ဒေါ်အောင်ဆန်းစုကြည် ပုံ အဟောင်းကို သည်နေ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံ အဖြစ် ဖေ့စ်ဘွတ် ပလက်ဖောင်းမှာ လူအများက ဖော်ပြနေတာရှိပါတယ်။
တပ်မတော်က သည်နေ့ အာဏာသိမ်းမှုဖြစ်စဉ် နဲ့ အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ကို ထိန်းသိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ အဟောင်း ကို သည်နေ့ ဖမ်းဆီးသွားတဲ့ ဓာတ်ပုံအဖြစ် အသုံးပြု ဖော်ပြနေကြတာဖြစ်ပါတယ်။
သည်ဓာတ်ပုံ ဟာ ၂၀၁၇ ၊ သြဂုတ် (၁၇) ရက်နေ့ မှာ AFP သတင်းဌာန က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ ရဲ့ နာရေးအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပုံ ဖြစ်ပါတယ်။
SS / CNA သတင်းဌာနက ယနေ့ဖော်ပြသည့် သတင်းတွင် အသုံးပြုထားသည့် ဓာတ်ပုံ
CNA သတင်းဌာန က ဖော်ပြတဲ့ သည်နေ့ သတင်းတစ်ပုဒ်မှာ သည်ဓာတ်ပုံ အဟောင်းကို ပြန်လည် ဖော်ပြ အသုံးပြုထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
NLD ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က သည်နေ့ နံနက်ပိုင်းမှာ မီဒီယာတွေကို ပြောကြားထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
အားလုံးဘေးကင်းကျန်းမာကြပါစေ။
ငြမ်းမီဒီယာ