နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံအပေါ် သစ္စာ စောင့်မှု ၊အလေးထားမှုက လူမျိုး၊ကိုးကွယ်ရာ ဘာသာတွေနဲ့ ဆက်စပ်သလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / AMZ/ ဦးမြအေးနှင့် ဦအောင်မိုးဇော်

ငြမ်း /ဦးမြအေး (ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ )

ဘာမှကို မဆက်စပ်တာဗျ။ ဒီဘာသာကို ကိုးကွယ်လိုက်လို့ ဒီနိုင်ငံအပေါ် သစ္စာရှိမယ်။ဒီဘာသာကို ကိုးကွယ်လိုက်လို့ ဒီနိုင်ငံ အပေါ် သစ္စာဖောက်မယ်ဆိုပြီးတော့ မရှိပါဘူး။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံ ခဲ့တဲ့ အထဲမှာ ဘယ်မွတ်ဆလင် ပါလို့လဲ။ မရှိမှ မရှိတာ။ ပါမှ မပါတာ။ ကျဆုံးသွားတဲ့ အထဲမှာ ခရစ်ယာန်တွေရော၊ဟိန္ဒူတွေရော၊ မွတ်ဆလင် တွေရော ပါတာပဲ။

မြန်မာ ဘောလုံးအသင်း ရှုံးသွားလို့ အံ တကြိတ်ကြိတ်နဲ့ တောက်ခေါက်နေတဲ့ မုတ်ဆိတ်တွေ အများကြီး ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဒါက …

တိုင်းပြည်ကို သစ္စာရှိခြင်း၊ မရှိခြင်းက ကိုးကွယ်ရာ၊ဘာသာ လူမျိုးတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒီဘက်ခေတ်မှာဘာဖြစ်လာလဲ ဆိုတော့ sense of belonging ပေါ့။ သူတို့ရဲ့ နိုင်ငံအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု ၊အသိအမှတ်ပြုမှု အားနည်းလာတဲ့အပေါ်မှာ လူတွေက မျှော်လင့်ချက်မဲ့လာတယ်။ မျှော်လင့်ချက်မဲ့လာတော့ ဒီနေ့ထက်ထိ ကွန်မြူနတီတွေကို ကျေးဇူးတင်နေရတဲ့အချက်က အပြင်မျှော်တဲ့ အယူအဆ မရှိတာပဲ။ ကျနော်လက်တွေ့ပြချင်ပါတယ်။ မြန်မာဘောလုံးအသင်းနဲ့ ကန်တဲ့ပွဲတွေမှာဆိုရင် ကြုံရင် လက်ဖက်ရည်ဆိုင်တွေမှာ လာကြည့်ပါ။ မြန်မာ ဘောလုံးအသင်း ရှုံးသွားလို့ အံ တကြိတ်ကြိတ်နဲ့ တောက်ခေါက်နေတဲ့ မုတ်ဆိတ် တွေ အများကြီး ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဒါက တကယ်ရှိပါတယ်။ မြန်မာပြည် အလယ်ပိုင်းကိုသွားကြည့်လိုက် တစ်ရွာလုံး နီပါး ဘောလုံးရူးတာ။ ကျနော်လည်း ဘောလုံးရူးတာပဲ။ တိုင်းပြည်ချစ်စိတ်က လူမျိုးကိုးကွယ်တဲ့ ဘာသာနဲ့ မဆိုင်ပါဘူး။ ကိုးကွယ်တဲ့ ဘာသာတရားက တိုင်းပြည်ချစ်စိတ်ကို တိုးမလာစေနိုင်သလို လျော့လည်း မသွားပါဘူး။ မွတ်ဆလင်မှာဆို ကိုယ်နေထိုင်တဲ့ နိုင်ငံအပေါ် သစ္စာ ရှိခြင်းဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုအစိတ်အပိုင်းဖြစ်တယ်။ ပြဌာန်းချက်ရှိပါတယ်။ အဲဒီတော့ အဲဒါကို ဖောက်ဖျက်တာ ယုံကြည်မှုကို ဖောက်ဖျက်တာနဲ့ တူတူပါပဲ။

 

AMZ/ ဦးအောင်မိုးဇော် (ဥက္ကဌ ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )

ကျနော်တို့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာရှိတယ်။ ဒီဒုတ်ဦးဘချိုနဲ့ထင်တယ်။ သူနဲ့ ပြောခဲ့ဆိုခဲ့တာရှိတယ်။ ဘာသာရေးနဲ့ပတ်သက်လို့၊ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ။ ဘာသာရေးမစွက် ဖက်တဲ့ နိုင်ငံရေးစနစ်ကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာရှိတယ်။ ကျနော်တို့တိုင်းပြည်ထဲမှာ အယူအဆအရ၊ လူမျိုးအရ၊ အသွေးအရောင် အရ အစုံနေကြတာကိုး။ အဲဒီလူတွေအကုန်လုံးကကျနော်တို့ နိုင်ငံသားတွေပဲ။ ကျနော်တို့တိုင်းပြည် လွတ်လပ်ရေး ကြိုးပမ်းမှုမှာ လည်း ဒီလူ တွေအကုန်ပါခဲ့တာပဲ။ ဖက်ဆစ်တော်လှန်ရေးမှာလည်း ဒီလူ တွေအကုန်ပါခဲ့တာပဲ။ တပြိုင်နက်တည်းမှာ ကျနော်တို့ တိုင်းပြည် ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ လုပ်တော့မယ် ဆိုတော့လည်း ဒီလူတွေအကုန်ပါခဲ့တာပဲ။ ကျနော်တို့ လွတ် လပ်ရေးကြိုးပမ်းမှုတုန်းက ဆရာကြီးဦးရာဇတ်တို့ဆို ဒါမူဆလင်ဘာသာဝင်တွေပဲ။ ခရစ်ယာန်ဘာသာဝင်တွေလည်းရှိခဲ့မှာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီတိုင်းဒီပြည်အရေးမှာ ဒီလူအားလုံးပါပြီးတော့ အလုပ်လုပ်နိုင်အောင် နိုင်ငံရေး ခေါင်းဆောင်တွေက အဲဒီအမြှော်အမြင်နဲ့ကြိုးပမ်းဖို့လိုတယ် …

ကျနော်တို့ ဖဆပလအဖွဲ့ချုပ်ကြီး ဖွဲ့တဲ့အခါမှာ၊ ဂျပန်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ကြားဖြတ်အစိုးရ ဖွဲ့တဲ့အခါမှာ စောဘဦးကြီးတို့တောင်ပါတာပဲ။ ဒါ သူတို့ဆိုခရစ်ယာန်တွေ။ နောက်ပိုင်း ကရင်တော်လှန်ရေးလုပ်သွားတဲ့ ခေါင်းဆောင်တွေပေါ့။ အကုန်ပါခဲ့ကြတာပဲ။ ဆိုတော့ နိုင်ငံသားတစ်ယောက် နိုင်ငံကိုချစ်တဲ့ကိစ္စက သူတို့ကိုးကွယ်ယုံကြည်မှုနဲ့ ဘာမှမဆိုင်ဘူး။ ကိုးကွယ် ယုံကြည်မှုဆိုတာက သူတို့ရဲ့ပုဂ္ဂလိကကိစ္စ။ ကျနော်ဗုဒ္ဓဘာသာ ကျနော်ဗုဒ္ဓကိုယုံမယ်၊ ခင်ဗျားခရစ်ယာန်ဘာသာ ယေရှုကိုယုံမယ်၊ သူကအစ္စလာမ်ဘာသာ၊ မိုဟာမက်က သူတို့ရဲ့တမန်တော်။ အဲဒါတွေက သူတို့ပုဂ္ဂလိကကိစ္စတွေလေ။ ဒီတိုင်းဒီပြည်ကိုချစ်တာနဲ့မဆိုင်ဘူး။ ဒီတိုင်းဒီပြည်အရေးမှာ ဒီလူအားလုံးပါပြီးတော့ အလုပ်လုပ်နိုင်အောင် နိုင်ငံရေး ခေါင်းဆောင် တွေက အဲဒီအမြှော်အမြင်နဲ့ကြိုးပမ်းဖို့လိုတယ်လို့ ကျနော်ထင်တယ်။ အဲဒါမှ ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူ ဖြစ် လိမ့်မယ်လို့ ကျနော်တော့နားလည်တယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,