နိုင်ငံတော်အတိုင်ပင်ခံရဲ့တုံ့ပြန်တဲ့ ပုံစံက မှားနေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO

ဇန်နဝါရီ (၂၈) ရက်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ၌ ဆိုင်းဘုတ်များကိုင်ကာ တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောဆို ခဲ့ခြင်း အပေါ် ပညာရေးနှင့် ကျောင်းသားလှုပ်ရှားမှုနယ်ပယ်မှ အမြင်တချို့ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါ သည်။

မိဘတွေလည်း အခက်အခဲရှိတယ်။ ဆရာဆရာတွေမှာလည်း နည်းနည်းအခက်အခဲရှိတယ်။ ကျောင်းသားကျောင်းသူတွေ မှာလည်း အခက်အခဲတွေဖြစ်လာနိုင်တဲ့ အနေအထားတွေရှိတယ်။ အဲဒီ …

PWA

ကိုဖြိုးဝေအောင်
(တို့မျိုးဆက်ကွန်ရက်၏ ပညာရေးတာဝန်ခံ)

ဒေါ်အောင်ဆန်းစုကြည်ပြောတာနဲ့ပတ်သက်လို့တော့ တခြားအထွေအထူးတော့ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျနော် တို့လှုပ်ရှား မှုတွေ လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေတာ ရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့ ဖြေရှင်းမပေးတဲ့အခါကျတော့ အမေ ဒေါ်အောင်ဆန်းစုကြည် သိအောင်လို့ ကျောင်းသားတွေဘက်က အခုလို ဆိုင်းဘုတ်ကိုင်ပြီး လှုပ်ရှားမှုလုပ်တာလို့ပဲ ကျနော်မြင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေနဲ့ပတ်သက်ပြီးတော့ လောလောဆယ် ဘာမှမှတ်ချက်မပေးချင်ဘူးဗျ။ တစ်ခု ရှိတာက နောက်မှာမို့လို့ မမြင်ရဘူးဆိုရင်လည်း ခေါ်ပြီး ဘာကြောင့်ပြတာလဲ ဆိုတာမျိုးတစ်ခုခု ပြောလိုက်ရင်တော့ ပိုပြီးတော့ လှတာပေါ့။ အဲဒါလေးပါပဲ။ ကျန်တာတော့ဘာမှမရှိပါဘူး။ အခုကျနော်တို့ကန့် ကွက်နေတာလည်း စာသင်ချိန်တိုးမြှင့်တာကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ တကယ့်တကယ် တွက်ကြည့်ရင်လည်း စာသင်ချိန်တိုးတာမဟုတ်ဘူးလေ။ စာသင်ချိန် တကယ် တိုးတာမဟုတ်တဲ့ အတွက် စာသင်ချိန်တိုးခြင်းမတိုးခြင်းနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ ပြောစရာမရှိဘူး။ ပြောနေရတာက စာမေးပွဲကျင်းပတဲ့စနစ် အစီအစဉ်မကျတာပဲဖြစ်တယ်။ အစိုးရစစ်စာမေးပွဲ တွေကျင်းပပြီးတဲ့အခါမှ ကျောင်းတွင်းစစ် စာမေးပွဲတွေ ကျင်းပတဲ့အခါကျတော့ အောက်မှာ မိဘတွေလည်း အခက်အခဲရှိတယ်။ ဆရာဆရာတွေမှာလည်း နည်းနည်းအခက်အခဲ ရှိတယ်။ ကျောင်းသားကျောင်းသူတွေ မှာလည်း အခက်အခဲတွေဖြစ်လာနိုင်တဲ့ အနေအထားတွေရှိတယ်။ အဲဒီဟာလေးတွေ အတွက် စာမေးပွဲကျင်းပတာအစီအစဉ်မကျတာကိုပဲ လောလောဆယ်ကန့်ကွက်ကြတာပါ။ ဆန္ဒပြမှုရဲ့ သက်ရောက်မှုအနေနဲ့တော့ လောလောဆယ်မှာ မန္တလေး Food Court ကိစ္စမှာတော့ ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်တာတော့တွေ့ တယ်။ ဒီဘက်က စာသင်ချိန်ကာလတိုးမြင့်လိုက်တာနဲ့ စာမေးပွဲအချိန်ပြောင်းလဲလိုက်တဲ့ကိစ္စအပေါ်မှာတော့ ဘာမှအသံမကြားသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆရာဆရာမတွေကြားမှာရှိတဲ့ ပဋိပက္ခတွေ၊ ဆရာဆရာမတွေလည်း ဒီဗျူရိုကရေစီယန္တရားကိုရုန်းကန်နေတယ်၊ တစ်ဖက်ကကျောင်းသားတွေကလည်း ဒီဗျူရိုကရေစီယန္တရားကို ရုန်းကန်နေကြတယ် …

NDSA

ကိုနန္ဒာစစ်အောင်
(အခြေခံပညာ ပညာရေးလုပ်သားများကော်မတီ ဗဟိုအလုပ်အမှုဆောင်)

အကြမ်းဖျဉ်းကျနော်တို့မြင်တာတော့ အဲဒီတုံ့ပြန်မှုနဲ့ပတ်သက်ပြီးတော့ ကျနော်တို့စိတ်ပူပန်မှုရှိတယ်။စိတ်ပူပန်မှုရှိတယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ကျနော်တို့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ပုဂ္ဂိုလ်ထဲမှာပါတယ်။ အရေးအကြီးဆုံး။ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အရေးတလျောက်လုံးမှာလည်းအားလုံးကဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာလွှဲပြာင်းပေးရေးကိုတလျောက်လုံး ရုန်းကန်ခဲ့ကြတာကိုး။ အဲဒီတော့ ဒီအခြေအနေမှာ အဲဒီတုံ့ပြန်မှုကိုတွေ့တော့ ကျနော်တို့က ဘာကိုစိတ်ပူသလဲဆိုတော့ လက်ရှိပညာရေးလောကမှာဖြစ်နေတဲ့ အခင်းအကျင်းကို အန်တီတကယ် သိမှသိ ပါရဲ့လား ဆိုတာ ကျနော်တို့စိတ်ပူတယ်။ နောက်တစ်ခုက ဗျူရိုကရေစီယန္တရား ပေါ့။ ပညာရေးဝန်ကြီးဌာန ရဲ့ ဗျူရိုကရေစီ ယန္တရားနဲ့ ပညာရေးဝန်ထမ်းဆရာဆရာမတွေကြားမှာရှိတဲ့ ပဋိပက္ခတွေ၊ ဆရာဆရာမတွေလည်းဒီဗျူရိုကရေစီ ယန္တရားကို ရုန်းကန်နေ တယ်၊ တစ်ဖက်ကကျောင်းသားတွေကလည်း ဒီဗျူရိုကရေစီယန္တရားကို ရုန်းကန်နေကြတယ်။ ဗျူရိုကရေစီယန္တရားက ကျနော်တို့ ကို ဘယ်လောက်ထိ ပိတ်ဆို့ထားသလဲပေါ့။ အန်တီနဲ့ ဒီဘက်က ဆရာဆရာမတွေ၊ ကျောင်းသားတွေနဲ့ကြားမှာ ဗျူရိုကရေစီယန္ တရားက ဘယ်လောက်ထိ ပိတ်ဆို့ထားပြီလဲဆိုတဲ့ အခြေအနေတစ်ရပ်ကို ကျနော်တို့တော်တော်လေးစိတ်ပူသွားရပါတယ်။

ကျောင်းသား တွေ လုပ်ဆောင်ချက်ကမှန်တယ်၊ အများအတွက်ပြုလုပ်တာဖြစ်တယ်။ ဒီအပေါ်မှာ နောင်အကြိမ် နောင်အကြိမ်တွေမှာလည်း ဒါမျိုးမတုံ့ပြန်ဘဲနဲ့ သေသေချာချာ ဖြေရှင်းပေးဖို့လိုတယ်။ တကယ်တမ်း …

MTT

ကိုမင်းသွေးသစ်
(အိုးဝေပညာဒါနသင်တန်းကျောင်းတည်ထောင်သူ)

ကျနေ့တို့အနေနဲ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တုံ့ပြန်ပုံကို သဘောမကျပါဘူးခင်ဗျား။ တကယ်တမ်း ဒီမိုကရေစီစနစ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကိုကြည့်ရင် အိုဘားမားလည်း ဆန္ဒပြခံရတာပဲ၊ ဘုရှ်လည်း ဆန္ဒပြ ခံခဲ့ရတာပဲ၊ အခု ဒေါ်နယ်ထရန့် လည်း ဆန္ဒပြခံရတာပဲ။ ဘာပဲဖြစ်ဖြစ် ဆန္ဒပြတဲ့နေရာမှာ ဝရုန်းသုန်းကားနဲ့ အခမ်းအနားကို အနှောင့်အယှက်ဖြစ်အောင်၊ အခန်းအနားပျက်အောင် ဆန္ဒပြတာမျိုးဆိုရင်တော့ သူ့ရဲ့တုံ့ပြန်မှု က မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမယ့် မနေ့ ကလိုကိစ္စမှာ တော့ ကျောင်းသားတွေက ဆိုင်းဘုတ်ထောင်ပြတယ်၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆိုင်းဘုတ်ထောင်ပြတာဖြစ်တယ်။ နောက်တစ်ခုက ကျောင်းသားတွေက အောက်ခြေ ကို ညှိနှိုင်းဆောင်ရွက်မှု အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာမှအကြောင်းထူးမလာဘူး။ သမ္မတရဲ့ လမ်းညွှန်မှုပုံစံနဲ့ Food Court လုပ်တဲ့ကိစ္စကို ပြောခဲ့တာရှိတယ်။ ဘာမှလည်း ဖြေရှင်းပေးတာမျိုးမရှိဘူး။ ပြီးတော့ အဲဒီနေ့က ကျောင်းသားတွေဆန္ဒပြတဲ့အခါ ကိုင်ထားတဲ့ဆိုင်းဘုတ်တွေမှာ သုတေသနကိုအခြေခံတဲ့ ပညာရေးကိုလိုချင်တယ် ဆိုတာတွေ၊ နောက်ပြီးတော့ မတ်လကုန်အထိကျောင်းတက်ရမယ် ဆိုတာတွေက တပြည်လုံးအတိုင်းအတာနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ အဲဒီအတွက် တိတ်ဆိတ်စွာ ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒထုတ်ဖော်တာဟာ ကျောင်းသားတွေက သူတို့အစုအဖွဲ့ တစ်စုတည်း၊ ကျောင်းသားသမဂ္ဂ တစ်ခုတည်း အတွက် တောင်းဆိုတာမဟုတ်ဘဲ တိုင်းပြည်မှာရှိနေတဲ့ ခံစားရတဲ့ကျောင်းသား ကျောင်းသူတွေ၊ ဆရာဆရာမ တွေ အားလုံးအတွက် တောင်းဆိုတာဖြစ်တော့ ကိုယ့်အဖွဲ့အစည်းတစ်ခုတည်းအတွက် အသုံးချတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တုံ့ပြန်တဲ့ပုံစံက မှားနေတယ်လို့ ကျနော် တို့ယူဆပါတယ်။

တကယ်တမ်းလုပ်သင့်တာက “ ဒီအခမ်းအနား ထဲမှာမပြောနဲ့၊ ခဏလောက် ထိုင်ပေးပါ၊ အခမ်းအနားပြီးရင် အန်တီနဲ့ခဏလာတွေ့ပါ။ ဒီကိစ္စတွေ ပြေလည်အောင် …

တကယ်တမ်း ဒီမိုကရေစီစနစ်မှာဆိုရင် ဘယ်သူ့ကိုမဆို ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒပြတဲ့နေရာမှာလည်း ခုနကပြောသလို အခန်းအနားကို အသုံးချတာမဟုတ်ဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆိုင်းဘုတ်တွေထောင်ပြတာက တိုင်းပြည်ရဲ့အကြီးအကဲသိမှသာလျှင် ဒီကိစ္စပြေလည် မယ်ဆိုတာကိုယုံကြည်လို့၊ ဖြေရှင်းပေးနိုင်လောက်ချေ ရှိတဲ့သူကို ကျောင်းသားတွေက သိအောင်ပြောတာ၊ သိအောင်ပြတာဖြစ်ပါ တယ်။ တကယ်တမ်းက ဒါဟာ ဆန္ဒပြတဲ့ပုံစံမျိုးတောင် မမည်ပါဘူး။ အနှစ်ချုပ်ပြောရရင် ကျနော်တို့ မြင်တာကတော့ ကျောင်းသား တွေ လုပ်ဆောင်ချက်ကမှန်တယ်၊ အများအတွက်ပြုလုပ်တာဖြစ်တယ်။ ဒီအပေါ်မှာ နောင်အကြိမ် နောင်အကြိမ်တွေမှာလည်း ဒါမျိုးမတုံ့ပြန်ဘဲနဲ့ သေသေချာချာ ဖြေရှင်းပေးဖို့လိုတယ်။ တကယ်တမ်းလုပ်သင့်တာက “ ဒီအခမ်းအနား ထဲမှာ မပြောနဲ့၊ ခဏလောက် ထိုင်ပေးပါ၊ အခမ်းအနားပြီးရင် အန်တီနဲ့ခဏလာတွေ့ပါ။ ဒီကိစ္စတွေ ပြေလည်အောင် ဖြေရှင်းပေးမယ်”ဆိုရင် ဒီအခမ်းအနား ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးသွားပြီ။ ဒါမျိုးလည်း အကျယ်အကျယ် ဖြစ်လာစရာမလိုဘူးလို့ ကျနော်တို့ထင်တယ်။ တကယ်တမ်းဖြေရှင်းရမှာ အဲဒီလိုပုံစံမျိုးဖြေရှင်းရမယ်လို့ ယူဆပါတယ်။ ခုလို ကျနော် တို့မဖြစ်စေချင်တဲ့ ပုံစံမျိုး တွေ့လိုက်ရတဲ့အခါ ကျနော်တို့စိတ် မကောင်းဘူး။ တကယ်တမ်းကျတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ စစ်အာဏာရှင် စနစ်လက်ထက်တုန်းက ကျနော် တို့ အားလုံးရဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခု အနေနဲ့၊ Figure တစ်ခုအနေနဲ့ ရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဗမာပြည်နိုင်ငံရေး ခေတ် အဆက်ဆက်မှာ အာဏာရသွားပြီးတဲ့အချိန်မှာ ပြောင်းလဲ သွားတတ်တဲ့ ခေါင်းဆောင်မျိုးတွေ ရှိခဲ့ဖူးတယ်။ အဲဒါလည်း သမိုင်းမှာမှတ်တမ်းတွင်သွားခဲ့တယ်။ ပြည်သူတွေက မှတ် တမ်းတင်တဲ့အခါမှာ သူတို့တစ်လျောက်လုံး ဘယ်လောက်ကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ အာဏာရတဲ့ကာလမှာ ပြည်သူကို ပြန်ပြီးဆက်ဆံတဲ့ တုံ့ပြန်တဲ့ပုံစံတွေ မဟုတ်တဲ့အခါမှာ ပြည်သူကမှတ်တမ်း တင်သွားခဲ့တယ်။ သမိုင်းမှတ်တမ်း မကောင်းခဲ့တာမျိုး ရှိတယ်။ မနေ့ကဖြစ်စဉ်မှာဆိုရင်လည်း ဒီလိုမျိုးတုံ့ပြန်မှု ကို ကျနော်တို့မမျှော်လင့်ခဲ့ဘူး။ နောက်တစ်ခုက ဒါမျိုးလည်းမဖြစ်စေချင် ဘူး။ ကျနော်တို့အနေနဲ့ စိတ်မကောင်း ဖြစ်ရတာက ကျနော်တို့တွေက လက်ရှိမှာ ဘယ်ခေါင်းဆောင်ကိုမှ မျှော်လင့်ထားလို့ မရသေးတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီမိုကရေစီအရေးဘက်မှာ၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေးမှာ ထလာတဲ့ ခေါင်းဆောင် မရှိသေးတဲ့အချိန်မှာ ကျနော်တို့အားကိုးထားတဲ့၊ တလျောက်လုံးလည်း မျှော်လင့်ယုံကြည်ထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမျိုး ဒါမျိုးတုံ့ပြန်ဖို့မသင့်ဘူးလို့ ကျနော်တို့ယူဆတယ်။ ပြီးတော့ ဒါမျိုးတုံ့ပြန်တာကို တွေ့လိုက်ရတဲ့အခါမှာလည်း စိတ်မကောင်းဖြစ်ရ တယ်။ နောင်အကြိမ် နောင်အကြိမ်တွေမှာ ပြည်သူ သို့မဟုတ် ကျောင်းသားတွေဖြစ်ပါစေ၊ လယ်သမားတွေဖြစ်ပါ စေ၊ ဘယ် သူကပဲသူတို့ရဲ့လိုလားချက်ကို တောင်းဆိုသည်ဖြစ်ပါစေ၊ ဒီတောင်းဆိုတာက တကယ်တမ်းအားကိုးလို့၊ ယုံကြည်လို့၊ လေးစားလို့ တောင်းဆို တာဖြစ်တယ်၊ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်လောက်တဲ့လူမို့လို့ ဒီလိုမျိုးတောင်းဆိုတာဖြစ်တယ်။ အဲဒီ အတွက် ကောင်းကောင်းမွန်မွန်နဲ့ ပြေပြေလည်လည်ဖြစ်အောင် ပြန်ပြီးဖြေရှင်းပေးသင့်တယ်လို့ထင် ပါတယ်။ ဒီနေ့ ပညာရေး ဝန်ကြီးဌာနက စာထုတ်ထားတာတွေ့တယ်။ တကယ်တမ်း ကျောင်းသားတွေတောင်းဆိုတာ မမှန်ဘူးဆိုရင် မန္တလေး တက္ကသိုလ် က ပါမောက္ခချုပ်ကို Food Court ကိစ္စနဲ့ ခုလိုမျိုး ရာထူးကအနားပေးလိုက်တာမျိုး စာထုတ်စရာ အကြောင်းမရှိ ဘူးလို့ ထင်တယ်။ ဒါဟာ ကျောင်းသားတွေဆန္ဒပြခြင်းရဲ့ ရလဒ်တစ်ခုလို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီတော့ နောင် အကြိမ် နောင်အကြိမ် တွေမှာ ပြည် သူကတောင်းဆိုတဲ့အခါ ဒီမိုကရေစီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြန်ပြီးတုံ့ပြန်ဖြေရှင်းပေးတာမျိုး လိုလားပါတယ်။

ရွေးကောက်ပွဲမဝင်ခင်က အန်တီပြောခဲ့တာတွေ အများကြီးရှိပါတယ်။ “ မမှန်တာကိုတော့ ငြိမ်ခံနေစရာမလိုဘူး၊ မဟုတ်မမှန်တာကို ထောက်ပြနိုင်ရမယ်၊ ကျောင်းသားတွေက နိုင်ငံရေးနဲ့ပတ်သက်ရင် …

PN

မပိုးငယ်
(အဝေးသင်တက္ကသိုလ် ဖဲကြိုးနီကျောင်းသားလှုပ်ရှားမှုကော်မတီ အလုပ်အမှုဆောင်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုယ်ကျိုးအတွက်တောင်းဆိုလှုပ်ရှားကြတယ်ဆိုတဲ့ပုံစံနဲ့ အခုလိုမျိုး အန်တီကပြောလို့ရှိရင် ကျမတို့ ကျောင်းသားတွေအနေနဲ့ အရင်တုန်းကလုပ်ခဲ့တဲ့ သပိတ်တွေမှာရော၊ အခုအချိန်ထိလုပ်နေဆဲ လုပ်ဆောင်မှု တွေမှာပါ တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ အတွက် တောင်းဆိုခဲ့တယ်ဆိုတာမျိုးမရှိဘူး ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ မတ်လကုန်အထိ စာသင်ချိန်တွေ၊ စာမေးပွဲ အချိန်တွေ ပြောင်းတဲ့ကိစ္စမှာဆိုရင်လည်း တပြည်လုံးက ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာဆရာမတွေအတွက် အခက်အခဲတွေ အဆင်မပြေမှုတွေ ရှိလာလို့ ဒီဖဲကြိုးစိမ်းလှုပ်ရှားမှုကို လုပ်ခဲ့ကြတာပါ။ ဒီကိစ္စမျိုးဟာ တစ် ဦးတစ်ယောက်တည်း၊ သမဂ္ဂ တစ်ခုတည်း အတွက် လုပ်ဆောင်ကြတာမဟုတ်ပါဘူး။ မန္တလေးတက္ကသိုလ်က Food Court ကိစ္စဆိုရင်လည်း ကျောင်းသား ကျောင်းသူတွေအားလုံးအတွက် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီးတောင်းဆိုတာပါ။ တစ်ဦးတစ်ယောက် တည်းအတွက် မဟုတ်သလို သမဂ္ဂတစ်ခုတည်းအတွက်လည်း မဟုတ်ပါဘူး။ နောက်တစ်ခုက ကျမတို့ကျောင်းသားကျောင်းသူတွေက မဟုတ်မမှန် လီဆယ်ပြီး တောင်းဆိုနေကြတာတစ်ခုမှမရှိပါဘူး။ မနေ့ကလုပ်တဲ့ကိစ္စမှာလည်း ဒီကိစ္စတွေကို အန်တီ မသိသေး ဘူးလို့ ယူဆလို့ သိအောင်ပြောပြကြတဲ့သဘောမျိုးပါပဲ။ မြန်မာနိုင်ငံမှာ အောက်ခြေကဖုံးဖိပြီးလုပ်နေကြလို့ အထက် လူကြီးကမသိတာ ဖြစ်နေကျပါ။ အဲဒါကြောင့် အမေဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စတွေကိုမသိသေးလို့၊ သိရင်တော့ဖြေရှင်း ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည်မျှော်လင့်ချက်တွေနဲ့ ကျောင်းသားတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောပြကြတာပါ။ ဒီပွဲကိုဖျက် ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ ဆူပူမှုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် မျိုးလည်း ကျမတို့ကျောင်းသားတွေမှာမရှိပါဘူး။ ကျမတို့ ကျောင်းသားတွေဘက်က သိစေချင်တဲ့အရာတစ်ခုကိုသိအောင် အေးအေးချမ်းချမ်းပြသခဲ့တာပါ။ ဒါကို ကိုယ်ကျိုးအတွက် လုပ်တာပါဆိုပြီး အမေ ဒေါ်အောင်ဆန်းစုကြည် ဘက် က စဉ်းစားမယ်ဆိုရင် အခုလက်ရှိ မအောင်မြင်သေးတဲ့ပညာရေးစနစ်ကို ပြောင်းလဲဖို့ ကြိုးစားတဲ့ နေရာမှာ ကျမတို့ကျောင်းသား တွေ တတပ်တအားပါဝင်နေတာဟာ ကျမတို့တစ်ဦးတစ်ယောက်အတွက် လုပ်နေကြတာမဟုတ်ဘဲ နောင်လာမယ့်အနာဂတ်မျိုးဆက်တွေအတွက် တောင်းဆိုလုပ်ဆောင်နေကြတာပါလို့ ပြောချင်ပါတယ်။ အဲဒါကိုတော့ အန်တီကို ကောင်းကောင်း ကွဲကွဲပြားပြားသိစေချင်တယ်။ နောက်ပြီး ရွေးကောက်ပွဲမဝင်ခင်က အန်တီပြောခဲ့တာတွေ အများကြီးရှိပါတယ်။ “ မမှန်တာကိုတော့ ငြိမ်ခံနေစရာမလိုဘူး၊ မဟုတ်မမှန်တာကို ထောက်ပြနိုင်ရမယ်၊ ကျောင်းသားတွေက နိုင်ငံရေးနဲ့ပတ်သက်ရင် ဦးဆောင်နိုင်ရမယ်၊ လုပ်နိုင်ရမယ်” ဒီစကားတွေကို အန်တီကိုယ်တိုင် ပြောခဲ့တာပါ။ ဒါပေမယ့် အခုကျမတို့ကျောင်းသားတွေက ထောက်ပြတဲ့အချိန်၊ လိုအပ်ချက်တွေကိုပြောတဲ့အချိန်မှာ ကိုယ်ကျိုးအတွက်တောင်းဆိုတာလို့ ကျောင်းသားထုကို ပြောလာတာကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,