ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်၊ပင်လုံမြို့ ခရီးစဉ် ပြောကြားချက်မှ ကောက်နုတ်ခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်သူပြည်သားတွေနာတဲ့ လမ်းကိုလျှောက်ဖို့ဆိုတာ ကျွန်မတို့ မစဉ်းစားပါဘူး။ ငါတို့ လိုချင်တာရရင်ပြီးရော ဘယ်သူနာနာဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်လို့ကတော့ …

MSCO

ကျွန်မတို့ နိုင်ငံဟာ ပြည်ထောင်စု၊ ရိုးရိုးပြည်ထောင်စု မဟုတ်တဲ့ နိုင်ငံတွေနဲ့ မတူပါဘူး။ စည်းလုံး ညီညွတ်မှု ပိုပြီးလိုတယ်။ ပြည်ထောင်စုအင်အားကို တည်ဆောက်ဖို့ ပိုပြီးလိုတယ်။

တချို့က ပြည်ထောင်စုသွေးချင်းဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ တကယ်ဆို သွေးက အဓိက မဟုတ်ပါဘူး။ အတွေးအခေါ် အယူအဆ က သာ အဓိကပါ။

တိုးတက်ကြီးပွားတယ်ဆိုတာ ပြည်ထောင်စုမို့လို့ တိုးတက်ကြီး ပွားတာ မဟုတ်ပါဘူး။ ပြည်ထောင်စု မဟုတ်လို့ တိုးတက်ကြီးပွား တာလည်း မဟုတ်ပါဘူး။ နောက်ဆုံးကျတော့ ပြည်သူပြည်သားတွေ အပေါ်မှာ အခြေခံပြီး နိုင်ငံ တစ်နိုင်ငံရဲ့ တိုးတက် ကြီးပွားမှုဟာ ဖြစ်လာပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငါတို့ လူမျိုးအတွက်၊ ငါတို့လူမျိုးစုအတွက်ဆိုပြီး စဉ်းစားလို့ မရပါဘူး။ အဲဒီအတိုင်းလည်း မပြီးပါဘူး။ ပြည် ထောင်စုအတွင်းမှာ ငါတို့လူမျိုးကို ဘယ်လိုပိုပြီးကောင်း နိုင်မလဲ …

MSCO

ပြည်ထောင်စုလမ်းဟာ မဆုံးသေးပါဘူး။ ၁၉၄၇ ခုနှစ်က စခဲ့တယ်။ အခု ၂၀ ရာစုအထိ ပြီးသွားပြီ။ အခု ၂၀၂၀ ရောက်နေပါပြီ။ ၂၀၂၀ မှာ လည်း ပြည်ထောင်စုကို ခိုင်ခိုင်ခန့်ခန့် မထူထောင်နိုင် သေးဘူး။ ပြောတာ က ပြည်ထောင်စုမြန်မာနိုင်ငံပါ။ တကယ်တော့ ပြည်ထောင်စု တစ်ခုဖြစ်ပြီလား ဆိုတာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ဟာ စဉ်းစားစရာတွေ အများကြီးပါ။

စိတ်ချင်းတူတယ်ဆိုတာ အားလုံးတစ်ပုံစံတည်း စဉ်းစားရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဓိက ကိစ္စတွေ၊ အဓိက ရည်ရွယ်ချက်တွေမှာ ရည်ရွယ်ချက်ချင်း တူဖို့ လိုပါတယ်။ ဒါမှ ကျွန်မတို့ ညီညွတ်မှုရနိုင်မှာပါ။

ပြည်ထောင်စုကို ထူထောင်ချင် တယ်ဆိုတဲ့ ရည်ရွယ်ချက်က တူရမယ်။ ဘယ်လိုပုံစံနဲ့ ထူထောင်မလဲဆိုတာ အားလုံး တစ်ပုံစံ တည်းဖြစ်မှာ မဟုတ်ဘူး၊ တူနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကို ညှိယူနိုင် ရမယ်။

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ညီညွတ်ရေးနဲ့ အပေးအယူ မျှတရေးအပေါ်မှာ မူတည်ပါ။ ထိုနည်းလည်းကောင်း နိုင်ငံသားကောင်း ဆိုတာက အပေးအယူမျှတရေးနဲ့ မူတည်ပါတယ်။ အစိုးရနဲ့ …

MSCO

တစ်စိတ်တည်းတစ်ဝမ်းတည်း ပြောလဲဆိုရင် ဝမ်းစာရေးနဲ့ ပတ်သက်တယ်လို့ ထင်ပါတယ်။ အဲဒါဘာလဲဆိုတော့ အေးအတူ ပူအမျှပါ။ ဖွံ့ဖြိုးတိုးတက်ရင် အားလုံးတူတူ ဖွံ့ဖြိုးရမယ်။ ရိုးရိုးလေး ပြောရမယ်ဆိုရင် စားရင် တူတူစားနိုင်ရမယ်။ တစ်ယောက် ဝမ်းပြည့်ရင် အားလုံးဝမ်းပြည့်မှ၊ တစ်ယောက် ဝမ်းပြည့် တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဝမ်းမပြည့်ဘူးဆိုရင်လည်း အားလုံး မပြည့်ကြဘူးဆိုပြီး။ ဖူလုံမှုနဲ့ ပတ်သက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညီညွတ်မှု ကျွန်မတို့မှာ ရှိဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင် ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ညီညွတ်မှုရှိမှ ကျွန်မတို့ဟာ ပြည်ထောင်စု ဖြစ်မှာပါ။

ပြည်ထောင်စုတစ်ခု ချမ်းသာတယ်၊ မချမ်းသာတယ်ဆိုတာ ကြီးတာ၊ သေးတာနဲ့ မဆိုင်ပါ ဘူး။ သယံဇာတ ပေါကြွယ်ဝတာ၊ မကြွယ်ဝတာနဲ့ မဆိုင်ပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေ အပေါ်မှာ မူတည်ပြီး နိုင်ငံ တစ်နိုင်ငံဟာ တိုးတက်တာပါ။

ငါတို့ လူမျိုးအတွက်၊ ငါတို့လူမျိုးစုအတွက်ဆိုပြီး စဉ်းစားလို့ မရပါဘူး။ အဲဒီအတိုင်းလည်း မပြီးပါဘူး။ ပြည် ထောင်စုအတွင်းမှာ ငါတို့လူမျိုးကို ဘယ်လိုပိုပြီးကောင်း နိုင်မလဲ။ ဘယ်လိုပိုပြီး အင်အား ရှိနိုင်မလဲဆိုတဲ့ ပုံစံနဲ့ စဉ်းစားစေချင်ပါတယ်။

ပြည်ထောင်စုဖခင်ကြီးတွေ ဘယ်လိုစိတ်ထားနဲ့ လုပ်သွားကြ သလဲဆိုတာပြန်ပြီး ကျွန်မတို့ နှလုံးသွင်းစဉ်းစား စေချင်ပါတယ်။ အဲဒီအချိန်တုန်းက …

MSCO

မိသားစု တစ်ခုတည်းမှာ မိသားစု တစ်ခုလုံးကို စိတ်ချမ်းသာမယ် ဆိုရင် တစ် ယောက်ချင်း၊ တစ်ယောက်ချင်း အားလုံး ချမ်းသာနိုင် ပါတယ်။ မိသားစု တစ်စုတည်းမှာ တစ်ယောက်က ဝင်ငွေကောင်းေ ပမယ့် တစ်ခြားသူတွေကို မမျှဝေဘူး။ နေတော့ ဒီအိမ်မှာ နေတယ်၊ စားတော့ ဒီအိမ်မှာ စားတယ်၊ ဒီအိမ်မှာ စားပြီးအိပ်တယ်၊ ဒါပေမယ့် သူရတဲ့ ဝင်ငွေကျတော့ ကျန်တဲ့သူတွေကို မပေးဘူး၊ မမျှဘူးဆိုရင် ဒီအိမ်မှာလည်း သာယာမှာ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေကလည်း ကျေနပ်မှာ မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း ဘယ်လောက် စိတ်ချမ်းသာနိုင်မှာလဲ။

တစ်ယောက်ချင်း၊ တစ်ယောက်ချင်း စဉ်းစားတဲ့စိတ်ဓာတ် မဟုတ်ဘဲ အများအတွက်စဉ်းစားပြီး အများတိုးတက်ရင် ကျွန်မတို့ ဆိုရိုးစကားလို “သူ တစ်ပါးအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုသလို အများအကျိုးကို ဆောင်ခြင်းဖြင့် တစ်ယောက်ချင်း၊ တစ်ယောက်ချင်းရဲ့ အကျိုးကို အောင်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ခိုင်ခိုင် မာမာထားမှ ကျွန်မတို့ ပြည်ထောင်စုကို ဆောက်တည်နိုင်မှာပါ။

ကိုယ့်လူမျိုးအတွက် ကိုယ်လုပ်ပေးနိုင်တယ်ဆိုတာ ဂုဏ်ယူ စရာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်လူမျိုးအတွက် တစ်ခုတည်းပဲ လုပ်တယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်အတွက်လည်း စဉ်းစားရမယ်။ အများအတွက် လည်း စဉ်းစားရမယ်။ ကျွန်မတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးရဲ့ အထက်မှာ ရှိတာက ပြည်ထောင်စုပါ။ ဒီပြည်ထောင်စု စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။

သတ္တိရှိတယ် ဆိုတာကလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတာ ပြောတာပါ။ ဒါပေမယ့် လုပ်သင့်လုပ် ထိုက်တာကို လုပ်ရဲတာနဲ့ပတ်သက်ပြီး …

MSCO

စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက်၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုဆိုတာရှိမှသာလျှင် ကျွန်မတို့ တိုင်းရင်းသားတွေအားလုံးအတွက် စိတ်လုံခြုံမှုရှိ မယ်။ ကိုယ်လုံခြုံမှုရှိမယ်။ ညီညွတ်မှုနဲ့ တိုးတက်မှုရှိနိုင်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူပြည်သားတွေနာတဲ့ လမ်းကိုလျှောက်ဖို့ဆိုတာ ကျွန်မတို့ မစဉ်းစားပါဘူး။ ငါတို့ လိုချင်တာရရင်ပြီးရော ဘယ်သူနာနာဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်လို့ကတော့ နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ရဲ့ ပြည်ထောင်စုဖခင်ကြီးတွေ ဘယ်လိုစိတ်ထားနဲ့ လုပ်သွားကြ သလဲဆိုတာပြန်ပြီး ကျွန်မတို့ နှလုံးသွင်းစဉ်းစား စေချင်ပါတယ်။ အဲဒီအချိန်တုန်းက သဘောထားကြီးကြတယ်။ သဘောထားကြီးကြီးနဲ့ အတူလုပ် မယ်။ သတ္တိရှိရှိနဲ့အတူ စွန့်စားမယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာပါ။

သဘောထားကြီးမှ ပညာအမျှော်အမြင်လည်း ရှိနိုင်မယ်။ သတ္တိရှိတယ် ဆိုတာကလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတာ ပြောတာပါ။ ဒါပေမယ့် လုပ်သင့်လုပ် ထိုက်တာကို လုပ်ရဲတာနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်တစ်ခုက ဘာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ညီညွတ်ရေးနဲ့ အပေးအယူ မျှတရေးအပေါ်မှာ မူတည်ပါ။ ထိုနည်းလည်းကောင်း နိုင်ငံသားကောင်း ဆိုတာက အပေးအယူမျှတရေးနဲ့ မူတည်ပါတယ်။ အစိုးရနဲ့ နိုင်ငံသူ နိုင်ငံသားတွေအကြား၊ အဖွဲ့အစည်းတွေအကြား၊ ပါတီတွေ အကြား၊ လူ တစ်ဦးချင်းတစ်ဦးချင်းအကြား အပေးအယူ မျှတမှ သာလျှင် တိုးတက်တဲ့၊ သိက္ခာရှိတဲ့ ကမ္ဘာက တန်ဖိုးထားမယ့် နိုင်ငံ တစ်ခု ဖြစ်လာမှာပါ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,