ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ် ခရီးစဉ်တွင် ပြောကြားချက်များ မှ ကောက်နုတ်ခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကျွန်မတို့ဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုကို ဦးတည်နေတယ်ဆိုလို့ရှိရင် အဲဒီကို ရောက်နိုင်မယ့် ပုံစံမျိုးနဲ့ ကျွန်မတို့ အားလုံး တက်ညီလက်ညီလုပ်သွားဖို့ လိုပါတယ်ဆိုတာကို ကျွန်မ သတိပေးချင်ပါတယ် …

-အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်ကိုပဲသွားသွား ပြည်သူတွေရဲ့ စိုးရိမ်မှုတွေက အတူတူပဲ။ လိုအပ်ချက်တွေက အတူတူပဲ။ မျှော်မှန်းချက်တွေက အတူတူပဲ။ သိပ်ပြီးတော့ ကွဲကွဲပြားပြား မရှိပါဘူး။ နည်းနည်းပါးပါးတော့ သူ့ရဲ့အရပ်ဒေသအရ လိုအပ်ချက်တွေ ရှိတာတော့ ရှိတာပေါ့။

-တချို့ကဆိုလို့ရှိရင် ဒီနိုင်ငံကို တစ်နေရာနဲ့တစ်နေရာ သီးခြားပြီးတော့ ယူချင်ကြပါတယ်။ ကျွန်မကတော့ အားလုံးကို စုပေါင်းပြီးတော့ နေစေချင်တယ်။ ဒါကျွန်မတို့ရဲ့ တစ်နိုင်ငံထဲ တစ်ပြည်ထောင်စုထဲဆိုတဲ့ စိတ်ဓာတ်နဲ့ နေစေချင်တယ်။

-သာမန်ပြည်သူတွေကို မေးကြည့်ပါ။ ဘာမျှော်လင့်လဲ။ ဘာစိုးရိမ်လဲ။ ဘာဖြစ်စေ ချင်လဲ။ အဖြေတွေဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အတူတူပဲဖြစ်နေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MSCO

-ကျွန်မတို့က တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လှေတည်းစီး ဆိုတာ တကယ်ကို ကျွန်မတို့က အတူတူပါပဲ။ ဒီလှေကြီးအပေါ်မှာ နေတဲ့အခါကျတော့ ဒီလှေကြီးရဲ့လိုအပ်ချက်တွေက ဒီလှေကြီးရဲ့အနေအထားနဲ့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ အနေအထားတွေကလည်း ဖြစ်လာပါတယ်။

-ကျွန်မတို့ တစ်ရေတည်း သောက်တယ်ဆိုတဲ့အဓိပ္ပာယ်က ကျွန်မတို့ရဲ့ ရှင်သန်မှုမှာ ရှင်သန်မှုရဲ့ အရင်းအမြစ်တွေက အတူတူပါပဲ။

MSCO

ကျွန်မတို့ရဲ့ လူငယ်များ၊ ကျောင်းသူကျောင်းသားများ ဟာဆိုရင် မေးချင် မြန်းချင်တဲ့စိတ်ဓာတ်ကို အားပေးပါ …

-ကျွန်မတို့ဟာ စိုက်ပျိုးရေးနိုင်ငံပါ။ အခုထိစိုက်ပျိုးရေးနိုင်ငံပါ။ ဒါကြောင့်မို့လို့ တောင်သူလယ်သမားများရဲ့ အရေးကိစ္စတွေဟာ အင်မတန်မှ အရေးပါပါတယ်။ တောင်သူ လယ်သမားများရဲ့ အရေးကိစ္စတွေနဲ့ ဆက်နွှယ်နေတဲ့ လယ်ယာ ပိုင်ဆိုင်မှု ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ အရေးပါပါတယ်။ ဒါကလည်း တစ်တိုင်းပြည်လုံးပါပဲ။ ဒီကယားပြည်နယ်ထဲမှာ တင်မဟုတ်ဘူး။ ကျွန်မတို့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်မှာမှ မကွာပါဘူး။

-ကျွန်မတို့နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေး၊ သာယာရေးအတွက် ပညာရေးစနစ်က မှန်ကန်ဖို့ လိုပါတယ်။

-ကျွန်မတို့ရဲ့ လူငယ်များ၊ ကျောင်းသူကျောင်းသားများ ဟာဆိုရင် မေးချင် မြန်းချင်တဲ့စိတ်ဓာတ်ကို အားပေးပါလို့ ကျွန်မ ဆရာ ဆရာမတွေကို အမြဲပြော ပါတယ်။

MSCO

-မေးခွန်းထုတ်တာကို ဆရာဆရာမတွေက မကြိုက်ဘူးဆိုရင် ဘာဖြစ်လို့ မကြိုက်တာ လဲဆိုရင် ကျွန်မစဉ်းစားမိပါတယ်။ အကြောင်းနှစ်ကြောင်း ကြောင့် မကြိုက်တာလို့ ကျွန်မထင်ပါတယ်။ တချို့ဆရာ ဆရာမတွေက ဆရာဆရာမ ဆိုတာ ကျောင်းသားတွေထက် အားလုံးပိုသိတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေက မေးခွန်း ထုတ်စရာမလိုဘူး။ ပြောသလောက်ပဲလက်ခံ၊ ပြောတဲ့အတိုင်းပဲလုပ်၊ ပြောတဲ့ အတိုင်း မှတ်ထားပြီးခဲ့ အဲဒီအတိုင်းပဲ စာမေးပွဲမှာဖြေဆိုပြီးတော့ အဲဒီလို အယူအဆရှိတဲ့ ဆရာဆရာမတွေလည်း ရှိကောင်းရှိပါတယ်။ တချို့ကျတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလို့ ကျောင်းသူကျောင်းသားတွေ မေးခွန်းထုတ်တာ မကြိုက်ဘူးလို့ ကျွန်မ ဒီလိုမြင်ပါတယ်။ ကျောင်းသူကျောင်းသားတွေ မေးခွန်းထုတ်တဲ့အခါကျရင် ကိုယ်မဖြေနိုင်မှာ ကို စိုးရိမ်ပြီးတော့ မမေးစေချင်တဲ့ ဆရာဆရာမတွေလည်း ရှိပါတယ်။ ကျွန်မတို့က ဒီနှစ်ခုစလုံးကို ပြင်ဖို့လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တညီတညွတ်တည်းလုပ်ဖို့ဆိုတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ စိတ်ထား လေးက အလိုကျ အလိုဆန္ဒအရပဲ လုပ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ အားလုံးကနေ …

-ပြည်သူတွေဟာ အစိုးရကို မေးခွန်းထုတ်ပိုင်ခွင့်ရှိရမယ်။ အစိုးရအပေါ် မေးခွန်းတွေ ထုတ်မှ အစိုးရကနေပြီးတော့ ပြည်သူတွေက ဒီလိုဟာတွေသိချင်တာကို၊ ဒီလိုဟာတွေ ဒို့မှာ သိဖို့လိုနေတာကို၊ ဒါတွေကို ဖြစ်စေချင်တာကို၊ ဒါတွေဖြစ်ဖို့ လိုနေတာကို သိမှာပါ။

-အားလုံးရဲ့လိုအပ်ချက်ကို တတ်နိုင်သမျှ မျှမျှတတ ဖြည့်ဆည်းပေးရပါ တယ်။ မျှမျှတတဆိုတာ ထပ်တူထပ်မျှ တူတာကိုပြောတာ မဟုတ်ပါဘူး။ ဥပမာဆိုရင် ခြောက်လသားကလေးအတွက် ကျွေးတဲ့ဟာနဲ့ ဆယ်နှစ်ကလေးအတွက် ကျွေးတဲ့ဟာနဲ့ တူလို့မရဘူး။ မျှမျှတတဆိုတာ ခြောက်လသား လေးက ခြောက်လသားလေးရဲ့ လိုအပ်ချက်နဲ့ ပြည့်စုံအောင်ပေးရမယ်။ ဆယ်နှစ်ကလေးကို ဆယ်နှစ်ကလေးရဲ့ လိုအပ်ချက်နဲ့ ပြည့်စုံအောင်ပေးရမယ်။ ဒါမှ မျှတမှာပါ။ ထပ်တူ ထပ်မျှတူလို့မဖြစ်ပါဘူး။

-တစ်လှေတည်းစီးဆိုတဲ့ အဓိပ္ပာယ်က တစ်လှေတည်းစီးလို့ရှိရင် အားလုံးက တက်ညီလက်ညီသွားရတယ်။ တစ်ယောက်က ပြောင်းပြန်လှော်နေမယ်ဆိုရင် လှေကြီးက ရှေ့တက်ဖို့ဟာ မလွယ်ပါဘူး။ အားလုံးကနေပြီးတော့ ဆယ်ယောက်ရှိရင် ဆယ်ယောက် စလုံး က လှော်ရမယ်။ ဆယ်ယောက်စလုံးက တက်ညီလက်ညီ လှော်ရမယ်။ ငါးယောက် တစ်ဖက်၊ ဟို ငါးယောက်က တစ်ဖက်ဆိုလို့ရှိရင် ဘယ်လိုမှ လှေက ရှေ့ကိုမတိုးနိုင်ပါဘူး။

ကျွန်မတို့ဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုကို ဦးတည်နေတယ်ဆိုလို့ရှိရင် အဲဒီကို ရောက်နိုင်မယ့် ပုံစံမျိုးနဲ့ ကျွန်မတို့ အားလုံး တက်ညီလက်ညီလုပ်သွားဖို့ လိုပါတယ် …

ကိုးယောက်တစ်ဖက် တစ်ယောက်တည်းက နောက်တစ်ဖက်ဆိုရင်တောင်မှ လှေကြီးက မြန်သင့်သလောက် မြန်မှာ မဟုတ်ပါဘူး။ အဲတော့ ကျွန်မတို့ဟာ တစ်လှေတည်း စီးနေတယ်ဆိုတာ တညီတညွတ် တည်းလုပ်ဖို့။ တညီတညွတ်တည်း လုပ်ဖို့ဆိုတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ စိတ်ထား လေးက အလိုကျ အလိုဆန္ဒအရပဲ လုပ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ အားလုံးကနေပြီး တော့ တို့ဘယ်ကိုသွားကြမလဲ၊ ဒါဆုံးဖြတ် ရမယ်။ တစ်လှေတည်းသွားကြပြီဆိုရင် ဘယ်ကို ဦးတည် မလဲဆိုတာသိဖို့လိုတယ်။ အဲဒီတော့ ကျွန်မတို့ကလည်းဒီကိစ္စကို စဉ်းစားကြပါ။

MSCO

-ကျွန်မတို့ဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုကို ဦးတည်နေတယ်ဆိုလို့ရှိရင် အဲဒီကို ရောက်နိုင်မယ့် ပုံစံမျိုးနဲ့ ကျွန်မတို့ အားလုံး တက်ညီလက်ညီလုပ်သွားဖို့ လိုပါတယ်ဆိုတာကို ကျွန်မ သတိပေးချင်ပါတယ်။ ဒီလိုကျွန်မ သတိပေးခြင်းဟာ ကယားပြည်နယ်မှာမှ မဟုတ်ပါဘူး။ ဘယ်မှာပဲ သွားသွား ကြုံရင်ကျွန်မ သတိပေးပါတယ်။

-တော်တော်များများဟာ နိစ္စဓူ၀ အတွေးအခေါ် တွေထဲမှာ ငါတို့ပြည်ထောင်စုရဲ့လိုအပ်ချက်တွေကဘာလဲဆိုတာ သိပ်မပါကြဘူးလို့ ကျွန်မ ထင်ပါတယ်။ အဲဒီတော့ ကျွန်မ တစ်ခါတစ်လေ ပြောပါတယ်။ တစ်နေ့ကို တစ်ခါလောက်ပဲစဉ်းစားပါ။ စဉ်းစားနိုင်တဲ့ အရွယ်ရောက်လာတဲ့လူတိုင်း လူတိုင်းက တစ်နေ့ကို တစ်ကြိမ်ပဲ ငါ့နိုင်ငံ အတွက် ဘာလိုအပ်ချက်တွေများ ရှိမလဲဆိုတာ စဉ်းစားပေးမယ်ဆိုရင် ကျွန်မတို့နိုင်ငံက အများကြီးတိုးတက်မှု ရှိမှာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,