နိုင်ငံတော်အတိုင်ပင်ခံ အဘကိုတွေ့ခွင့်တောင်း၊ စစ်တရားရုံး ဖွဲ့စည်းပြီး၍ ဥပဒေမဲ့ အစိုးရနှင့် UEC ပြေးလမ်းမရှိဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က အဘကိုတွေ့ခွင့်တောင်းတယ်လို့ အစချီထားပြီး စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UEC အတွက် ပြေးလမ်းမရှိပါ ဆိုတဲ့ အကြောင်းအရာတစ်ခုကို ခရမ်းနုရောင် ကြယ်တာရာ အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဒီဇင်ဘာ(၁၀) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် ခရမ်းနုရောင် ကြယ်တာရာ ဖေ့စ်ဘွတ်အကောင့်ဟာ အတိုင်ပင်ခံက အဘဆီ အခစားဝင်ချင်သတဲ့၊ အဘနာယက က အတွေ့မခံ၊အဘချုပ်က အဖြေမပေးသေး ဆိုတဲ့ အကြောင်းအရာကို လည်း ဖြန့်ချိထားတာတွေ့ရပါတယ်။

သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊React ပြုသူ တွေကိုလည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Thri အမည်ရ ဖေ့စ်ဘွတ်အကောင့်ကလည်း သည်အကြောင်းအရာကို မြန်ပြည်ချစ် အမည်ရ ဖေ့စ်ဘွတ်ဂရုထဲမှာ ထပ်ဆင့်ဖြန့်ချိခဲ့ထားတာလည်းတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းအမှား၊အမှန် အချက်အလက် စစ်ဆေးကြည့်ရာမှာ ခရမ်းနုရောင် ကြယ်တာရာ ဖေ့စ်ဘွတ်အကောင့် နဲ့ Thri ဖေ့စ်ဘွတ်အကောင့် တွေဟာ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ တင်လေ့ရှိတာကိုတွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံ အဘကိုတွေ့ခွင့်တောင်း၊ စစ်တရားရုံး ဖွဲ့စည်းပြီး ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လို အကြောင်းအရာမျိုး ဖော်ပြထားတာ မရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ပါတီ ၊ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း သတင်းအမှားသာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

” အဲ့ဒါ မဖြစ်နိုင်ပါဘူး။ ကျနော် အဲဒီလိုပဲ သဘောပေါက်ပါတယ်။ UEC ကလည်း အဲဒီလို တွေ့ခွင့်တောင်းမယ်လို့ မထင်ပါဘူး။ NLD အစိုးရက ကလည်း တွေ့ခွင့်တောင်းမယ်လို့ မထင်ပါဘူး ” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ရွေးကောက်ပွဲအလွန် သတင်းအတု၊သတင်းအမှားတွေမှာ UEC ၊ NLD အစိုးရ ၊ ဆရာ၊ဆရာမတွေကို အခြေခံပြီး အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီးထားမှုတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,