ဒေါ်အောင်ဆန်းစုကြည်၊ ကိုမောင်မောင်အေး ဓာတ်ပုံ ကို အသုံးပြုပြီး သတင်းအမှား ဖြန့်ချိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

BMF / ပိုတိုရှော့ပ်ဖြင့် ပြုပြင်ထားသည့် သတင်းအမှား ဓာတ်ပုံ

ဒေါ်အောင်ဆန်းစုကြည်၊ ကိုမောင်မောင်အေး ဓာတ်ပုံကို ဖိုတိုရှော့ပ် အသုံးပြုပြီး ဖြန့်ချိနေတဲ့ ဓာတ်ပုံ တစ်ပုဒ်အကြောင်း ပြောပြ လိုပါတယ်။

ဖိုတိုရှော့ပ် နဲ့ ပြုပြင်ထားတဲ့ သည်ဓာတ်ပုံကို Bright Myanmar Future – BMF ဖေ့စ်ဘွတ်ခ် ပေ့ချ်ကနေ ဖော်ပြထား တာပါ။

သည် ဓာတ်ပုံမှာ ကိုမောင်မောင်အေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုင်ဆောင်ထားတဲ့ တီရှပ်အဖြူအပေါ်မှာ ” ရန်ကုန်အခြေစိုက် လိင်တူချစ်သူများ ကွန်ရက်” ဆိုတဲ့ စာသား ပါရှိနေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူယုတ်မာဆိုတာကတော့ ရှိနေမှာပါ။ ဘယ်နေရာမှာမဆို။ အောက်တန်းကျသူတော့ ရှိနေမှာ ပါ။ကိုယ့်ဘက်က အဲ့ဒါကို ဒီလိုမျိုး ရှိနေတာကို နားလည်ပေးဖို့ရယ်၊သူတို့ …

Bright Myanmar Future – BMF ဖေ့စ်ဘွတ်ခ် ပေ့ချ်ကနေ ဖော်ပြထား တဲ့ သည် ဓာတ်ပုံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကာယကံ ရှင် ပုဂ္ဂိုလ်ဖြစ်တဲ့ ကိုမောင်မောင်အေးကို ဆက်သွယ်ပြီး အမှား၊ အမှန် အချက်အလက် စစ်ဆေးခဲ့ရာ ဖော်ပြထားတဲ့ ဓာတ်ပုံမှာ ရေးသားထားတဲ့ စာသားမှာ အမှား သာ ဖြစ်တယ်လို့ ကာယကံရှင် ကိုမောင်မောင်အေး က ငြမ်းမီဒီယာကို အတည်ပြု ပြောကြား ပါတယ်။

တီရှပ်အင်္ကျီ အဖြူပေါ်တွင် အမှန်တကယ် ရေးသားထားတဲ့ စာသားမှာ “ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ရက်” ဖြစ်ပါ တယ်။ ဒီစာသားအမှန်ကို ဖျက်ပြီး အများပြည်သူ ထင်ယောင် ထင်မှား ဖြစ်အောင် ပိုတိုရှော့ပ်နဲ့ ပြန်လည် ပြုပြင်ထားခြင်းသာ ဖြစ်ပါတယ်။

” လူယုတ်မာဆိုတာကတော့ ရှိနေမှာပါ။ ဘယ်နေရာမှာမဆို။ အောက်တန်းကျသူတော့ ရှိနေမှာ ပါ။ကိုယ့်ဘက်က အဲ့ဒါကို ဒီလိုမျိုး ရှိနေတာကို နားလည်ပေးဖို့ရယ်၊သူတို့အောက်တန်းကျတိုင်း ကိုယ်လိုက်အောက်တန်းမကျဖို့ရယ်။ အဲဒီလို လူတွေနဲ့လည်း ကျနော် တို့ ဘာမှပြောစရာကို မရှိပါဘူး ” လို့ ကိုမောင်မောင်အေး က မှတ်ချက်ပြုပါတယ်။

သည် ဓာတ်ပုံမှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဓာတ်ပုံဖြစ်ပြီး အင်္ကျီမှာ ကိုမောင်မောင်အေး အင်္ကျီ ဖြစ်ပါတယ်။

သည်အင်္ကျီပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် က လက်မှတ် ရေးထိုးပေးထားတာ ဖြစ်ပြီး အင်္ကျီကို သိမ်းဆည်းထားတယ်လို့ ကိုမောင်မောင်အေး က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ဒီကိစ္စမှာ အဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ ပါဝင်နေသလားဆိုတာ ကျနော်တို့မှာ အထောက်အထားတော့ မရှိဘူးပေါ့ဗျာ။ သို့သော် ဒီအဖွဲ့အစည်းတွေရဲ့ …

မြန်မာပြည်ရဲ့ အသုံးပြုမှု အများဆုံးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် ပလက် ဖောင်းပေါ်မှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချိန်သားကိုက် ဖြန့်ချိနေတဲ့ သတင်းအမှား တွေကလည်း များလာပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေး မတည်ငြိမ်အောင် ရည်ရွယ်ချက်နဲ့ ငွေပုံအောပေးပြီး သတင်းအမှား ဖြန့်ချိနေသူတွေ နေပြည်တော် အသိုင်းအဝိုင်းမှာ ရှိနေတယ်လို့ လည်း နိုင်ငံတော်သမ္မတရုံးက ပြောကြား ထားပါတယ်။

“ အဓိက ကတော့ဗျာ။ဒီကိစ္စမှာ အဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ ပါဝင်နေသလားဆိုတာ ကျနော်တို့မှာ အထောက်အထားတော့ မရှိဘူးပေါ့ဗျာ။ သို့သော် ဒီအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွား အတွက် လုပ်နေတယ်ဆိုတာတော့သေချာတယ်။ဒီအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွား အတွက် လုပ်နေတာဖြစ်တဲ့အတွက် အဲ့အဖွဲ့အစည်းတွေကို ဟန့်တားစေချင်တယ်” လို့ NHK သတင်း ဌာနရဲ့ သတင်းစာဆရာ ဦးသီဟသွေး က ပြောပါတယ်။

သတင်းအမှားတွေလုပ်တယ်ဆိုတာက ပြည်သူလူထုရဲ့ အတွေးအခေါ် ကို အဆိပ်ခတ်သလို ဖြစ်တယ် လို့ လည်း ဦးသီဟသွေး ကဆိုပါတယ်။

အစိုးရကို တိုက်ခိုက်တာ တစ်ခု တည်း မဟုတ်ဘဲ သတင်းအမှားဆိုရင် ဘယ်သူ့ကို တိုက်ခိုက်တိုက်ခိုက် အရေးယူတယ်ဆိုတဲ့ လမ်းကြောင်းကို …

နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးသမားတွေ၊ မိမိ ယုံကြည်ချက်အရ ယုံကြည်ချက်အပေါ် ရပ်ခံနေသူတွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သတင်းတု၊ သတင်း အမှားတွေ ဖြန့်ချိ ပြီးထိုးနှက် တိုက်ခိုက်မှု တွေပြုလုပ်လာကြတာကိုလည်း ခပ်စိတ်စိတ်လေး တွေ့လာ ရပါတယ်။ ဒါပေမယ့် ဘယ်သူတွေလုပ်နေသလဲ၊ဘယ်အဖွဲ့အစည်းတွေက လုပ်နေလဲဆိုတာကတော့ အခုထိကို လက်သည် မပေါ်သေးပါဘူး။

“ သက်ဆိုင်ရာပါတီတွေ၊ အဖွဲ့အစည်းတွေက လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့။ သူတို့ အကျိုးစီးပွား အတွက် မလုပ်မိစေဖို့၊ သီးသန့် ကိုယ့်ဘာသာကိုယ် အုပ်စုဖွဲ့ လုပ်နေတဲ့သူတွေလို မလုပ်မိဖို့ အားလုံးကနေ Fair Play ဖြစ်ဖို့အားလုံးကနေ လူထုရဲ့ အသိဉာဏ် ဖွံဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီးတားသင့်တယ်။ သြဇာရှိတဲ့ အဖွဲ့အစည်းတွေကိုယ်နှိုက်ကိုက ဒါမျိုးကို တားသင့် တယ်။မလုပ်ဖို့ နိူးဆော်သင့်တယ်။ပြည်သူလူထုကလည်း ဒါမျိုးကို ဝိုင်းထိန်း သင့်တယ်။ ဒါဘာလို့လည်းဆိုတေ ာ့ ဘယ်သူဘယ်ဝါတွေ အတွက်ဖြစ်စေ နောက်ဆုံးကျတော့ ကျိုးကြေပြီး ကျန်ခဲ့မှာ ပြည်သူတွေပဲ” လို့ ဦးသီဟသွေးက ပြောပါတယ်။

သတင်းတု၊သတင်းအမှားတွေ နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ အရေးတယူ ဆောင်ရွက်မှု မရှိတဲ့ အပေါ်မှာ လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ တစ်ကယ်တမ်းကျတော့ ထိထိရောက်ရောက်မရှိလို့သာ သတင်း အမှားလုပ်တဲ့သူတွေကို ရပ်တန့်မသွားစေ တာပေါ့။ သူတို့ စိတ်ထဲ မှာက သတင်းအမှားတွေထုတ်လို့ အရေးယူခံရမယ်လို့ ကြောင့်ကြ စိတ် မရှိဘူး။အစိုးရဘက်က အရေးယူတုံ့ပြန်ဖို့ က မလုံလောက်ဘူး ဆိုတာ သေချာတယ် ” လို့ လည်း ဦးသီဟသွေးက ဆိုပါတယ်။

“ အရေးယူတဲ့အခါ ကြည့်တဲ့အခါမှာလည်း အစိုးရ အကျိုးစီးပွားကို ကြည့်မှာလား။ ပြည်သူလူထုရဲ့အသိဉာဏ်မှန်ကန်စွာ ဖွံဖြိုး စေမယ့်ပေါ်မှာ ရည်ရွယ်သလားဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်” လို့ ဦးသီဟသွေး ကပြောပါတယ်။

” အစိုးရ အကျိုးစီးပွားထက် ပြည်သူလူထုအကျိုးစီးပွားကို ငဲ့ကွက်ပြီး မည်သည့် သတင်းအတုကို မဆို အစိုးရကို တိုက်ခိုက်တာ တစ်ခု တည်း မဟုတ်ဘဲ သတင်းအမှားဆိုရင် ဘယ်သူ့ကို တိုက်ခိုက်တိုက်ခိုက် အရေးယူတယ်ဆိုတဲ့ လမ်းကြောင်းကို ဦးတည်ပြီး လုပ်ပေး ရမှာပေါ့။ဒါမှလည်းအောင်မြင်မှာပေါ့ ” လို့ သတင်းတု၊သတင်းအမှား များနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်မှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာဆရာ ဦးသီဟသွေး က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,