ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီးစဉ်တွင် ပြောကြားချက်များမှ ကောက်နုတ်ခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အမေကလည်း ငါကအမေမို့လို့ ငါလုပ်စေချင်သလို အားလုံးလုပ်ရမယ်၊ သားသမီးတွေ ကလည်း ကျနော်တို့ …

MSCO

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ သို့ရောက်ရှိနေပြီး ဘာသာရေး ခေါင်းဆောင်များ၊မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ထိုကဲ့သို့ တွေ့ဆုံရာတွင် တက်ရောက်လာ သူများနှင့် ငြိမ်းချမ်းရေး၊ ရွှေ့ပြောင်းလုပ်သားများအရေး၊IDP စခန်းများ၊မူးယစ်ဆေးဝါးကိစ္စ စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်။ ယခုဖော်ပြချက်သည်၎င်း၏ ပြောကြားချက်များမှ ပြန်လည် ကောက်နုတ် ဖော်ပြခြင်းဖြစ်သည်။

တိုင်းရင်း သားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဆိုတာဟာ စိန်ခေါ်မှုပိုပြီးတော့ များပါတယ်။ စည်းလုံးညီညွတ်မှုကို ကျမတို့ တည်ဆောက်ဖို့ဆိုရင် ပိုပြီးတော့ခက်ခဲပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ …

MSCO

ကျမတို့ နိုင်ငံမှာဆိုရင် တိုင်းရင်းသားလူမျိုးစုံ ရှိပါတယ်။ အခုကချင်ပြည်နယ်မှာဆိုရင်လည်း တိုင်းရင်းသားလူမျိုး ပေါင်းစုံပါပဲ။ ဒီတိုင်းရင်း သားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဆိုတာဟာ စိန်ခေါ်မှုပိုပြီးတော့ များပါတယ်။ စည်းလုံးညီညွတ်မှုကို ကျမတို့ တည်ဆောက်ဖို့ဆိုရင် ပိုပြီးတော့ခက်ခဲပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ အယူအဆတွေမတူကြဘူး။ ပန်းတိုင်တွေ မတူကြဘူး။ ပြောတဲ့ဘာသာစကားကအစ မတူကြဘူး။ ဒီလိုကွဲပြားမှုတွေရှိတဲ့ အခါကျတော့ နိုင်ငံ တစ်နိုင်ငံစည်းစည်းလုံးလုံး ဖြစ်အောင်လုပ်ဖို့ဆိုတာဟာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ သို့သော်ငြားလည်း ဒီစိန်ခေါ်မှုတွေကို ကျမတို့ ကျော်လွှား နိုင်မယ်ဆိုရင် တစ်ခြားနိုင်ငံတွေနဲ့ မတူအောင် စည်းလုံးညီညွတ်မှုကို ရနိုင်ပါတယ်။

MSCO

ပြည်ထောင်စုက ဒုတိယဘယ်တော့မှ ဖြစ်လို့ မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲဖြစ်ရမယ်။ ပထမလည်း ပြည်ထောင်စု၊ ဒုတိယလည်းပြည်ထောင်စု …

ကျမတို့တကယ်ပဲ ကျမတို့ရဲ့ အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတဲ့ ဆန္ဒရှိရဲ့ လားဆိုတာ တစ်ယောက်ချင်း တစ်ယောက်ချင်း က စိစစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစဉ်းစားသလဲ။ ကိုယ့်ကိုယ်ကိုယ် ငါက ကချင်၊ ငါက ဗမာ၊ ငါက ရှမ်းဆိုပြီးတော့ စဉ်းစားသလား၊ ငါကပြည်ထောင်စုသား တစ်ယောက်ဆိုပြီးတော့ စဉ်းစားသလားဆိုတာ အားလုံးကနေပြီးတော့ ဒါကို အလေးထားစေချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်ထောင်စုက ဒုတိယဘယ်တော့မှ ဖြစ်လို့ မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲဖြစ်ရမယ်။ ပထမလည်း ပြည်ထောင်စု၊ ဒုတိယလည်းပြည်ထောင်စု၊ တတိယလည်းပြည်ထောင်စု။ ဒီပြည်ထောင်စု အတွင်းမှာမှ ကျမတို့ရဲ့ မတူညီတဲ့လူမျိုးများ၊ မတူညီတဲ့ ဘာသာစကားပြောသူများ၊ မတူညီတဲ့ ကိုးကွယ်တဲ့ ဘာသာမတူသူများ ရှိနိုင်မှာဖြစ်ပါတယ်။

MSCO

ငြိမ်းချမ်းရေးမရသေးတဲ့ ကိစ္စနဲ့ ပြည်ထောင်စုကိုဦးတည်တဲ့ ရည်ရွယ် ချက်နဲ့ နှစ်ခုဆိုတာဟာ ဒြန္တွဲနေပါတယ်။ ငြိမ်းချမ်းရေးရမှ ကျမတို့ တကယ် ခိုင်မြဲတဲ့ ပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှာပါ။ တကယ်ခိုင်မြဲတဲ့ ပြည်ထောင်စုတစ်ခုထူ ထောင် နိုင်မှသာလျှင် ကျမတို့ရဲ့ငြိမ်းချမ်းရေးကို ရေရှည်မှာ ထိန်းသိမ်းထား နိုင်မှာဖြစ်ပါ တယ်။

ပြည်ထောင်စု ထူထောင်ရေး အတွက် အလျော့ပေးသင့်ရင် အလျော့ပေးရမယ်။ ပြည်ထောင်စုထူထောင်ရေးကို ထိခိုက် မယ့်ကိစ္စတွေဆိုရင် အလျော့မပေးဘဲ တင်းခံသင့်ရင်တင်းခံရမယ်။ ဒီလို …

မိသားစုတစ်ခုထဲမှာ အဖေရှိမယ်၊ အမေရှိမယ်၊ သားသမီးတွေရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်တူမှာမဟုတ်ဘူး။ မိသားစု ထဲမှာဆိုရင်တောင်မှ တစ်ယောက် အမြင် တစ်မျိုးရှိမှာပဲ။ သို့သော်ငြားလည်း မတူတဲ့အမြင်တွေကို အားလုံးညှိပြီးတော့ အေးအေး ဆေးဆေး ပျော်ပျော်ရွှင်ရွှင် နေနိုင်ရင် ဒီမိသားစုဟာ ပျော်ရွှင်ဖွယ်ရာမိသားစုပဲ ဖြစ်မှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ သဘောထားတွေကို မညှိနိုင်ဘူး။ အဖေက လည်း ငါကအဖေမို့လို့ ငါလုပ်စေချင်သလို အားလုံး လုပ်ရမယ်၊ အမေကလည်း ငါကအမေမို့လို့ ငါလုပ်စေချင်သလို အားလုံးလုပ်ရမယ်၊ သားသမီးတွေ ကလည်း ကျနော်တို့ ကျမတို့က လူငယ်တွေ မို့လို့ ကျနော်တို့ သဘောအရ လုပ်ရမယ်ဆိုပြီး တော့ တစ်ယောက်တစ်မျိုးစွဲနေတယ် ဆိုရင်တော့ မိသားစုဟာ ခိုင်မာမှာလည်း မဟုတ်ဘူး။ သာယာမှာလည်း မဟုတ်ပါဘူး။

MSCO

ကျမတို့ရဲ့တိုင်းရင်းသားများအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုသားချင်း တွေလို့ စိတ်ထဲမှာ မှတ်ထားစေချင်တယ်။ ပြည်ထောင်စုသားချင်းဆိုတဲ့ ဝေါဟာရ လေးက မှတ်လို့လည်းလွယ်ပါတယ်။ မခက်ခဲပါဘူး။ ကျမတို့ဟာ အားလုံးသားချင်း တွေပါ။ ဒီပြည်ထောင်စုရဲ့သားချင်းတွေပါ။ ဒီပြည်ထောင်စုကို ချစ်စေချင်တယ်။ ဒီမြေကိုချစ်စေ ချင်တယ်။ ဒီပြည်ထောင်စုလို့ သတ်မှတ် ထားနိုင်တဲ့အခြေအနေကို မြတ်နိုးစေချင်တယ်။ တန်ဖိုးထားစေချင်တယ်။

ပြည်ထောင်စုထူထောင်ရေးဆိုရကျမတို့ရဲ့တိုင်းရင်းသားများအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုသားချင်း တွေလို့ စိတ်ထဲ မှာ မှတ်ထားစေချင်တယ်။ ပြည်ထောင်စုသားချင်းဆိုတဲ့ ဝေါဟာရ လေးက မှတ်လို့လည်းလွယ်င်၊ ပြည်ထောင်စု ထူထောင်ရေး အတွက် အလျော့ပေးသင့်ရင် အလျော့ပေးရမယ်။ ပြည်ထောင်စုထူထောင်ရေးကို ထိခိုက် မယ့်ကိစ္စတွေဆိုရင် အလျော့မပေးဘဲ တင်းခံသင့်ရင်တင်းခံရမယ်။ ဒီလိုစဉ်းစားစေချင်ပါ တယ်။အလျော့မပေးဘဲ အပေးအယူမှန်မှန် လုပ်မယ်ဆိုရင် ကျမကျမတို့ရဲ့ တိုင်းရင်းသားများအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုသားချင်း တွေလို့ စိတ်ထဲမှာ မှတ်ထားစေချင်တယ်။

MSCO

ပြည်ထောင်စုသားချင်းဆိုတဲ့ ဝေါဟာရ လေးက မှတ်လို့လည်းလွယ်ပါတယ်။ မခက်ခဲပါဘူး။ ကျမတို့ဟာ အားလုံးသားချင်း တွေပါ။ ဒီပြည်ထောင်တို့မှာ ယုံကြည်ချက် ရှိဖို့က အင်မတန်မှအရေးကြီးပါတယ်။ ကျမတို့ရဲ့ ပြည်ထောင်စုသားချင်းအားလုံးကို ပြည်ထောင်စုအပေါ်မှာ ယုံကြည်ချက်ရှိစေချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MSCO

ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပါယ်ကို ယုံကြည်စေချင်ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားများ၊ မတူညီတဲ့သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စုကြီးခိုင်မြဲအောင်၊ တိုးတက် အောင်၊ ဖွံ့ဖြိုးအောင်ဝိုင်းဝန်းပြီး လုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုးထားစေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ကိုယ်လုပ်ပေးတာ မလုပ်ပေး တာ နောက်ဆုံးကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,