ဒေါ်အောင်ဆန်းစုကြည် မဲခိုးမှုသတင်း နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြဆိုပြီး ဖြန့်ချိနေတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ မဲ မသမာမှု၊ လိမ်လည်မှု ကမ္ဘာ့နိုင်ငံ အသီးသီး က ပြစ်တင်ရှုတ်ချ တယ်ဆိုတဲ့ ရေးသားမှု နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲခိုးမှုသတင်း နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြသယောင် ရေးသားဖြန့်ချိထားတဲ့ အကြောင်းအရာတစ်ခုကို မောင်ပေါ်ဦး အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဒီဇင်ဘာ (၂၇) ရက်နေ့ မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

မောင်ပေါ်ဦး ဟာ သည်အကြောင်းအရာ ကို ဖြန့်ချိမှုမှာ ပြည်တွင်းမီဒီယာတစ်ခုရဲ့ အင်္ဂလိပ်ဘာသာ နဲ့ ဖော်ပြထားးတဲ့ အကြောင်းအရာ တချို့နဲ့ ပြည်ပ မီဒီယာ တစ်ခု ဖြစ်တဲ့ The Advertiser ရဲ့ နိုဝင်ဘာ(၉ ) ရက်နေ့ သတင်းဖော်ပြချက် တွေကို အသုံးပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ မဲ မသမာမှု၊ လိမ်လည်မှု ကမ္ဘာ့နိုင်ငံ အသီးသီး က ပြစ်တင်ရှုတ်ချ ဆိုတဲ့ အကြောင်းအရာကို ဖြန့်ချိထားတာဖြစ်ပါတယ်။

SS / နိုင်ငံတကာ သတင်းတွေမှာ NLD မဲခိုးမှု ဖော်ပြနေတယ်လို့ လုပ်ကြံ ဖြန့်ချိနေကြတဲ့ မူရင်းသတင်းအမှန်

မောင်ပေါ်ဦး ဖေ့စ်ဘွတ်အကောင့်က ဖော်ပြထားတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The Advertiser ရဲ့ သတင်းဖော်ပြချက် မှာ မဲပေးခွင့် ဆုံးရှုံးမှု အခြေအနေတွေ နဲ့ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေ တွေကို ဖော်ပြထားတာသာ ဖြစ်ပြီး မဲခိုးတာ၊မဲလိမ်တယ်ဆိုတဲ့ အကြောင်းအရာ မျိုး ဖော်ပြထားတာမရှိပါဘူး။ မူရင်းဖော်ပြချက်ကို သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ နိုင်ငံတကာအသိုင်းအဝိုင်းရော၊ စောင့်ကြည့်လေ့လာတဲ့ အသိုင်းအဝိုင်းကရော ရွေးကောက်ပွဲရလဒ်ကိုလက်ခံပါတယ်။ ဆိုလိုတာကဗျာ ရွေးကောက်ပွဲရလဒ်က ခိုင်မာပါတယ်။ပြည်သူလူထုရဲ့ပါဝင်မှုကြောင့်လည်းပါတယ်” လို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရှုမြင်ပုံနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေရဲ့ ရှုမြင်ပုံ အခြေအနေတွေကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ပရိုဂရမ် မန်နေဂျာ ဦးဟန်စိုးထွန်း က ပြောပါတယ်။

စောင့်ကြည့်လေ့လာမှုရဲ့တွေ့ရှိချက်အရတော့ ကျနော်တို့ဆိုရင် စနစ်တကျစာ စောင့်ကြည့်လေ့လာမှုကို အသုံးပြုနိုင်ခဲ့တယ်။ ကျနော်တို့စနစ်တကျ စောင့်ကြည့်လေ့လာမှုကို သုံးတဲ့ ရည်ရွယ်ချက်က စနစ်တကျကျူးလွန်တဲ့သူ ရှိသလားပေါ့နော်။ ဆိုလိုတာက individually အရ ကျူးလွန်မှုတွေ ရှိနိုင်တယ်။ဥပမာ အနေနဲ့ပုဂ္ဂလိကတွေအနေနဲ့ ကျူးလွန်တာမျိုးပေါ့။ အဲ့ဒါမျိုး ရှိနိုင်တယ်။ အဖွဲ့အစည်းတစ်ခုကနေ စနစ်တကျ ကျူးလွန်တာမျိုး ရှိသလားဆိုရင် ကျနော်တို့အနေနဲ့ မတွေ့ဘူးခင်ဗျ။ NLD က မှ မဟုတ်ဘူး။ ဘယ်နိုင်ငံရေးပါတီက လုပ်ဆောင်ထားတာမျိုး မရှိဘူး။ သို့သော်လည်း individual error တွေတော့ ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ပရိုဂရမ် မန်နေဂျာ ဦးဟန်စိုးထွန်း က ဆိုပါတယ်။

ပြည်တွင်းမီဒီယာတစ်ခုရဲ့ အင်္ဂလိပ်ဘာသာ နဲ့ ဖော်ပြထားးတဲ့ အကြောင်းအရာ မှာလည်း NLD အနေနဲ့ မဲမသမာမှု လုပ်တယ်၊ မဲခိုးတယ် ဆိုတဲ့ အကြောင်းအရာမျိုး ဖော်ပြထားတာမျိုး မရှိပါဘူး။ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြချက်ကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။ မြန်မာဘာသာနဲ့ ဖော်ပြချက်ကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

သည်အချက်အလက်တွေ ကိုကြည့်ခြင်းအားဖြင့် မောင်ပေါ်ဦး ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ အကြောင်းအရာ ဟာ လုပ်ကြံပုံဖျက်ထားတဲ့ သတင်းအတု၊ သတင်းအမှား ဆိုတာ သိနိုင်ပါတယ်။

” ကျနော်တို့ရွေးကောက်ပွဲမတိုင်မီ အခြေအနေ၊ ရွေးကောက်ပွဲကျင်းပနေတဲ့ ကာလ၊ ရွေးကောက်ပွဲအလွန် အဲဒီ သုံးခုစလုံးမှာ ကျနော်တို့စောင့်ကြည့်နေတာ။ရွေးကောက်ပွဲအကြိုတုန်းကလည်း ကျနော်တို့ကို မတော်မတရား ရန်စတယ်။ ရိုက်တယ်။နှက်တယ်။ နောက်ဆုံး လူသတ်မှုတောင်ဖြစ်တယ်။ရွေးကောက်ပွဲနေ့ကြတော့လည်း သူတို့ပဲ မတော်မတရား လုပ်ကြတာပဲ။ တံဆိပ်တုံးအတုတွေ လုပ်တယ်။တခြားလူစားထိုးပြီး မဲပေးတယ်။ နောက်ရွေးကောက်ပွဲလွန်ကာလ သူတို့ပဲ လိုက်ကန့်ကွက်၊ သူတို့ပဲ လိပ်ကို ဂျပိုးဖြစ်အောင်လုပ်နေတာ။တောင်ပြောမြောက်ပြောတွေ လျှောက်ပြောပြီးရွေးကောက်ပွဲကို Image ပျက်အောင်လုပ်တယ်။ အနိုင်ရတဲ့ NLD ကို အပုပ်ချဖို့လုပ်တယ် ” လို့ NLD ပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ဥပဒေအရလည်း တရားဝင်ပြီးသားဖြစ်တယ်။ ဒါ တစ်အချက်။ နှစ်အချက်ကတော့ ပြည်သူလူထုက ထောက်ခံပြီးသားဖြစ်တယ်။သုံးအချက်က နိုင်ငံတကာက လည်း ထောက်ခံပြီးသားဖြစ်တယ်။ ဒီ သုံးခုလုံး ထောက်ခံထားတာပဲ။ဘာပြဿနာမှ မရှိဘူး။ ။နောက်ပြီး ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ NGO အဖွဲ့တွေက လည်း ရွေးကောက်ပွဲဟာ တစ်ကယ် ဆိုးဆိုးရွားရွား ညစ်ပတ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာလည်း တစ်ယောက်မှ မပြောဘူး။ တစ်ဖွဲ့မှ မပြောဘူး။ အဲ့ဒါကြောင့်ကျနော်က ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးimage ပျက်အောင်လုပ်တဲ့သူတွေကို အလေးအနက်မထားတော့ဘူး။ ဂရုထားပြီးပြောရမယ့်ဟာ မဟုတ်ဘူးလို့ မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,