ဒေါ်စုကြည်၏ဝန်ခံချက်အပေါ် တပ်မတော်တုံ့ပြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ချိနေတဲ့သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲ ကျင်းပပြီးစီးလို့ တစ်လပြည့်ဖို့ တစ်ရက်အလို အထိ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအမှား၊သတင်းအတုတွေ က ဆက်တိုက်ဖြန့်ချိနေဆဲပါ။

သည်တစ်ခါ ပြောပြလိုတာကတော့ ဒေါ်စုကြည်၏ ဝန်ခံချက် အပေါ် တပ်မတော်တုံ့ပြန်ဆိုတဲ့ အကြောင်းအရာ ပဲ ဖြစ်ပါတယ်။

သည်အကြောင်းအရာကို ရွှေကြေးစည် မြန်မာ အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာ(၆) ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သည်အကြောင်းအရာ ကို ထပ်ဆင့်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊React ပြုသူ တွေ လည်း ရှိပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါ်စုကြည်၏ ဝန်ခံချက်အပေါ် တပ်မတော်တုံ့ပြန်ဆိုတဲ့ အကြောင်းအရာ မထွက်ပေါ်ခင် ဒီဇင်ဘာ(၅) ရက်နေ့ က တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည် တောင်းပန် ဆိုတဲ့ သတင်းအမှား တစ်ပုဒ်ကို သူရိယ အမည်ရ ဖေ့စ်ဘွတ်အကောင့် ကနေ ဖြန့်ချိခဲ့တာ ရှိပါတယ်။ သူရိယ ဖြန့်ချိဖော်ပြခဲ့တဲ့ အကြောင်းအရာဟာ သတင်းအတု၊သတင်းအမှား ဖြစ်ကြောင်း ငြမ်းမီဒီယာ က စီစစ် အတည်ပြုခဲ့ပြီးပါပြီ။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တောင်းပန်ဆိုတဲ့ သတင်းဟာ သတင်းအတု၊သတင်းအမှားသာ ဖြစ်တဲ့ အတွက် ဖန်တီး လုပ်ကြံထားတဲ့ သည်အကြောင်းအရာအမှား ပေါ်အခြေခံပြီး ဆက်လက်ရေးသား ဖြန့်ချိနေတဲ့ ဒေါ်စုကြည်၏ ဝန်ခံချက်အပေါ် တပ်မတော်တုံ့ပြန်ဆိုတဲ့ အကြောင်းအရာ ဟာလည်း သတင်းအတု၊သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ဖော်ပြတဲ့ သတင်းဌာနတွေမှာလည်း သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိတဲ့ အပြင် တပ်မတော်သတင်းတွေကို ထုတ်ပြန်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာ နဲ့ မြဝတီ ဝက်ဘ်ဆိုဒ် စာမျက်နှာတွေ မှာလည်း သည်လို အကြောင်းအရာမျိုး ဖော်ပြထားခြင်းမျိုး မရှိပါဘူး။ သည်နေရာနဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သူရိယ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိခဲ့တဲ့ အကြောင်းအရာ နဲ့ ရွှေကြေးစည် မြန်မာ က ဖြန့်ချိခဲ့တဲ့ အကြောင်းအရာ တွေကို ဆပ်စပ်ကြည့်ရင် သတင်းအတု၊သတင်းအမှား ဖြန့်ချိနေသူတွေဟာ အများပြည်သူကြား ထင်ယောင်ထင်းမှား ဖြစ်စေဖို့ အစီအစဉ် နဲ့ အကွက်ချဖြန့်ချိနေတယ်ဆိုတာကို ယေဘူယျ ကောက်ချက်ချနိုင်ပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,