ဒေါ်အောင်ဆန်းစုကြည် ဆုံးပြီး ဆိုတဲ့ လုပ်ကြံသတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဒေါ်အောင်ဆန်းစုကြည် ဆုံးပြီ ဆိုပြီ ဖြန့်ချိထားတဲ့ လုပ်ကြံသတင်းမှား တစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

သည်သတင်းအမှားကို Nyo Win လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က စက်တင်ဘာလ(၂၂) ရက်နေ့ ည (၁၀) နာရီခန့်မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။( သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ပရိုဖိုင်းဓာတ်ပုံအရ တပ်မတော်သားလို့ ယူဆရတဲ့ Nyo Win အမည်ရ ဖေ့စ်ဘွတ် အကောင့်ရဲ့(သည်နေရာမှာ ကြည့်နိုင်ပါတယ်) ဖော်ပြချက်ကို မျှဝေသူ ၊မှတ်ချက်ပေးသူ၊ React ပြုသူတွေ ရှိတာကိုလည်းတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ဘယ်လိုမှမဖြစ်နှိုင်ဘူး ၊20-9-2020 မနက် ၁ နာရီအင်္ဂလန်မှာ အန်တီဆုံးပြီတဲ့ ။ သတင်းမှားဖြစ်မှာပါ ။တနေ့ကတင် အန်တီ nldအင်အားပြအဖွဲ့တွေကိုလက်ပြ နှုတ်ဆက်နေသေးတယ်ဗျာ ကျနော်ဘယ်လိုမှ မယုံဘူး ” လို့ Nyo Win ရဲ့ ဖော်ပြချက်မှာ ရေးသားထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ သို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို စက်တင်ဘာလ (၂၁) ရက်နေ့ က ထုတ်လွှင့်သွားတာဖြစ်ပါတယ်။( သည်နေရာမှာ ကြည့်နိုင်ပါတယ်)

စက်တင်ဘာလ(၂၀) ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုလည်း သည် မိန့်ခွန်း ထဲမှာ ထည့်သွင်းပြောဆိုသွားတာတွေ့ရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်ပခရီးစဉ် တစ်ခုခုကို သွားရောက်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထား ခြင်း မရှိပါဘူး။

သည် သတင်းမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံမှာ လည်း ပြုပြင်ထားတဲ့ ဓာတ်ပုံ သာဖြစ်ပါတယ်။

Edit – ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သမ္မတရုံး တာဝန်ရှိသူ က ရှင်းလင်းထားပါတယ်။ သမ္မတရုံး တာဝန်ရှိသူ ရဲ့ ရှင်းလင်းချက်ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဗစ်ကာလ အများပြည်သူ စိုးရိမ်မှု၊စိတ်ရှုပ်ထွေးမှု များနေချိန်မှာ သတင်းအတု၊သတင်းအမှား တွေ ကို ရည်ရွယ်ချက် ရှိရှိ ဖြန့်ချိနေမှုတွေ ရှိနေတာကို လည်း တွေ့ရပါတယ်။

အခုပေးပို့တဲ့ သတင်း အမှား ဖြန့်ဝေနေမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ တွေ့ ရှိချက်တွေကို လည်း ဆက်လက် သတင်းပေးပို့ သွားပါ့မယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,