် ကျောက်တံတားမဲဆန္ဒနယ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ သင်္ဃန်းကျွန်း  မြို့နယ် က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ သည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်တော့ခြင်းသည် ရန်ကုန်တိုင်းအတွက် နစ်နာသည်ဟု ဦးကျော်ဇေယျက သုံးသပ်ပြောကြားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တပ်ဘက်အရပ်ဘက်ဆက်ဆံရေးက ဒီအစိုးရသက်တမ်းကာလမှာ ဒုံရင်း ဒုံရင်းပဲ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရကာ၊ ၂၁၀၅ အထွေထွေ ရွေးကောက် ပွဲကြီး တွင် ဆိပ်ကြီးခနောင်တို့ တိုင်းဒေသကြီး အမှတ် (၁ )မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ၊အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စီးပွားရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရုပ်သိမ်းခံရသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ပါတီအပေါ် သစ္စာရှိစွာ အစွမ်းကုန် ကြိုးစား သွားမည် ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင်လ ၂၀ ရက် တွင် ရေးသားထားသည်။

အထက်ပါ အခြေအနေများနှင့်ပတ်သက်၍ ဒေါ်စန္ဒာမင်းထံ ငြမ်းမီဒီယာ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,