ဖခင်တစ်ယောက်အနေနဲ့ စိတ်မကောင်းတာပေါ့ဗျာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LSSH  / ပရဟိတကျောင်းဆရာလူငယ်နှစ်ဦး၏ဖခင်(ဦး)စိုင်းစောလှ

ချစ်ခင်ကြင်နာတတ်တဲ့တရားလေးနဲ့ဆို ဒီပဋိပက္ခ ဆိုတာဖြစ်စရာ အကြောင်းမရှိဘူးပေါ့နော့ ။ဒီလိုဖြစ်လာတာ ကိုလည်း နောင်တစ်ချိန် သူများတွေမှာလည်းမဖြစ်ဖို့အတွက် ဆုတောင်းပေးပါတယ်။ မကြုံကြရပါစေနဲ့ …

သြဂုတ်လ(၁၅)ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် သံသယဖြင့် ဖမ်းဆီးခံထားရသော ပရဟိတကျောင်းဆရာ လူငယ်နှစ်ဦးဖြစ်သည့် (ကို)စိုင်းခွန်မိုင်(၂၈)နှစ်နှင့် (ကို)စိုင်းလိုင်းစင် (၂၄)နှစ်တို့၏ဖခင် (ဦး)စိုင်းစောလှကို ငြမ်းမီဒီယာ က သြဂုတ်လ (၂၉)ရက်နေ့ တွင်ဆက်သွယ်မေးမြန်ထားသည်။

ငြမ်းမီဒီယာ  – အခု သားနှစ်ယောက်ဖမ်းဆီးခံထားရတာဘယ်နှရက်ရှိပြီးလဲခင်ဗျ။

USSH – ဆယ့်နှစ်ရက်ရှိသွားပြီပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  – သားနှစ်ယောက်ဖမ်းဆီးခံထားရတဲ့အချိန်မှာ ဘယ်နှကြိမ်တွေ့ခွင့် ရသလဲ။

USSH – အရင်ကတော့တွေ့ခွင့်ရတယ်။အခုထပ်တွေ့ခွင့် မရတော့ဘူး ပြောလို့တွေ့လို့ မရတော့ဘူး။ ပေးစရာရှိရင် သူတို့ကို ပေးထား ဆိုတော့ ဒါနဲ့ပဲ သားတွေနဲ့တွေ့ခွင့်မရတော့ဘူး။(၂၅)ရက်နေ့နောက်ပိုင်း တွေ့ခွင့်မရတော့ဘူး။

ငြမ်းမီဒီယာ  – သားတွေနဲ့တွေ့ခဲ့ရတဲ့အချိန်မှာသူတို့တွေဘာပြောလဲ ခင်ဗျ။ သူတို့ကိုစစ်ဆေးမေးမြန်းချိန်မှာ ရိုက်နှက်တာတွေ ဘာတွေရှိသလား။

USSH – အရိုက်ခံရသေးလာ မေးတော့ အရိုက်မခံရဘူးလို့ တော့ပြောတာပဲ။

စကားပြောစက်ရယ်၊GPS က သားအလတ်ကျောင်းဆရာ လုပ်တုန်းသူ့တို့ကိုကျောင်းကနေ ပေးထားတာပါ။သူတို့ရွာတွေ ဆင်းတဲ့အခါကျရင် သူတို့လမ်းမှားမှာစိုးလို့ပေါ့။ကလေးတွေကိုခေါ်ပြီး လေ့လာရေး ခရီးသွားတာတို့ ဘာတို့မှာ လမ်းမှားမှာစိုးလို့ ဆိုပြီး ပေးထားခဲ့တာလေ။အဲဒီ …

ငြမ်းမီဒီယာ  – သားနှစ်ယောက်ကိုဘယ်လိုအကြောင်းကြောင့် ဖမ်းသွားရတယ် ဆိုတာကို သိသလား။

USSH – သူတို့ကတော့ တိုင်လို့လာရှာတာလို့ပြောတာပဲလေ။ဘယ်သူ တိုင်တာလဲပြောတော့ နောက်ကျရင်သိရမှာပေါ့ ဒါပဲပြောတာ။ အခုချိန်တော့မသိရဘူးပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  – အခုဖမ်းဆီးထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး မိသားစုကို သက်ဆိုင်ရာဖမ်းဆီးတဲ့အဖွဲ့အစည်းက ဘာတွေအသိပေးပြောကြား ထားတာရှိသလဲ။

USSH – ဘာမှလည်းမပြောဘူး။ဘာမှကိုမပြောဘူး။ ဘာမှလည်း မမေးဘူး။

ငြမ်းမီဒီယာ  – သားနှစ်ယောက်ကိုဖမ်းဆီးတုန်းက စကားပြောစက်အိမ်မှာ တွေ့တယ်ဆိုတာ အဲဒါက အိမ်မှာ ဘာကြောင့်ရှိနေတာလဲ။ ဘယ်နေရာမှာသုံးခဲ့တာလဲ။

USSH – ဒီစကားပြောစက်ရယ်၊GPS က သားအလတ် ကျောင်းဆရာ လုပ်တုန်းသူ့တို့ကို ကျောင်းကနေ ပေးထားတာပါ။ သူတို့ရွာတွေ ဆင်းတဲ့အခါ ကျရင် သူတို့လမ်းမှားမှာ စိုးလို့ပေါ့။ကလေးတွေကို ခေါ်ပြီး လေ့လာရေး ခရီးသွားတာတို့ ဘာတို့မှာ လမ်းမှားမှာ စိုးလို့ ဆိုပြီး ပေးထား ခဲ့တာလေ။အဲဒီမှာ သုံးတာပေါ့။ စကားပြောစက်ကတော့ စိုင်းလိုင်းစင်ဟာ စိုင်းလိုင်းစင် က လည်း ဒီလိုပဲ ရွာတွေကို ဆင်းတဲ့ အခါတပည့်တွေဘာတွေခေါ်ပြီးရွာဆင်းတဲ့ အခါ လူတွေက များတော့ အုပ်စုလေးတွေနဲ့တစ်ယောက်နဲ့တစ်ယောက် ကွဲကွာ သွားတဲ့အခါ ကျရင်ဆက်သွယ်ဖို့အတွက်ဆိုပေးပြီးပေးထားခဲ့တာလေ။

ငြမ်းမီဒီယာ  – သားနှစ်ယောက်ပြန်လွတ်လာမယ်လို့ ထင်လားဗျ။ ဘယ်လိုမျှော်လင့်ထားလဲဗျ။

USSH – အခုတော့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဌာနတို့၊ လွှတ်တော် ကိုယ်စားလှယ်တို့ စတဲ့ပုဂ္ဂိုလ်တွေ ကို အကူအညီ တောင်းထား တယ် ဆိုတော့ ပြန်လွတ်လာမယ်လို့မျှော်လင့်ပါတယ်။နောက်တော့ သူတို့ ထင်သလို အဲဒီအဖွဲ့တွေနဲ့ ဆက်နွယ်မှုလည်းမရှိဘူး။ ဆက်သွယ်မှုလည်း မရှိဘူး။ဆိုင်လည်းမဆိုင်ဘူးပေါ့။ မိဘအနေနဲ့အာမလည်း ခံတယ်။သူတို့ကအမှန်တရားတိုင်း ဆုံးဖြတ်မယ် ဆိုရင် သားနှစ်ယောက်ပြန်လွတ် လာနိုင်စရာ အကြောင်းရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဖြစ်သွားတဲ့ ပစ်ခတ်မှုတွေအပါအဝင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပေါ်ကိုရော ဘယ်လိုမြင်သလဲဗျ။

USSH – ဘယ်လိုမြင်သလဲဆိုတော့ မဖြစ်သင့်တာတော့ အမှန်ပဲပေါ့။တစ်ယောက်နဲ့ တစ်ယောက်ဒီလို ပစ်ခတ်တယ်ဆိုတာတော့ အငြိုးအတေးတွေလည်းရှိကောင်းရှိမှာပေါ့။ကိုယ့်ပတ်ဝန်းကျင်မှာဒီဟာတွေနဲ့ ဆက်နွယ်တာလည်း မရှိတော့ ဘာမှလည်း ပြောစရာ မရှိပါဘူးနော့။

ငြမ်းမီဒီယာ – ဖမ်းဆီးခံထားရတဲ့သားနှစ်ယောက်က ပရဟိတကျောင်းဆရာ တွေလို့သိထာရပါတယ်။အခု ဖမ်းခံထားရတော့ ဒီအခြေအနေအပေါ် ဘာပြောချင်သလဲဗျ။

USSH – ဖခင်တစ်ယောက်အနေနဲ့ စိတ်မကောင်းတာပေါ့ဗျာ။ ဒီလို ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ဘူးပေါ့။ သူတို့အနေနဲ့ ပတ်သက် လာတယ် လို့ထင်လာတာကိုကပဲ ကျွန်တော်တို့က အံ့အားသင့်စရာ ဖြစ်တယ်။တစ်လျောက်လုံးမှာ ဒါတွေနဲ့ ဆက်နွယ်မှု  ကလည်း မရှိဘူး။ပတ်သက်မှုကလည်း မရှိဘူး။ဒါကြောင့်မို့ ဒီလိုဖြစ် သွားတော့ အံ့အားသင့်တယ်။ တရားသဘော ပြောမယ်ဆိုရင် တော့ မျှတတဲ့ တရားများနဲ့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ လုံးဝကင်းလွတ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

ငြမ်းမီဒီယာ – သားနှစ်ယောက်နဲ့တွေ့တဲ့အချိန်မှာ ဦးစိုင်းစောလှကို သားတွေကဘာများမှာသေးလဲ။

USSH – ဘာမှမမှာပါဘူး။ကျွန်တော်မေးတာကတော့ နေရေး ထိုင်ရေး၊ စားရေးသောက်ရေး၊သုံးရေးစွဲရေးပေါ့။ နောက်သူတို့ လိုအပ်တာ လေးတွေ ဒါတွေပဲမေးဖြစ်တာပါ။တခြားလည်းမရှိဘူးလေ။

ငြမ်းမီဒီယာ -သားနှစ်ယောက်ရဲ့ကျန်းမာရေးအခြေအနေကရော တွေ့တဲ့ အချိန်မှာ ဘယ်လိုရှိလဲဗျ။

USSH – တွေ့ခဲ့ရတဲ့အချိန်မှာတော့ကောင်းပါတယ်။ အခုနောက်ပိုင်းတော့ မသိတာ့ဘူးပေါ့။ အခုအခြေအနေကိုတော့ ကိုယ်ကလည်း မပြောနိုင်ဘူး လေနော့။

ငြမ်းမီဒီယာ – ပရဟိတကျောင်းဆရာတွေဖြစ်တဲ့ ဦးစိုင်းစောလှ သားနှစ်ယောက် ပြန်လွတ်လာဖို့ ဝိုင်းကြိုးစားနေကြတာတွေ လည်း ရှိတယ်လေ။အဲဒီတော့ သားနှစ်ယောက်ပြန်လွတ်လာရေး အခြေအနေက ဘယ်လောက် ရာခိုင်နှုန်းလောက်အထိ ရှိသလဲဗျ။လွတ်လာလောက်တဲ့ အခြေအနေတွေရော ရှိသလား။

USSH – ဒါကတော့ ကိုယ့်အပိုင်းအနေနဲ့ ကိုယ့်ရဲ့ယုံကြည်ချက်အနေနဲ့ ဆိုရင်တော့ တစ်ရာ ရာခိုင်နှုန်းတော့ မျှော်လင့်တာပေါ့ဗျာ။ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ဆိုရင်လွတ်ဖို့တော့မျှော်လင့်တာပေါ့။ မပြောတတ်ဘူးလေ။ဒါက သူတို့ရဲ့ဆန္ဒပေါ်မှာ မူတည်တာပဲ။

ငြမ်းမီဒီယာ – ဖခင်တစ်ယောက်နဲ့ဒီကိစ္စအပေါ်မှာဘာများပြောချင်သေးလဲဗျ။

USSH – သားသမီးတွေဒီလို လူမှုရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် လုပ်နေတဲ့အချိန်မှာ ဒီလိုလေး အတိုင်အတောထူလို့ တိုင်သွားတဲ့ သူကလည်း မနာလိုမုန်းတီး ပြီးတော့…လုပ်ရလောက်အောင်ကလည်း သူများကို ထိခိုက်အောင် ကျွန်တော့် သားသမီး တွေ လုပ်ခဲ့တာ မရှိဘူး။ကျွန်တော်လည်း လုပ်ခဲ့တာမရှိဘူး။ သူများတိုင်တယ်ဆိုတာကလည်း ဘယ်သူတိုင်လို့ တိုင်မှန်း မသိနော့။ပြောချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက် အာဃာတ အမုန်တရားတွေ မထားဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာ တတ်တဲ့ တရားလေးနဲ့ဆို ဒီပဋိပက္ခဆိုတာဖြစ်စရာ အကြောင်းမရှိဘူး ပေါ့နော့ ။ ဒီလိုဖြစ်လာတာကိုလည်း နောင်တစ်ချိန် သူများ တွေမှာလည်း မဖြစ်ဖို့အတွက် ဆုတောင်းပေးပါတယ်။မကြုံကြရပါစေနဲ့လို့ ဆုတောင်းပေးရုံကလွဲလို့ ဘာမှတော့ ပြောစရာမရှိ တော့ဘူးပေါ့နော့။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,