နိုင်ငံရေးပါတီပြဿနာသက်သက် မဟုတ်တော့ဘူး။ လူမျိုးရေးပြဿနာအထိစဉ်းစားဖို့လိုတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

USKW / PNO ၏ ဗဟိုအလုပ်အမှုဆောင် ဦးစောကျော်ဝင်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေကိုအဓိကထားပြီး ယှဉ်ပြိုင်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ၏ ဗဟိုအလုပ်အမှုဆောင် ဦးစောကျော်ဝင်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ရဲ့ သမိုင်းကြောင်းနဲ့ ပါတီမူဝါဒကို စပြောပေးပါ။

USKW – ကျနော်တို့ပါတီကို ၂၀၁၀ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့မှာ ပါတီတည်ထောင်ခွင့်စတင်လျှောက်ထားခဲ့ပါ တယ်။ ၂၀၁၀ ခုနှစ်၊ မေလ (၁၃) ရက်နေ့မှာ ပါတီမှတ်ပုံတင်အမှတ် (၅) နဲ့ နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ကျခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ (PNO) ရဲ့ မူဝါဒကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွှတ်ရေး၊ ပအိုဝ်းတိုင်းရင်းသားများ၏ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး ကဏ္ဍရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့အချက်သုံးချက်က အဓိကပေါ့။

တစ်ချက်ခြင်းကို အကျယ် ပြောရရင်တော့ နံပါတ် (၁) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် ခြာအဏာတည်တံ ခိုင်မြဲရေးဆိုတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဒါန်းချက်နဲ့အညီ အစဉ်တစ်စိုက်ခံယူ စောင့် ထိန်းသွားမှာဖြစ်ပါတယ်။ နံပါတ်အချက်ကတော့ (၂) ပအိုဝ်းတိုင်းရင်းသားများသည် အခြားညီနောင် တိုင်း ရင်းသားများနှင့်အတူ ပြည်ထောင်စုတွင်းအေးတူပူအမျှ တရားမျှတခြင်း၊ လွတ်လပ်ခြင်း ညီမျှခြင်းတည်း ဟူသော လောကပါလတရားနဲ့အညီ ငြိမ်းချမ်းသာယာဝပြောရေးကို စဉ်ဆက်မပြတ်ခံယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး နံပါတ် (၃) အချက်ကတော့ နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူညီမှုဖြင့် မည်သည့် နေရာ၊ မည်သည့်ဒေသတွင် နေထိုင်စေကာမူ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓါတ်ကို ခိုင်မြဲစွာမွေးမြူလျှက် ထာဝစဉ်စည်းလုံးညီညွှတ်စွာ လက်တွဲနေထိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက် ရှင်သန်လာအောင်ဆောင်ရွက်သွားမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ပါတီမူဝါဒ အသေးစိတ်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်၊ မြေယာ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ တိုင်းရင်းသားလူမျိုးကဏ္ဍ၊ လမ်းပမ်းဆက်သွယ်ရေးကဏ္ဍ၊ ရေအရင်းအမြစ်ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ စာပေနဲ့ယဉ်ကျေးမှု ဆိုပြီးကဏ္ဍတွေနဲ့ အသေးစိတ်မူဝါဒတွေရှိပါတယ်။

နိုင်ငံရေးကဏ္ဍမှာဆို မူဝါဒ (၅) ခုရှိပါတယ်။ ခုနက ပြောခဲ့တာထဲမှာလည်း တချို့အချက်တွေပါပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုဖြင့် ပြည်ထောင်စုအဓွန့် ရှည်တည်တန့်ခိုင်မြဲရေး၊ နိုင်ငံရေး စီးပွားရေး လူမှုရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်စွာ ဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ တစ်နိုင်ငံ လုံးအချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အချက် (၅) ချက်က ပါတီရဲ့နိုင်ငံရေးမူဝါဒထဲက အဓိကအချက်တွေ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ဘယ်နှနေရာ ဝင် ပြိုင်ဖို့စီစဉ်ထားပါသလဲ။ အရင်ဝင်ပြိုင်ခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေက ရလဒ်ကိုလည်းပြောပြပေးပါ။

USKW – ကျနော်တို့ စုစုပေါင်း (၂၈) နေရာ ဝင်ပြိုင်ဖို့စီစဉ်ထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ပါတီက (၁၀) နေရာဝင်ပြိုင်ပြီး (၁၀) နေရာလုံးအနိုင်ရခဲ့ပါတယ်။ ၂၀၁၀ မှာ ကျနော်တို့က ကျနော်တို့ရဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာပဲဝင်ပြိုင်ခဲ့တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၅ မှာကျတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပါဝင် စုစုပေါင်း (၂၃) နေရာဝင်ပြိုင်ခဲ့တယ်။ ၂၀၁၅ မှာလည်း ကျနော်တို့ (၁၀) နေရာ အနိုင် ရခဲ့ပါတယ်။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိပါသလဲ။

USKW – ရွေးကောက်ပွဲကော်မရှင်နဲ့ ကျနော်တို့နဲ့ နီးနီးကပ်ကပ် ထိတွေ့မှုရှိပါတယ်။ အစည်းအဝေးတွေမှာ၊ Workshop တွေမှာ အမြဲတမ်းထိတွေ့မှုရှိပါတယ်။ ကော်မရှင်ကတော့ မျှမျှတတဖြစ်အောင်လုပ်တယ်လို့တော့ ပြောပါတယ်။

တခြားနေရာဒေကအနေအထားကိုတော့ ကျနော်တို့မသိနိုင်ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ဒေသမှာတော့ နယ်မြေအနေအထားအရ တချို့နေရာတွေကတော့ သံသယဖြစ်စရာတော့ရှိတယ်ပေါ့။ ကော်မရှင်နဲ့ ဆိုင်မဆိုင် ဒါတော့ ကျနော်တို့မသိဘူးပေါ့။ ဥပမာ မဲစာရင်းနဲ့ပတ်သက်ရင် ကျနော်တို့တိုင်းရင်းသားဒေသမှာ တော်တော်လေးကို လွဲတာတွေတွေ့ရတယ်။ အဲဒါက ကျနော်တို့ဒေသမှာ ပြဿနာတစ်ခုလိုဖြစ်နေတယ်။

တချို့ ဆို နာမည်မပါတာတို့ ဘာတို့ပေါ့။ ကျနော်ပြောချင်တာက ကော်မရှင်အနေနဲ့ ၂၀၁၅ မဲစာရင်းကို အခြေခံပြီးလုပ် လို့ရတာပဲ။ ဒီမဲစာရင်းတွေအားလုံးဟာ ရပ်ကျေးကပဲလာတာပဲလေ။ ၂၀၁၅ မဲစာရင်းထဲက တချို့က ကွယ်လွန် တာရှိမယ်၊ ၂၀၁၅ တုန်းက (၁၅) နှစ်ရှိတဲ့သူတွေက အခု ၂၀၂၀ စာရင်းမှာ (၁၈) နှစ်ပြည့်ပြီး မဲစာရင်းမှာ ထပ်တိုးရမယ့် သူတွေရှိမယ်။ ဒါတွေကို ရပ်ကျေးကနေ အဆင့်ဆင့်အတည်ပြုပြီး လုပ်လို့ရတာပဲ။ ဆိုတော့ ၂၀၁၅ စာရင်းဟောင်းကို အခြေခံပြီး ရပ်ကျေးကနေအဆင့်ဆင့် စနစ်တကျလုပ်ရင် လွဲစရာအဲဒီလောက်မရှိဘူးလို့ ကျနော်ထင်ပါတယ်။

သူတို့ဘယ်လိုလုပ်သလဲတော့ ကျနော်တို့လည်းမသိဘူးပေါ့။ ဒါပေမယ့် ကျနော်တို့တိုင်း ရင်းသားဒေသတွေမှာ ဒီလိုအလွဲအမှားတွေများနေတဲ့အချက်က စဉ်းစားစရာတစ်ခုဖြစ်နေတာပေါ့။ နောက် တစ်ခုက မဲရုံနေရာတွေကို ရွေ့လိုက်တဲ့ကိစ္စပေါ့။ ဥပမာ ၂၀၁၅ တုန်းကလုပ်ခဲ့တဲ့မဲရုံတွေရှိတယ်။ အဲဒီနေရာတွေ မှာမလုပ်တော့ဘဲ မဲရုံနေရာရွေ့လိုက်တာမျိုးတွေပေါ့။ ကော်မရှင်မှာတော့ ခုလိုမဲရုံ နေရာရွေ့ခြင်းအတွက် သူ့ အကြောင်းပြချက်နဲ့သူတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့တိုင်းရင်းသားတွေကကျတော့ လက်ရှိပါတီကြီး အနိုင်ရဖို့အတွက် ခုလိုရွေ့ပေးလိုက်တာလို့ခံစာရတယ်။ ဒါကကျနော်တို့ စွပ်စွဲတာမဟုတ်ဘူး။ ကျနော်တို့ခံစားရ တာကို ပြောပြတာပါ။ ကျနော်တို့ရဲ့ ခံစားချက်ပေါ့ဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း အပြင် တခြားဘယ်နေရာတွေမှာ ဝင်ပြိုင်ဖို့စီစဉ်ထားသလဲ။

USKW – ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်က မဲဆန္ဒနယ် (၁၀) ခုကတော့ အဓိကထားပြီးပြိုင်မှာပါ။ ဒါကလည်း ၂၀၁၀ ကတည်းက ဒီ (၁၀) နေရာက ကျနော်တို့ပြိုင်ခဲ့၊ အနိုင်ရခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ အခု ၂၀၂၀ မှာ ဒီနေရာတွေအပြင် ထပ်တိုးလာတာက တောင်ကြီး၊ လွယ်လင်၊ နမ့်ဆန်၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေပေါ့။ ပြီးတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတွေ မှာလည်း ကျနော်တို့ယှဉ်ပြိုင်သွားမှာပါ။

ငြမ်းမီဒီယာ – အခု COVID – 19 ကပ်ရောဂါကလည်း စိုးရိမ်စရာအခြေအနေမျိုးဖြစ်နေတော့ တချို့နိုင်ငံရေး ပါတီတွေက ရွေးကောက်ပွဲရက်ကို ရွေ့ဖို့ပြောနေကြတာတွေလည်းရှိလာပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ (PNO) အနေနဲ့ရော ဘယ်လိုသဘောထားမျိုးရှိပါသလဲ။

USKW – ကျနော့်တစ်ယောက်တည်းအမြင်အရတော့ ကော်မရှင်ကသတ်မှတ်ထားတဲ့ရက်ကို ရွေ့ဖို့တော့ ခက် လိမ့်မယ်လို့ထင်ပါတယ်။ ရက်ရွေ့ရင်လည်း မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး အားသာတဲ့ပါတီတွေရှိလာနိုင် သလို၊ အားနည်းမယ့်သူတွေလည်း ရှိနိုင်ပါတယ်။

နောက်တစ်ခုက လက်ရှိအနေအထားကိုစောင့်ကြည့်ပြီး တစ်လကျော်အတွင်း လူနာအရေအတွက် သိပ်မတိုးဘူးဆိုရင်လည်း မဲပေးတဲ့ကိစ္စအတွက် သိပ်ပြဿနာမရှိဘူး လို့ထင်ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ Positive Case တွေ သောင်းချီဖြစ်လာရင်တော့ ရွေ့ကောင်းရွေ့လာ နိုင်တာပေါ့။ အဲဒါမျိုးဆိုရင်တော့ မဲပေးတာမှာအခက်အခဲဖြစ်မယ်။

ကျန်းမာရေးအနေအထားအရ လုံခြုံစိတ်ချရ မှုမရှိတာတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ခုလက်ရှိပုံမှန်အနေအထားအရဆိုရင်တော့ အခုသတ်မှတ်ထားတဲ့ ရက်အတိုင်း လုပ်လို့ရတယ်လို့ ကျနော်မြင်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်နေမှုကိုကြည့်ရင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကတစ်ပိုင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကတစ်ပိုင်း၊ နိုင်ငံရေးပါတီ တွေကတစ်ပိုင်းပေါ့။ ဟုတ်ပြီဒါဆို လက်နက်ကိုင်အဖွဲ့ အစည်းမရှိတဲ့တိုင်းရင်းသားတွေရဲ့ အနာဂတ်အတွက် ဘယ်လိုလုပ်ကြမလဲ …

ငြမ်းမီဒီယာ – အခုလက်ရှိမှာ COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီကနေ ထုတ်ပြန်တဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်တွေလည်းရှိနေပါတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးရေးအတွက် အရေးကြီးတဲ့အချိန်လည်း ဖြစ်နေ တော့ ဒီအခြေအနေတွေကြားမှာ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးကိစ္စဆောင်ရွက်ရာမှာ ဘယ်လိုအခက် အခဲတွေရှိပါသလဲ။ ဒီအခြေအနေက ဘယ်လိုပါတီမျိုးတွေအတွက် အားသာချက်ဖြစ်စေပါသလဲ။

USKW – ကျနော်တို့လို တိုင်းရင်းသားဒေသအခြေပြုတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ကတော့ မဲဆွယ်စည်း ရုံးတဲ့အခါ လူအင်အားအများကြီးနဲ့ အင်တိုက်အားတိုက်လုပ်ရတာပိုကောင်းတာပေါ့။ ဒါပေမယ့် လက်ရှိအနေ အထားအရ ကျနော်တို့က လူ (၅၀) ထက်ပိုပြီးစုလို့မရဘူးပေါ့။

ကျနော့်အမြင်အရတော့ မြို့ပေါ်တွေကတော့ သိပ်ပြဿနာမရှိဘူး။ လူစုလူဝေးလည်းသိပ်မလုပ်ဘူး။ နီးစပ်ရာ နီးစပ်ရာ တစ်အိမ်တက်ဆင်း စည်းရုံးလို့ရနိုင် တာပေါ့။ ဒါပေမယ့် ကျေးလက်ဒေသတွေကို စည်းရုံးရေးဆင်းရတဲ့အခါကျတော့ လူနည်းနည်းလေးနဲ့ လုပ်ရ ကိုင်ရတာ အချိန်တွေအများကြီးပေးရတော့ ကျနော်တို့မှာ အချိန်လုံလောက်မှုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ အချိန်မလုံလောက်မှာ ကျနော်တို့စိုးရိမ်နေရတယ်။

နောက်တစ်ခုက လူ (၅၀) ထက်မကျော်ရဆိုတဲ့ ကိစ္စကလည်း ကျနော်တို့အတွက် အခက်အခဲအများကြီးဖြစ်စေပါတယ်။ ကိုယ်စား လှယ်လောင်းတွေစည်းရုံး ရေးဆင်းတဲ့အခါ တိုင်းရင်းသားအများစုက စိတ်ဝင်စားတယ်။ တချို့ကတားလို့မရလို့ (၅၀) ထက်ကျော်ရင် လည်း ကျော်သွားနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ကျနော်တို့ အတတ်နိုင်ဆုံး တော့ ကြိုးစားလိုက်နာကြပါတယ်။ နောက်တစ်ချက်က အားလုံးလည်းသိကြတဲ့အတိုင်း တချို့ပါတီတွေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်က ကျော်လွန်ပြီးလုပ်ဆောင်နေကြတာတွေရှိတယ်။ ဒါအားလုံးလည်း မြင်ကြသိကြတာပဲလေ။ အဲဒီပါတီတွေကို အရေးယူဆောင်ရွက်မှုတွေမရှိဘူးလားဆိုတဲ့အချက်ပေါ့။ ဘယ်သူက အရေးယူမလဲပေါ့။ ဒါကလည်း မေးခွန်းထုတ်စရာရှိတယ်။

ကျနော်တို့ကတော့ အတတ်နိုင်ဆုံး လိုက်နာနိုင်ဖို့ ကြိုးစားကြပါတယ်။ ကျနော်တို့ လူ (၅၀) ထက်ကျော်သွားရင် တစ်ယောက်ယောက်က မှတ်တမ်းယူထားပြီး နောက်ရွေးကောက်ပွဲပြီးတဲ့အချိန်၊ ကျနော်တို့နိုင်သွားတဲ့အခါမှ အဲဒီမှတ်တမ်းတွေနဲ့ ပြသနာရှာမှာကိုလည်း စိုးရိမ်ရတယ်။ ဒါတွေကတော့လက်ရှိအနေအထားမှာကြုံနေရတဲ့စိန်ခေါ်မှုတွေပေါ့။ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။

ပါတီကြီးတွေအနေနဲ့လည်းတိုင်းပြည် အနာဂတ်ကိုကြည့်ပြီး ကျနော်တို့တိုင်းရင်း သားတွေအတွက် စဉ်းစားပေးဖို့လိုတယ်။ အခုဆိုကြည့်လေ၊ ပါတီကြီးတွေကမဲဆွယ်တဲ့နေရာမှာ ပြောနေကြ တာရှိတယ်။ တိုင်းပြည် …

ငြမ်းမီဒီယာ – ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နဲ့ ဘယ်လိုဆက်စပ်မှုရှိပါသလဲ။

USKW – ဒေသဦးစီးအဖွဲ့ကတော့ အစိုးရအနေနဲ့ သူ့အလုပ်သူလုပ်ပါတယ်။ ဒေသဦးစီးအဖွဲ့က ကျနော်တို့ပါတီ ကတော့ဟုတ်ပါတယ်။ ဒါပေမယ့် အစိုးရက သူ့လုပ်ထုံးလုပ်နည်းရှိတယ်။ အစိုးရယန္တယားက သူ့လုပ်ထုံးလုပ် နည်းနဲ့ သူ့ဟာသူသွားတယ်။

ကျနော်တို့ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်တဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီသွားပါတယ်။ လမ်းကြောင်းကတော့ မတူဘူးပေါ့။ ပါတီကတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကော်မရှင်ကထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းဘောင်ထဲကသွားပါတယ်။ ဒေသဦးစီးအဖွဲ့ကတော့ အစိုးရ အနေနဲ့ သူ့ကဏ္ဍနဲ့သူ သွားတယ်ပေါ့။

ငြမ်းမီဒီယာ – ပါတီမူဝါဒတွေပြောသွားတုန်းက “လူမျိုးရေးတန်းတူညီမျှမှု” ဆိုတဲ့အချက်ကို သတိပြုမိပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ တန်းတူညီမျှအခွင့်အရေးမရဘူးလို့ ပြောချင်တာလား။ ဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ပြောဆိုမှုတွေကိုရော ဘယ်လိုမြင်ပါသလဲ။

USKW – ကျနော့်တစ်ယောက်တည်းအမြင်အရတော့ လက်ရှိမှာ တိုင်းရင်းသားတွေ တန်းတူညီမျှမှုမရရှိသေး ဘူးပေါ့ဗျာ။ မရှိလို့သာ ကျနော်တို့နိုင်ငံမှာ လွတ်လပ်ရေးရကတည်းကနေ ဒီနေ့အထိ လက်နက်ကိုင်ပဋိပက္ခ တွေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေတာပေါ့။

ပြောရရင် သမ္မတဦးသိန်းစိန်လက်ထက်ကရော၊ ဒီဘက် NLD အစိုးရလက် ထက်မှာရော ငြိမ်းချမ်းရေးကိစ္စက ဆောင်ရွက်နေကြရတာပဲ။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာ ရခဲ့တဲ့ သဘောတူညီချက်တွေကို ကြိုးစားအကောင်အထည်ဖော်နေရတာပဲ။ လမ်းကြောင်း ပေါ်မှာ သွားတော့သွား နေကြတာပဲပေါ့။ ဒါပေမယ့် ဒီနေ့အထိတော့ ကျနော်တို့တိုင်းရင်းသားတွေနဲ့ ပတ် သက်တဲ့ သေချာတဲ့အာမခံချက်ကတော့ မရှိသေးဘူး။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကြည့်မယ်ဆိုရင် လည်း ကျနော်တို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွက် အခြေခံဥပေးအရ ပြဌာန်းထားချက်တွေ အများကြီး ရှိတယ်။ ဒါတွေကို ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ကလည်းသိတယ်။ ဒါပေမယ့် အဲဒီအချက်တွေ အတွက် နည်းဥပဒေ မပြဌာန်းထားတာတွေအများကြီးရှိတယ်။ မူအားဖြင့်သာ ဖော်ပြထားတာ၊ လက်တွေ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအနေ နဲ့၊ ဒေသန္တရအစိုးရအနေနဲ့ လုပ်လို့မရနိုင်တဲ့ အတားအဆီးတွေအများ ကြီးရှိနေတယ်။ ဒါတွေက တန်းတူညီမျှ ရေးအတွက် ကျနော်တို့ရေရှည်သွားရဦးမယ်ဆိုတဲ့ သဘောပဲ။

ဘာမှသိပ်လုပ်ပိုင်ခွင့်ရှိတဲ့ရာထူးတော့မဟုတ်ပါဘူး။ သူကတိုင်းရင်းသားကိုယ်စားပြု အဆောင်အယောင်ပေးထားတာပဲရှိတာပါ။ ဒီလိုမျိုးနေရာကလေးကိုတောင် ပါတီကြီးတွေဘက်က တိုင်းရင်းသားတွေကို မပေးချင်ဘူးဆိုတော့ တိုင်းရင်းသားတွေဘက်က တန်းတူညီမျှမှုရှိ ပါတယ်လို့ ဘယ်လိုလက်ခံ နားလည်ပေးရမလဲ …

လက်ရှိ အခြေခံဥပဒေမှာ ပြဌာန်းပေးထားတာတောင် လက်တွေ့မှာ တိုင်းရင်းသားတွေအတွက် မလုပ်ပေးဘူး။ အစိုးရသက်တမ်းနှစ်ခါတော့ရှိပြီ။ ဒါပေမယ့် ဒီနေ့အထိမလုပ်ပေးနိုင်သေးဘူး။ ဒါကြောင့် ခုနကပြောတဲ့ တန်းတူ ညီမျှရေးအတွက် ကျနော်တို့ကြိုးစားဖို့ အများကြီးလိုသေးတယ်။

ပါတီကြီးတွေအနေနဲ့လည်းတိုင်းပြည် အနာဂတ်ကိုကြည့်ပြီး ကျနော်တို့တိုင်းရင်း သားတွေအတွက် စဉ်းစားပေးဖို့လိုတယ်။ အခုဆိုကြည့်လေ၊ ပါတီကြီးတွေကမဲဆွယ်တဲ့နေရာမှာ ပြောနေကြ တာရှိတယ်။ တိုင်းပြည်ပြောင်းလဲနိုင်ဖို့ သူတို့ပါတီကြီးတွေကိုပဲ မဲပေးသင့်တယ်ဆိုတာမျိုးတွေပေါ့။ ဒါကိုမှား တယ်မှန်တယ် မပြောလိုပါဘူး။ ဒါပေမယ့်လက်ရှိငြိမ်းချမ်းရေး ဆောင်ရွက်မှုဖြစ်စဉ်တွေမှာ တိုင်းပြည်အနာဂတ် အတွက် တိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက် ဘယ် လောက်ထည့်သွင်းဆောင်ရွက်နိုင်ကြသလဲ ကြည့်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်နေမှုကိုကြည့်ရင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကတစ်ပိုင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကတစ်ပိုင်း၊ နိုင်ငံရေးပါတီ တွေကတစ်ပိုင်းပေါ့။ ဟုတ်ပြီဒါဆို လက်နက်ကိုင်အဖွဲ့ အစည်းမရှိတဲ့တိုင်းရင်းသားတွေရဲ့ အနာဂတ်အတွက် ဘယ်လိုလုပ်ကြမလဲ။

နောက် နိုင်ငံရေးပါတီတွေထဲမှာ ဆိုရင်လည်း ကျနော်တို့ကသာ အနိုင်ရလို့ပါခွင့်ရနေတာ၊ အနိုင်မရတဲ့တိုင်းရင်းသားတွေကကျတော့ သူတို့ အခွင့်အရေးအတွက် ဘယ်ကနေပြောရမလဲ။ လမ်းကြောင်း မရှိဘူး။ ဒါတွေဟာလည်းစဉ်းစားရမယ့်အချက်တွေ ဖြစ်တယ်။ ဒါကြောင့်တိုင်းရင်းသားအားလုံးရဲ့တန်းတူညီ မျှရေးအတွက် သူတို့စဉ်းစားနိုင်မလား။ တိုင်းရင်းသားတိုင်း က ကိုယ့်ရဲ့အခြေအနေ ကိုယ်သိကြတယ်။

ဒီအထဲမှာကိုယ့်ရဲ့အသံမပါရင် ကိုယ့်ရဲ့အခွင့်အရေးကို ဘယ် လိုရနိုင်မလဲ။ ဒါလည်းစဉ်းစားစရာအချက်တစ်ခု ဖြစ်တယ်။ ဒါကြောင့် တမ်းတူညီမျှမှုနဲ့ပတ်သက်ရင် အစိုးရ သော်လည်းကောင်း၊ နိုင်ငံရေးပါတီကြီးတွေက သော်လည်းကောင်း တိုင်းရင်းသားတွေကို နားလည်ပေးဖို့တော့ လိုတယ်။ ဥပမာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ကြည့်လေ၊ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ သက်ဆိုင်ရာတိုင်း ရင်းသားတွေကိုပဲပေးရမယ့်ဟာလေ။ အဲဒီ နေရာကိုဝင်မပြိုင်ဘဲ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေကို အခွင့် အလမ်းပေးပေါ့ဗျာ။

အစောဆုံးလက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အထဲမှာ ပအိုဝ်းလည်းပါတာပေါ့။ စစ်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေသာ သိပ်မထိခိုက်ပေမယ့် လူထုကိုတော့ တအားထိခိုက်တယ်။ ဒါကို ခေါင်းဆောင်အဆက်ဆက် လည်းလက်ခံတယ်။ ပြောမယ်ဆိုရင် …

သူတို့အချင်းချင်း ပြိုင်ပါစေ၊ သူတို့အချင်းချင်းမဲပေးပါစေဆိုတဲ့သဘောမျိုးနဲ့ပေါ့။ ရေးရာဝန် ကြီးဆိုတာ လွှတ်တော်ထဲမှာဖြစ်ဖြစ်၊ ပြည်နယ်ထဲမှာဖြစ်ဖြစ် ဘာမှသိပ်လုပ်ပိုင်ခွင့်ရှိတဲ့ရာထူးတော့မဟုတ်ပါဘူး။ သူကတိုင်းရင်းသားကိုယ်စားပြု အဆောင်အယောင်ပေးထားတာပဲရှိတာပါ။ ဒီလိုမျိုးနေရာကလေးကိုတောင် ပါတီကြီးတွေဘက်က တိုင်းရင်းသားတွေကို မပေးချင်ဘူးဆိုတော့ တိုင်းရင်းသားတွေဘက်က တန်းတူညီမျှမှုရှိ ပါတယ်လို့ ဘယ်လိုလက်ခံ နားလည်ပေးရမလဲ။ ဆိုတော့ တန်းတူညီမျှမှုအတွက်ကတော့ ကျနော်တို့တိုင်းရင်း သားတွေအနေနဲ့ အများ ကြီးကြိုးစားကြရဦးမယ်။

ငြမ်းမီဒီယာ – တန်းတူညီမျှခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေအတွက် လက်နက်ကိုင်တော်လှန်ရေးနဲ့ သွားခဲ့ကြတာ နှစ်ပေါင်း (၇၀) ကျော်လာခဲ့ပြီ။ တကယ်ရော ဒီလမ်းစဉ်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ အချက်တွေရဖို့ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလို့ ယူဆပါသလား။ ဒီထက်ကောင်းတဲ့တခြားနည်းလမ်း မရှိနိုင်တော့ဘူးလား။

USKW – တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုး ပထဝီအနေအထားမတူကြဘူး၊ နယ်မြေမတူကြဘူး။ မတူတဲ့အခါ ကျတော့ ခံယူချက်လည်းမတူသလို သမိုင်းကြောင်းလည်းမတူကြဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် ဒီလမ်းကြောင်းဟာ တစ်ချို့တိုင်းရင်းသားတွေအတွက် မှန်ကောင်းမှန်နိုင်ပေမယ် တချို့တိုင်းရင်းသားတွေ အတွက်တော့ မှားကောင်းမှားနေနိုင်တာပေါ့။

ဥပမာအနေနဲ့ပြောမယ်ဆိုရင် ကျနော်တို့ ပအိုဝ်းတိုင်းရင်း သားတွေကိုပဲ ဥပမာပြောပါမယ်။ ကျနော်တို့ပအိုဝ်းတိုင်းရင်းသားတွေရဲ့အခြေအနေနဲ့ ပြောမယ်ဆိုရင် အစောဆုံးလက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အထဲမှာ ပအိုဝ်းလည်းပါတာပေါ့။ စစ်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေသာ သိပ်မထိခိုက်ပေမယ့် လူထုကိုတော့ တအားထိခိုက်တယ်။ ဒါကို ခေါင်းဆောင်အဆက်ဆက် လည်းလက်ခံတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ပအိုဝ်းခေါင်းဆောင်တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးသုံးကြိမ်ယူခဲ့ တယ်။ ၁၉၅၀ မှာတစ်ကြိမ်၊ ၁၉၅၈ မှာတစ်ကြိမ်၊ ပြီးတော့ ၁၉၉၁ ပေါ့။ ပြီးခဲ့တဲ့ ၁၉၅၀၊ ၁၉၅၈ ငြိမ်းချမ်းေရေး ယူပြီးသိပ်မကြာခင် ကျနော်တို့ပအိုဝ်းခေါင်းဆောင်တွေ ဖမ်းဆီးခြင်းခံခဲ့ရတယ်။

အဲဒီတော့ တော်လှန်ရေးပြန် လုပ်ရတဲ့ အနေအထားမျိုးဖြစ်လာတာပေါ့။ ဒါပေမယ့် ၁၉၉၁ မှာ ငြိမ်းချမ်းရေးယူပြီး ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တာ မှာတော့ ၁၉၉၁ ကနေ ဒီနေ့အထိ ကျနော်တို့နယ်မြေမှာ ဘာမှပြဿနာတော့မရှိဘူး။ သေနတ်တွေက ကျည်ဆံ လည်းမထွက်တော့ဘူး။ ဒီနေ့အထိက အဆင်ပြေနေတယ်ပေါ့။ အစိုးရပြဌာန်းထားတဲ့ ဥပဒေဘောင်ထဲကနေ နိုင်ငံရေးပါတီထူထောင်ခွင့်ရခဲ့တယ်။ ကိုယ့်တိုင်းရင်းသားတွေရဲ့အခွင့်အရေးကိုလည်း တောင်းဆိုတဲ့အနေ အထားမှာတော့ရှိတာပေါ့။ လက်ရှိနယ်မြေအနေအထားကတော့ အဆင်ပြေတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ကျနော်တို့ပအိုဝ်းတွေကအဆင်ပြေတယ်ဆိုပေမယ့် တခြားတိုင်းရင်းသားတွေကတော့ ဒီအနေ အထားကို လက်ခံချင်မှလက်ခံမယ်။ ကျနော်တို့လက်ရှိခေါင်းဆောင်ကလည်း ကျနော်တို့ လက်လှမ်းမီသိရ သလောက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်၊ တန်းတူအခွင့်အရေးနဲ့ပတ်သက်ရင် လက်နက်နဲ့ဖြေရှင်းလို့မရဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးမှရမယ်ဆိုတာကို လက်ခံထားတယ်။

ကျနော်တို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ ဖြားဗွာလှဖေ ပြောခဲ့တာတစ်ခုရှိတယ်။ ကျနော်တို့ခေါင်းဆောင်တိုင်းလည်း လက်ခံထားတဲ့အချက်ပေါ့။ အဲဒါက ဘာလဲဆိုတော့ “ကျနော်တို့အခွင့်အရေးက ကျနော်တို့တောင်းရင်လည်း ပေးမှာမဟုတ်ဘူး၊ ကျနော်တို့လက်နက်နဲ့ တိုက်ရင်လည်း နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အခွင့်အရေးကို ကိုယ်ရဖို့အတွက် ဖန်တီးယူရမယ်” လို့ ဒီလိုပြောထားတာရှိတယ်။ ကျနော်တို့ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်း ကျနော်တို့ ဒီနေ့အထိလုပ်ဆောင်နေကြပါတယ်။

ဒီကနေ့အချိန်မှာတော့ ကျနော်တို့ဒေသအတွက် ငြိမ်းချမ်းရေးညီလာခံလမ်းကြောင်းကသော်လည်းကောင်း၊ နိုင်ငံရေးပါတီလမ်းကြောင်းကသော်လည်းကောင်း ကျနော်တို့ရှိနေပါပြီ။ လမ်းကြောင်းပေါ်မှာတော့ရှိနေတယ်ပေါ့။ ဘယ်လမ်းကြောင်းကပိုအဆင်ပြေသလဲတော့ ကျနော်တို့မသိဘူးပေါ့။ လမ်းကြောင်းပေါ်မှာရှိနေတော့ အဆင်ပြေတဲ့အခါ လိုက်လျောညီထွေရှိအောင် ကျနော်တို့ရဲ့အခွင့်အရေးကို တခြားတိုင်းရင်းသားတွေနဲ့တန်းတူဖြစ်အောင် ကြိုးစားနိုင်ခွင့်တော့ရှိတာပေါ့။ ဒါပေမယ့် တချို့တိုင်းရင်းသားတွေကတော့ ဒီလိုမျိုးဟုတ်ချင်မှဟုတ်မယ်။

ကျနော့်အမြင်ကတော့ ဒီခေတ် ဒီအခါမှာ ငြိမ်းချမ်းရေးအတွက်၊ တန်းတူအခွင့်အရေးအတွက် လက်နက်နဲ့ဖြေရှင်းတာကတော့ ပေးဆပ်ရမှုတွေ အကြီးကြီးဖြစ်ပြီး အများထိခိုက်နစ်နာတာပေါ့။ ဒီနည်းလမ်းက ဆုံးရှုံးမှုလည်းများတယ်။ ညှိနှိုင်းဖြေရှင်းတဲ့နည်း လမ်းကတော့ အကောင်းလို့ ကျနော့်အနေနဲ့မြင်တယ်။ ဒါပေမယ့် တစ်ဖက်ကဘယ်လောက်အင်အားကြီးကြီး တစ်ဖက်က တိုင်းရင်းသားဘယ်လောက်ပဲငယ်ငယ် သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုတော့ တိုက်ဖျက်လို့ မရနိုင်ဘူး။ နောက်ဆုံး မနိုင်လို့ အားမတန်မာန်လျော့ရသည့်တိုင် သူတို့ရဲ့အမျိုးသားရေးစိတ်ဓာတ်ကို ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ ဒါကိုတော့ သတိထားဖို့လိုပါတယ်။ ဒါတွေဟာ နိုင်ငံရေးပါတီပြဿနာသက်သက် မဟုတ်တော့ဘူး။

လူမျိုးရေးပြဿနာအထိစဉ်းစားဖို့လိုအပ်ပါတယ်။ ဒီအချိန်မှာ အင်အားကြီးတဲ့သူနဲ့ အင်အားငယ်တဲ့သူ မျှမျှတတနဲ့ တန်းတူအခွင့်အရေးဖြစ်အောင် ဘယ်လိုမျှဝေကြမလဲဆိုတာ ဆွေးနွေးကြရင်တော့ဒီပြဿနာတွေ ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

USKW – တခြားဖြည့်စွက်ပြောစရာတော့မရှိပါဘူး။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,