ဒေါ်စုလာမယ့် ခရီးစဉ်မှာ ဘာမှ မမျှော်လင့်ဘူး။ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO/ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်

ဇန်နဝါရီလ(၁၅) ရက်နေ့မှာ ကျင်းပမယ့် ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ကို ရောက်ရှိချိန် မှာ တွေ့ဆုံခွင့်ရဖို့ စာတင်ထားတယ်လို့ ကရင်နီ လူငယ်ခေါင်းဆောင် တချို့က ပြောပါတယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့အတွက် စာတင်ထားရာမှာ ဇန်နဝါရီ (၁၄)ရက်နေ့ ညနေထိ သက်ဆိုင်ရာက တစ်စုံတရာ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

ကယားပြည်နယ်မြေပြင်မှာဖြစ်ပျက်နေတဲ့ ပကတိအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ရိုက် တင်ပြဆွေးနွေး ချင်တယ်လို့ ကရင်နီလူငယ်တွေကပြောပါတယ်။ ဒါပေမယ့် ဒီအခြေအနေ ကလည်း အခွင့်အရေး နည်းပါး နေပါတယ်။ ကယားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ မြေယာကိစ္စ၊ တောင်သူတွေ ဖမ်းဆီးတရားစွဲခံရတဲ့ကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ နဲ့ ဒေသခံလူထုအခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက် ချိန်မှာ တင်ပြခွင့်ရနိုင် မလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီအရေးကိစ္စတွေကရော ဒေါ်အောင်ဆန်းစုကြည်လာရောက်ချိန်မှာ ပြေလည် သွားနိုင်မလား၊ဘာတွေ မျှော်လင့်ထားလဲ ဆိုတာ ငြမ်းမီဒီယာ က လူပုဂ္ဂိုလ်အချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

MNGL / မူအန်ဂျယ်လာ(ကရင်နီပြည်လူငယ်များသမဂ္ဂ၊အတွင်းရေးမှူးချုပ်)

ကျမတို့ဒီမှာဖြစ်နေတဲ့ အနေအထားတွေကို တွေ့ဆုံဆွေးနွေးနိုင်ရင် အရမ်းကောင်းတာပေါ့။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် ကျမတို့ တွေ့ခွင့်မရနိုင်ပါဘူး …

မူအန်ဂျယ်လာ(ကရင်နီပြည်လူငယ်များသမဂ္ဂ၊အတွင်းရေးမှူးချုပ်)

ဒီခရီးစဉ်က ၂၀၂၀ ရွေးကောက်ပွဲ အတွက် လာတယ်လို့ပဲ ကျမမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီစပ်ကြားကာလမှာလည်း လာတွေ့ဆုံခြင်းလည်း မရှိဘူး။ အခုက ကယားပြည်နယ်နေ့ အခမ်းအနားကို လာတက်ရင်းနဲ့ တစ်ဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲ ကို အထောက်အကူပြုတဲ့ မက်ဆေ့တွေကိုပဲ အဓိကထား ပြောသွားမယ်လို့ ပဲ ကျမမြင်တယ်။ဒီ ခရီးစဉ်အပေါ်မှာ ဘာမှ မမျှော်လင့်ဘူး။ ကျမတို့ ပြည်နယ်အရေး၊ လူငယ်အရေး၊ တောင်သူအရေး အခန်းကဏ္ဍတွေကို ကျမတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး တစ်စုံတရာ ဆွေးနွေးမယ့် အခွင့်အလမ်းလည်း ရမယ်လို့ မမျှော်လင့်ဘူး။ ဒီအခွင့်အရေး ရမယ်လို့လည်း ကျမ မထင်ဘူး။ အကယ်၍ တွေ့ခွင့်ရရင် ကျမတို့ တွေ့မယ်။ ကျမတို့ဒီမှာဖြစ်နေတဲ့ အနေအထားတွေကို တွေ့ဆုံဆွေးနွေးနိုင်ရင် အရမ်းကောင်းတာပေါ့။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် ကျမတို့ တွေ့ခွင့်မရနိုင်ပါဘူး။

UKSY / ဒီဒီး (ကရင်နီလူငယ်ခေါင်းဆောင်)

ရာထူးရာခံယူထားတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ နောက်တစ်ခုက ကျနော်တို့ ပြည်နယ် …

ဒီဒီး (ကရင်နီလူငယ်ခေါင်းဆောင်)

တောင်သူတွေရဲ့ ပြဿနာ၊ကယားပြည်နယ်မှာ ရှိနေတဲ့ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်သလို ဖြေလျှော့နိုင်မယ် လို့လည်း ကျနော်မထင်ဘူး။ အဓိက က ရာထူးရာခံယူထားတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ နောက်တစ်ခုက ကျနော်တို့ ပြည်နယ်အခက်အခဲတွေ၊ နိုင်ငံရေး ပြဿနာတွေကို ပြေလည်ဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပဋိပက္ခတွေ ၊အခက်အခဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဓိက လူတွေနဲ့ တွေ့ဆုံဖို့လိုတယ်။စကားပြောဖို့လိုတယ်။ အဲလို မဟုတ်ဘဲ NLD ပါတီရယ်၊လက်ရှိ အစိုးရက ပြင်ဆင်ထားတဲ့ လူတွေနဲ့သာပြီးသွား မယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်အတွက်တော့ ကျနော်တို့ စာတင်ထားတယ်။သို့သော် ယတိပြတ်အဖြေကို အခုထိ ကျနော်တို့ မသိရသေးပါဘူး။

UKSY / ခူကြူးဖဲကေး(ကရင်နီလူငယ်ခေါင်းဆောင်)

လူထုတွေ့ဆုံပွဲ လို့ ခေါင်းစဉ်တပ်ထားပေမယ့် မေးခွန်း မေးရမယ်ဆိုတဲ့ နေရာမှာလည်း ပြည်နယ်အစိုးရက စိစစ်မယ်။ မေးသင့်၊မမေးသင့် ဆုံးဖြတ်ပြီး …

ခူကြူးဖဲကေး(ကရင်နီလူငယ်ခေါင်းဆောင်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပထမတစ်ချက် ပြောလိုတာက ရွေးကောက်ပွဲ ကတိကဝတ်တွေ ကို တည်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတန်းတူရေး ၊ငြိမ်းချမ်းရေးလို့ကြွေးကြော်ပြီး အာဏာရလာတဲ့ ပါတီတစ်ခုဖြစ်တယ်။ သို့ပေမယ့် အာဏာရလာပြီးနောက်ပိုင်းမှာ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုတဲ့သူတွေရှိတယ်။လူ့အခွင့်အရေး အတွက် တိုက်ပွဲ ဝင်နေ သူတွေရှိတယ်။ မြေယာဓါးမဦးချ စိုက်ပျိုးတဲ့ တောင်သူတွေ ၊မြေယာတွေ ပြန်လည်ရရှိဖို့ တိုက်ပွဲဝင်နေတဲ့ တောင်သူတွေ ရှိပါတယ်။ ဒါတွေအကုန်လုံးကို ဖမ်းဆီး အကျဉ်းချ နေတာက နိုင်ငံရေးအရ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။နိုင်ငံရေးအရ ဒါဟာ အကောက်ကြံမှု တစ်ခုလို့ယူဆပါတယ်။ လျစ်လျုရှု မှုလို့လည်း မှတ်ချက်ပြုပါတယ်။ တစ်လက်စတည်းမှာ ဘာဖြစ်လဲဆိုတော့ သူလာလို့ရှိရင် ဒီပြည်နယ်မှာ ငြိမ်းချမ်းရေး ကိစ္စ တွေ၊တိုင်းရင်းသားရေးရာ ကိစ္စတွေ၊တောင်သူ ကိစ္စတွေ အဆင်ပြေမလားဆိုရင် ကျနော်ကတော့ မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တမ်းသာစိတ်ဆန္ဒရှိရင် လုပ်ပေး လိုက်တာကြာပါပြီ။ လူထုတွေ့ဆုံပွဲ လို့ ခေါင်းစဉ်တပ်ထားပေမယ့် မေးခွန်း မေးရမယ်ဆိုတဲ့ နေရာမှာလည်း ပြည်နယ်အစိုးရက စိစစ်မယ်။ မေးသင့်၊မမေးသင့် ဆုံးဖြတ်ပြီးမှပဲ ဒီမေးခွန်းကို တင်မယ်လို့ လည်း စည်းကမ်းသတ်မှတ်ထားတာ ရှိပါတယ်။ တင်ပြမယ့် ကိုယ်စားလှယ်တွေ ကရော စစ်မှန်နိုင်ပါ့မလား။ ကျနော်ကတော့ စစ်မှန် နိုင်မယ်လို့မမြင်ပါဘူး။ ဆွေးနွေးပွဲကလည်း နိုင်ငံရေးအရ လိမ်ဆင်ကြီးပဲဖြစ်ပါလိမ့်မယ်။ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေး အုပ်ချုပ်ရေး မှူးတွေ၊တစ်လက်စတည်း ဝန်ကြီးချုပ်နဲ့နီးစပ်ရာစင်ပေါ် တင်ထားတဲ့ အုပ်စုတွေ လုပ်တဲ့ပွဲပဲဖြစ်ပါ လိမ့်မယ်။ ဒေသရဲ့အခြေ အနေတွေ၊ ဒေသရဲ့သတင်းအချက်အလက်အမှန်တွေ တင်ပြနိုင် မယ့်ပွဲလို့ မမြင်ပါဘူး။

KTM/ ခွန်သောမတ်စစ် (ကရင်နီလူငယ်ခေါင်းဆောင်)

ဒီပွဲကို စီစဉ်တာ ပြည်နယ်အစိုးရဖြစ်နေတော့ တကယ့် မူရင်းပြဿနာတွေ ပြောနိုင်ချင်မှ ပြောနိုင်မယ်။ သူတို့ပါတီဝင်တွေနဲ့ တွေ့မယ်။ဒီလောက်ပဲ …

ခွန်သောမတ်စစ် (ကရင်နီလူငယ်ခေါင်းဆောင်)

ဒီခရီးစဉ်က ကျနော်တို့ ပြည်နယ်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ပုံစံမျိုး ရှိမှာမဟုတ်ဘူး။ကျနော်တို့ အဲလို ယူဆတယ်။အကြောင်းရင်းက NLD အစိုးရသက်တမ်းကာလမှာ ကျနော်တို့ဒေသမှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး အုပ်ချုပ်တာတွေ၊လွဲမှားတဲ့ စီမံခန့်ခွဲမှု တွေ ရှိခဲ့တယ်။ ဥပမာ ဗိုလ်ချုပ်ကြေးရုပ်တည်တဲ့ ကိစ္စဆိုရင် ဒါကပြည်သူလူထု သဘောမတူဘဲ အတင်းအဓမ္မတည်လိုက် တာမျိုးတွေ။ အဲဒီတော့ အဲဒီအမှားတွေ ကို ဖာထေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် က ဒီခရီးစဉ်ကိုလာရခြင်းဖြစ်တယ်။ နောက်တစ်ချက်က NLD ရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက်ကြိုတင်မဲဆွယ်တဲ့ စည်းရုံးရေး ခရီးစဉ်တစ်ခုပဲ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ အဲလိုပဲ ယုံတယ်။ ပြဿနာတွေကို တင်ပြဖို့မှာ ကျနော်ထင်တာက ဒါက လူထုနဲ့တွေ့ဆုံပွဲဖြစ်တဲ့အတွက် ဒီပွဲကို စီစဉ်တာ ပြည်နယ်အစိုးရဖြစ်နေတော့ တကယ့် မူရင်းပြဿနာတွေ ပြောနိုင်ချင်မှ ပြောနိုင်မယ်။ သူတို့ပါတီဝင်တွေနဲ့ တွေ့မယ်။ဒီလောက်ပဲ တွေ့သွားမယ်လို့ ကျနော်တို့ထင်တယ်။ တွေ့ရင်တောင် တကယ့်ပြဿနာတွေကို အုပ်ချုပ်ရေးပိုင်းက ပြောလိမ့်မယ်မထင်ဘူး။

MHW /ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း (ကရင်နီလူငယ်င်းဆောင်)

ကရင်နီပြည်မှာ NLD ပါတီပုံရိပ် လုံးဝကျနေတဲ့ နိုင်ငံရေးကို ပြန်ပြီး အဖတ်ဆယ်နိုင်ဖို့အတွက် တစ်စုံတရာနိုင်ငံရေး ပုံရိပ်ကို လာပြီး …

ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း (ကရင်နီလူငယ်ခေါင်းဆောင်)

ဒေါ်စုလာမယ့် ခရီးစဉ်မှာ ဘာမှ မမျှော်လင့်ဘူး။ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ပဲ ကျနော်မှတ်ယူတယ်။ သူလာတဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်မလဲ။ ၂၀၂၀ ရွေးကောက်ပွဲ နိုင်ငံရေးအရ ပြန်ပြီး အမြတ်ထုတ်ဖို့အတွက် ကရင်နီပြည်မှာ NLD ပါတီပုံရိပ် လုံးဝကျနေတဲ့ နိုင်ငံရေးကို ပြန်ပြီး အဖတ်ဆယ်နိုင်ဖို့အတွက် တစ်စုံတရာနိုင်ငံရေး ပုံရိပ်ကို လာပြီး တည်ဆောက်ခြင်း ပဲဖြစ်တယ်။ ဒီခရီးစဉ်မှာ ဘာမှမမျှော်လင့်ဘူး။ဘာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။နိုင်ငံရေးအရ NLD က လာပြီး အမြတ်ထုတ် တယ်။၂၀၂၀ အတွက် ပြင်ဆင်မှု လာပြီး လုပ်နေတယ်လို့ကျနော်တော့ မှတ်ယူတယ်။

KRD / ခူရီဒူး(ကရင်နီလူငယ်ခေါင်းဆောင်)

ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အခက်အခဲတွေကို လာပြီး ဖြေရှင်းတယ်ဆိုရင် အကုန်လုံးမှာ အကျိုးရှိတယ်လို့ ကျနော်တို့ မျှော်လင့်တယ် …

ခူရီဒူး(ကရင်နီလူငယ်ခေါင်းဆောင်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ ကရင်နီလူငယ်အင်အားစုတွေ စာပို့ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာတယ်ဆိုတော့ ကျနော်တို့ တွေ့ချင်တယ်။ ပထမဦးဆုံး ကျနော်တို့ပြည်နယ်ရဲ့ တောင်သူ အရေးပါ။ တောင်သူ(၄၀) တရား စွဲ ခံထားရတယ်။ တောင်သူ (၁၁)ဦး က ထောင်ထဲ ရောက်နေတော့ အဲဒီပြဿနာကို ကျနော်တို့ ပထမဦးဆုံး ဖြေရှင်းချင်တယ်။ ပြီးရင် ကြေးရုပ်ကိစ္စ။အဲဒါတွေကို သွားတင်ပြချင်တယ်။ စာတော့ ပို့ထားတယ်။ တစ်စုံတရာ တုံ့ပြန်မှုတော့ ယနေ့ထိ မရှိသေးဘူး။ ဒေါ်စုအနေနဲ့ ကယားပြည်နယ် ခရီးစဉ်က ပြည်နယ်မှာ ရှိနေတဲ့ ဒေသခံတွေ ခံစားနေရတဲ့၊ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ လာညှိနှိုင်းတာလား။ဒါမှမဟုတ် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ကိုပဲ လာဂုဏ်ပြုတာလား ဆိုတာ ကျနော်တို့ အနေနဲ့ မသဲကွဲဘူး။ ကျနော်တို့ဖြစ်စေချင်တာက တော့ လက်ရှိ ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အခက်အခဲတွေကို လာပြီး ဖြေရှင်းတယ်ဆိုရင် အကုန်လုံးမှာ အကျိုးရှိတယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့စာတင်ထားတယ်။ တွေ့ခွင့်ရ၊မရ မသေချာဘူး။သို့သော် ကျနော်တို့အနေနဲ့ တွေ့ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိမြေပြင်မှာဖြစ်နေတဲ့ ပြဿနာကို တိုက်ရိုက်တင်ပြချင်တယ်။ ဆွေးနွေးချင်တယ်။ ပွင့်ပွင့် လင်းလင်း ပေါ့။ဒေါ်စုအနေနဲ့ လုပ်ပေးနိုင်သလား၊မလုပ်ပေးနိုင်ဘူးလား သူ့ရဲ့ သဘောထားကို တဆင့်ခံ မဟုတ်ဘဲ မျက်နှာချင်းဆိုင်ဆွေးနွေးချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ သို့သော်ဖြစ်နိုင်တဲ့ အနေအထား နည်းတယ်။ ပြည်နယ်အခြေစိုက်မီဒီယာတွေတောင် ဝင်ခွင့်မရတဲ့ အနေအထားရှိနေတယ်လို့ ကြားသိထားရတယ်။ ကျနော်တို့ ကရင်နီ ပြည်လူငယ်အင်အားစုတွေအနေနဲ့ ဆန္ဒပြတာတို့၊ ကန့်ကွက် တာတို့၊ထုတ်ဖော်တာတို့၊လမ်းပေါ်ထွက်တာတို့ ရှိမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့အစကတည်းက ပြောထားသလိုပဲ ကျနော်တို့ တွေ့ဆုံညှိနှိုင်းမှုနဲ့ပဲ အဖြေရှာချင်တယ်။ဒီကိစ္စက စားပွဲဝိုင်းမှာညှိနှိုင်းမှုနဲ့ပဲအဖြေရှာရမယ့်ကိစ္စ။ အကြမ်းဖက်တဲ့ နည်းလမ်း၊လမ်းပေါ်ထွက်တဲ့နည်းလမ်း တွေကိုတော့ ကျနော်တို့ လူငယ်တွေ လုပ်မှာမဟုတ်ဘူး။

KBD / ခွန်ဘီထူး (ကယန်းအမျိုးသားပါတီ၊ဥက္ကဌ)

ပြည်နယ်မှာရှိနေတဲ့ မပြေလည်မှုတွေ၊ ကြေးရုပ်ကိစ္စ၊ ပြည်နယ်အစိုးရ ရဲ့ လုပ်ဆောင်မှုတွေ၊တောင်သူလယ်သမားတွေ အဖမ်းခံရတဲ့ကိစ္စတွေ …

ခွန်ဘီထူး (ကယန်းအမျိုးသားပါတီ ၏ ဥက္ကဌ)

အခု ကယားပြည်နယ် မလာခင် ကချင်ပြည်နယ်ကိုသွားတယ်။ ကျနော်တို့ နားလည်တာက သူက အခမ်းအနားကိုလာပြီး ပြည်သူတွေနဲ့ စည်းရုံးရေး ခရီးစဉ်လောက် သဘောထားပြီး ဒီခရီးစဉ်လာတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိသင့်တာ က လက်ရှိ ကယားပြည်နယ်မှာ ကယားပြည်နယ်နေ့နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိတယ်။ ပြည်နယ်နေ့ သတ်မှတ်တာက အားလုံးရဲ့ သဘောထား၊ အထူးသဖြင့် ဒေသခံတွေရဲ့ သဘောထား မပါဘူး။ဒေသခံတွေရဲ့ ကိုယ်စားပြုမှု မပါဘူး။ ဒါတွေကို သူသိသင့် တယ်။ ပြည်နယ်မှာရှိနေတဲ့ မပြေလည်မှုတွေ၊ ကြေးရုပ်ကိစ္စ၊ ပြည်နယ်အစိုးရ ရဲ့ လုပ်ဆောင်မှုတွေ၊တောင်သူလယ်သမားတွေ အဖမ်းခံရတဲ့ကိစ္စတွေ မှာ အစိုးရဘက်က တာဝန်ယူဖြေရှင်းမှုတွေ မရှိတဲ့ အခြေအနေမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိသင့်တယ်။အဲဒီအပေါ်မှာလည်း အဖြေ ပေးသင့်တယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးကိစ္စ အထူးသဖြင့် KNPP က လက်မှတ် မထိုးနိုင်သေးတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပိုနားလည် သဘောပေါက်ဖို့လိုလိမ့်မယ်။ ဒီအခြေအနေတွေ ဂဃနဏ သိရှိပြီးမှ ဒီလိုခရီးစဉ်တွေကို လာသင့်တယ်။ အခမ်းအနား က ဘာအခမ်းအနားမှန်းမသိဘဲ ဒေသခံလူထုရဲ့ လိုအပ်ချက်တွေ မသိဘဲ သူ့ရဲ့ ပေါ်ပြူလာဖြစ်မှုရယ်၊ သူတို့အစိုးရ ရဲ့ စီစဉ်မှုနဲ့ ဒီလို အခမ်းအနားတွေ တက်ရောက်တာ အဓိပ္ပာယ်မဲ့ပါတယ်။

တချို့ လူပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ နိုင်ငံရေး တစ်ခုနဲ့ တစ်ခုချင်း ကနေမှ တစ်နိုင်ငံလုံး(သို့မဟုတ်)တစ်ခုချင်းကနေ တစ်ပြည်နယ်လုံးကို ထိခိုက်စေတဲ့ ဟာတော့ ကျနော်တို့ မလိုလားပါဘူး …

ဦးသန်းတက် (ကယန်းပြည်သစ်ပါတီ၊ဒုဥက္ကဌ)

ကျနော်တို့ ပါတီအနေနဲ့တော့ စုပေါင်းလုပ်ဆောင်မှုနဲ့ တစ်ဦးချင်း တာဝန်ယူမှုစနစ် အဲလို ရှိတာပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး အရတော့ ကျနော် နည်းနည်းပြောလို့ရပါတယ်။ ပါတီအနေနဲ့ဆိုတာထက် ပုဂ္ဂိုလ်ရေးအရ အရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် က သူလာရင် ကောင်းကြောင်းကိုပဲ သူလုပ်လိမ့်မယ်လို့ ကျနော်အဲဒီလိုပဲ ယုံကြည် ပါတယ်။ဒေသတစ်ခုချင်းဖြစ်စေ၊ တစ်နိုင်ငံချင်းဖြစ်စေ၊နိုင်ငံတစ်ခုလုံးနဲ့သက်ဆိုင်တာဖြစ်စေသူကတော့ ကောင်းကြောင်းဖြစ်အောင် သူ စဉ်းစားလိမ့်မယ်လို့ ကျနော်ဒီလိုပဲ နားလည်တယ်။ ဒီခရီးစဉ် က မဲဆွယ် ခရီးစဉ်လို့ ကျနော်တော့ မထင်ဘူး။လုပ်ငန်းသဘောတရားအရ လုပ်သင့် လုပ်ထိုက်တာ အကုန်လုံး လုပ်သွားလိမ့်မယ်လို့ ကျနော်တော့ ဒီလိုပဲယုံကြည်တယ်။ တချို့ လူပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ နိုင်ငံရေး တစ်ခုနဲ့ တစ်ခုချင်း ကနေမှ တစ်နိုင်ငံလုံး(သို့မဟုတ်)တစ်ခုချင်းကနေ တစ်ပြည်နယ်လုံးကို ထိခိုက်စေတဲ့ ဟာတော့ ကျနော်တို့ မလိုလားပါဘူး။ တစ်ခုချင်းဖြစ်တဲ့ကိစ္စမျိုးက တစ်ပြည်နယ်လုံးအတွက် အကျိုးယုတ်စေတဲ့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်လည်း လုပ်မယ်လို့ကျနော်မထင်ဘူး။ကျနော်တို့ ကျန်တဲ့သူလည်း သဘောပေါက်နားလည်သင့်ပါတယ်လို့ ကျနော်ဒီလိုပဲနားလည်တယ်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,