နေပြည်တော် NLD အစည်းအဝေး ဦးဝင်းထိန် အုပ်စု မှ လူအများစု အစည်းအဝေးခန်းမထဲက ထွက်သွားတယ်ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နေပြည်တော်မှာ ကျင်းပတဲ့ NLD အစည်းအဝေးမှာ ဦးဝင်းထိန် အုပ်စု မှ လူအများစု အစည်းအဝေးခန်းမထဲက ထွက်သွားတယ်ဆိုတဲ့ အကြောင်း အရာ ကို Aung Min Aung အမည်ရဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၂၄) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Aung Min Aung ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ အကြောင်းအရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

နေပြည်တော်မှာ ယနေ့ကျင်းပနေတဲ့ NLD ဗဟိုပါတီဝင်များအစည်းအဝေးမှာ ၊ ဝန်ကြီးချုပ်တာဝန်ယူထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဆွေးနွေးမှုတွေ လုပ်အပြီး ၊ ဦးဝင်းထိန်အုပ်စုမှ လူအများစု အစည်းဝေးခန်းမထဲက ထထွက်သွားကြတယ်လို့ သိရပါတယ် ၊ ထိုသို့ အကြိတ်အနယ်ဆွေးနွေးမှုမှာ ငွေကြေးကိစ္စနှင့် မဲမသမာမှု့ကိစ္စများအကြောင်း ဖြစ်နိုင်တယ်လို့ NLD အုပ်စုကို အနီးကပ် လေ့လာနေသူများက သုံးသပ်ကြောင်း သိရပါတယ်။ (ကျွန်တော် သူတို့နဲ့အနီးဆုံးနေရာမှာရှိနေပါတယ်)။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အထက်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ Aung Min Aung ဖေ့စ်ဘွတ်အကောင့်ဟာ လုပ်ကြံပုံဖျက်ထားတဲ့ သတင်းအမှားတွေ ဖြန့်ချိလေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့် ဖြစ်ပါတယ်။ မကြာသေးမီ ရက်ပိုင်းကလည်း Aung Min Aung ဖေ့စ်ဘွတ်အကောင့်ဟာ   ဝန်ကြီးချုပ်တွေ၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ နဲ့ ကိုယ်စားလှယ်လောင်း တွေကို ဖမ်းဆီးတော့မယ်ဆိုတဲ့ သတင်းအမှား ဖြန့်ချိခဲ့တာ ရှိပါတယ်။

Aung Min Aung ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ အကြောင်းအရာဟာ သတင်းအတု၊ သတင်းအမှား သာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က အတည်ပြုပြောကြားပါတယ်။

ဇန်နဝါရီ (၂၄) ရက်နေ့ က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NLDပါတီ ဗဟိုအလုပ်မှုဆောင်အစည်းအဝေး သတင်းတွေကို သည်နေရာ နဲ့ သည်နေရာ မှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ (၂၄) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ပါဝင်ခြင်း မရှိသလို လူအုပ်စုလိုက် အစည်းအဝေးခန်းမထဲ က ထထွက်သွားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

အန်ကယ်ဦးဝင်းထိန်က မတက်ရပါဘူး။ လွှတ်တော်ဖွင့်တဲ့ အခါမှာ လွှတ်တော်ကိုယ်စားလှယ် လုပ်တဲ့သူတွေကို စစ်ဆေးရတယ်။ အမှန်တစ်ကယ် ဟုတ်မဟုတ်ကို အဲဒီလို စစ်ဆေးရတယ်။ အဲ့ဒါ ပါတီပေါင်းစုံ က ကိုယ်စားလှယ်တွေကို စစ်ဆေးရတာဆိုတော့ အဲ့ဒါက ကိုယ်စားလှယ်စိစစ်ရေး ဖွဲ့စည်းဖို့ကိစ္စ၊ နောက်တစ်ခါ ဆရာဒေါက်တာအောင်မိုးညိုရဲ့ တိုင်းရင်းသားဒေသခံ ပါတီတွေနဲ့ ဆွေးနွေးတဲ့ အစီရင်ခံစာတွေ၊ နောက် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီမယ်ဆိုတာ ဆွေးနွေးတာပါ လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,