ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ရာဘာသာနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ရာဘာသာ နဲ့ ပတ်သက်ပြီး ပုံဖျက်ထားတဲ့ အချက်အလက်အမှား တစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေနေသူတွေရှိပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘာသာဝင်လဲ ထည့်သွင်းဖော်ပြဖို့မေ့နေတယ် ဆိုတာ မဖြစ်နိုင်သလို ဖော်ပြဖို့ရန် အခက်အခဲ ရှိနေပါတယ် ဆိုတာကို ပြည်သူတွေ စဉ်းစားရတော့မယ်” ဆိုတဲ့ စာသားနဲ့ လိုသလို ဖြတ်ထားတဲ့ စခရင်ရှော့ခ် ပုံတစ်ခုကို ပြန်လည်မျှဝေဖော်ပြသူတွေ၊ မှတ်ချက်ပေးသူတွေ ကိုလည်း တွေ့ရပါတယ်။

သည် အချက်အလက်အမှားကို ပြန်လည် မျှဝေရာမှာ NLD ကို မဲပေးမယ့် သူတွေ ဘာသာမပျောက်အောင် စဉ်းစားသင့်ပြီ ဆိုတဲ့ ရေးသားဖော်ပြမှုနဲ့ ပြန်လည်ဝေမျှသူတွေရှိသလို နိုင်ငံတော် အတိုင်ပင်ခံလုပ်နေပြီး ကိုးကွယ်တဲ့ ဘာသာတရားတောင် ဖော်မပြ ဝံ့ပါလား ဆိုတဲ့ မှတ်ချက် တွေကိုလည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်အချက်အလက် အမှားကို ဗိဿနိုး အမည်ရတဲ့ အကောင့်ပိုင်ရှင်က ၂၀၂၀၊အောက်တိုဘာလ(၁၂) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ (web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ဗိဿနိုး အမည်ရတဲ့ အကောင့် ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ mVoter အက်ပလီကေးရှင်းက အချက်အလက်တွေကို လိုသလို ဖြတ်တောက်ပြီး အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် ဖြန့်ချိထားခြင်းဖြစ်ပါတယ်။

SS / mVoter မှာဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးအချက်အလက်အချို့

mVoter အက်ပလီကေးရှင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြထားရာမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်၊ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လူမျိုး၊ ဘာသာ၊ မိခင်၊ဖခင် တို့ရဲ့ အမည်၊ကိုးကွယ်ရာဘာသာ နဲ့ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေ စတဲ့ အချက်အလက်တွေကို အပြည့်အစုံ ဖော်ပြထားပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုးကွယ်ရာဘာသာအပါအဝင် ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ပြည်သူ့လွှတ်တော် က လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဖော်ပြထားပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဗိဿနိုး အမည်ရတဲ့ အကောင့်ဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် မူရင်းမှာ အပြည်အစုံ ဖော်ပြထားတဲ့ အချက်အလက်တွေကို ထိန်ချန်ပြီး ဖော်ပြထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,