ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ်တွင် ပြောကြားချက်များ မှ ကောက်နုတ်ခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုးကွယ်တဲ့ဘာသာမှာဆိုရင် ခရစ်ယာန် ဘာသာဆိုတာ မြန်မာနိုင်ငံကနေေ ပါက်ဖွား လာတာ မဟုတ်ပါဘူး၊ ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုရင်လည်း မြန်မာနိုင်ငံကနေ ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ …

MSCO

ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့ရဲ့ဆန္ဒအရ တင်မြှောက်ထားတဲ့ အစိုးရပါ။ အစိုးရကို ကြောက်ဖို့မလိုပါဘူး။ ကြောက်ဖို့မလိုဘူးဆိုတာ အစိုးရကို တိုက်ခိုက်ရမယ်လို့ ဆိုလိုတာလဲမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ပါ။ အားလုံးပူးပေါင်းလုပ်ကိုင်မှသာလျှင် တိုးတက် နိုင်မှာပါ။

ကျွန်မတို့နိုင်ငံဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်နိုင်တယ်လို့ ယုံကြည်ရတဲ့ အကြောင်းအရင်းက အခြေခံအားဖြင့် နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကြောင့်ဖြစ်ပါတယ်။

MSCO

ကျွန်မတို့နိုင်ငံဟာ ဘယ်လိုပဲပြောပြော အားလုံးဟာ ဆက်နွယ်မှု ရှိပါတယ်။ ပြည်ထောင်စုအတွင်းမှာ တချို့တွေက တိုင်းဒေသကြီး တစ်ခုနဲ့ တစ်ခု၊ပြည်နယ် တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုမရှိဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ ကိုယ်ထင်တာထက် အများကြီး ဆက်စပ်မှု ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်မတို့ဟာ တစ်ခရီးတည်းသွားနေတဲ့ ပြည်ထောင်စုသားတွေလို့ စိတ်ထဲမှာ ထားစေချင်ပါတယ်။ ခွဲခြားပြီးတော့ မနေစေချင်ပါဘူး။ ကျွန်မတို့အားလုံးဟာ ခွဲခြားပြီး နေချင်တယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေဘဲ ဖြစ်မှာပါ။

ပြည်ထောင်စုတစ်ခုကို ခိုင်ခိုင်မာမာထူထောင်ဖို့ဆိုရင် နှစ်ခုစလုံးကို ကြည့်ဖို့ လိုပါတယ်။ ကျွန်မတို့အနေနဲ့ တူညီတဲ့ ကိစ္စတွေကို လည်း ကြည့်ရမယ်၊ မတူတာတွေကိုလည်း ကြည့်ရမယ်။ တူတာတွေကို ကြည့်ခြင်းဖြင့် ကျွန်မတို့အားလုံးဟာ ပိုပြီးခိုင်မာတဲ့၊ ပိုပြီး ညီညွတ်တဲ့၊ ပိုပြီးတစ်ယောက်နဲ့ တစ်ယောက် စာနာတဲ့ စိတ်ထားတွေ ဖြစ်နိုင်ပါတယ်။

MSCO

တစ်တိုင်းပြည်လုံးမှာတူညီတဲ့အချက်တွေကအများကြီး ပါ။ ချင်းပြည်နယ်နဲ့ကရင်ပြည်နယ် အတူတူပါပဲ။ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးန ဲ့ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေရဲ့တောင်းဆိုချက်တွေ က လည်း မကွာခြားပါဘူး။

နိုင်ငံတစ်နိုင်ငံချမ်းသာခြင်းဆိုတာ ပြည်သူတွေရဲ့စွမ်းအားပေါ်မှာ မူတည်ပါတယ်။ ဘယ်လောက်ပဲ နိုင်ငံတစ်နိုင်ငံဟာ အခြေအနေတွေ ဆိုးနေပါစေ။ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြတယ်ဆိုရင် တိုးတက်ဖို့ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အင်မတန်ကြိုးစားပြီးတော့ အလုပ်လုပ်တဲ့နိုင်ငံတွေမှာ တဟုန်ထိုး တိုးတက်သွားတယ်ဆိုတာ အားလုံးလည်းတွေ့ကြမှာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးရေး၊တိုးတက်ရေးလမ်းစကတော့ ညီညွတ်မှုပါပဲ။ နိုင်ငံအတွင်းမှာ ညီညွတ်မှနိုင်ငံဟာ အေးချမ်းနိုင်မှာ။ နိုင်ငံအေးချမ်းမှ တိုးတက်မှာ။ဒီဟာကို သာမာန်လူသားများ ရဲ့ အမြင်နဲ့ကြည့်ရင်ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။ ဘာသာရေး အရ ကြည့်မယ်ဆိုရင်လည်း ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။

MSCO

ပြည်ထောင်စုဆိုတာအာလုံး ထပ်တူထပ်မျှ အားလုံးတူရမယ်ဆိုတဲ့ သဘောထား မဟုတ်ပါဘူး။ အားလုံးဟာ မတူပေမယ့်လည်း မတူခြင်းအားဖြင့်ကိုက အင်အားဖြစ်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဟာ အရည်အချင်းတွေ တူညီနေတယ်ဆိုရင် အားနည်းချက်တွေကလည်း အတူတူပဲဖြစ်နေမှာ။ အားလုံးဟာ အတူတူပဲဆိုရင် ဒီဟာတွေကို ဘယ်လိုလုပ် ကျော်လွှားနိုင်မှာလဲ။ အားနည်းချက်ခြင်း မတူဘူး၊ အားသာချက်ခြင်းမတူဘူးဆိုမှ တစ်ယောက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသားများဟာ ကိုယ့်ရဲ့သား၊ သမီးကလေးတွေကို ငယ်ငယ်ကတည်းက ပြည်ထောင်စု စိတ်ဓာတ်ဖြစ်အောင် သင်ပေးစေချင်ပါတယ်။

MSCO

လွတ်လပ်ရေးရဖို့အတွက်တိုင်းရင်းသားအားလုံးက ပူးပေါင်းပြီး ဆောင်ရွက်မှ မြန်မြန်ရနိုင်မယ်ဆိုတာကို ဒီလိုယုံကြည်ချက်နဲ့ ဒီပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ လွတ်လပ်ရေးရဖို့ ဆိုတာထက် နိုင်ငံတစ်နိုင်ငံအတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စမရှိပါဘူး။

နိုင်ငံတစ်နိုင်ငံဟာ လွတ်လပ်မှ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်မှ ကိုယ့်ကံကြမ္မာ ကိုယ်ကိုယ် ဖန်တီးနိုင်မှာပါ။ ဒါဟာ ကျွန်မတို့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ ကြွေးကြော်သံပဲဖြစ်ပါတယ်။ ကိုယ့်ကံကြမ္မာကိုယ် ကိုယ်ဖန်တီးရမယ်။ ကိုယ့်ကံကြမ္မာဟာ သူများ လက်ထဲမှာမရှိရဘူး။

လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျွန်မတို့ ညီညွတ်ရေးကို အခုထက်ထိ မတည်ဆောက်နိုင်သေးဘူး။ အပြည့်အဝ မတည် ဆောက်နိုင်သေးဘူး။ အတိုင်းအတာတစ်ခုထိ တည်ဆောက်လို့ရတယ် ။အပြည့်အဝ တည်ဆောက်လို့ မရသေးဘူး။ အဲ့ဒီတော့ ဒီလို ညီညွတ်ရေး ကို ကျွန်မတို့ တည်ဆောက်လို့ မရတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတာကို ကျွန်မတို့တစ်ဦးချင်း တစ်ဦးချင်းကို စဉ်းစား စေချင်ပါတယ်။

MSCO

ကျွန်မတို့နိုင်ငံမှာဆိုရင်ကိုးကွယ်တဲ့ ဘာအမျိုးမျိုးပြောတဲ့ ဘာသာစကားအမျိုးမျိုး၊ ဒီတိုင်းရင်းသား လူမျိုးအမျိုးမျိုး၊ ဒီအမျိုးမျိုးတွေဟာ ဘာဖြစ်လို့ အေးအေးဆေးဆေး ညီညီညွတ်ညွတ်နဲ့ မနေနိုင်ရမှာလဲ။ အခုကိုးကွယ်တဲ့ဘာသာမှာဆိုရင် ခရစ်ယာန် ဘာသာဆိုတာ မြန်မာနိုင်ငံကနေေ ပါက်ဖွား လာတာ မဟုတ်ပါဘူး၊ ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုရင်လည်း မြန်မာနိုင်ငံကနေ  ပေါက်ဖွားလာတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်မတို့ ကိုးကွယ်တဲ့ ဘာသာအရစိတ်ဝမ်းကွဲစရာ ဘာမှမရှိဘူး၊ ကိုယ့်ယုံကြည်ချက် အရ ကိုယ် ကိုးကွယ် တာပဲ ဒီလို ကိုးကွယ်တဲ့ ဘာသာတရားဆိုတာကလည်း ကိုယ့်ရဲ့နောင်ဘဝတွေ အတွက် အဓိကရည်ရွယ်တာပဲ ကျွန်မတို့ နိုင်ငံ အတွက်တော့ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် ညီညွတ်ရေးကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံတစ်နိုင်ငံမှာ ညီညွတ်မှငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှဖွံ့ဖြိုးမယ်၊ ဖွံ့ဖြိုးမှငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မယ်။ အဲ့ဒီတော့ဒီသုံးခုဟာ ဘယ်လိုမှ ခွဲခြားထားလို့ မရပါဘူး။

ကျွန်မအနေနဲ့တော့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စု သွေးချင်းများ အားလုံးဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရှိသလို ထမ်းဆောင် သင့်တဲ့ တာဝန်တွေလည်း ရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်တာဝန် ဟာ ဘာလဲ၊ကိုယ့်အခွင့်အရေးဆိုတာ ဘာလဲ ဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန် အရေးကြီးပါတယ်။

MSCO

ကျွန်မတို့ရဲ့နိုင်ငံသူ၊နိုင်ငံသားတစ်ဦးချင်း တစ်ဦးချင်းဟာ တာဝန်ကျေတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ စိုးစဉ်းမျှ စိုးရိမ်စရာ မရှိပါဘူး။

တာဝန်ကျေတဲ့နိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,