နိုင်ငံတော်အတိုင်ပင်ခံ ဥတ္တရသီရိမြို့နယ်က ဝင်ပြိုင်မည့်ကိစ္စ အတည်မပြုနိုင်သေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NLD / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်ရုံးခွဲဖွင့်ပွဲတွင်တွေ့ရသော NLD ထိပ်တန်းခေါင်းဆောင်များ

လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ဥတ္တရသီရိမြို့နယ် က ဝင်ရောက် ယှဉ်ပြိုင်မည့်သတင်းနှင့် ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ငြမ်းမီဒီယာသို့ ပြောသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် သတင်းများ ပျံ့နှံ့နေသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေး …

“သတင်းအတုမဟုတ်ဘူးလို့တာ့ ကျနော်မပြောလိုဘူး။ Confirm မဖြစ်ဘူးလို့တော့ ကျနော်ပြောလိုက်မယ် “ဟု မုံရွာအောင်ရှင် က ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် ကော့မှူးမြို့နယ် မြို့ဖိမြို့ဖက ရွေးချယ်ထားသည့် ပြည်သူ့လွှတ်တော်နေရာအတွက် အမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည် ပါဝင်လာခြင်း မရှိကြောင်းသိရသည်။

ဇူလိုင်လ (၅) ရက်နေ့က နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် ရုံးခွဲကို ဖွင့်လှစ်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရယန္တရား စီမံခန့်ခွဲရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက် နိုင်ရန် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နေပြည်တော်အတွင်းရှိ မြို့နယ်တစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းများထွက်လာခဲ့သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေး၌ ဆုံးဖြတ်ပြီးမှာသာ တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဟု မုံရွာအောင်ရှင် က ဆိုသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,