ဒေါ်အောင်ဆန်းစုကြည်က လက်စားမချေဘူး၊ သင်ပုန်းချေမယ်ပြောထားတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NLD / NLD ဗဟိုပြန်ကြားရေးကော်မတီက အတွင်းရေးမှူးမုံရွာအောင်ရှင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုအပေါ် သတင်းအမှားတွေနဲ့ တိုက်ခိုက်နေသူတွေကို အရေးမယူဖို့နဲ့ လူထုသိအောင်သာ ထုတ်ပြန်ပေးဖို့ ပြောကြားခဲ့တယ်လို့ သမ္မတ ရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက သတင်းထောက်တွေကိုပြောကြားထားပါတယ်။ သတင်းအတု၊ သတင်းအမှားတွေဂယက်ကြောင့် အကြမ်းဖက်မှုဖြစ်စဉ်တွေအထိဖြစ်ပေါ်ခဲ့တဲ့ သာဓကတွေရှိခဲ့တဲ့ အတွက် သတင်းအတုဖြန့်သူတွေကိုအရေးမယူတာဟာ ထပ်မံကျူးလွန်နိုင်ဖို့အခွင့်အရေးပေးသလိုဖြစ်နိုင်တယ်လို့ ရှုမြင်ကြသူတွေလည်းရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒါ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးလို့ပဲမြင်တယ်။ပုံရိပ်တွေ ကျတတ်တာပဲ။ အဲဒီပုံရိပ်တွေပေါ်မှာ နင်းတာ၊ ပြုတာ၊ နင်းသွားတာ၊ လမ်းလျှောက်သွားတာ ဒါမျိုးတွေလည်းရှိတတ်တာပဲ။ ဒီနေ့ပဲ …

ငြမ်းမီဒီယာ – Project K အဖွဲ့ရဲ့ ရွှေတိဂုံပုံရိပ်ကိစ္စက လူမှုကွန်ရက်မှာပျံ့သွားတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးတယ်လို့ သတင်းအမှားတွေပျံ့နေပါတယ်။ ဒီအပေါ်ဘာများပြောချင်ပါသလဲ။

MYAS – ကျနော် Project K ကိစ္စကိုတော့ မသိသေးဘူး။မနေ့က ထင်တယ်။ ပုံရိပ်တစ်ချို့တက်လာတယ်။ ရွှေတိဂုံဘုရားပုံရိပ်က အောက်ခြေမှာကျနေတယ်။ အဲဒီအပေါ်မှာ သူတို့ ကတာ၊ ဆိုတာ၊ လုပ်တယ်ထင်တယ်။ ကြည့်ရတာ။အဲဒီအပေါ်မှာ နင်းတက်လုပ်တယ်။ ဘာသာရေးကိုမဖွယ်မရာလုပ်တယ်။ ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်တယ်ဆိုတာမျိုးတက်လာတာတွေတွေ့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီ Project K က ဒေါ်အောင်ဆန်းစုကြည်က အားပေးတဲ့အဖွဲ့ဆိုပြီး ပုံကြီးချဲ့ပြီးလျှောက် ပြောနေကြတာ ကျနော်တွေ့ရတယ်။ အဲဒါကိုဒေါ်အောင်ဆန်းစုကြည်က အပြစ်မဟုတ်ဘူးလို့ ပြောတယ်ဆိုပြီး အဲဒီလိုပြောတာကိုတော့ ကျနော်က မကြားမိဘူးဗျ။ သို့သော် ကျနော် သဘောထားပြောရရင် တချို့ကိစ္စတွေက တမင်ရည်ရွယ်ချက်ရှိရှိလုပ်သလား၊ မလုပ်သလား ဆိုတာ ဒါကို ကျနော်စဉ်စားတယ်။ ဒါ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးလို့ပဲမြင်တယ်။ပုံရိပ်တွေ ကျတတ်တာပဲ။ အဲဒီပုံရိပ်တွေပေါ်မှာ နင်းတာ၊ ပြုတာ၊ နင်းသွားတာ၊ လမ်းလျှောက်သွားတာ ဒါမျိုးတွေလည်းရှိတတ်တာပဲ။ ဒီနေ့ပဲ လိုင်းပေါ်မှာတွေ့တယ်။ရွှေတိဂုံဘုရားရင်ပြင်တော်မှာ ရွှေတိဂုံဘုရားပုံရိပ်က ကျနေတာပဲ။ ဒီလိုမျိုးသွားလာနေတာပဲ။ တွေ့ရတာပြောတာနော်။ လိုက်လုပ်ဖို့ပြောတာမဟုတ်ဘူး။ အဲဒီလိုဖြစ်နေတာမျိုးတွေရှိတယ်။

အဲဒီတော့ ကျနော်ပြောချင်တာက ထစ်ခနဲရှိ ဘာသာရေး အကြောင်းပြပြီးတော့ တိုက်တာခိုက်တာက လွန်ခဲ့တဲ့ နှစ်ပိုင်းလောက် ကတည်း က မဘသတွေ ဘာတွေကလည်း ဒီလိုဟာမျိုးတွေနဲ့ ပုံကြီးချဲ့တိုက်တာခိုက်တာတွေရှိနေတာပဲ။ ဒီကိစ္စဟာ သိပ်တော့ ရိုးသားတဲ့ ကိစ္စမဟုတ်ဘူး။ ဒါ ရွေးကောက်ပွဲနီးတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုရော NLDကိုရော ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်တယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အန်ကယ်ဟာ သတင်းမီဒီယာ၊သတင်းလုပ်ငန်းစဉ်တွေနဲ့လည်း မစိမ်းတော့ သတင်းအတု၊ သတင်းအမှားတွေရဲ့ သက်ရောက်မှုကို ဘယ်လိုရှုမြင်ထားပါသလဲ။

MYAS – ဒီသတင်းတု၊ သတင်းအမှားကတော့တစ်လျှောက်လုံး တိုက်လာရမယ့်ကိစ္စပဲဗျ။ တလျှောက်လုံးလည်း ဒီကိစ္စတွေကို ပြောလာကြတာပဲ။ ခု ရွေးကောက်ပွဲကိစ္စဆို ကျနော်မှတ်မိတာ UEC ပေါ့။ UEC ကလည်းသတင်းတု၊ သတင်းမှားကိစ္စကို ဖော်ထုတ်ရမယ်။ ဒါကို လက်မခံဘူးဆိုတာ UEC က ကြေညာထားတာရှိတယ်။

ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက စာနယ်ဇင်းကောင်စီအဖွဲ့ကြီးကလည်း ဒီကိစ္စကို UEC နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောလာတာရှိတယ်။ အဲဒီတော့ ဘယ်ဟာ သတင်းအမှားလဲ။ ဘယ်ဟာလုပ်ကြံသတင်းအမှားလဲဆိုတာ သေသေချာချာ ကြည့်ရပါတယ်။ ပြည်သူလူထုကလည်း သိပါတယ်။ ဒီဟာကို အထူးအထွေပြောစရာ မလိုပါဘူး။ ပြည်သူလူထုကလည်း ဒီကိစ္စကိုအဆုံးဖြတ်ပေးမှာပါလို့ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကသူနဲ့ပတ်သက်တဲ့သတင်းအတု၊ သတင်းအမှားဖြန့်တဲ့သူတွေကို အရေးမယူဖို့ ပြောတယ်ဆိုပြီး ဦးဇော်ဌေးကပြောခဲ့တာရှိတယ်ပေါ့။ အဲဒီအခြေအနေကရော သတင်းတု၊ သတင်းအမှားဖြန့်နေတာတွေကို ပိုအခွင့်အရေးပေးနေသလို ဖြစ်မနေဘူးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MYAS – မဖြစ်ဘူးလို့ဘဲ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ နံပါတ် (၁) ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်မှာတိုက်ခိုက်တဲ့သတင်းတု၊ သတင်းအမှားတွေကို အရေးမယူဖို့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုမှပြောနေတာ မဟုတ်ဘူး။ ဒေါ်စုကို ဒီထက်မက တိုက်ခိုက်မှုတွေရှိတယ်ဗျာ။ နောက်ဆုံးပြောရရင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် အသက်ကိုတောင် လုပ်ကြံတဲ့ဟာမျိုးတွေ ဖြစ်တယ်ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို ပြန်လက်စားမချေဘူး။ သင်ပုန်းချေတယ်လို့ ပြောထားတာရှိတယ်။

အခုလိုဟာမျိုးကို ကျနော်က ပြဿနာမရှိဘူးလို့မြင်တယ်။ အဲဒီတော့ လုပ်ကြံခံရတဲ့သူက ဒီကိစ္စအပေါ်မှာလစ်လျူ ရှုရင် လုပ်ကြံတဲ့သူကိုပြည်သူလူထုကပဲ လစ်လျူမရှုဘဲ ဒဏ်ခတ်လိမ့်မယ်လို့ပြောချင်ပါတယ်။

သတင်းအတု၊ သတင်းအမှားလုပ်တာ၊ အမုန်းစကားတွေပြောတာက တစ်ကယ်တမ်း ဒီမိုကရေစီရဲ့အချက်တစ်ခုဖြစ်တဲ့ Freedom Of Expression နဲ့ဘာမှမဆိုင်ဘူး …

ငြမ်းမီဒီယာ – ပြီးခဲ့တဲ့အစိုးရလက်ထက်က သတင်းတု၊ သတင်းအမှားတစ်ပုဒ်ကြောင့် မန္တလေးမှာအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီး လူတွေထိခိုက်ဒဏ်ရာရပြီးသေဆုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ သာဓကရှိခဲ့တယ်။ ခုလည်း အကဲဆတ်တဲ့ ကိစ္စတွေမှာ မဟုတ်မမှန်သတင်း ဖြန့်နေသူတွေကို မတားဆီးဘဲ ဒီအတိုင်းထားလိုက်ရင် နိုင်ငံအတွက်အကျိုးဆက်က ဘယ်လိုဖြစ် လာနိုင်ပါသလဲ။

MYAS – ဒီကိစ္စပြည်သူလူထုကသိတယ်ဗျ။ ဘယ်ဟာသတင်းတုလဲ၊ ဘယ်ဟာသတင်းမှားလဲဆိုတာ။ ဘယ်ဟာအမှန် လဲဆိုတာ သိပြီးသားပါ။ အဲဒီတော့ ကျနော်ပြောချင်တာက ပြည်သူလူထုကပဲ ဒဏ်ခတ်ပါလိမ့်မယ်။ ပြည်သူလူထုကပဲ သူတို့ရဲ့အကြံအစည်တွေကို ပျက်ပြားအောင်လုပ်နိုင်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံတော်အတိုင်ပင်ခံအပေါ် သတင်းအမှားဖြန့်တဲ့သူတွေ တစ်ဦးချင်း စာရင်းကို သမ္မတရုံးက ထုတ်ပြန်ခဲ့တယ်။ ပြီးခဲ့တဲ့လတွေက ဦးဇော်ဌေးပြောထားတာမှာ နေပြည်တော်အသိုင်းအဝိုင်းကနေ ငွေပုံအောပြီး သတင်းအမှားတွေဖြန့်တာကို အုပ်စုဖွဲ့လုပ်နေကြတယ် ဆိုတဲ့အချက်လည်းရှိတယ်။ ဒီကိစ္စတွေကို ခုထိအရေးမယူနိုင်သေးတာကို ဘာများပြောချင်ပါသလဲ။

MYAS – အရေးမယူနိုင်သေးဘူးဆိုတာထက် သတင်းတု၊ သတင်းအမှားလုပ်တဲ့အဖွဲ့အစည်းတွေကို တစ်ချိန်မှာ ဒီကိစ္စကို လူထုသိအောင်ဖော်ထုတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ အဲဒီကျတော့လဲ သူတို့ဘဝနဲ့သူတို့ပေါ့ဗျာ။ သူတို့ရဲ့မကောင်းတဲ့ဆိုးကျိုးကို သူတို့ဘာသူတို့ပဲခံရမယ်လို့ ကျနော်ကတော့ပြောချင်ပါတယ်။ သူတို့ကိုအရေးယူထောင်ချလိုက်လည်း သူတို့ကိုအရှက်တရားရအောင် ဟိရိဩတပ္ပတရားရှိအောင်လုပ်နိုင်ဖို့ပဲ လိုတယ်လို့ ပြောချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

MYAS – ကျနော်ပြောချင်တာက သတင်းအတု၊ သတင်းအမှားလုပ်တာ၊ အမုန်းစကားတွေပြောတာက တစ်ကယ်တမ်း ဒီမိုကရေစီရဲ့အချက်တစ်ခုဖြစ်တဲ့ Freedom Of Expression နဲ့ဘာမှမဆိုင်ဘူးဗျ။ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် မဟုတ်ဘူး။ အဲဒါနဲ့ ဘာမှမဆိုင်ဘူးဗျ။ သတင်းအတု၊ သတင်းအမှားလုပ်တာက မကောင်းတဲ့ လုပ်ရပ်ဗျ။ မတရားမှုလုပ်တဲ့ အလုပ်ပဲလို့ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,