နေပြည်တော် တပ်ထောက်ခံပွဲ သီတဂူဆရာတော် ကြွရောက်မည် ဟု သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နေပြည်တော်မှာ ကျင်းပမယ့် တပ်ထောက်ခံပွဲ ကို သီတဂူဆရာတော် ကြွရောက်မည်ဖြစ်ပြီး DKBA၊ BGF ၊KNU တို့ အနေနဲ့လည်း မျိုးချစ်အပေါင်း အား ဝန်းရံဖို့ လာရောက်မှာ ဖြစ်တယ်လို့ ခခရဲ့တိမ်ယံ ခခရဲ့တိမ်ယံ အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီ (၂၃) ရက်နေ့ မှာ ဖြန့်ချိခဲ့တာပါ။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အကြောင်းအရာမျိုးကိုပဲ လဟုစိတ္တဿ အမည်ရ ဖေ့စ်ဘွတ်အကောင့်ကလည်း ဖြန့်ချိထားတာ တွေ့ရပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

တပ်ထောက်ခံပွဲ ကို သီတဂူဆရာတော် ကြွရောက်မယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးကြည့်ခဲ့ရာမှာ သီတဂူ သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ သီတဂူ ဝက်ဘ်ဆိုဒ်မှာ သည်အကြောင်းအရာ နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မရှိပါဘူး။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘုန်းဘုန်းပြောမယ်။ အဲ့ဒါမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ဆရာတော်က အဲ့ဒါတွေလည်း မလုပ်ပါဘူး။ အဲ့ဒါ သတင်းအမှားပါ လို့ သီတဂူစတားဆရာတော် ဒေါက်တာကောဝိဒသိရီ က အတည်ပြုမိန့်ကြားပါတယ်။

မဟုတ်ပါဘူး။ ကျနော်တို့က ဘာမှမပြောလိုပါဘူး။ သတင်းအမှားက အမြဲတမ်း တက်နေတာပဲလေ။ ဒီအပေါ်မှာ သိပ်ထွေထွေထူးထူးတော့ မပြောချင်ပါဘူး။ ဒါကတော့ဖြစ်စဉ်အမှန်က အချိန်တန်ရင် လူတွေသိမှာပါ လို့ BGF တာဝန်ရှိသူတစ်ဦး က မှတ်ချက်ပြုပါတယ်။

ဘုန်းဘုန်းကဘာပြောချင်လဲဆိုတော့ အဲ့လိုFBပေါ်ကသတင်းတွေ၊ ဘုန်းဘုန်းတို့သီတဂူ တရားဝင်သတင်းတွေကနေ မကြေညာဘဲ ဆရာတော်ကြီးရဲ့နာမည်တွေကို အသုံးမပြုစေချင်ဘူး လို့ ဆရာတော် ဒေါက်တာကောဝိဒသိရီ က မိန့်ကြားပါတယ်။

ဆရာတော်ကြီးရဲ့ သတင်းတွေ တရားဝင် ထုတ်ပြန်ထားတဲ့ ဘုန်းဘုန်းတို့ သတင်းစာမျက်နှာတွေရှိပါတယ်။ အဲဒီကနေ တရားဝင်မကြေညာမချင်း ကြားထဲကနေ ဆရာတော်ကြီးရဲ့ နာမည်တွေကို အလွဲသုံးစားလုပ်ပြီး ခုတုံးလုပ်ပြီး နိုင်ငံရေးတွေ ဘာတွေ လုပ်တာတွေ ရှိနေတော့ အန္တရာယ် လည်း များတယ်။ ဆရာတော်ကြီး အတွက်လည်း မကောင်းဘူး။ ဒကာ၊ဒကာမတွေ အတွက်လည်း ကုသိုလ် မရဘဲ အကုသိုလ် ဖြစ်တယ်ပေါ့။ဒါယိကာ၊ ဒါယိကာမ တွေကို ဘာပြောချင်လည်း ဆိုရင် သတင်းတွေကို သတင်းလို့ပဲ သဘောထားပြီး FB က သတင်းတွေ၊FBမှာပဲ ထားပြီး ခေါင်းထဲ၊ ကိုယ့်ဦးနှောက်ထဲ မထည့်ပါနဲ့လို့ သီတဂူစတားဆရာတော် ဒေါက်တာကောဝိဒသိရီ က မိန့်ကြားပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,