နေပြည်တော်မှာ အိမ်လိုက်ဌားနေတဲ့ နိုင်ငံခြားအဖွဲ့ သုံးဆယ်ကျော် စပိုင်တွေလား၊ကြေးစားလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရှစ်ရက်နေ့ နောက်ပိုင်း နေပြည်တော်မှာ နိုင်ငံခြားသား အဖွဲ့ သုံးဆယ်ကျော် အိမ်လိုက်ငှားရာမှာ အိမ်ရှင်တွေကို ကျည်ကာမှန်၊ကျည်ကာနံရံတွေ တပ်ဆင်ခိုင်းနေတယ်လို့ Min Hein Khant အမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ နိုဝင်ဘာ(၁၃) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။ သည်နေရာမှာကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Min Hein Khant အကောင့်ဟာ ရွေးကောက်ပွဲအပြီး ငါးရက်အကြာမှာ သည် အချက်အလက်တွေ ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

SS/ Min Hein Khant အကောင့်မှ Tag ထားသူများ

Min Hein Khant ဖေ့စ်ဘွတ်အကောင့်ဟာ သည် အကြောင်းအရာကို ဖြန့်ချိရာမှာ Nay Zin LattWin Maw အပါအဝင် ဖေ့စ်ဘွတ်အကောင့် (၄၉ ) ခုကို Tag ပြု ထားတာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊ React ပြုသူ အများအပြား ရှိတာလည်း တွေ့ရပါတယ်။

သည် Min Hein Khant ဖေ့စ်ဘွတ်အကောင့် ကနေ ဖြန့်ချိထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အမှား၊အမှန် အချက်အလက် စစ်ဆေးခဲ့ရာမှာ သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လို သတင်း ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

” ဒီသတင်းက ကျနော်တို့သိလည်း မသိဘူး။ကြားလည်း မကြားဖူးဘူး။ ဒီဟာ က မမှန်သတင်း ဆိုတာတော့ ရဲရဲတင်းတင်းပြောရဲတယ်” လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ က ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။

နေပြည်တော်ကို ခုလိုမျိုး နိုင်ငံခြားသားတွေ ဝင်ရောက်လာဖို့ မပြောနဲ့ ပြည်တွင်းကနေ ဝင်ရောက်ဖို့တောင် Stay Home သတ်မှတ်ထားတဲ့ ရန်ကုန်လိုမျိုးဆိုရင် Quarantine အနည်းဆုံး နှစ်ပတ်နေရတယ်။ တခြားတိုင်းနဲ့ပြည်နယ်ဆိုရင် ရောဂါကင်းစင်တဲ့နေရာအရ ငါးရက်ကနေ တစ်ပတ်လောက်အထိကြာတယ် လို့ ကိုဗစ်ကပ်ကာလ နေပြည်တော် သွားလာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ က ပြောပါတယ်။

သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Min Hein Khant ဖေ့စ်ဘွတ်အကောင့် ကနေ ဖြန့်ချိထားတဲ့ အကြောင်းအရာဟာ သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

ဒီလိုမျိူး နိုင်ငံခြားသားအဖွဲ့ ၃၀ လောက်ထိ ဝင်လာတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့သတင်းလို့ ကျနော်ရဲရဲပြောတယ် လို့ ဦးမင်းသူ က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နေပြည်တော်ဟာ နိုင်ငံမြို့တော်ဖြစ်လို့ ကိုဗစ်အရရော ကျန်တဲ့ဟာရော လုံလုံခြုံခြုံထိန်းထိန်းသိမ်းသိမ်း ဝိုင်းပြီးစောင့်ရှောက်နေကြတယ်။ ပြည်သူတွေ ကိုယ်တိုင်က သွားရေးလာရေးကအစ အဆင်ပြေပြေသွားလာလျှက်ရှိတယ် လို့ လည်း ဦးမင်းသူ ကဆိုပါတယ်။

” ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့နောက်ပိုင်း သတင်းအမှားတွေ ဖြန့်တယ်။ပြည်သူအများစုက ယုံလည်းမယုံကြည်ဘူး။ တချို့ဟာတွေကိုတော့ တနည်းအားဖြင့်မသိကြဘူး။အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ အလွန်အကျွံ အောင်ပွဲခံဖို့ မဖြစ်အောင်ဘဲ ဝိုင်းထိန်းနေရတယ်။ထိန်းထားတဲ့အချိန်မျိုးမှာ အလန့်တကြားဖြစ်အောင် အေးချမ်းနေတာကို မလိုလားတဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက သူတို့အချင်းချင်းပဲ သတင်းဖြန့်တဲ့ အနေအထားရှိတယ်” လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ က မှတ်ချက်ပြုပါတယ်။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,