နိုင်ငံရေးရဲ့အဖြေဟာ သေနတ်ကိုင်ခြင်းမဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NNP / နာဂအမျိုးသားပါတီ (NNP) ဥက္ကဌ ဦးရူမောင်

လူမျိုးတစ်မျိုးရဲ့ ချုပ်ကိုင် ခြယ်လှယ်မှုအောက်မှာနေကြတာ မဟုတ်သလို၊ ဘယ်သူက အောက်မှာ ဘယ်သူက အပေါ်မှာဆိုတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ အားလုံးသည် လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကိုအခြေခံပြီးတော့ …

တိုင်းရင်းသားတို့၏ နိုင်ငံရေးအခွင့်အလမ်းများအပါအဝင် ဖက်ဒရယ်အရေး၊ ငြိမ်းချမ်းရေးတို့နှင့်ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သော နာဂအမျိုးသားပါတီ (NNP) ဥက္ကဌ ဦးရူမောင်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – နာဂအမျိုးသားပါတီ (NNP) ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုပြောပြပေးပါ။

USM – ကျနော်တို့က နာဂအမျိုးသားပါတီ (Naga National Party) ဖြစ်ပါတယ်။ အခြေခံကတော့ ကျနော်တို့ တိုင်းပြည် သည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့ ပြည်ထောင် စု (Union) ဖြစ်တယ်ဆိုတဲ့ မူရှိတယ်။ ဆိုတော့ ပြည်ထောင် စုဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အချိန်လောက်နဲ့ အစချီပြီးပြောမယ်ဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှနေထိုင်ကြတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူမျိုးတစ်မျိုးရဲ့ ချုပ်ကိုင် ခြယ်လှယ်မှုအောက်မှာနေကြတာ မဟုတ်သလို၊ ဘယ်သူက အောက်မှာ ဘယ်သူက အပေါ်မှာဆိုတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ အားလုံးသည် လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကိုအခြေခံပြီးတော့တိုင်းပြည်ကိုထူထောင်ထားတယ်။ ဒါကြောင့် ကျနော်တို့အားလုံးသည် ဒီတိုင်းပြည်ရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ အတွက်ကြောင့် ဒီတိုင်းပြည်ကို အကောင်းဆုံးနိုင်ငံရေးစနစ်တစ်ခုနဲ့ တန်းတူညီမျှအေးအတူပူအမျှနေထိုင်တည်ဆောက်ကြရမှာပေါ့။ ဒါသည်ဖက်ဒရယ်လို့ပြောရင်လည်းမမှားပါဘူး။

တန်းတူညီမျှအခွင့်အရေးနဲ့ ဆက်စပ်ပြီးပြောမယ်ဆိုရင် ဖက်ဒရယ်လို့ ပြောလို့ရတာပေါ့။ အခု ဒီဟာကိုအခြေခံတဲ့ နိုင်ငံရေးပုံစံတစ်ခုကို သွားမယ်ဆိုတဲ့ တိုင်းပြည်ရဲ့အခြေအနေပေါ့။ ဒီဟာကသာလျှင် စစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းစဉ်တစ် ခုဖြစ်မယ်၊ တိုင်းပြည်ရဲ့ စစ်မှန်တဲ့နိုင်ငံရေး အဖြေတစ်ခုဖြစ် မယ်ဆိုတဲ့အချက်တွေရှိတယ်။

ဒါဆိုရင် ကျနော်တို့ကလူမျိုးစုကိုအခြေပြုတဲ့တိုင်းပြည်ဖြစ်တယ်။ လူမျိုးစုနဲ့တည်ဆောက် ထားတဲ့တိုင်းပြည်ဖြစ်လို့ ပင်လုံစာချုပ်ချုပ်တုန်းကလည်း ကျနော်တို့တိုင်းရင်းသားလူမျိုးတွေဟာ တစ်သီးတစ်ခြားမဟုတ် ဘူး၊ ကျနော်တို့အားလုံးဟာ ဒီတိုင်းပြည်မှာအတူနေပြီး လွတ်လပ်ရေးယူကြမယ်၊ ကျနော်တို့အားလုံးဟာ ဒီတိုင်းပြည် ရဲ့မူလအရှင်သခင်တွေဖြစ်တယ် စသဖြင့်ပေါ့။

အဖွဲ့အစည်းတစ်ခုကပဲ တိုင်းပြည်ကို တည်ဆောက်မယ်၊ ပါတီတစ်ခုကပဲ အများစု အနိုင်ရပြီး မြန်မာနိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်မယ်ဆိုတာက ဒီတိုင်းပြည်ရဲ့အဖြေ …

ကျနော်က ဒါ အနှစ်သာရပိုင်းကိုပြောတာပါ။ အဲဒီအနှစ်သာရက ကျနော် တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုတွေအားလုံး တန်းတူညီမျှအခွင့်အရေးနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံတစ် ခုဖြစ်တာကြောင့် ဒီနေ့မြန်မာနိုင်ငံမှာ လူမျိုးဖြစ်ခြင်းဆိုတဲ့ မူလပိုင်ရှင်ဖြစ်ခြင်းဟာ ကျနော်တို့အတွက်အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတိုင်းပြည်ဟာ ကျနော်တို့တိုင်းရင်းသားလူမျိုးတွေဆိုတဲ့ မူလပိုင်ရှင်ရှိတယ်။ ဧည့်သည်တွေလာပြီးတည်ထောင်ထားတဲ့ တိုင်းပြည်တစ်ခုမဟုတ်ဘူး။

အဲဒီအနှစ်သာရသဘောပေါ့။ အဲဒီတော့ ဒီတိုင်းပြည်မှာ မူလကတည်းကတည်ရှိနေထိုင်လာခဲ့ကြတဲ့၊ တိုင်းရင်းသားလို့ခေါ်တဲ့ ဌာနေလူမျိုးတွေကိုအခြေပြုပြီးတော့ ပြည်ထောင်စုကို ကျစ်လစ်ခိုင်မာပြီး ပိုအားကောင်းလာစေရေးအတွက်၊ တနည်း ပြောရရင် ကမ္ဘာ့အလယ်မှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်လာစေဖို့အတွက်ဆိုရင် ကျနော်တို့နိုင်ငံမှာ အဓိကက နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့လိုတယ်။

ဒီလို နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ဖို့ဆိုတဲ့နေရာမှာ လူမျိုးစုတွေရဲ့တန်းတူညီမျှဖြစ်ခြင်းဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ တန်းတူညီမျှအခွင့်အရေးရှိခြင်းမရှိခြင်းက နှစ်ပေါင်း (၇၀) ကျော်ပြည်တွင်းစစ် ရဲ့ Root Cause ဖြစ်တာကြောင့် ဒီဟာကိုဖြေရှင်းနိုင်ဖို့ဆိုရင် Political Participation ဟာ တိုင်းရင်းသားလူမျိုးစုအားလုံးမှာရှိဖို့လိုပါတယ်။ အဲဒီလမ်းကြောင်းကိုအတည်ပြုပြီးတော့ အဲဒီလမ်းကြောင်းအားဖြင့်ရှေးရှုပြီးတော့ နိုင်ငံရေးပြဿနာကိုအဖြေရှာမယ်၊ Political Right ကို Recognize လုပ်မယ်၊ Political Dialog ကိုကောင်းကောင်းမွန်မွန်တည်ဆောက်မယ်၊ Political Trust ကိုတည်ဆောက်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီလိုနိုင်ငံရေးယုံကြည်မှုကိုတည်ဆောက်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီသွားမှသာလျှင် ရေရှည်တည်တံ့မယ့် ဖက်ဒရယ်လို့ ပဲပြောပြော၊ ဒီမိုကရေစီလို့ပဲပြောပြော အဲဒီလိုတိုင်းပြည်မျိုးဖြစ်လာနိုင်မယ်။ အဲဒါက ကျနော်တို့တကယ်သွားရမယ့်လမ်းဖြစ်တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ဖက်ဒရယ်ဒီမိုကရေစီပဲပြောပြော၊ ဒီမိုကရေစီဖက်ဒရယ်ပဲပြောပြော ဘာမှဖြစ်လာမှာမဟုတ်ဘူး။

တိုင်းရင်းသားတွေအတွက် အဓိကကျတာက တန်းတူညီမျှအခွင့်အရေးပဲဖြစ်ပါတယ်။ တန်းတူညီမျှအခွင့်အရေးကို တကယ်ပဲညှိနှိုင်းဆွေးနွေးဖို့ဆိုရင် Political Representation ။ နောက် Political legitimacy ။ အဲဒါက တိုင်းရင်းသားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ကိုယ်စားပြုမှုပေါ့။ တိုင်းရင်းသားလူမျိုးတွေအမျိုးမျိုးရှိတဲ့အထဲမှာ တစ်ခုချင်းစီကို ကိုယ်စားပြုမှုရှိသော Political legitimacy ကအရေးကြီးပါတယ်။ အဲဒါရှိထားတဲ့လူတွေ(သို့မဟုတ်) Institution တွေကကိုယ် စားပြုထားတဲ့ Delegate တွေနဲ့ အားလုံးဝိုင်းစုပြီး ပြည်ထောင်စုနိုင်ငံကို ကျနော်တို့ဘယ်လိုအကောင်းဆုံးတည်ထောင်မလဲဆိုတာက ဒီကနေ့နိုင်ငံရေးစကားဝိုင်းမှာ ကျနော်တို့တကယ်ဆွေးနွေးကြရမယ့်အရာဖြစ်တယ်။

နိုင်ငံရေးစကားဝိုင်းလို့ ပြောတာက ပင်လုံညီလာခံတစ်ခုတည်းကို ရည်ညွှန်းတာမဟုတ်ဘဲနဲ့ ပင်လုံညီလာခံ (သို့မဟုတ်) အဲဒီလိုအနှစ်သာရရှိ သော တစ်ခုခု တစ်စုံတစ်ရာ ပလက်ဖောင်းတစ်ခုခုမှာ အားလုံးဝိုင်းပြီးအဖြေရှာနိုင်ဖို့ လိုအပ်တယ်။ အဖွဲ့အစည်းတစ်ခုကပဲ တိုင်းပြည်ကို တည်ဆောက်မယ်၊ ပါတီတစ်ခုကပဲ အများစု အနိုင်ရပြီး မြန်မာနိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်မယ်ဆိုတာက ဒီတိုင်းပြည်ရဲ့အဖြေ ဘယ်တော့မှ မဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီတိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးဘယ်နှမျိုးရှိလဲ၊ Political Legitimate ဖြစ်တဲ့ Institution တွေ၊ တိုင်းရင်းသားလူမျိုးတွေ စုပြီးတော့လုပ်ဖို့လိုအပ်တယ်။

လက်နက်ကိုင်လည်း တစ်ချိန်မှာငြိမ်းချမ်းရေးယူပြီးတော့ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတာဆွေးနွေးကြရမှာပဲ။ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးမျှော်လင့်ချက်၊ ရည်မှန်းချက်ပေါ့။

ကျနော်တို့နိုင်ငံရေးလမ်းစဉ်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက် ပွဲနိုင်ငံရေး အရဝင်ရောက်လုပ်ကိုင်မယ်၊ Political Dialog တွေမှာ၊ Political Decision တွေမှာ ပါဝင် နိုင်ဖို့ဆိုတာကတော့ ကျနော်တို့ရဲ့ အဓိကနိုင်ငံရေးရည်မှန်းချက်ပေါ့ဗျာ။

ငြမ်းမီဒီယာ – အခုပြောသွားတဲ့ အဲဒီနိုင်ငံရေးရည်မှန်းချက်တွေက လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း နဲ့စဉ်းစားကြည့်ရင် တကယ်ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည် သလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USM – နိုင်ငံရေးမှာတော့ ‘ဖြစ်လာလိမ့်မယ်’ ဆိုတဲ့ဟာက ကျနော်တို့ အလုပ်ဘယ်လို လုပ်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီအတိုင်းကြီးထိုင်နေလို့တော့ ဖြစ်လာမှာမဟုတ်ဘူး။ ဒီမိုကရေစီက သူ့ဟာသူ ရလာတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံလွတ်လပ်ရေးက သူ့ဟာသူ ရလာတာ မဟုတ်ဘူး။ အဓိကက ကျနော်တို့ကြိုးစားရမယ်။ ကျနော်တို့အလုပ်တွေလုပ်ရမယ်။ ကျနော်တို့အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ လုပ်ကိုင်ရမယ်။ အပြုသဘောဆောင်တယ်ဆိုတာက ဘာလုပ်လုပ်ထောက်ခံလိုက်မယ်၊ ဘာလုပ်လုပ် အဖွဲ့အစည်းတစ်ခု ကျေနပ်အောင် ဝမ်းသာအောင် လက်ခုပ်တီးမယ် ဆိုတဲ့သဘောမဟုတ်ဘူး။ ကျနော်တို့က အဲဒီလိုလူတွေမဟုတ်ဘူး။

ပြောချင်တာက ဒါဟာ Challenge တစ်ခုဖြစ်တယ်၊ Politic Challenge တစ်ခုဖြစ်တယ်။ ဖြစ်နိုင်ခြေအနည်းဆုံး အရာတစ်ခုဖြစ်သော်ငြားလည်း ရွေ့အောင်တွန်းရမယ့် တာဝန်တစ်ခုဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ကောင်းမွန်တဲ့ ပုံစံတစ်ခုဟာ ဖြစ်နိုင်ခြေနည်းနေလို့ ဖြစ်နိုင်ခြေများတဲ့ဆီကိုပဲ လိုက်သွားမယ်ဆိုရင် အဲဒီကောင်းမွန်တဲ့ ပုံစံဟာ ဘယ်တော့မှဖြစ်လာမှာ မဟုတ်တော့ဘူး။ အဲဒီလိုဆိုရင် ဒီတိုင်းပြည်က သမိုင်းဆိုတာ မလိုတော့တဲ့အခြေအနေ ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ဒီကိစ္စကို သေသေချာချာ သုံးသပ်ဖို့တော့မယ်။ ဆို တော့ ဒီဟာကို Challenge တစ်ခုအနေနဲ့ပဲ ကျနော်တော့မြင်ပါတယ်ဗျ။

ငြမ်းမီဒီယာ – အခုပြောသွားတဲ့ နိုင်ငံရေးရည်မှန်းချက်က နာဂတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ပြောလို့ရပါသလား။

USM – ကျနော်ပြောခဲ့တာတွေက Legal Perspective ကနေပြောတာပါ။ နာဂလူမျိုးဆိုတာက ကျနော်တို့မြန်မာနိုင်ငံထဲမှာရှိသလို အိန္ဒိယမှာလည်းရှိတယ်။ တစ်ဖက်မှာလည်း နာဂ နိုင်ငံတော်အတွက်တိုက်ပွဲဝင်မယ်ဆိုတဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းဆိုတာလည်းရှိတယ်။ သို့သော်လည်း ကျနော် အခုပြောတာသည် တကယ့် Pragmatic လမ်းကြောင်းကနေပြောမယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံထဲမှာတကယ်ရှိနေတဲ့၊ မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ကျနော်တို့နာဂလူမျိုးတွေရဲ့ Political Right တစ်ခုအတွက် ကျနော်တို့ဘာလုပ်မလဲဆိုတာကို ဥပဒေနဲ့အညီပြောဆိုရပ်တည်ဖို့အတွက် ပေါ့။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၀၈ အခြေခံဥပဒေရဲ့အကျိုးဆက်ဟာ ကျနော်တို့မြန်မာနိုင်ငံအပေါ်သက်ရောက်နေတဲ့အခြေအနေတစ်ခုမှာ၊ မြန်မာနိုင်ငံရဲ့ Constitution ဆိုပေမယ့် ၂၀၀၈ ကိုပဲပြောချင်တာမဟုတ် ဘူး၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ဥပဒေတွေဟာ ကျနော်တို့အပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်ဆိုရင် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ကျနော်တို့နာဂလူမျိုးတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းအတွက်ဥပဒေရှုထောင့်ကနေ ပြောဆိုလုပ်ကိုင်ဖို့လိုအပ်တယ်။ ဆိုတော့ အဲဒီရှုထောင့်အရဆိုရင် ကျနော်တို့က Political Legitimate ဖြစ်တဲ့၊ ပြောရေးဆိုခွင့်ရှိတဲ့ မြေပေါ်နိုင်ငံရေး လမ်းစဉ်မှာ ရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေတာက ကျနော်တို့ဒေသ မဖွံ့ဖြိုးလို့ပြဿနာတက်နေတာမဟုတ်ဘူး။ Political Right နဲ့ဆိုင်တဲ့ Equality ကိစ္စမှာပြဿနာတက်နေ …

ငြမ်းမီဒီယာ – နာဂအမျိုးသားပါတီ (NNP) နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က နိုင်ငံရေးရည်မှန်းချက်ချင်းတူညီတယ်လို့ပြောလို့ရနိုင်ပါသလား။ ဘုံတူညီချက်တွေရောရှိပါသလား။ ကွဲလွဲတယ်ဆိုရင် အဓိကအချက်တွေက ဘာတွေဖြစ်မလဲ။

USM – မတူပါဘူးဗျ။ မတူဘူး၊ မတူဘူးဗျ။ ဒေသဦးစီးအဖွဲ့ဆိုတာ NLD ပေါ့ဗျာ။ တစ်ချိန်မှာ နာဂအမျိုးသားပါတီက ဦးစီးပြီးတော့ ဖွဲ့ခွင့်ရမယ်ဆိုရင်တော့ ကျနော်တို့ရည်မှန်းချက်က တစ်မျိုးဖြစ်မှာပေါ့။ ကျနော်တို့ကနာဂအမျိုးသားပါတီဖြစ်တယ်။ နာဂအမျိုးသားပါတီဆိုတာ လူမျိုးစုကိုအခြေပြုပြီး ပြည်ထောင်စုဖြစ်ခြင်းကိုဦးတည်တဲ့ မူလပိုင်ရှင်တွေရဲ့စိတ်ဓာတ်နဲ့ တည်ထောင်တဲ့ပါတီတစ်ခုဖြစ်တယ်။

တိုင်းပြည်ရဲ့အနာဂတ် ကံကြမ္မာကိုဆုံးဖြတ်တဲ့နေရာမှာ ကျနော်တို့နာဂလူမျိုးတွေရဲ့ အခန်းကဏ္ဍပါဝင်နိုင်အောင်ရည်ရွယ်တယ်။ ဒီနေရာမှာ ကျနော်တို့နာဂတစ်ခုတည်းမဟုတ်ပါဘူး။ နာဂဆိုလည်း နာဂ၊ ကချင်ဆိုလည်း ကချင်၊ အဲဒီလိုပေါ့။ ချင်း၊ ကချင်၊ ကယား၊ ကရင် အကုန်ပေါ့။ ဝ၊ ပအို့ဝ်၊ ပလောင် အားလုံးအတူတူပါပဲ။ ဆိုတော့ အဲဒီအဓိပ္ပါယ်မျိုးနဲ့ ကျနော်တို့ပါတီကို တည်ထောင်ထားတာဖြစ်တယ်။

ဆိုတော့ အခုလက်ရှိ NLD ပါတီက ဒေသဦးစီးဖွဲ့တာပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပါတီက ဒေသဦးစီးဖွဲ့တာဖြစ်ဖြစ် ဒါတွေက တိုင်းရင်းသားပါတီမဟုတ်ဘူး။ တိုင်းရင်းသာဖြစ်ခြင်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ ပြည်မဖြစ်ခြင်းနဲ့ တစ်တိုင်းပြည်လုံးကိုဖြန့်ကျက်ထားတဲ့အခါ ဒါတွေက ပြည်မပါတီလို့ပြောရမှာပေါ့ဗျာ။

အဲဒီအနေအထားမှာ အခုဒေသဦးစီးအဖွဲ့ဟာ Geographic Name အရပဲ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ အစိုးရဖြစ်နေတာ NLD ပါတီဖြစ်တယ်။ လူကတော့ နာဂဖြစ်ချင်ဖြစ်မယ်၊ Political Delegation Power ပေါ့၊ သူ့ရဲ့နိုင်ငံရေးကိုယ်စားပြုမှုဟာ လူမျိုးကို ကိုယ်စားပြု တဲ့ပါတီတစ်ခု မဟုတ်ဘူး။ ပြောရရင် Institutional Representation က နာဂမဟုတ်ဘူးဗျာ။ ဒါကြောင့် သူတို့နဲ့ ကျနော်တို့က ရည်မှန်းချက်ဘယ်လိုမှ မတူနိုင်ဘူး။ တူညီနိုင် တာကတစ်ခုပဲရှိမယ်။ အဲဒါကဘာလဲဆိုရင် လူတွေကနာဂဖြစ်တယ်ဆိုတဲ့အချက်ပဲ။ ဒါပေမယ့် သူတို့ရဲ့ Institution အရကိုယ်စားပြုတာက NLD သို့မဟုတ် ကြံ့ခိုင်ရေးဖြစ်တယ်။ ဆိုတော့ သူတို့လည်းနာဂဖြစ်နေတော့ ဒီနာဂဒေသကိုဖွံ့ဖြိုးစေချင်တဲ့ Development Perspective မှာတော့ တူညီကောင်းတူညီမှာပါ။

သူတို့ကနာဂဖြစ်လို့ နာဂဒေသကိုဖွံ့ဖြိုးအောင် NLD ဖြစ်ခြင်းကနေကိုယ်စားပြုပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ပေးမယ်၊ ကြံ့ခိုင်ရေးသမားကလည်း အဲဒီလိုရှိမှာပေါ့။ အဲဒီအချက်ကတော့ တူကောင်းတူနိုင်တယ်။ သို့သော်လည်း ဒီနေ့မြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေတာက ကျနော်တို့ဒေသ မဖွံ့ဖြိုးလို့ပြဿနာတက်နေတာမဟုတ်ဘူး။ Political Right နဲ့ဆိုင်တဲ့ Equality ကိစ္စမှာပြဿနာတက်နေလို့ ပြောနေရတာဖြစ်တယ်။

ကျနော်တို့ဒေသမှာ လမ်းတွေဖောက်ပေးပါ၊ တံတားတွေဆောက်ပေးပါ၊ လျှပ်စစ်မီးလင်းပေးပါဆိုပြီး လမ်းတွေမရှိလို့၊ တံတားတွေမရှိလို့၊ လျှပ်စစ်မီးမလင်းလို့ ဒီတိုင်းပြည်မှာပြဿနာတက်နေတာမဟုတ်ဘူး။ နိုင်ငံရေးပါဝါ၊ နိုင်ငံရေးဆိုင်ရာကိုယ်စားပြုမှု (သို့မဟုတ်) နိုင်ငံရေးဆိုင်ရာတန်းတူညီမျှမှု အဲဒီ Political Equality က အဓိကပြဿနာဖြစ် တယ်။ အဲဒီမှာ ကျနော်တို့နဲ့သူတို့မတူတာပဲဗျ။ အဲဒါကြောင့် ကျနော်တို့ရည်မှန်းချက်တွေက အဲဒီမှာကွဲသွားတယ်။

တိုင်းရင်းသားအများစုဘက်က ခံယူတဲ့ Perspective ကတော့ ဖက်ဒရယ်ဒီမိုကရေစီ၊ ဖက်ဒရယ် First ၊ ဒီမိုကရေစီ Second လို့ပြောတာဖြစ်တယ်။ အဲဒီတော့ အနှစ်သာရအရ …

NNP / နာဂအမျိုးသားပါတီ (NNP) ဥက္ကဌ ဦးရူမောင်

ငြမ်းမီဒီယာ – တစ်ချိန်က တစ္ဆေသရဲလို ပြောဆိုတို့ထိဖို့ ကြောက်ရွံ့ခဲ့ကြတဲ့ ဖက်ဒရယ်ဆိုတဲ့စကားကို လက်ရှိမြန် မာနိုင်ငံရဲ့ နိုင်ငံရေးအဝန်းအဝိုင်းမှာ ခပ်စိပ်စိပ်ပြောလာနေကြပါပြီ။ အစိုးရနဲ့ တပ်မတော်ကလည်း ဖက်ဒရယ်ကို NCA မှာ ပဏာမသဘောတူညီထားကြပါပြီ။ NNP အနေနဲ့ရော ဖက်ဒရယ်အပေါ် ဘယ်လိုသဘောထားရှိသလဲ။

USM – ဖက်ဒရယ် . .ဟုတ်ပြီ။ ဖက်ဒရယ်ဆိုတာက အဓိက က အသုံးအနှုန်းဝေါဟာရတစ်ခုပါပဲ။ သူက Terminology ပေါ့။ နိုင်ငံရေးဝေါဟာရတစ်ခုပဲဖြစ်တယ်။ အဓိကက ကျနော် တို့ အနှစ်သာရကိုကြည့်ဖို့လိုတယ်။ ကောင်းပြီ ကျနော်တို့ ဘယ်လိုဖက်ဒရယ်မျိုးကိုသွားမှာလဲ။

အခု ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကနေပြောတယ်။ ဒီမိုကရေစီဖက်ဒရယ်လို့ပြောတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကပြန်မြင်တဲ့အမြင်က ဒီမိုကရေစီဖက်ဒရယ်မဟုတ်ဘူး၊ ဖက်ဒရယ်ဒီမိုကရေစီကိုပြောနေတာဖြစ်တယ်။ အဲဒီမှာ အနှစ်သာရတွေကွဲသွားတယ်။ ဒီမိုကရေစီဖက်ဒရယ်ဆိုတာ ဒီမိုကရေစီက First ၊ ဖက်ဒရယ်က Second လို့ အဓိပ္ပါယ်သက်ရောက်စေတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့တိုင်းရင်းသားအများစုဘက်က ခံယူတဲ့ Perspective ကတော့ ဖက်ဒရယ်ဒီမိုကရေစီ၊ ဖက်ဒရယ် First ၊ ဒီမိုကရေစီ Second လို့ပြောတာဖြစ်တယ်။ အဲဒီတော့ အနှစ်သာရအရ ပြည်မကလူက ဖက်ဒရယ် ကို ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ၊ တိုင်းရင်းသားက ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲဆိုတာ အဲဒီမှာကွဲနေတယ်ဗျ။

ဆိုတော့ ဒီဟာကတစ်ချိန်မှာ ပြဿနာတက်လာနိုင်တယ်။ ကျနော်တို့မြန်မာနိုင်ငံက ဟိုးကတည်းက စကားလုံးတစ္ဆေခြောက်ခံရတဲ့တိုင်းပြည်ဖြစ်တယ်။ စကားလုံးကို ကွဲကွဲပြားပြားမဖြစ်တဲ့ အခြေအနေတစ်ခုမှာ အဲဒီစကားလုံးနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်တစ် ခုကို ဘုံသဘောတူညီမှု မယူနိုင်ဘူးဆိုရင် နောက်ဆက်တွဲ Perspective တွေကွဲမှာပဲ။

အဲဒီအခြေအနေမှာ ကျနော် တို့က အိမ်ရှင် ဧည့်သည်ဆိုတာကို ခွဲစရာလိုသေးသလား၊ ကျနော်တို့မှတ်ပုံတင်တွေမှာ မင်းဘာလူမျိုးလဲ၊ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးလို့ ရေးစရာ လိုသေးလား …

Perspective တွေကွဲရင် Policy ကွဲတယ်။ မူဝါဒတွေကွဲလာပြီဆိုရင် နိုင်ငံရေးရပ်တည်ချက်တွေကွဲမယ်။ နိုင်ငံရေးရပ်တည်ချက်တွေကွဲလာရင် တိုက်ပွဲဆိုတာလည်းရှိလာနိုင်တယ်။ ဆိုတော့ ဝေါဟာရအသုံးအနှုန်းဆိုတာ Policy ကိုထင်ဟပ်စေတဲ့အရာဖြစ်လို့ ဒီကိစ္စမှာ အစကတည်းက ဘုံတူညီချက်တစ်ခုကိုရအောင်လုပ်ထားသင့်တယ်။

ကျနော်တို့ပြောတဲ့ ဖက်ဒရယ်ဆိုတာက Self Determination ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပြောတာဖြစ်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကလည်း ချဲ့ရင်ချဲ့သလိုကျယ်တဲ့အရာဖြစ်တော့ ဒီနေရာမှာ ဘယ်လောက်အထိသွားမယ်/မသွားဘူးဆိုတာကို နိုင်ငံရေးဆိုင်ရာသဘောတူညီမှုတစ်ခု လုပ်ဖို့လိုတယ်လို့ ကျနော်မြင်တယ်ဗျ။ ဒါမှလည်း အဆင်ပြေမှာ။

ဒီလိုမှမဟုတ်ရင် ဥပမာဗျာ တပ်မတော်ကပြောတဲ့ ‘ဖက်ဒရယ်ကို သွားသင့်တယ်’ ဆိုတဲ့စကားနဲ့ NLD ကပြောတဲ့ ‘ဖက်ဒရယ်ကိုသွားသင့်တယ်’ ဆိုတဲ့စကားနှစ်ခုမှာတင် အဓိပ္ပါယ်အရ ကွဲလွဲမှုတွေရှိနိုင်တာပဲ။ အဲဒီလိုမျိုးပေါ့။

ငြမ်းမီဒီယာ – အစိုးရနဲ့တပ်မတော်ပြောတဲ့ ‘ဒီမိုကရေစီဖက်ဒရယ်’ ဆိုတဲ့ကိစ္စဟာ Centeralisation ပိုအားကောင်းတဲ့ဘက်ကို ယိမ်းသလို၊ တိုင်းရင်းသားတွေပြောတဲ့ ‘ဖက်ဒရယ်ဒီမိုကရေစီ’ ကတော့ Centeralisation ကိုလျော့ချတဲ့ဘက်ကိုယိမ်းတယ်ဆိုတဲ့သုံးသပ်ချက်ကို ဘယ်လိုမြင်ပါသလဲ။

USM – အဲဒါဖြစ်နိုင်ပါတယ်။ ဒီကိစ္စကိုကျနော် ရှုထောင့်နှစ်ခုနဲ့ပြောချင်ပါတယ်။ ရှုထောင့်တစ်ခုကတော့ အခု ဆရာပြောတဲ့ဟာပေါ့။ နောက်ရှုထောင့်တစ်ခုကတော့ Centralized ကိုအားပြုပြီးတော့ ဗဟိုကိုအရင်တည်ဆောက်မယ်၊ ဗဟိုတည်ဆောက်ပြီးတဲ့နောက်မှာ ပေးသင့်ပေးထိုက်တဲ့ Power တွေကိုလွှဲပေးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်တဲ့အပိုင်းက တစ်ပိုင်းဖြစ်ပါတယ်။

နောက်ထပ်ရှုထောင့်တစ်ခုကတော့ ‘ဒီမိုကရေစီ ဖက်ဒရယ်’ လို့ပြောထားတော့ ကောင်းပြီ ဒီမိုကရေစီက First ဖြစ်နေတော့ ဒီမိုကရေစီသည် တိုင်းရင်းသားဖြစ်ခြင်း/မဖြစ်ခြင်းကို အခြေမခံတော့ဘူးဗျ။ Democratic က လူသားဖြစ်ခြင်းကို အခြေခံလာတယ်။ Human Rights ကို Base လုပ်လာတယ်။ ဆိုတော့ အဲဒီအခြေအနေမှာ ကျနော် တို့က အိမ်ရှင် ဧည့်သည်ဆိုတာကို ခွဲစရာလိုသေးသလား၊ ကျနော်တို့မှတ်ပုံတင်တွေမှာ မင်းဘာလူမျိုးလဲ၊ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးလို့ ရေးစရာ လိုသေးလားဆိုတဲ့ Democracy Perspective အရပြောမယ်ဆိုရင် အဲဒီမှာကွဲသွားတယ်။ အတွေးအခေါ်တွေ အဲဒီမှာကွဲသွားတယ်။ အဲဒီမှာစပြီး ပြဿနာတက်နေတာ။

NLD ကအစိုးရဖြစ်လို့ NLD ကလုပ်ရမယ်လို့ ပြောချင်တာမဟုတ်ဘူး။ ကြံ့ခိုင်ရေးကလုပ်ရမယ်၊ တပ်မတော်ကဦးဆောင်ရမယ်လို့ ပြောနေတာလည်းမဟုတ်ဘူး။ ဒီကိစ္စမှာ ဘယ်သူဦးဆောင်မလဲဆိုတာထက် …

ဒါဆိုဒီတိုင်းပြည်မှာ နိုင်ငံသား ဖြစ်ခြင်းကအရေးကြီးလာမယ့် အဓိပ္ပါယ်မျိုးသက်ရောက် သလားဆိုတဲ့ မေးခွန်းရှိလာမယ်။ လွှတ်တော်ထဲမှာ ဘယ် သူတွေ တက်ခွင့်ရှိမလဲ။ အစိုးရဖြစ်ခွင့်က ဘယ်သူ့လက်ထဲမှာရှိမလဲ။ ဒီဟာတွေဖြစ်လာမယ်။ ဖြစ်လာတဲ့အတွက်ကြောင့် ဒီမိုကရေစီကို First လို့ပြောရင် ဖက်ဒရယ်ကိုခြိမ်းခြောက် သလားဆိုတဲ့ အမြင်ကလည်း တခြားတစ်ဖက်မှာပြန်ရှိလာတယ်။ ဒါကြောင့်မို့ ဒီဟာကိုအကြေအလည်ဆွေးနွေးပြောဆိုမှသာလျှင် ရေရှည်မှာအဆင်ပြေလိမ့်မယ်လို့ ကျနော်ထင်တယ်။

ဗမာစကားမှာ စကားပုံခေါ်မလား၊ ဆိုရိုးခေါ်မလား ရှိတယ်လေ၊ “အစကောင်းမှ အနှောင်းသေချာ” ဆိုတာရှိတယ်လေ။ နောက်တစ်ခုက “ခုရှုပ်မှ နောင်ရှင်း” ဆိုတဲ့အသုံးအနှုန်းတစ်ခုကလည်းရှိတယ်။ ဒါကြောင့်မို့လို့ ဒီ Political Terminology တွေဟာ စကားအရပြောလိုက်တာပါဆိုတဲ့ဟာ တစ်ခုနဲ့ မလုံလောက်ဘူး။ ဘာဖြစ်လို့လည်းဆို တစ်ချိန် မှာ ပြန်ရှင်းရတာ တော်တော်လေးအချိန်ကြာသွားနိုင်တယ်။ ကျနော်တို့တိုင်းပြည်က နောက်ထပ်နှစ်ပေါင်း (၆၀) မပြောနဲ့ဗျာ၊ နောက်ထပ် ငါးနှစ် ဆယ်နှစ်တောင် အဆုံးရှုံးမခံနိုင်တော့အောင် ကျနော်တို့ တိုင်းပြည်က ခေတ်နောက်ကျကျန်နေခဲ့ပြီ။

စင်္ကာပူ၊ မလေးရှားလောက်ကိုကြည့်လိုက်ရင်ကို ကျနော်တို့ဘယ်လောက်နောက်ကျနေတယ်ဆိုတာသိနိုင်ပါတယ်။ အနီးဆုံး ဘန်ကောက်လောက်ကို ကြည့်ရင်တောင် ကျနော်တို့ရန်ကုန်မြို့နဲ့တခြားစီဖြစ်သွားပြီ။ ဆိုတော့ အဲဒီအချိန်တွေကို ကျနော်တို့နောက်ထပ်အဆုံးရှုံးမခံနိုင်တော့ဘူး။

ဒါကြောင့် ဒီကိစ္စတွေကို အစကတည်းက ကျနော်တို့သေသေချာချာလေးလုပ်ရမယ်လို့မြင်တယ်။ အဲဒါဘယ်သူ့မှာတာ ဝန်ရှိတယ်ရယ်လို့တော့မဟုတ်ဘူး။ NLD ကအစိုးရဖြစ်လို့ NLD ကလုပ်ရမယ်လို့ ပြောချင်တာမဟုတ်ဘူး။ ကြံ့ခိုင်ရေးကလုပ်ရမယ်၊ တပ်မတော်ကဦးဆောင်ရမယ်လို့ ပြောနေတာလည်းမဟုတ်ဘူး။ ဒီကိစ္စမှာ ဘယ်သူဦးဆောင်မလဲဆိုတာထက် ကျနော်တို့အားလုံးအတူတူလုပ်ရမယ့်အလုပ်ဖြစ် တာကြောင့် အင်အားစုတိုင်းမှာတာဝန်ရှိတယ်လို့ပဲ ကျနော် ခံယူတယ်ဗျ။

ငြမ်းမီဒီယာ – နာဂအမျိုးသားပါတီက ဖက်ဒရယ်ဘက်ကိုဦးတည်ပေမယ့် EAO အဖွဲ့တစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K) ကတော့ GPRN လိုမျိုးတောင် ဖွဲ့ပြီး Confederate ဘက်ပိုအားသာတာတွေ့ရတယ်။ ဒီအချက်က ရေရှည်မှာ နိုင်ငံရေးရည်မှန်းချက်အရ ထိပ်တိုက်တွေ့နိုင်တဲ့ Political Conflict ဖြစ်လာနိုင်သလား။

USM – အဲဒီအချက်ကတော့ ကျယ်ပြန့်တဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ သူက Conflict of Interest ပေါ့။ Conflict ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့်ကျနော်တို့ပြန်စဉ်းစားကြည့်တယ်။ ကောင်းပြီ ဒါဆိုကျနော်တို့ နာဂဆိုတာ မြန်မာပြည်မှာရှိတဲ့ Population size နဲ့တွက်ရင် ကျနော်တို့ကနည်းနည်းလေးပဲ။

ဒါပေမယ့် အများစုဆိုရင် အိန္ဒိယဘက်မှာရှိတယ်။ လောလောဆယ် အိန္ဒိယတစ်ခုလုံးမှာဆိုရင် Majority Political Power ကို ကိုင်ထားတာသည် နာဂပဲဖြစ်တယ်။ နောက်ပြီးတော့ ဒီလက်နက်ကိုင်လမ်းစဉ်မှာလည်း Political Bargaining လုပ်နိုင်တဲ့အင်အားစုဟာ နာဂလက်နက်ကိုင်ဖြစ်တယ်။ အဲဒီတော့ ရပ်တည်ချက်တွေက နာဂလက်နက်ကိုင်တွေမှာ အတူတူပဲဖြစ်တယ်။

ဒါပေမယ့်အိန္ဒိယမှာ နာဂပါတီ NPF ဆိုတာရှိတယ်။ သူလဲနှစ်ပေါင်းအများကြီး လုပ်ခဲ့တယ်။ အိန္ဒိယဘက်အခြမ်းနဲ့ပြောရင် မြေပေါ်နိုင်ငံရေးပါတီပေါ့။ နာဂလူမျိုးကိုကိုယ်စားပြုပြီး အိန္ဒိယရဲ့တရားဝင်နိုင်ငံရေးပါတီဖြစ်တယ်။ အိန္ဒိယရဲ့ Constitution ထဲကနေ နာဂလူမျိုးအတွက် Political Right အတွက်၊ လူ့အခွင့်အရေးတွေအတွက်၊ Development Package အတွက် စသဖြင့် အမျိုးမျိုးပေါ့ဗျာ။ သူတို့ရပ်တည်တဲ့ အနေအထားတစ်ခုမှာ Within the Constitution ပေါ့။ Constitution ထဲကနေ ကိုယ့်ရဲ့လူမျိုးစုအတွက် Political Right ကို သူတို့လည်းလုပ်သင့်လုပ်ထိုက်တဲ့အတိုင်းအတာတစ်ခုကို လုပ်ကြတဲ့အနေအထားလည်းရှိတယ်။

တစ်ဖက်က ဒီတော်လှန်ရေးအင်အားစုတွေဟာ သူ့ဟာနဲ့သူလှုပ်ရှားနေတဲ့အခါမှာ ဒီကိစ္စကတော့ သူ့အပိုင်းနဲ့ သူတော့ရှိကြလိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အဓိကကတော့ Approach ပေါ့ဗျာ။ ကျနော် တို့ ဘယ်လို Approach နဲ့ အလုပ်လုပ်သလဲ။ ကျနော်တို့ရဲ့ ရပ်တည်လုပ်ကိုင်နေတဲ့အရာတွေကို ကျနော်တို့ဘယ်လိုညှိ နှိုင်းလုပ်ကိုင်မလဲဆိုတဲ့အချက်ကတော့ မေးခွန်းတစ်ခုအနေနဲ့ရှိနေမှာပဲ။ အဲဒီမှာ ဆရာပြောတဲ့အချက်တစ်ခုကို လက်ခံတာကတော့ တကယ်လို့များအခန့်မသင့်တဲ့အချိန်ကာလတစ်ခုခုမှာ Confrontation တွေဖြစ်ကောင်းဖြစ်နိုင်တယ်။ Confrontation လို့ပြောတဲ့အခါမှာ ဘယ်လို Confrontation ဖြစ်မလဲဆိုတာတော့ရှိတာပေါ့။

အဓိကကတော့ ကျနော်တို့ ရပ်တည်ချက်ရော၊ လမ်းစဉ်ရော မတူတဲ့အခါ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း အဲဒီလိုဖြစ်မယ် လို့ ကျနော်ကအတည်ပြုတာတော့ မဟုတ်ဘူး။ ကျနော်တို့အများကြီး ဆက်စပ်စဉ်းစားပြီးညှိနှိုင်းရမယ့်အနေအထားမျိုးတွေလည်း ရှိချင်ရှိမှာပေါ့။ နောက်အဲဒီဟာမှာအရေးကြီးတာက Peace Process ပေါ့ဗျာ။ လက်နက်ကိုင်ဆိုတာ တစ်သက်လုံးတော်လှန်ရေးလုပ်ပြီး တောထဲမှာပဲနေမယ့်အဖွဲ့အစည်း မဟုတ်ပါဘူး။ အချိန်ကာလတစ်ခုအတွင်းမှာ ငြိမ်းချမ်းရေး Framework သို့မဟုတ် (ငြိမ်းချမ်းရေးလို့ပြောမယ်ဆို အခုလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကိုပဲ ပြောတာမဟုတ်ဘဲနဲ့) ငြိမ်းချမ်းရေးလုပ်မယ့် အခင်းအကျင်းတစ်ခု Platform တစ်ခုဟာ Stakeholder အားလုံး၊ Armed Group တွေအားလုံးဝိုင်းပါလို့ရမယ့် လက်ခံနိုင်မယ့်ပုံစံအသွင်တစ်ခုနဲ့ ဖြစ်လာခဲ့မယ်ဆိုရင် ဒီလက်နက်ကိုင်တွေလည်း ပါလာကြမယ်လို့ကျနော်ထင်ပါတယ်။

ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲသေနတ်ကိုင်ကိုင် နိုင်ငံရေးဆွေးနွေးမှုမှာပဲအဆုံးသတ်ကြတယ်။ နိုင်ငံရေးရဲ့အဖြေဟာသေနတ်ကိုင်ခြင်းမဟုတ် ဘူး။ နောက်ဆုံးမှာ Political Discussion နဲ့ပဲအဆုံးသတ် တာဆိုရင် အဲဒီမှာပဲအဖြေရှိမယ်ထင်ပါတယ်။

တိုင်းရင်းသားပါတီတွေ မှိုလိုပေါက်နေတယ် ဆိုတာက မှိုလိုပေါက်ခြင်းဟာ ပိုက်ဆံရှိလို့တည်ထောင်ကြတာမဟုတ်ဘဲနဲ့ မရှိ ရှိတာလေးတွေနဲ့ ကိုယ့်လူမျိုးစုအတွက် မလုပ်လို့လို့မရဘူးဆိုတဲ့အခြေအနေတစ်ခုကြောင့်လုပ်ကြတာပါ။ ပြည်ထောင်စုရဲ့ …

ငြမ်းမီဒီယာ – လက်ရှိအခြေအနေမှာ တိုင်းရင်းသားလူမျိုး တွေရဲ့ နိုင်ငံရေးအခွင့်အလမ်းကိုရော ဘယ်လို အကဲခတ်မိပါသလဲ။

USM – အဲဒီမှာစဉ်းစားစရာက နှစ်ခုရှိတယ်။ ပထမတစ်ချက် က တိုင်းရင်းအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘာလို့လက်နက်ကိုင်ကြသလဲဆိုတဲ့မေးခွန်းတစ်ခု။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ တိုင်းရင်းသားတွေက အသိအမှတ်ပြုခြင်းမခံရဘူးဆိုတဲ့အချက်ပေါ့။ တစ်ခုခုဆုံးရှုံးနေတယ် ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် လက်နက်ကိုင်အားလုံးတော့ အဲဒီအဓိပ္ပါယ်မသက်ရောက်ဘူး။

တချို့လက်နက်ကိုင်တွေလည်း ကိုယ်ကျိုးစီးပွားလုပ်ဖို့ လက်နက်ကိုင်တာ ရှိကောင်းရှိနိုင်တာပေါ့ဗျာ။ ကျနော်တော့ မသိနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် ယေဘုယျသဘောပြောရမယ်ဆိုရင် တိုင်းရင်းသားနာမည် တစ်ခုနဲ့ လက်နက်ကိုင်တယ်ဆိုကတည်းက သူတို့ဟာ Political Right တစ်ခုကို Claim လုပ်ဖို့တိုက်ပွဲဝင်ကြတယ်ပေါ့။ ထိုနည်းတူစွာ မြေပေါ်နိုင်ငံရေးက ကျနော်တို့လမ်းစဉ်ကို ပြန်ကြည့်ရင်လည်း တိုင်းရင်းသားလူမျိုးတွေကိုအခြေပြုပြီးတော့ လူထုအင်အားနဲ့ လူထုရဲ့ People Power တစ်ခုကိုတည်ဆောက်ပြီး Political Right တစ်ခုအတွက် ဥပဒေဘောင်ထဲကနေ အလုပ်လုပ်ဖို့ရပ်တည်တယ်ဆိုတာကိုက၊ ပြည်မရဲ့ပါတီတစ်ခုထဲမှာ မရပ်တည်ဘဲနဲ့ ကိုယ့်တိုင်းရင်းသားလူမျိုးပါတီတစ်ခုအနေနဲ့ ရပ်တည်တယ်ဆိုကတည်းက ဒါဟာ သူတို့ရဲ့ဆုံးရှုံးနေတဲ့လူမျိုးစုရပိုင်ခွင့်တွေ၊ နိုင်ငံရေးအခွင့်အရေး တွေကို ပြန်ရယူဖို့လုပ်တယ်ဆိုတာ ထင်ရှားနေတယ်။

အခွင့်အရေးတွေဆုံးရှုံးနေတယ်ဆိုတဲ့ အချက်အတွက်ပြယုဂ်တစ် ခုလိုဖြစ်လာတယ်။ တကယ်လို့သာ အားလုံးဟာတန်းတူညီမျှဝါဒဖြူစင်ဆိုသလိုဖြစ်နေရင် ဘာတိုင်းရင်းသားပါတီမှရှိလာစရာအကြောင်းမရှိဘူးပေါ့ဗျာ။ အမေရိကန်တို့ ဘာတို့လို Democrat လား၊ Republican လား အဲဒီပုံစံထဲမှာပဲသွားကြမှာပေါ့ဗျာ။

အခု တိုင်းရင်းသားပါတီတွေ မှိုလိုပေါက်နေတယ် ဆိုတာက မှိုလိုပေါက်ခြင်းဟာ ပိုက်ဆံရှိလို့တည်ထောင်ကြတာမဟုတ်ဘဲနဲ့ မရှိ ရှိတာလေးတွေနဲ့ ကိုယ့်လူမျိုးစုအတွက် မလုပ်လို့လို့မရဘူးဆိုတဲ့အခြေအနေတစ်ခုကြောင့်လုပ်ကြတာပါ။ ပြည်ထောင်စုရဲ့အဝန်းအဝိုင်းအတွင်းမှာ ငါတို့အတွက် လွှတ်တော်ထဲမှာ ဥပဒေနဲ့အညီ ငါတို့တိုက်ပွဲဝင်ရမယ်ဆိုတဲ့ ရပ်တည်ချက်၊ စိတ်ခံစားမှုတွေပေါ်ထွန်းတယ်ဆိုတာက တကယ်တမ်းတွေးကြည့်ရင် ဝမ်းနည်းစရာကြီးပါဗျာ။

ဖက်ဒရယ်ကိုတအား အားပြုထားရင် Confederation တွေဘာတွေနဲ့ အမျိုးမျိုးဖြစ်နိုင်တော့ ပြည်မမှာလည်းပြဿနာရှိနိုင်တာပေါ့။ မှန်တယ်။ ပြည်မဘက်ကစိုးရိမ်ပူပန်မှုကိုလည်း ကျနော်နားလည်တယ်။ နောက် တပ်မတော်ဘက်က …

ငြမ်းမီဒီယာ – တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးရှိတယ်ဆိုတဲ့နိုင်ငံတစ်ခုမှာ လူမျိုးအသီးသီးက ကိုယ့် Identity ကို ဆုပ်ကိုင်ရှေ့တန်းတင်လာကြရတဲ့ အခြေအနေတစ်ခုဆီ ဦးတည်လာရင် Idenitity Conflict တွေဖြစ်လာပြီး Peace Process ကိုနှောင့်နှေးသွားစေတာမျိုးမဖြစ်နိုင်ဘူးလား။

USM – ဟုတ်တယ်ဆရာ။ အဲဒါမှန်ပါတယ်ဗျ။ ခုလိုပြောတဲ့ဟာလေးက ကောင်းပါတယ်။ ဒီမှာကျနော်ပြောချင်တာက ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့အဲဒီအသုံးအနှုန်းနှစ်ခုကိုပဲ အာရုံစိုက်ပြီးဆွေးနွေးမယ်ဆိုရင်တောင် တော်တော်လေးပြည့်စုံပါတယ်။ ဟုတ်ပြီ ဒီမိုကရေစီဖြစ်ခြင်းကိုတည်ဆောက်မယ်ဆိုရင် Human Rights နဲ့ နိုင်ငံသားဖြစ်ခြင်းအပေါ်မှာပဲ အခြေခံရမယ်။

ဒါဆိုတစ်ခုရှိတာက မြန်မာနိုင်ငံကို တည်ထောင်ဖို့ ပင်လုံစာချုပ်ချုပ်ခဲ့တာမှာ ဒီမိုကရေစီစံနှုန်းတန်ဖိုးနဲ့အညီတည်ထောင်မယ်လို့ စာချုပ်ချုပ်ခဲ့တာမဟုတ်ဘူး။ အဲဒီမှာပြဿနာတစ်ချက်ရှိတယ်။ မြန်မာနိုင်ငံလို့ တည်ထောင်ကတည်းက ပြည်ထောင်စုအနှစ်သာရကိုယ်၌ က Democratic Value မဟုတ်ခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဒီမိုကရေစီသမား မဟုတ်ဘူး။ အဓိပ္ပါယ်က။ ဒါ ကျနော်တို့အားလုံးသိပြီးသား သမိုင်းတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့တည်ထောင်ချင်တဲ့ ဖက်ဒရယ်ဟာ ဘာပုံစံလဲဆိုတာ ကျနော်တို့ပြန်ပြီးတော့ ဆွေးနွေးဖို့ လိုတယ်ဆိုတာကို ကျနော်ပြောချင်တာ။

အဲဒီနေရာမှာ ဒီမိုကရေစီဖြစ်ခြင်းနဲ့ ဖက်ဒရယ်ဖြစ်ခြင်းဆိုတဲ့ အဲဒီနှစ်ခုကို (ဖက်ဒရယ်အရင်ဖြစ်ဖြစ် ဒီမိုကရေစီအရင်ဖြစ်ဖြစ် ကြိုက်တာအရင်ဖြစ်ဗျာ။ သိပ်ကိစ္စမရှိဘူး) အနှစ်သာရသဘောအရ ဖက်ဒရယ်နဲ့ Democratic Value ကြားမှာ ကျနော်တို့ဘယ်လိုပုံစံနဲ့သွားမလဲ။ အခုပြောနေတဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုတဲ့ ပုံစံကို ကျနော်တို့ ဘယ်လိုသွားချင်တာလဲဆိုတဲ့ အဲဒီ Structure တစ်ခု၊ အဲဒီ Principle တစ်ခုကို ကျနော်တို့သေသေချာချာမဆွေးေ နွးရသေးဘူး။ အဲဒီဟာက ပြဿနာဖြစ်နေတာ။

ကျနော်တို့မျှော်လင့်တာက အခု ပင်လုံညီလာခံတို့၊ နှစ်ဆယ့်တစ်ရာစုတို့ ခေါင်းစဉ်ကြိုက်တာပေး၊ ရတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲက နေ ဒီအရာတစ်ခုကို ဖော်ထုတ်နိုင်မလား၊ ဒီဆွေးနွေးဝိုင်းတွေဟာ ဒီပုံစံတစ်ခုကို Fomulate လုပ်နိုင်မလားဆိုတာကို ကျနော်တို့မျှော်လင့်တာ။

ဒီတိုင်းပြည်မှာရှိတဲ့ လူမျိုးတိုင်းရဲ့ Concern တစ်ခုဟာဘာလဲဆိုတာ ကျနော်တို့သေသေချာချာနားထောင်ဖို့လိုတယ်။ မှန်တယ်။ Concern တိုင်းကိုတော့ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် …

ဒါပေမယ့် နှစ်ပေါင်းဆယ်နှစ်ကြာရင်ကြာမယ်၊ နှစ်ပေါင်းနှစ်ဆယ်ကြာရင်ကြာမယ်။ It’s a long journey ။ အဓိက အဲဒီဟာပဲ။ မြန်မာနိုင်ငံရဲ့ Dream က အဲဒီဟာပဲ။ ဆိုတော့ ဖက်ဒရယ်ကိုတအား အားပြုထားရင် Confederation တွေဘာတွေနဲ့ အမျိုးမျိုးဖြစ်နိုင်တော့ ပြည်မမှာလည်းပြဿနာရှိနိုင်တာပေါ့။ မှန်တယ်။ ပြည်မဘက်ကစိုးရိမ်ပူပန်မှုကိုလည်း ကျနော်နားလည်တယ်။ နောက် တပ်မတော်ဘက်က စိုးရိမ်ပူပန်မှုတွေရှိနိုင်တယ်။ ဆိုတော့ ဒီမိုကရေစီဆိုတဲ့အရာအရ နိုင်ငံသားဖြစ်မှုကိုပဲ တအားဦးစားပေးလိုက်ရင် ကျနော်တို့မှာ အိမ်ရှင် ဧည့်သည်ပြဿနာလည်းရှိနေတယ်လေ။

နောက်ဘာသာတရားတွေအမျိုးမျိုးနဲ့ လော်ဘီတွေကလဲရှိနေတော့ တိုင်းရင်းသားနဲ့ ဗမာအခြေပြု Conflict ကြားထဲမှာ နောက်ထပ် ဘာသာရေးအခြေပြုလိုလို၊ အိမ်ရှင် ဧည့်သည်ပြဿနာ လိုလိုဟာတွေ ထပ်ဖြစ်လာမလားဆိုတာကိုလည်း စိုးရိမ်ရတယ်။

နောက် ကျနော်တို့ Parliament ရဲ့ လူဦးရေအချိုးအစားမှာ လူမျိုးစုအချိုးအစားကို ပြန်ကြည့်ရင်လည်း တိုင်းရင်းသားတွေအတွက်က တစ်မျိုးဖြစ်စေနိုင်တာပေါ့။ အဲဒီလိုအမျိုးမျိုးတွေပေါ့ဗျာ။ ဆိုတော့ ဒီဟာနှစ်ခုကြားမှာ မဇ္ဈိမပဋိပဒါပေါ့ဗျာ။ အဲဒီနေရာမှာတော့ မဇ္ဈိမပဋိပဒါရဲ့အနေအထားတစ်ခုကို ကျနော်သဘောကျတယ်။ နောက် ကျနော်တို့ Parliament ရဲ့ လူဦးရေအချိုးအစားမှာ လူမျိုးစုအချိုးအစားကိုပြန်ကြည့်ရင်လည်း တိုင်းရင်းသားတွေအတွက်က တစ်မျိုးဖြစ်စေနိုင်တာပေါ့။ အဲဒီလိုအမျိုးမျိုးတွေပေါ့ဗျာ။ ဆိုတော့ ဒီဟာနှစ်ခုကြားမှာ မဇ္ဈိမပဋိပဒါပေါ့ဗျာ။ အဲဒီ နေရာမှာတော့ မဇ္ဈိမပဋိပဒါရဲ့အနေအထားတစ်ခုကို ကျနော် သဘောကျတယ်။

ကျနော်တို့ အဲဒီလိုအလယ်အလတ်လမ်းစဉ်နဲ့ တိုင်းပြည်ကိုအကောင်းဆုံး ဘယ်လိုတည်ဆောက်မလဲဆိုတာကို ကျနော်တို့ဆွေးနွေးဖို့လိုနေတာဖြစ်တယ်။ အဲဒီလိုဆွေးနွေးတဲ့နေရာမှာလည်း နေပြည်တော်မှာအစိုးရဖွဲ့နိုင် တဲ့ ပါတီတစ်ခုတည်းက ဒီအတိုင်းလုပ်ရအောင်၊ ဒီအတိုင်းလုပ်ရအောင်ဆိုပြီး တိုင်းရင်းသားတွေလာခဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ မဖြစ်နိုင်ဘူးဆိုကို ကျနော်ပြောချင်တာ။

အခုဗမာပြည်မှာ လူတွေက ဘာဖြစ်လာလဲဆိုတော့ ဒီအလုပ်လုပ်လိုက်ပြီဆိုရင် ငါ့ကိုချန်ထားမလား၊ အဲဒီအထဲမှာ ငါ့ဘဝကြီးပျောက်သွားမလား၊ ငါတို့လူမျိုးက ဒီနေရာမှာအမှုန့်ဖြစ်သွားမလား …

ငြမ်းမီဒီယာ – Identity ကိုရှေ့တန်းတင်ကြရင်းနဲ့ တိုင်းရင်းသားတွေအချင်းချင်း မျိုးနွယ်စုအင်အားကြီးသူနဲ့ မျိုးနွယ်စုငယ်သူတွေကြားမှာ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေရော ဖြစ်မလာနိုင်ဘူးလား။

USM – အဲဒါက ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်တယ် ဖြစ်မလာနိုင်ဘူးဆိုတာက ကျနော်တို့ရဲ့ Political Separation of Power ၊ နောက်တစ်ခုက ကျနော်တို့ရဲ့ Practice ။ နှစ်ခုရှိတယ်။ ကျနော်တို့သည် မူအားဖြင့်ဘယ်လိုပြဌာန်းမလဲ။ ကျနော်တို့ရဲ့ Principle က ဘာလဲ။ ပြီးလို့ရှိရင် အဲဒီ Principle အပေါ်မှာ ကျနော်တို့ရဲ့ exercise ၊ ကျနော်တို့ရဲ့ Practice ၊ ကျနော်တို့တကယ်ကျင့်သုံးတဲ့လမ်းစဉ် ကျနော်တို့တကယ် ကျင့်သုံးတဲ့ အရာတစ်ခု Action ပေါ့။ အဲဒါတွေကိုကြည့်ရမယ်။

ပြောချင်တာက မူတော့ကောင်းတယ်၊ ဥပမာ ကမ္ဘာမကြေ ဆိုလိုက်တာနဲ့’တန်းတူညီမျှ ဝါဒဖြူစင်တဲ့ပြည်’ ဆိုတဲ့ စာသားပါတယ်။ သီချင်းတော့ကောင်းပေမယ့် မြန်မာပြည်မှာ အဲဒါဖြစ်နေတာ မဟုတ်ဘူး။

ဒါက Action တွေမလုပ်ဘူး၊ Exercise မလုပ်ဘူးဆိုတာပဲ။ မူအနေနဲ့တော့ကောင်းတယ်၊ ဒါပေမယ့် ဒီဖက်မှာ Exercise မလုပ်ဘူးဆိုရင် ကွဲပြားမှုကရှိ နေမှာပဲဖြစ်တယ်။ ဖက်ဒရယ်ဘယ်လောက်ပဲပြောပြော၊ လူမျိုးကြီးတဲ့အစုက လူမျိုးငယ်တဲ့အစုကို ဆင့်ကဲဆင့်ကဲဖိနှိပ် တယ်ဆိုရင် ဒါဟာဘယ်က ဆင်းသက်လာသလဲစဉ်းစားဖို့ လိုတယ်။ ဒါက Colonial ဝါဒပဲဖြစ်တယ်။ အုပ်ချုပ်သူနဲ့ အုပ် ချုပ်ခံလူတန်းစား၊ ပြောရရင်တော့ ပထမကမ္ဘာစစ်လောက် ကတည်းကဖြစ်ခဲ့တဲ့ လူမျိုးကြီးဝါဒပေါ့။

လူမျိုးကြီးဝါဒဆိုတာ မြန်မာနိုင်ငံမှာပဲ ရှိတာမဟုတ်ဘူး ကမ္ဘာကြီးမှာရှိခဲ့တဲ့ အရာဖြစ်တယ်။ ရှင်းရှင်းပြောရင် မြန်မာက အင်္ဂလိပ်တွေဆီက အမွေရလိုက်တာပဲ။ ဒါက ဆင့်ကဲဆင့်ကဲနဲ့ဖြစ်လာတာ။ လူဆိုတာက Learning လုပ်တတ်တယ်။ ဆိုတော့ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာရဲ့အရင်းအမြစ်ကို မရှင်းထုတ်နိုင်သမျှ ကာလပတ်လုံး လူတိုင်းက ငါဘယ်သူလဲဆိုတဲ့ ကောက်ရိုးတစ်မျှင်ဆိုလဲ အဲဒီကောက်ရိုးကို အသက်ရှင်ဖို့အတွက် အမိအရဆုပ်ကိုင်ဖက်တွယ်ပြီး ငါဘာကောင် ဘယ်လိုတော့လုပ်လိုက်ဦးမယ်ဆိုတဲ့ အဲဒီအဆင့်ကိုရောက်လာတယ်။ ဆိုတော့ Root Cause ကိုသေသေချာချာဖြေရှင်းနိုင်ပြီး ‘ခင်ဗျားစိတ်မပူနဲ့၊ ခင်ဗျားတို့ကျနော်တို့က အတူတူ’ ဆိုတာကို လုပ်နိုင်ဖို့လိုတယ်။

NLD အစိုးရအနေနဲ့ အကောင်းဆုံးလမ်းကြောင်းတွေဖွင့်ပြီးတော့ပဲဖြစ်ဖြစ်၊ ခုနကပြောခဲ့တဲ့ မဟာဗျူဟာလမ်းစဉ်တွေချမှတ်ပြီးတော့ပဲဖြစ်ဖြစ် တိုင်းရင်းသားအင်အားစုတွေကို ကျနော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကို မဖြစ်စေရပါဘူးဆိုတဲ့ …

ကျနော်တို့ဗျာ လွတ်လပ်ရေးကြီးတောင် လူမျိုးမတူတဲ့လူတွေ အတူတူယူနိုင်ခဲ့ကြတာပဲ။ ဒီအရာတစ်ခုလောက်ကို ဖြေရှင်းနိုင်ရမှာပေါ့။ ဒါပေမယ့် အဲဒီလိုဖြေရှင်းဖို့ Principle တွေချမယ်၊ Framework တွေပြောမယ်၊ မူဝါဒတွေ ထုတ်ပြန်မယ်၊ Policy တွေပြောမယ်ဆိုရင်လဲ အဲဒီမှာပဲ မဟုတ်ဘဲနဲ့ တကယ့် Exercise လုပ်တဲ့အထိ၊ Practical လမ်းစဉ်မှာ Action လုပ်တဲ့အထိ Follow လုပ်မယ်ဆိုရင် လူတွေရဲ့ Concern တွေလည်းလျော့သွားမယ်။

အခုဗမာပြည်မှာ လူတွေက ဘာဖြစ်လာလဲဆိုတော့ ဒီအလုပ်လုပ်လိုက်ပြီဆိုရင် ငါ့ကိုချန်ထားမလား၊ အဲဒီအထဲမှာ ငါ့ဘဝကြီးပျောက်သွားမလား၊ ငါတို့လူမျိုးက ဒီနေရာမှာအမှုန့်ဖြစ်သွားမလားဆိုတဲ့ အဲဒီစိုးရိမ်မှုတွေရှိနေတယ်။ ဆိုတော့ ဒီတိုင်းပြည်မှာရှိတဲ့ လူမျိုးတိုင်းရဲ့ Concern တစ်ခုဟာဘာလဲဆိုတာ ကျနော်တို့သေသေချာချာနားထောင်ဖို့လိုတယ်။ မှန်တယ်။ Concern တိုင်းကိုတော့ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဟာကိုဖြေရှင်းပေးနိုင်မယ့် Political Participatory တစ်ခုကို ကျနော်တို့ ဘယ်လိုဆွေးနွေးနိုင်မလဲ။

လူတွေအားလုံးစိုးရိမ် ပူပန်မှုကို ပြေလျော့စေနိုင်တဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုကို ကျနော်တို့ဘာလုပ်ပေးနိုင်သလဲဆိုတာစဉ်းစားဖို့လိုတယ်။ ခု Interview မှာတစ်ခါတည်းနဲ့ပြည့်စုံအောင်အဖြေရှာတဲ့နေရာတစ်ခုလည်း မဟုတ်တဲ့အခါကျတော့ ဒီဟာက Long Process ဖြစ်တယ်၊ အဲဒီ Process ထဲကို ကျနော်တို့အတူတူသွားပြီးတော့ ရှာဖွေနိုင်မှပဲတွေ့မယ်လို့ ကျနော်တော့ ဒီလိုမျှော်လင့်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောကြားပေးပါဦး။

USM – ကျနော်တို့ကတော့မျှော်လင့်တာပေါ့ဗျာ။ တိုင်းရင်းသားပါတီတွေကလည်း ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရလဒ်ပိုင်းရှုံးနိမ့်ကြတဲ့အတွက်တော့ ဝမ်းနည်းတယ်လို့ပဲပြောချင်ပါတယ်။ မျှော်လင့်ချက်က ဒီလိုပါ။ ကျနော်တို့က ပြည်မပါတီတွေနဲ့ယှဉ်ပြီးတော့လက်သီးလက်မောင်းတန်းဖို့ ဒီရွေးကောက်ပွဲကိုဝင်ကြတာမဟုတ်ဘဲ ဒီတိုင်းပြည်ကိုတည်ဆောက်ဖို့ ၂၀၂၀ အခင်းအကျင်းမှာ ပါဝင်နိုင်အောင်ဆိုတဲ့အချက် ပါ။

ပြည်မပါတီကြီးတွေ အစိုးရဖွဲ့မှု မဖွဲ့မှုဆိုတာထက် ကျနော်တို့အားလုံးသည် တိုင်းပြည်မှာ Political Settlement တစ်ခုကို ကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ဖို့ကို ရည်ရွယ်တာပါ။ ဒါခုနကကျနော်ပြောတဲ့ Participatory ပေါ့။

တကယ်ပဲ ဒီဟာသည် Inclusive ပုံစံမျိုးနဲ့ ဆွေးနွေးနိုင်မယ့် Platform တစ်ခုများဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲဝင်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ ဆုံးရှုံးတဲ့အခြေအနေတစ်ခုရှိခဲ့တယ်။ သို့သော်လည်း ဒီဟာမှာ NLD ကအများဆုံးနိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် NLD ကိုရည် ညွှန်းပြီးပြောရမယ်ဆိုရင်တော့ NLD အစိုးရအနေနဲ့ အကောင်းဆုံးလမ်းကြောင်းတွေဖွင့်ပြီးတော့ပဲဖြစ်ဖြစ်၊ ခုနကပြောခဲ့တဲ့ မဟာဗျူဟာလမ်းစဉ်တွေချမှတ်ပြီးတော့ပဲဖြစ်ဖြစ် တိုင်းရင်းသားအင်အားစုတွေကို ကျနော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကို မဖြစ်စေရပါဘူးဆိုတဲ့ အသွင်သဏ္ဍန်မျိုးနဲ့ ကျနော်တို့ရဲ့ Participation ကို Recognize လုပ်မယ်၊ ကျနော်တို့လည်း ဆွေးနွေးပါဝင်ခွင့်ရှိမယ်ဆိုရင်တော့ အချိန်ကာလတစ်ခုမှာတော့ ပိုကောင်းလာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါလေးတော့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , , , ,