ဒေါ်စု ယှဉ်ပြိုင်ခဲ့ဖူးသည့် ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်စုစုနွေး ရွေးကောက်ပွဲ ဝင်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SSN / မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတည်ထောင်သူ ဒေါ်စုစုနွေး (လယ်)

အန်တီဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမှာ ဝင်မပြိုင်တော့လို့ ကျမရွေးချယ်ရခြင်း ဖြစ်ပါ တယ်။ အန်တီဒေါ်အောင်ဆန်းစုကြည် မပြိုင်တော့ရင် ကျမမြို့နယ်ကို …

ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ တည်ထောင်သူ ဒေါ်စုစုနွေး က ပြောသည်။

ဒေါ်စုစုနွေးဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် နေရာသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နေရာဖြစ်သည်။

“ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အန်တီဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမှာ ဝင်မပြိုင်တော့လို့ ကျမရွေးချယ်ရခြင်း ဖြစ်ပါ တယ်။ အန်တီဒေါ်အောင်ဆန်းစုကြည် မပြိုင်တော့ရင် ကျမမြို့နယ်ကို လက်ဆင့်ကမ်းပြီး တာဝန်ယူမယ် လို့ ကျမ အတိအလင်း ပြောကြားပြီးဖြစ်ပါတယ်” ဟု ဒေါ်စုစုနွေး က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တောင်သူလယ်သမားများ၏နစ်နာဆုံးရှုံးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် တောင်သူလယ်သမား ကိစ္စများကို လွှတ်တော် အတွင်း၌ ဆွေးနွေးနိုင်ရန် ရွေးကောက်ပွဲဝင်ပြိုင် ရခြင်းဖြစ်သည်ဟု ဒေါ်စုစုနွေး က ဆိုသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ဝင်ရောက် ယှဉ်ပြိုင်မည့် နေရာအတိအကျကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

NLDပါတီက ဖွဲ့စည်းထားသော ကော့မှုးမြို့နယ် မြို့မိမြို့ဖ ကရွေးချယ်ထားသည့် ပြည်သူ့လွှတ်တော်နေရာအတွက် အမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်လာခြင်းမရှိကြောင်းလည်းသိရသည်။

ဒေါ်စုစုနွေးသည် ၈၈ အရေးတော်ပုံကပေါက်ဖွားလာသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် လူငယ် တာဝန်ခံ (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် တောင်သူလယ်သမားသမဂ္ဂအား ဖွဲ့စည်းပြီး လယ်သမားအရေးကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

၂၀၀၆ခုနှစ်က ကနေဒါနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ချီးမြှင့်သည့် John Humphrey Freedom Award နှင့် ၂၀၀၇ ခုနှစ်တွင် ချက်သမ္မတချီးမြှင့်သော Homo Homini Award ဆုများကို ရရှိခဲ့သူဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,