မန္တလေးမှဟသာၤတသို့ပြေးဆွဲနေသည့် ရာဇာအောင် အဝေးပြေးယာဉ် တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး (၂၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်…
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် သေဆုံး၊ဒဏ်ရာရရှိသူများအား အကူအညီပေးနိုင်ရန် ရာဇာအောင် ယာဉ်လိုင်းမှတာဝန်ရှိသူများက ဆောင်ရွက်နေပြီဖြစ်ကြောင်း ရာဇာအောင်ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ငြမ်းမီဒီယာသို့ပြောသည်။
စက်တင်ဘာလ(၉)ရက်နေ့ နံနက် သုံးနာရီအချိန်ခန့်တွင် နေပြည်တော် – ရန်ကုန် ၁၆မိုင် ခြောက်ဖာလုံ ခန့်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဒဏ်ရာရရှိသည့် လူနာများအား လှည်းကူးဆေးရုံသို့ပို့ဆောင်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးသွားသူများသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းယာဉ်လိုင်း တာဝန်ခံကပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် နေရာနှင့် အနီးတဝိုက် မိုင်တိုင် ၁၅ မှ၂၀ အကြား သည် လမ်းပိုင်းဆိုင်ရာအားနည်းချက်များရှိသည်ဟု ယူဆရသဖြင့် သတ်မှတ်အရှိန်နှုန်းအတိုင်းသာမောင်းနှင်ရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကသတင်းထုတ်ပြန်ထားသည်။
“သတိနဲ့အသိက ယာဉ်မောင်းတွေမှာဆောင်ဖို့လိုတယ်။ သတ်မှတ်ပေးထားတဲ့အတိုင်းထက် အလွန်မောင်းရင် အိပ်ငိုက်တဲ့အခါ ဆွဲချတာတွေပါလာရော။ သတ်မှတ်ပေးထားတဲ့နှုန်းအတိုင်းမောင်းလည်း ဒီခရီးကတော့ရောက်ပါတယ်”ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာ သို့ပြောသည်။
အဆိုပါယာဉ်တွင် ခရီးသည် ကျား/မ (၄၅)ဦးတင်ဆောင်လာပြီးယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး ကျား (၂)ဦး၊မ(၁)ဦးနှင့် ကျား(၁၆)ဦး၊မ(၁၂)ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – အမြန်လမ်းမကြီးတပ်ဖွဲ့မှူးရုံး
မန္တလေး – ဟင်္သာတပြေးဆွဲသည့် ရာဇာအောင်ယာဉ် တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး