ဒေါ်အောင်ဆန်းစုကြည်အလွန်အထိ တွေးရမယ့် သဘောတော့ ရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကရင်အမျိုးသားပါတီ(KNP) ၏ အထွေထွေအတွင်းရေးမှူး(ဦး) မန်းကျော်ငြိမ်း

ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးသမား မပီသရကောင်း သလားလို့ ကျနော်တို့ အပြစ်တင်နေလို့မဖြစ်ဘူး။ တကယ်တမ်း …

မြန်မာ့ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ကရင်အမျိုးသား ပါတီ (KNP) ၏ အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်း ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်ထားသည်။

ငြမ်းမီဒီယာ– အခုရွေးကောက်ပွဲနဲ့ ဖြတ်သန်းခဲ့တာကျနော်တို့ အစိုးရနှစ်ဆက် ကြုံခဲ့ပြီ။ အဲဒီမှာ ဘယ်အစိုးရရဲ့လုပ်ပုံကိုင်ပုံ ကို ပို သဘော ကျသလဲ။ ဘယ်အစိုးရက နိုင်ငံရေး မြော်မြင်ချက်က ပိုကောင်းတယ်ထင်လဲ။

SKN – ၂၀၁၀ တုန်းက တက်လာတဲ့ ဦးသိန်းစိန် ကြံ့ခိုင် ဖွံ့ဖြိုးရေး အစိုးရကတော့ တပ်အပေါ် နည်းနည်း သြဇာညောင်း တော့ တပ်က သိပ်ပြီးတော့ ကိုးလို့ကန့်လန့် မရှိဘူးပေါ့။ နည်းနည်းတော့ အဆင်ပြေတာပေါ့။ အခု တက်လာတဲ့ အစိုးရကျတော့ နဂိုကတည်းကမှ တပ်နဲ့ထိပ်တိုက်ဖြစ်နေတော့ တပ်နဲ့တော့ သိပ်ပြီး အစေး မကပ်ဘူး ဆိုတော့ တော်တော်များများ က တွဲသွားလို့ မရဘူး။ အခု သဘော ကတော့ NCA နဲ့ ပတ်သက်လို့ ရှိရင် NCA ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုမေးကြည့် လိုက်ရင် သူတို့ ဘယ်လိုပြောလဲ ဆိုတော့ ဦးသိန်းစိန် လက်ထက် ဦးအောင်မင်းတို့က ပြောရတာ လုပ်ရတာ အဆင်ပြေ သးတယ်။ အခုဟာက ဘယ်သူ့ကို ခေါ်ပြီးပြော ရမှန်းမသိ ဖြစ်နေတယ် ဆိုတာမျိုး ။နောက်တော့ ဒေါ်အောင်ဆန်းစုကြည် နေရာ ပေးထားတဲ့ ဒေါက်တာ တင်မျိုးဝင်း တို့ ဘာတို့ ဆိုတာလည်း လက်ရှိငြိမ်းချမ်းရေးရဲ့ Process ကို သူတို့ကောင်ကောင်းမှ သိရဲ့လား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် မှာ စိတ်စေတနာ တိုင်းပြည်ကို တိုးတက်စေ ချင်တဲ့ စိတ်ကတော့ ရှိတယ်။ အဲဒီမှာ တိုင်းရင်းသား တွေရဲ့ ယုံကြည်မှု၊ ထောက်ခံမှု …

ဒါကြောင့် သူ သွားပြောတဲ့ အခါမှာ ၀ က ပြောလိုက် တာလေ။ ခင်ဗျားတို့ ခေါင်းဆောင် ကိုပြန်ပြောလိုက်ပါဦး။ NCAထိုးမယ် ဆိုတဲ့ အခါတုန်းက မထိုးကြနဲ့ ဘာဖြစ်တယ်၊ညာဖြစ် တယ် ပြောပြီး အခုကျတော့ ကျနော်တို့ကို သူအစိုးရ ဖြစ်လာတဲ့ အခါ ကျနော်တို့ကို လာ ထိုးခိုင်း တယ်(ရယ်လျက်)ဒေါက်တာတင်မျိုးဝင်း ဘာပြောရမှန်း မသိဘူး ဖြစ်သွားတယ်။ အဲလိုမျိုးတော့ ရှိတာပေါ့ နော်။ အဲဒီတော့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်မှာရော ၊တိုင်းရင်းသားတွေနဲ့ ပတ်သက်တာမှာရော သူတို့မှာ ဘာမှ ကျကျနန ပြင်ဆင် ထားတာ မရှိဘူး။ သဘောကဖက်ဒရယ် စနစ်ကိုသွားမယ်လို့သာ ပြောတာ သူ့မှာ ဘာဖက်ဒရယ် ရှိမှန်းကို မသိရေ သးဘူး။ ဘယ်သူမှလည်း သူချပြတာ မတွေ့ဘူး။ အဲဒီလိုဖြစ်နေ တယ်။ အဲဒီတော့ ကျနော် မြင်တာက သေသေချာချာ ကျကျနန စီစဉ် ထားတယ်မထင်ဘူး။ နောက်တော့ အဲဒီတုန်းကလူကို မကြည့်နဲ့ ပါတီကိုပဲ ကြည့်ဆိုတော့ ပါတဲ့လူတော်တော် များများကလည်း Qualified ဖြစ်ချင်မှ ဖြစ်မယ်။ အဲဒါတွေလည်းအားနည်းကောင်း နည်းမယ်။

ငြမ်းမီဒီယာ– တချို့ကလည်းစီးပွားရေး ကိစ္စမှာဆိုရင် ဦးသိန်းစိန် လက်ထက်က ပိုလုပ်လို့ ကောင်းတယ်ပေါ့။ဒေါ်အောင်ဆန်းစု ကြည် လက်ထက်မှာလုပ်ကိုင်ရတာ မကောင်းဘူးပေါ့။ တချို့ကျတော့ လည်း ဒေါ်အောင်ဆန်းစုကြည် လက်ထက် မှာ စီးပွားရေး ကိစ္စတွေ လုပ်ရာမှာ ပိုပွင့်လင်းမြင်သာ ရှိတယ်ပေါ့။ ဥပမာတင်ဒါ ကိစ္စတွေလို မျိုးကို ပြောဆိုကြတာ ရှိတယ်။ အန်ကယ်ကရော ဘယ်လို သုံးသပ် လဲ။

SKN – လက်ရှိ ခရိုနီတွေ အတော်များများသည် ဦးသိန်းစိန် လက်ထက်တုန်းကအဆင်ပြေတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည် လက်ထက် မှာကျတော့အဲလောက် အဆင်မပြေတော့ဘူး။ ဟိုတလောက ဇေကမ္ဘာ ဦးခင်ရွှေ က သူမျက်ရည်တောင်ကျတယ် လို့ သူပြောတယ်။ အရင်လိုတော့လုပ်လို့ မရတော့ဘူးပေါ့ဗျာ။ ကျနော့်အမြင် ကတော့ အရင် ဦးသိန်းစိန် လက်ထက် က ချုပ်ခဲ့ လုပ်ခဲ့တဲ့ စာချုပ်တွေ အထူးသဖြင့် တရုတ်နဲ့ လုပ်ခဲ့တာတွေ အတော်များများက ဘယ်ပြည်သူကိုမှ ချမပြခဲ့ဘူး။ ဘာမှန်းလဲ မသိရ ဘူး။ ဥပမာ မြစ်ဆုံစီမံကိန်း ကိစ္စ ဆိုရင်လည်း ဘာမှ မသိရဘူး။ ဆိုတော့ပွင့်လင်း မြင်သာမှုတော့ မရှိခဲ့ဘူး။

ကျနော်တို့လည်း ဘယ်လိုမှ လုပ်ယူလို့မရတာ က ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတဲ့ကိစ္စကြီးက နည်းနည်းမှမဟုတ်ဘဲ ဒါက …

အဲဒီတုန်းက အာဏာရှင် အရိပ်အငွေ့နဲ့ ဆက်ပြီးသွားနေတဲ့ အခါမှာ အဲဒီတုန်းက သူတို့နဲ့ပေါင်းလုပ် ခဲ့တဲ့ ခရိုနီတွေ ကတော့ သူတို့ ကို ကြိုက်မှာပေါ့။ ဒီခေတ်မှာတော့ သူတို့ကြိုက်ချင်မှ ကြိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ အနေနဲ့ ကတော့ သူတို့လို လုပ်လို့ မဖြစ်ဘူးလေ။ လုပ်လို့မဖြစ်တဲ့ အခါကျတော့ သူအနေနဲ့ အခုအခြေအနေက တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက ကျဆင်း ခဲ့တာ အခု မှ မဟုတ်ဘဲ အရင်ကတည်းက ကျဆင်းနေ တာပဲ။ အခုဆို သံယံဇာတဆိုလည်း မရှိသလောက်ဖြစ်နေပြီ။ သူ ပြန်ကိုင် တွယ် ရတဲ့ အချိန်မှာပဲ ကြွေးမြီ က အများကြီး ဖြစ်နေတဲ့ အခါကျတော့ ဒီအကြွေးတွေ ကိစ္စ ကိုပဲ သူတော်တော် လုပ်ရမယ်။ ဘာပဲဖြစ်ဖြစ် အခု သူ လုပ်နိုင် သလောက် လုပ်တာကိုပဲ လက်ခံရမှာပဲ။

ငြမ်းမီဒီယာ– ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို ရော ဘာများပြောချင်လဲ။

SKN – တိုင်းရင်းသားတွေအပေါ်မှာ သူ့ရဲ့အမြင်ကို ပြန်ပြင်စေ ချင်တယ်။ တစ်ချိန်က အတိုက်အခံဘဝမှာ နေခဲ့တုန်းက အတူတူ လက်တွဲခဲ့သလို အဲဒီလိုစိတ်ဓာတ်မျိုးသူပြန်ဖြစ် လာမယ် ဆိုရင်တော့ သူရဲ့ဦးဆောင်မှု အခန်းကဏ္ဍ က ဘာပဲပြောပြော သူ့မှာ ငြင်းမရတဲ့အချက် ရှိတယ်။ ကျနော်တို့လည်း ဘယ်လိုမှ လုပ်ယူလို့မရတာ က ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတဲ့ကိစ္စကြီးက နည်းနည်း မှ မဟုတ်ဘဲ ဒါက ဘယ်သူမှလည်းလုပ်ယူလို့ မရဘူး။ကျနော်တို့ တစ်နိုင်ငံလုံး၊တိုင်းရင်းသားတွေရော စည်းလုံးဖို့ သူ့ အဖေ တုန်းကလိုလုပ်နိုင်ရင်အခုလည်း ဒေါ်အောင်ဆန်းစုကြည် မှာ လုပ်နိုင်တဲ့ အင်အား သူ့မှာ ရှိတယ်။ တိုင်းရင်းသား တွေနဲ့ ပတ်သက်လို့ သူ့အဖေတုန်းက လုပ်ခဲ့သလို သူပြန်လုပ်နိုင်ရင် နိုင်ငံကိုဆက်လက် ဦးဆောင်မှု ထဲမှာ သူ့ရဲ့အခန်းကဏ္ဍ ကိုတော့ ကျနော်တို့ အသိအမှတ်ပြုရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် မှာ အဲလို အရည်အချင်းမျိုးလည်း ရှိပါတယ်။ အခုက ဘယ်လို ဖြစ်ပြီး တော့တပ်နဲ့ပဲ ပြေလည်ရေး လောက်ပဲ လုပ်ပြီးတော့ တပ်ခွင့်မပြုရင် မလုပ်ရဲတဲ့ပုံစံမျိုးက ဘယ်လိုဖြစ်သွားလဲ ဆိုတာ ကျနော်လည်း မသိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေး ပြန်အစေးကပ်ဖို့ အန်ကယ်ကမျှော်လင့်နေ တုန်းပေါ့။ အဲဒီလိုလား။

SKN – မျှော်တော့မျှော်လင့်နေတုန်းပေါ့ဗျာ။ ဖြစ်လာနိုင်မယ်၊ မဖြစ်လာဘူးဆိုတာ ကျနော်မသိဘူး။ကျနော်က တော့ ဖြစ်စေချင် တာ ပြောတာပါ။

ငြမ်းမီဒီယာ – အန်ကယ်ဘာဖြည့်စွက်ပြောချင်လဲ။

SKN – ကျနော်ခုနက ပြောတဲ့ဟာကိုတချို့ တိုင်းရင်းသားတွေ က မကျေမနပ်ဖြစ်ကောင်းဖြစ် ကောင်းဖြစ်မယ်။ ဒါပေမယ့် ကျနော် အဲလိုတော့မြင်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ အားနည်းချက်တို့၊ အားသာချက်တို့ဆိုတာ ရှိတယ်ဗျ။ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံရေးသမားမပီသရ ကောင်းသလားလို့ ကျနော်တို့အပြစ် တင်နေလို့ မဖြစ်ဘူး။တကယ်တမ်း ကျတော့ တိုင်းပြည် အပေါ် မှာတကယ် စိတ်စေတနာ ထားတာမျိုး ခြင်းမှာအခု အနေအထား ကတော့ ဟိုပုဂ္ဂိုလ်တွေထက်စာရင် သူက အများကြီး ကောင်းတာပဲ။ ဒါကိုတော့ ကျနော်တို့ငြင်းလို့ မရဘူး။

ငြမ်းမီဒီယာ – ဟိုပုဂ္ဂိုလ် တွေဆိုတာ …

SKN – အရင်ပုဂ္ဂိုလ်တွေပေါ့ဗျာ။အရင်ပုဂ္ဂိုလ်တွေက တိုင်းပြည် အတွက်မှမစဉ်းစားဘဲ သူတို့အတွက် ပဲသူတို့ ကြိုးစားသွားတာ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ အဲဒီလို မျိုးမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် မှာ စိတ်စေတနာ တိုင်းပြည်ကို တိုးတက်စေ ချင်တဲ့ စိတ်ကတော့ ရှိတယ်။ အဲဒီမှာ တိုင်းရင်းသား တွေရဲ့ ယုံကြည်မှု၊ ထောက်ခံမှု ရအောင်လုပ်နိုင်ရင် သူ့အနေအထား က အများကြီး အလုပ် လုပ်လို့ ရပါတယ်။ ကျနော်တို့လည်း သူ့ကို မျှော်လင့်ပါတယ်။ ကျနော်တို့ဆိုတာထက် ကျနော့်အနေနဲ့ သူ့ကိုမျှော်လင့် ပါတယ်။ သူ့ကိုလည်း ဖြစ်စေချင် တယ်။ တစ်နိုင်ငံလုံးကို စုစည်ပေးနိုင်တဲ့ ၊ဦးဆောင်နိုင်တဲ့ လုပ်နိုင်တဲ့ လူမျိုးကလည်း တော်ရုံတန်ရုံ ရှာဖို့ မလွယ်ဘူး။ ဥပမာဗျာ ကျောင်းသားခေါင်းဆောင်ထဲက ကိုကိုကြီး လုပ်လို့ ရမလားဆိုရင် မလွယ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ဦးတစ်ယောက် အပေါ်မှာ ပုံအောပြီး လုပ်ရတဲ့ ကိစ္စက မဖြစ်သင့်တော့ဘူး။ ကျနော်တို့ တွေးရမှာ …

ဒေါ်အောင်ဆန်းစုကြည် ကို ယှဉ်ဖို့ မလွယ်ဘူး။ ဒါကြောင့် မို့ ဦးဝင်းတင် မဆုံးခင်က ပြောတာ ဒေါ်အောင်ဆန်းစုကြည် ကို ပဲ မဲပေးကြ ပါဆိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကိုပဲ ကျနော်တို့ ပြန် အသုံးချ ရမယ်ပေါ့ဗျာ။ဆိုလိုချင်တဲ့သဘောက ဒေါ်အောင်ဆန်းစုကြည် နေရာ ကို အစားထိုးဖို့မရှိ သေးဘူး။ အဲဒါကလည်း ပြဿနာဗျ။ ၂၀၂၀တော့ထားလိုက်ဦး။ ဒေါ်အောင်ဆန်းစုကြည် အလွန်ဆိုတဲ့ ကိစ္စ ကို စဉ်းစားသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိတော့တဲ့ အချိန်ကျရင် ဘယ်လို သွားကြမလဲ။ ဒီခေါင်းဆောင်ရှိမှ ဖြစ်မယ် ဆိုတဲ့ ကျနော်တို့ Mind set တွေကလည်း မကောင်းဘူး။ ကျနော်စဉ်းစားတယ်ဗျာ။ အခု အမေရိကန်လို နိုင်ငံမျိုးမှာ အခု လက်ရှိ ရှိနေတဲ့ လွှတ်တော် အမတ်တွေ အကုန်လုံးက သမ္မတ လုပ်နိုင်တဲ့ အရည်အချင်းတွေ ချည်းပဲ။ အကုန်လုပ်နိုင်တဲ့ သူတွေ ချည်းပဲ။ အဲလိုမျိုး ဖြစ်သင့် တယ်ဗျ။ ကျနော်တို့ Mind set တွေကလည်း ဘယ်လိုဖြစ်လည်း ဆိုတော့ သူရဲကောင်း ကိုးကွယ် ချင်တာနဲ့၊ခေါင်းဆောင် အောက် မှာပဲ နေချင်တဲ့ ပုံစံမျိုး က သိပ်များတယ်။ ဥပမာ အစ္စရေးဆိုရင် အကုန်လုံးက ခေါင်းဆောင် လုပ် နိုင် တဲ့ အရည်အချင်း တွေ ချည်းပဲ။ ဖြစ်နိုင်တဲ့။ လူတွေချည်းပဲ။ အဲဒီလိုမျိုး ဖြစ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တည်း အပေါ်မှာ အားကိုး တာတော့ ကျနော် မဖြစ်စေချင် တော့ဘူး။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ပြီး လုပ်ခဲ့တာ သူ မရှိတဲ့အခါ ဘယ်သူမှ လည်း ကတိကဝတ် မတည်တဲ့အခါ ပင်လုံစာချုပ်လုပ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးက ပျက်ကုန်ရော။ အဲဒါ ကြောင့် တစ်ဦးတစ်ယောက် အပေါ်မှာ ပုံအောပြီး လုပ်ရတဲ့ ကိစ္စက မဖြစ်သင့်တော့ဘူး။ ကျနော်တို့ တွေးရမှာ ဒေါ်အောင်ဆန်း စုကြည် အလွန်အထိ တွေးရမယ့် သဘောတော့ ရှိတယ်။

ငြမ်းမီဒီယာ – ကျေးဇူးပါခင်ဗျ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

စစ်တပ် တချို့ရဲ့ စိတ်ထဲမှာ သူ့ကိုယ်သူ ငါတို့က ကယ်တင်ရှင်ကြီး ဆိုတာမျိုးဖြစ်နေတယ်

အန်အယ်ဒီက စစ်တပ်မကြိုက်တာ မလုပ်ရဲဘူးဆိုတဲ့ပုံ ပေါက်နေတယ်

အန်အယ်ဒီအစိုးရ ရင်ကြားစေ့ရေး က တိုင်းရင်းသားနဲ့ မဟုတ်ဘဲနဲ့ စစ်တပ်နဲ့ ဖြစ်နေတယ်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,