နိုင်ငံရေးအရ သူ့ဘက်ကိုယ့်ဘက် အသာစီးလုပ်နေတာတွေက ညှိနှိုင်းရေးမှာ အခက်အခဲရှိမယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UMMS/ KBC / နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး

NLD ကလည်း ဒီမိုကရေစီနဲ့ တိုင်းရင်းသားကိစ္စလို့ပဲ ပြောတာပေါ့။ ကျွန်တော် အခြေခံချင်တာ ကတော့ တိုင်းရင်းသားအရေးကို နည်းနည်းပိုပြီး ဦးစားပေးသင့် တယ် …

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် ကော်မတီ တစ်ရပ်ဖွဲ့စည်းရေး အဆိုကို NLD ပါတီမှ ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်တွင် ယမန်နေ့က တင်သွင်းခဲ့ပြီး တပ်မ တော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း မဲခွဲ အတည်ပြုနိုင်ခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် NLD ပါတီ၏ ကြိုးပမ်းမှု အောင်မြင်ချေ အလားအလာများနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရေး အဆို လက်ခံဆွေးနွေးဖို့ မနေ့က အတည်ပြုခဲ့ပါတယ်။ အောင်မြင်နိုင်မယ်၊ အခြေအနေ အကောင်း ဘက်ကို ဦးတည်လာမယ်လို့ ယူဆလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMMS – အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ တပ်မတော်က သဘောတူဖို့လည်း လိုတယ်ဆိုတာကို အားလုံးအသိပဲ ဖြစ်တာကိုး။ အဲဒီတော့ ဘယ်လိုပုဒ်မတွေကို ဘယ်လိုပြင်မယ်ဆိုတာ ညှိနှိုင်းနိုင် တယ်ဆိုရင်တော့ အဲဒီ ညှိနှိုင်းနိုင်တဲ့ ပုဒ်မတွေက ပြင်လို့ရမှာပါ။

ငြမ်းမီဒီယာ – မနေ့က လွှတ်တော်မှာ ဖြစ်ခဲ့တဲ့ တပ်ကိုယ်စားလှယ်တွေရဲ့ တင်းမာမှုအနေအထားကို ကြည့် ရင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီကိစ္စကို ကြိုမညှိထားကြရသေးဘူးဆိုတဲ့ သဘောများ သက် ရောက်နေသလား။

UMMS – အဲဒီလိုပဲ ထင်ပါတယ်။ မနေ့က တင်တာတော့ Surprise လို ဖြစ်သွားတဲ့အခါမှာ ကြိုမညှိ ထားတဲ့ အတွက်ကြောင့်မို့ ဖြစ်သွား တဲ့ ပြဿနာလို့ ထင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ့်အရာလို့ပဲ ထင်ပါတယ်။

နိုင်ငံရေးအရ သူ့ဘက်က အသာစီး၊ ကိုယ့်ဘက်က အသာစီး လုပ်နေတာတွေကတော့ ညှိနှိုင်းရေးမှာ အခက်အခဲ ရှိ မယ်လို့ ထင်ပါတယ်။ ညှိနှိုင်းရေးမှာ အောင်မြင်ချင်တယ် ဆိုလို့ရှိရင် တော့ အားလုံးက …

ငြမ်းမီဒီယာ – ဒီတော့ NLD နဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေ အရင်ညှိ ပြီး ဒီအခြေခံပေါ်မှာ လွှတ်တော်အပိုင်းက ဆက်သွားရမယ် ဆိုတဲ့ သဘောကို ပြောချင်တာလား။

UMMS – ဟုတ်ပါတယ်။ အဓိကကတော့ NLD ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်း ညီလို့ရှိရင် လိုအပ်တဲ့ ရာခိုင်နှုန်းက တော့ ရပါတယ်။ အဓိကက အဲဒီမှာ ညှိဖို့ လိုအပ်တာပဲ။ ခေါင်းဆောင်ပိုင်းပဲ ညှိမလား၊ ဒါမှမဟုတ် ကော်မတီထဲမှာပဲ ထည့်ညှိမလား၊ ဘယ်နေရာက ညှိညှိပေါ့ဗျာ။ ညှိနှိုင်းပြီး အဖြေတစ်ခု ထွက်ဖို့ပဲ။ ဘာတွေ ဘာတွေ ပြင်မယ်ဆိုပြီး ညှိနှိုင်းပြီး သဘောတူမှပဲ ပြင်လို့ရမှာပါ။

တပ်ဖက်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို မကန့် ကွက်ဘူးလို့ ဆိုထားတာကိုး။ နောက် တချို့ပုဒ်မတွေ ပြင်ဆင်ဖို့ ခွင့်ပြုမယ်လို့ ပြောဆိုထားတာတွေ ရှိတဲ့အတွက်ကြောင့်ပါ။ အဓိက ပြဿနာကတော့ ဘာတွေပြင်ကြမယ် ဆိုတာ နဲ့ ပတ်သက်ပြီးတော့ တစ်ချက်ချင်း ညှိနှိုင်းဖို့ အရေးကြီးတယ် …

ငြမ်းမီဒီယာ – ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ၂၀၁၅ တုန်းကလည်း တစ်ကြိမ် ပြင်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း သမ္မတ အရည်အချင်းကိစ္စနဲ့ တခြားအချက်အချို့လောက်ပဲ ပြင်နိုင်ခဲ့တယ်။ အခုတစ်ကြိမ်မှာရော ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ ယူဆလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMMS – အဓိကတော့ ကျွန်တော်မျှော်လင့်တာကတော့ တိုင်းရင်းသား ကိစ္စတွေနဲ့ ပတ်သက်လို့ပေါ့။ ပြင်ဖို့ကို အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်။ ဘာပြင်ကြမလဲ ဆိုတာကတော့ ကျွန်တော်လည်း ကြိုတင်ခန့်မှန်းရတာ ခက်ပါတယ်။ NLD ကလည်း ဒီမိုကရေစီနဲ့ တိုင်းရင်းသားကိစ္စလို့ပဲ ပြောတာပေါ့။ ကျွန်တော် အခြေခံချင်တာ ကတော့ တိုင်းရင်းသားအရေးကို နည်းနည်းပိုပြီး ဦးစားပေးသင့် တယ်လို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – ခေါင်းဆောင်ပိုင်း တွေ့ဆုံညှိနှိုင်းရေးမှာလည်း အရင်က လေးပွင့်ဆိုင်တို့၊ ခြောက်ပွင့်ဆိုင်တို့ လုပ်ခဲ့တုန်းကလည်း အဖြေမှ မထွက်ခဲ့ဘူး။ အခုအချိန်မှာရော အဲဒီ အခြေအနေနဲ့ ကွာခြားမှု ရှိနိုင်တယ်လို့ ယူဆလား။

UMMS – နည်းနည်းတော့ ကွာခြားမှု ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်ဖက်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို မကန့် ကွက်ဘူးလို့ ဆိုထားတာကိုး။ နောက် တချို့ပုဒ်မတွေ ပြင်ဆင်ဖို့ ခွင့်ပြုမယ်လို့ ပြောဆိုထားတာတွေ ရှိတဲ့အတွက်ကြောင့်ပါ။ အဓိက ပြဿနာကတော့ ဘာတွေပြင်ကြမယ် ဆိုတာ နဲ့ ပတ်သက်ပြီးတော့ တစ်ချက်ချင်း ညှိနှိုင်းဖို့ အရေးကြီးတယ်လို့ပဲ ထင်ပါတယ်။

ငြမ်းမီဒီယာ – တလောက AA ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ပြောလို့ တပ်မတော်က တိုက်တဲ့သဘောပြောခဲ့တယ်။ အခု ဖွဲ့စည်းပုံပြင် ဆင်ရေး ကိစ္စမှာရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညှိနှိုင်းချက်တွေကို တပ်မတော်က ဘယ်လောက် လက်ခံနိုင်မယ်ထင်လဲ။

UMMS – တချို့နိုင်ငံရေးအရ သူ့ဘက်က အသာစီး၊ ကိုယ့်ဘက်က အသာစီး လုပ်နေတာတွေကတော့ ညှိနှိုင်းရေးမှာ အခက်အခဲ ရှိ မယ်လို့ ထင်ပါတယ်။ ညှိနှိုင်းရေးမှာ အောင်မြင်ချင်တယ် ဆိုလို့ရှိရင် တော့ အားလုံးက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ကြရင် တော့ ညှိနှိုင်းရေး အောင်မြင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – အခုလို နောက်တစ်ကြိမ် ရွေးကောက်ပွဲနီးချိန်မှာ NLD က ဖွဲ့စည်းပုံပြင်ရေး အသံကို ပြန်ထုတ် လာတာ ဘယ်လိုကြောင့်လို့ ထင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMMS – ဒါကတော့ အမျိုးမျိုး သုံးသပ်ချက် ရှိပါလိမ့်မယ်။ တဖက် ကလည်း NLD အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ လုပ်တယ် လို့ ပြောတဲ့သူလည်း ရှိပါလိမ့်မယ်။ တစ်ဖက်ကလည်းပဲ ၂၀၂၀ ရွေး ကောက်ပွဲ နီးလာတဲ့အတွက်ကြောင့်မို့ လုပ်တယ်လို့ ပြောတဲ့သူလည်း ရှိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဘယ်လိုပဲ ပြောသည် ဖြစ်စေ လက်တွေ့ရလဒ်ကိုပဲ ယူဖို့လိုအပ်မယ်လို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – NLD ဘက်က ပြင်ဆင်ရေးကို အခုမှ စလုပ်တယ်ဆိုတော့ ဒီသက်တမ်းအတွင်း ပြင်ဖို့ မီနိုင်ပါ့မလား။

UMMS – ဖိဖိစီးစီး ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ မီပါတယ်။

ငြမ်းမီဒီယာ – တဖက်မှာလည်း ၂၀၀၈ ကို မပြင်ချင်တဲ့ အမျိုးသားရေးအုပ်စု တွေ ရှိတယ်။ နောက် လူပြော များတဲ့ ၄၃၆ တို့၊ ၅၉(စ) တို့ကို မတို့ ထိစေချင်တဲ့ အမျိုးသားရေးဝါဒီ ပါတီတချို့ရှိတယ်။ သူတို့ကရော ဒီအခြေအနေကို အခွင့်အရေး ယူသွားနိုင်မလား။

UMMS – ပါတီငယ်တွေကတော့ ဆုံးဖြတ်ပေးနိုင်တဲ့ အထဲမှာ မရှိ ဘူးဗျ။ လောလောဆယ်မှာတော့။ အဓိကတော့ လွှတ်တော်ထဲမှာ အများစုဖြစ်နေတဲ့ NLD ရယ်၊ တပ်ရယ်က အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဆိုလိုတာက ဒီလိုပါ။ NLD နဲ့ တပ်မတော်ကြားမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ တင်းမာမှုကို အခွင့်ကောင်းအဖြစ် ပါတီငယ်တွေက ဖွဲ့စည်းပုံ မပြင်ချင်သူတွေဆီကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ မဲရရေး အသုံးချနိုင်တဲ့ အခြေအနေရှိလား။

UMMS – မရှိပါဘူး။

ငြမ်းမီဒီယာ – အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,