ဓာတ်ခွဲစစ်ဆေးမှုများ ပိုလုပ်လျှင် လုပ်သလို ရောဂါပိုးတွေ့ရှိသူ များပြားလာနိုင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ရောဂါကူးစက်ဖြစ်ပွားနေသည့် မြို့နယ်များတွင် ဦးစားပေးအားထည့်၍ ဆောင်ရွက်မည်ဖြစ် …

COVID -19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမို ပြုလုပ်လျင် ပြုလုပ်သလို ရောဂါပိုးတွေ့ရှိသူ ပို များလာနိုင်သည် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ယနေ့ထုတ်ပြန်သည်။

လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ရောဂါကူးစက်ဖြစ်ပွားနေသည့် မြို့နယ်များတွင် ဦးစားပေးအားထည့်၍ ဆောင်ရွက်မည်ဖြစ်သည်ဟု အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

RPL

ဧပြီလ၊(၂၆) ရက်နေ့ စာရင်းဇယားများအရ အသွားအလာစောင့်ကြပ်ကြည့်ရှုသည့်နေရာပေါင်း (၇,၀၂၀) ၊ စုစုပေါင်းအသွားအလာ စောင့်ကြပ်ကြည့်ရှုခံရသူ (၄၂,၆၇၁) ဦးခန့် ရှိနေသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယင်းအချက်သည် ဤရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုံးဝ လျှော့ချ၍မရကြောင်း ထင်ရှားစေသည် ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

ရောဂါကူးစက်ဖြစ်ပွားမှုသည် အချိန်အရွေး များပြားလာနိုင်ခြင်း၊ မည်သူမဆိုကူးစက်ခံရနိုင်ခြင်းနှင့် ရောဂါ လက္ခဏာမပြသဘဲ ရောဂါပိုး ရှိနေနိုင်သည် ဆိုသောအချက်များကို နောက်ခံထား၍ …

လွန်ခဲ့သော (၁၀) ရက်ခန့်အတွင်း ရက်အလိုက်စစ်ဆေးသည့် အနည်းဆုံးဓာတ်ခွဲနမူနာမှာ (၂၅၂) ခုရှိပြီး အများဆုံးစစ်ဆေး သည့် အရေအတွက်မှာ (၄၂၇) ခုရှိခဲ့သည်။

လူနာများကို မြို့နယ်ပေါင်း (၄၅) မြို့နယ်မှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားသော မြို့နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီး၌ (၂၈) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ (၃) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့၌ (၂) မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့၌ (၁) မြို့နယ်စီ တို့ဖြစ်သည်။

ကရင်၊ တနသာၤရီ၊ ဧရာဝတီ၊ ရခိုင်နှင့် ကယား တို့တွင် COVID -19 ရောဂါပိုးတွေ့လူနာ မရှိသေးပေ။

RPL

လူဦးရေ (၅၂) သန်း ခန့်ရှိသော မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ ဓါတ်ခွဲစစ်ဆေးခဲ့သူပေါင်း (၆,၅၃၈) ဦးအနက် (၁၄၆) ဦး တွင် ရောဂါ ဖြစ်ပွားမှုတွေ့ရှိရပါသည်။ ဓာတ်ခွဲစစ်ဆေးမှု၏ (၂.၂) % တွင် ရောဂါဖြစ်ပွားမှု တွေ့ရှိရခြင်း ဖြစ်သည် ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုသည် အချိန်မရွေး များပြားလာနိုင်ခြင်း၊ မည်သူမဆိုကူးစက်ခံရနိုင်ခြင်းနှင့် ရောဂါ လက္ခဏာမပြသဘဲ ရောဂါပိုး ရှိနေနိုင်သည် ဆိုသောအချက်များကို နောက်ခံထား၍ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို တိတိကျကျလေးနက်စွာ လိုက်နာဆောင်ရွက် ပေးပါရန် နှိုးဆော်ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

CRD

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အကောင်းဘက်သို့ ပြောင်းလဲခြင်းကိုသာ လိုလားပြီး ထိုကဲ့သို့ဖြစ်ရန်မှာ ပြည်သူများ၏ အခန်းကဏ္ဍ သည် အရေးအကြီးဆုံးဖြစ်သည် ဟု ဒေါက်တာမြင့်ထွေး က ပြည်သူသို့ တိုက်တွန်းပန်ကြားထားသည်။

မတ်လအလယ်ခန့်မှစ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာ သော် လည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရောဂါကူးစက် ပျံ့ပွားမှု များပြား ခြင်း မရှိသေးဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

COVID-19 ထိရောက်စွာထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပေးတင်ပြခြင်း


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,