ဒေါ်အောင်ဆန်းစုကြည် နှင့် ကရင်နီပြည်လူငယ်အင်အားစု တွေ့ဆုံမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO /ကယားပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံ

တွေ့ဆုံညှိနှိုင်းမှုတွင် လယ်ယာမြေကိစ္စ၊တောင်သူလယ်သမားများ တရားရင်ဆိုင်နေရသည့်ကိစ္စ၊ကြေးရုပ်ကိစ္စ တို့အား အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည် …

ကယားပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်အင်အားစု တွေ့ဆုံညှိနှိုင်းမည်ဟု တွေ့ဆုံညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင် ခူရီဒူး က ငြမ်းမီဒီယာ သို့ ပြောသည်။

တွေ့ဆုံညှိနှိုင်းမှုတွင် လယ်ယာမြေကိစ္စ၊တောင်သူလယ်သမားများ တရားရင်ဆိုင်နေရသည့်ကိစ္စ၊ကြေးရုပ်ကိစ္စ တို့အား အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

“ ကရင်နီပြည်လူငယ်ထု ညီလာခံဆုံးဖြတ်ချက်တချို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမှာပါ ” ဟု တွေ့ဆုံညှိနှိုင်းမှုတွင်ပါဝင်သည့် ကရင်နီလူငယ် ခေါင်းဆောင် ခွန်သောမတ်စစ်က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရပါက ကရင်နီပြည်၏ မြေပြင်အခြေအနေများ၊ပြဿနာများကို တင်ပြသွားမည်ဖြစ်ကြောင်း ကရင်နီလူငယ်ခေါင်းဆောင်တစ်ဦးက ဇန်နဝါရီ(၁၄)ရက်နေ့က ငြမ်းမီဒီယာ သို့ ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ်ခရီးစဉ်သည် မဲဆွယ်စည်းရုံးရေးခရီးစဉ်သာဖြစ်ပြီး မျှော်လင့်စရာဘာမှမရှိဟု ကရင်နီလူငယ်ခေါင်းဆောင် တချို့ကမှတ်ချက်ပြုပြောဆိုထားသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,