နှိပ်စက် လိုက်တဲ့ သူကို ကြီးမားသော အပြစ် ခံစားရရင် ကျေနပ်မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / သေဆုံးသူ ကိုဇော်မင်းထွန်း ၏ အစ်မ ဒေါ်သီသီဝင်း

ဇော်မင်းထွန်းမိန်းမ က ငိုပြီး တက်လာပြီး ဆုံးသွားပြီလို့ ပြောတယ်။ ဒေါ်ကြီးမြင်ခဲ့ရလားလို့ မေးတော့ စခန်းကနေ ဆေးရုံ တင်လိုက်တာ အသက်မရှိတော့လို့ ရင်ခွဲရုံထဲ ထည့်ထားလိုက်ပြီမို့လို့ မမြင်ခဲ့ရဘူးလို့ ပြောတယ်။ ဆွေမျိုးတွေ…

 

၂၀၁၈ခုနှစ် ဇွန်လ(၂၆)ရက်နေ့ညက ဒေးဒရဲမြို့နယ် ညောင်တပင်ရွာနေ အသက်(၃၈)နှစ်အရွယ် ကိုဇော်မင်းထွန်းကို ပိုက်ခိုးမှုနှင့် ပတ်သက်ပြီး ဒေးဒရဲ ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးစဉ် သေဆုံးခဲ့သည်။ ကိုဇော်မင်းထွန်း သေဆုံးမှုနှင့်ပတ်သက်၍ ကျေးရွာသား များနှင့် မြို့ခံများက အဖြစ်မှန်ကို ပေါ်ပေါက်စေလိုကြသည်။ သေဆုံးသူ၏ ရုပ်အလောင်းတွင် မြင်သာသည့် ဒဏ်ရာဒဏ်ချက်များကို တွေ့မြင်ရပြီး အဆိုပါသေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ကလည်း စုံခုံဖွဲ့စစ်ဆေး နေသည်ဟု ပြောဆိုထားသည်။ သေဆုံးသူနှင့် ပတ်သက်သည့် အခြေအနေများကို ငြမ်းမီဒီယာက ညောင်တပင် ကျေးရွာသို့ သွားရောက်ပြီး သေဆုံးသူ၏ အစ်မ အရင်းဖြစ်သည့် မသီသီဝင်း နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – သေဆုံးသူနဲ့ မသီသီဝင်းက ဘယ်လိုတော်စပ်လဲ။

သီ – ကျွန်မတို့က မောင်နှမ အရင်းပါ။ ကျွန်မရဲ့ အောက်က အငယ်ပေါ့။ မွေးချင်း (၇) ယောက် ရှိတယ်။ မိန်းကလေး (၄) ယောက်၊ ယောင်္ကျားလေး (၃) ယောက်ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကိုဇော်မင်းထွန်းသေဆုံးမှုနဲ့ ပတ်သက်ပြီး မသီသီဝင်း ဘာတွေသိထားလဲ။ ဘယ်လိုဖြစ်တာလဲ။

သီ – (၂၆) ရက်နေ့ ညနေ (၅) နာရီလောက်က ငါးဖမ်းပိုက် ခိုးတယ်ဆိုပြီး ကိုလှထွန်းနဲ့ မမိဇာက ရာအိမ်နဲ့ ရပ်မိရပ်ဖကို သွားတိုင်တာ။ ပိုက်ခိုးတာကို စစ်မယ်ဆိုပြီး ရာအိမ်မှူး ဦးမြင့်ကြည့်ရဲ့ မိန်းမ မခင်မာစန်းက လာခေါ်တာ။ သွားတဲ့ အချိန်တုန်းက ဘယ်သူ ပါသလဲဆိုတော့ ဇော်မင်းထွန်းရဲ့ မိန်းမလည်း ပါသွားတယ်။ ဟိုရောက်တော့ ပိုက် ခိုးဖွက်ထားတာ ရှိလားမေးတယ်။

နားထင်မှာ ဆို ညိုမဲပြီး အခု တစ်ရက် နှစ်ရက် အတွင်း စိစိ၊စိစိ တောင် ဖြစ်နေတယ်။ ပါးတွေ ဖောင်းတယ်။ မျက်ကွင်းတွေ ကျတယ်။ မျက်လုံးတစ်ဖက် နိမ့်တယ်။ ရင်အုံအောက် တွေမှာ အကွင်းလိုက် အကွင်းလိုက် မဲတယ်။ ကျောရဲ့အောက် ဘက်မှာ တစ်ပြင်လုံး နီးပါး မဲနေတာ၊ မဲဆိုတော်တော် မဲမဲတူးတူး ဖြစ်နေတာ၊ ကျွန်မ …

ပျောက်တာက (၅) ဖောင် ပျောက်တာလို့ ပြောတယ်။ ဇော်မင်းထွန်းက ကျွန်တော့်ဆီမှာ တစ်ဖောင်တော့ ရှိပါတယ်လို့ ပြောတော့ ရှိတဲ့ တစ်ဖောင် အခုသွားယူ ဆိုတော့ သူက ယူပေးလိုက်တယ်။ အဲအိမ်မှာပဲ ကျွန်မရဲ့မောင်က အိမ်မှာလည်း (၃) ဖောင် ရှိသေးတယ်လို့ပြောတယ်။ သူကလည်း မူးနေတာကိုး။ အိမ်ကို ရဲတစ်ယောက်ရယ်၊ ရပ်မိရပ်ဖရယ်၊ ရာအိမ်မှူး ကိုမြင့်ကြည်ရယ် လာတယ်။ အိမ်ရောက်တော့ သူ့မိန်းမကြီးကို ပေးလိုက်လေ ပြောတော့ ဘယ်မှာရှိလို့ ဘာပေးရမလဲပြောတော့ လယ်တားတဲ့ ပိုက်ရှည်ရှည်တွေ ရှိတယ်လေလို့ ပြောတော့ သူတို့က ငါတို့တောင်းတာ ဒီလိုပိုက် မဟုတ်ဘူး။ ကွင်းနဲ့ပိုက်လို့ ပြောတယ်။ အဲဒါနဲ့ စခန်းကို လိုက်ခဲ့လိုက်ခဲ့ လုပ်တော့ ညီမက ကိုကြီးမြင့်ကြည်ရယ်၊ ကိုမြင့်ဦးရယ် ခုတော့ မခေါ်ပါနဲ့ မူးလည်းနေတော့ သူထွက်တဲ့ အဖြေက အဖြေမှန် မဟုတ်ဘူးနော်လို့ တောင်းပန်တော့ သူတို့က အခုတက် ဆိုတက် အခု သွားမယ်ဆိုပြီး ခေါ်တယ်။ ရဲက တစ်စီးပဲလာတာ။ ကယ်ရီနဲ့ ခေါ်သွားတာ။ ဇော်မင်းထွန်းရဲ့ မိန်းမ မသန်းလှကြည်ကိုလည်း ခေါ်သွားတာ။ အခုပြောနေတာကြတော့ ဇော်မင်းထွန်း ကို သူတို့ အိမ်ကနေ စခန်းကို တန်းခေါ် သွားပါတယ်ပြောတယ်။ ည(၈)နာရီ လောက်ကျတော့ သူတို့ပြန်လာပြီး ဟိုမှာစစ်တော့ အိမ်မှာ တစ်ဖောင် ရှိသေးတယ်လို့ ပြောတယ် အဖွားကြီး၊ ခင်ဗျားတွေ့အောင်ရှာ၊ ခင်ဗျား ယောင်္ကျားကို ဟိုမှာ ရိုက်ပုတ်နေတာ ခင်ဗျားသိတယ်နော် ဆိုပြီး ကိုမြင့်ကြည်က အဲလိုကို ပြောတာ။ မီးဖိုချောင်မှာလို့ ပြောပေမယ့် လိုက်ရှာကြတော့ ထင်းစင် ချောင်ထဲမှာ တွေ့တယ်။ တွေ့တဲ့ပိုက်ကို ယူပြီး ပြန်သွားကြရော။ ည (၁၀) နာရီလောက် ရောက်တော့ ဇော်မင်းထွန်းမိန်းမကို လာပို့တယ်။ အဲအချိန် ညီမတို့က ပိုက်ပိုင်ရှင်တွေ အိမ်ကို တို့သွားညှိကြမယ် ဆိုပြီး သွားကြတော့ ဆိုင်ကယ်နှစ်စီးနဲ့ ရဲတွေရောက်လာတာ လမ်းမှာတွေ့တော့ ဒေါ်ကြီး (ကိုဇော်မင်းထွန်း၏ ဇနီး) စခန်းကို ခဏလိုက်ခဲ့ပါ ဆိုပြီး သေသူရဲ့ မိန်းမကို ခေါ်သွားတယ်။ ညီမတို့ ညီအစ်မတွေက ပိုက်ပိုင်ရှင် အိမ်ကိုသွားပြီး ဘယ်လောက် လျော်ရ မလဲလို့ ပြောတော့ ညီမလေးကို တစ်သိန်းပဲပေးလို့ပြောပါတယ်။

ဖိုင်ထဲကစာက ရုတ်တရက် သေဆုံးခြင်း ဆိုတာက မခိုင်လုံဘူးလို့ ပြောလိုက်တယ်။ ရုတ်တရက် သေတယ်ပဲ ထားဦး ခန္ဒာကိုယ်က ပျက်စီးစရာ အကြောင်းမရှိဘူးလို့ ပြောလိုက်တယ်။ အဲဒီတော့ ဘာပြန်ပြောလဲဆိုတော့ …

ဘယ်လိုတွေ ဖြစ်ကြတာလဲ ဟိုမှာ ရိုက်ပုတ်နေပြီလို့ ခုနက ပြောတယ်လို့ ပြောတော့ ပိုက်ပိုင်ရှင် မိဇာက ဘာပြောလဲဆိုတော့ စခန်းမှာ ရိုက်ပုတ် နေတာ ကြားခဲ့တယ်လို့ပြောတယ်။ ဒါဆို တို့စခန်း သွားကြမယ်ဆိုတော့ သူတို့လည်း အမှုဖွင့် မထားရသေးဘူး။ မနက်ကျမှ သွားကြမယ်။ ဒီတစ်ညတော့ ဘာမှမဖြစ်လောက် ပါဘူးလို့ ပိုက်ပိုင်ရှင် မိဇာတို့ လင်မယားက အဲလိုပြောတယ်။ ညီမတို့ကလည်း သူများ ပစ္စည်းကို ယူစရာလား ကျောင်းမှန်းကန်မှန်း သိအောင် တစ်ည လောက်တော့ ထားလိုက်မယ် ဆိုပြီး ပိုက်ပိုင်ရှင် အိမ်ကနေ ပြန်လာတာ။ အိမ်ပေါ် တက်ခါစပဲ ရှိသေးတယ် ဇော်မင်းထွန်းမိန်းမ က ငိုပြီး တက်လာပြီး ဆုံးသွားပြီလို့ ပြောတယ်။ ဒေါ်ကြီးမြင်ခဲ့ရလားလို့ မေးတော့ စခန်းကနေ ဆေးရုံ တင်လိုက်တာ အသက်မရှိတော့လို့ ရင်ခွဲရုံထဲ ထည့်ထားလို က်ပြီမို့လို့ မမြင်ခဲ့ရဘူးလို့ ပြောတယ်။ ဆွေမျိုးတွေ လိုက်သွားတော့ လည်း မတွေ့ရပါဘူး။ မနက် (၉) နာရီလောက် တွေ့ရမယ်လို့ ပြောတယ်တဲ့။ နောက်နေ့မနက် ရုတ်ရုတ်သဲသဲတွေကြားလို့ လိုက်သွားတော့ ရင်ခွဲရုံထဲကို ဆရာဝန်ကြီးက မဝင်ခင်မှာပဲ သက်ဆိုင်ရာ မိသားစု လာပါ ဆိုတော့ ညီမသွားတယ်။

ငြမ်းမီဒီယာ – ဆရာဝန်က ဘာပြောတာလဲ။

သီ – ဆရာဝန်ကြီးက မေးတယ်။ သမီးတဲ့ ဒီကလေးက စခန်းထဲကို မဝင်စဉ်က သူ့မှာ ခန္ဓာကိုယ်မှာ ချို့ယွင်းတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိလား။ နောက်တစ်ခုက သူ့မှာ ဖျားဖူးနာဖူးတာ၊ ဆေးရုံဆေးခန်း တက်ဖူးတာ ရှိလား လို့မေးတယ်။ ဒီကလေးက ပေတယ် ဆရာဝန်ကြီး ရယ် အဲလို ပေလို့လား မသိဘူး။ ဘာရောဂါမှ မဖြစ်ဖူးဘူး။ နောက်ပြီး ဘာဒဏ်ရာမှလည်း မရှိပါဘူး ဆရာဝန်ကြီးရယ်လို့ ကျွန်မ ပြောလိုက်တယ်။ ခွဲခန်းက ထွက်လာတော့ ညီမနဲ့ အစ်မတစ်ယောက်နဲ့ ဆရာဝန်ကြီးဆီ လိုက်သွားတယ်။ ဆရာဝန်ကြီးက ကျွန်မတို့ကို ထိုင်ခုံမှာ သေချာ ထိုင်ခိုင်းပြီးပြောတယ်။ ဆရာဝန်ကြီးက ဘာပြောလဲ ဆိုတော့ သေသူကတော့ ကျိုးတာလည်း မရှိဘူး။ ပဲ့တာလည်း မရှိဘူး။ မျက်လုံးတွေဘာတွေ ထွက်သွားတာလဲ မရှိဘူး။ ဝမ်းတွင်း ကလီစာ အစိတ်အပိုင်းကို ကြည့်ရင်လည်း ခန္ဒာကိုယ်က အသည်းတို့ ကျောက်ကပ်တို့ နှလုံးတို့ အားလုံးက အကုန်ကောင်းမွန်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆေးစာ ရမယ်ဆိုရင် လိုချင်ပါတယ်လို့ ပြောတော့ လက်ထောက်ဆရာဝန် ဒေါက်တာ မျိုးသန္တာကျော်က ဘာပြောလဲ ဆိုတော့ နင်တို့ကလည်း ဆေးစာထက် ပါးစပ်က ပြောတာ ပိုခိုင်လုံဦးမလားလို့ ပြောတယ်။ သူစိတ်ရင်းကောင်းချင် ကောင်းမယ် သူရဲ့ အပြောအဆိုကတော့ ညီမပြောတာက ချိုချင်ချိုမယ် သူပြောတာ အရမ်းကြမ်းတယ်။ ညီမ အမှန်အတိုင်းပြောတာပါ …

ဒါပေမယ့်သူက အပြင်ဒဏ်ရာ ဒဏ်ချက်တော့ ရှိတယ်။ သွေးယိုစိမ့်တယ်၊ ဒါကအတွင်းကြေ သဘောပေါ့လို့ ဆရာဝန်ကြီးက ပြောတယ်။ ညီမက ဒါဆိုရင် အဲ့ဒါနဲ့ အသက်ဆုံးရှုံးရတာလား ဆရာဝန်ကြီးလို့ မေးတော့ ဆရာဝန်ကြီးက ဘာမှမပြောဘူး။ ညီမက ပိုခိုင်လုံအောင်လို့ ကျွန်မတို့ကတော့ နားမလည်ဘူး။ ဆေးစာ ရမယ်ဆိုရင် လိုချင်ပါတယ်လို့ ပြောတော့ လက်ထောက်ဆရာဝန် ဒေါက်တာ မျိုးသန္တာကျော်က ဘာပြောလဲ ဆိုတော့ နင်တို့ကလည်း ဆေးစာထက် ပါးစပ်က ပြောတာ ပိုခိုင်လုံဦးမလားလို့ ပြောတယ်။ သူစိတ်ရင်းကောင်းချင် ကောင်းမယ် သူရဲ့ အပြောအဆိုကတော့ ညီမပြောတာက ချိုချင်ချိုမယ် သူပြောတာ အရမ်းကြမ်းတယ်။ ညီမ အမှန်အတိုင်းပြောတာပါ အဲလိုပြောတာ ညီမတော့ စိတ်ဆိုးတယ်။ ခွဲစိတ်ပြီးတော့ ရဲကလည်း သူ့စခန်းသူပြန် ကျွန်မတို့လည်း ကိုယ့်အလောင်း ကိုယ်သယ်ပြန်ကြပေါ့။

ငြမ်းမီဒီယာ – ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ ကိုဇော်မင်းထွန်း သေဆုံးမှုအတွက် ရှင်းပြတာမျိုး ခေါ်ယူဆွေးနွေးတာမျိုးရော ရှိလား။

သီ – မရှိပါဘူး။ ဘယ်သူမှ ဘာမှမပြောဘူး။

ဒဏ်ရာဒဏ်ချက်တွေနဲ့ သေတာဖြစ်လို့ အမှုဖွင့်မယ်ဆိုပြီး စခန်းသွားတော့ ဘာလဲတော့ မသိဘူး။ တာဝန်ရှိတဲ့ လူတစ်ယောက်က ပြောလိုက်တယ်။ အဲဒီအမှုက ဖွင့်ပြီးသားလို့ ပြောတယ်။ ဒါတွေက နင်တို့ ဖွင့်စရာ မလိုဘူး။ ငါတို့ ဖွင့်ထားပြီးသားလို့ ပြောတယ်။ ညီမက တစ်ချက်လောက် ကြည့်ခွင့် ရမလားမေးတော့ သူက ရပါတယ်ဆိုတော့ ညီမကြည့်တော့ ရုတ်တစ်ရက်သေဆုံးခြင်းလို့ ရေးထားတယ်။ အဲတော့ …

ငြမ်းမီဒီယာ – ကိုဇော်မင်းထွန်းသေဆုံးမှု အတွက် ရဲတပ်ဖွဲ့အနေနဲ့ စုံခုံဖွဲ့ စစ်နေတယ်လို့ ပြောပါတယ်။ ကာယကံရှင် မိသားစုကို တွေ့ဆုံ မေးမြန်းမှုတွေ လုပ်တာ ရှိသလား။ ဘာတွေပြောသေးလဲ။

သီ – မရှိပါဘူး။ အလောင်းသယ်ပြီးတော့ ညီမက မြို့ပေါ်မှာ ကျန်ခဲ့ပြီး စခန်းကို သွားတာ။ သူသေတာက ရိုးရိုးသားသားသေတာ မဟုတ်ဘဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေတာဖြစ်လို့ အမှုဖွင့်မယ်ဆိုပြီး စခန်းသွားတော့ ဘာလဲတော့ မသိဘူး။ တာဝန်ရှိတဲ့ လူတစ်ယောက်က ပြောလိုက်တယ်။ အဲဒီအမှုက ဖွင့်ပြီးသားလို့ ပြောတယ်။ ဒါတွေက နင်တို့ ဖွင့်စရာ မလိုဘူး။ ငါတို့ ဖွင့်ထားပြီးသားလို့ ပြောတယ်။ ညီမက တစ်ချက်လောက် ကြည့်ခွင့် ရမလားမေးတော့ သူက ရပါတယ်ဆိုတော့ ညီမကြည့်တော့ ရုတ်တစ်ရက်သေဆုံးခြင်းလို့ ရေးထားတယ်။ အဲတော့ ညီမလည်း မခံနိုင်လို့ ပြောလိုက်တယ်။ ဖိုင်ထဲကစာက ရုတ်တရက် သေဆုံးခြင်း ဆိုတာက မခိုင်လုံဘူးလို့ ပြောလိုက်တယ်။ ရုတ်တရက် သေတယ်ပဲ ထားဦး ခန္ဒာကိုယ်က ပျက်စီးစရာ အကြောင်းမရှိဘူးလို့ ပြောလိုက်တယ်။ အဲဒီတော့ ဘာပြန်ပြောလဲဆိုတော့ ဒီကိုခေါ်လာစဉ်မှာ ကလေးလေးက ပကတိကောင်းလား ဒဏ်ရာဒဏ်ချက် ပါလားလို့ မေးတယ်။ အဲဒီတော့ ညီမကလည်း ဒီကလေးက အားလုံး ကောင်းမွန်တယ်။ ဘာဒဏ်ရာ ဒဏ်ချက်မှ မပါဘူး။ ဒီလိုပြောလို့ ညီမကို မယုံချင် မယုံနဲ့ ဒီကလေးကို ခေါ်လာစဉ် သူ့မိန်းမ ပါသလို ကျေးရွာက ကိုမြင့်ဦးနဲ့ ကိုမြင့်ကြည် ပါတယ်။ သူတို့ကို ခေါ်မလားလို့ ပြောတော့ ခေါ်မယ်ဆိုလို့ ကျွန်မ ဆိုင်ကယ်နှစ်စီးနဲ့ လွှတ်ပေးလိုက်တာ။ သူတို့ကို စခန်းမှာ မေးကြတာပဲ။

ငြမ်းမီဒီယာ – သေဆုံးသူ ကိုဇော်မင်းထွန်း မှာ ဘယ်လိုဒဏ်ရာတွေ ရထားတယ်လို့ မသီသီဝင်း မျက်မြင်တွေ့ရလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သီ – မျက်မြင်က မြင်တယ်။ နားထင်မှာ ဆို ညိုမဲပြီး အခု တစ်ရက် နှစ်ရက် အတွင်း စိစိ၊စိစိ တောင် ဖြစ်နေတယ်။ ပါးတွေ ဖောင်းတယ်။ မျက်ကွင်းတွေ ကျတယ်။ မျက်လုံးတစ်ဖက် နိမ့်တယ်။ ရင်အုံအောက် တွေမှာ အကွင်းလိုက် အကွင်းလိုက် မဲတယ်။ ကျောရဲ့အောက် ဘက်မှာ တစ်ပြင်လုံး နီးပါး မဲနေတာ၊ မဲဆိုတော်တော် မဲမဲတူးတူး ဖြစ်နေတာ၊ ကျွန်မပြောတာ မယုံရင် ရုပ်အလောင်း ရှိနေတယ် ကိုယ်တိုင်ကြည့်ပါ။ မသေခင် ရိုက်ထားတဲ့ပုံစံ။

ငြမ်းမီဒီယာ – နာရေးကိစ္စအတွက် တာဝန်ရှိသူတွေက ဘာတွေ ကူညီ ထားတာရှိလဲ။

သီ – ဘာတစ်ခုမှ တာဝန်ယူထားတာ မရှိပါဘူး။ မရှိဘူး ဆိုပေမယ့် ခွဲစိတ်ခန်းက လူကို ကိုယ်တိုင် ရှင်းမယ်ဆိုပြီး ညီမတို့ပြောနေတာ ကိုယ်တောင် ရှင်းခွင့် မရဘူး။ ခွဲတဲ့ လူသွားမေးတော့ ရဲတစ်ဦးက ခွဲတဲ့ စရိတ်ငွေနှစ်သောင်းခွဲ (၂၅,၀၀၀ ကျပ်) ပေးခဲ့တယ်လို့ ပြောတယ်။

ငြမ်းမီဒီယာ – မသီသီဝင်းအနေနဲ့ သေဆုံးသူ ကိုဇော်မင်းထွန်းအတွက် ဘယ်လိုဖြစ်စေချင်လဲ။

သီ – သူ့ကိုဒီလို ရက်ရက်စက်စက်လုပ်တာ သူ့ကို ဒီလိုနှိပ်စက် လိုက်တဲ့ သူကို ကြီးမားသော အပြစ် ခံစားရရင် ကျေနပ်မယ်။ ကျန်တဲ့ အတိုင်းအတာ ဘာကိုမှ မမျှော်လင့်ဘူး။ ဒါကတော့ တစ်ဦး လက်ချက်လား၊ အများ လက်ချက်လားဆိုတာ ညီမတို့လည်း မသိဘူးလေ။ အမှုမှန် ပေါ်ပေါက်ရေးပါပဲ။

ငြမ်းမီဒီယာ – ခုလိုပြဿနာတွေဖြစ်လာရင် အရပ်သားတွေ အနေနဲ့ တတ်ကျွမ်း နားလည်တဲ့ သူတွေကို အကူအညီတောင်းတတ်ကြတယ်။ မသီသီဝင်း တို့ကရော ဘယ်သူတွေကို အကူအညီတောင်းထားသေးလဲ။

သီ – ညီမတို့က NLD ရုံးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုကို သွားပြောပြထားတယ်။ ကျန်တာတော့ ဘယ်သူ့ကိုမှ အကူအညီတောင်း မထားဘူး။ ညီမတို့က နားမလည်ဘူးလေ။ ကိုယ်ဖြစ်ချင်တာပဲ သိတာပေါ့။ နားလည်စွာနဲ့ ဒီလူကို ပုဒ်မအကြီးကြီး တပ်ဖို့၊ ပြစ်ဒဏ်ပြန်ခံရစေဖို့ဆိုတာ ကိုယ်လည်း ဘာမှမလုပ်တတ်ဘူး။

ငြမ်းမီဒီယာ- ဘာများဖြည့်စွက်ပြောချင်သေးလဲ။

သီ – မရှိတော့ပါဘူး။

ငြမ်းမီဒီယာ
ဇူလိုင်(၁)၊၂၀၁၈၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,