ပစ်သတ်ခံရတဲ့ ဆရာတော်က ပရဟိတစိတ်အပြည့်နဲ့ ဆရာတော်တစ်ပါးပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆရာတော်က ဒီမှာ အများအတွက်လုပ်တယ်။ အများပြည်သူလေးစား ရတဲ့ ဆရာတော်ဆိုရင်လည်း မမှားဘူး။ကလေးတွေခေါ်ထားတယ်။ ပရဟိတ စိတ် ရှိသူလို့လည်း ကျမတို့အကဲခတ်မိတယ်။ ပြဿနာ ရှိဖူးတယ်လို့ ကျမတို့ မသိထားဘူး…

အောက်တိုဘာ(၂၄)၊၂၀၁၉၊ရန်ကုန်

The Nyang News

လာရှိူးမြို့နယ်၊ခေးနင်းရွာ၊ဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ဘဒ္ဒန္တပညာဇောတအား မသမာသူ သေနတ်သမား နှစ်ဦးက ရက်စက်စွာပစ်ခတ်လုပ်ကြံခဲ့သည့်အပေါ် အရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ကြပြီး လုပ်ကြံသတ်ဖြတ်ခံရသည့် ခေးနင်းဆရာတော်အမှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ထိရောက်စွာစုံစမ်းစစ်ဆေးပေးရန်နှင့်အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။အောက်တိုဘာလ (၂၀)ရက်နေ့ (၆း၄၅)အချိန်တွင် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့်ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် ခေးနင်းဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား အား ယနေ့ပြုလုပ်ခဲ့သည်။ ဆရာတော် လုပ်ကြံသတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး သဘောထားေ ကြညာချက် ထုတ်ပြန်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများထဲမှ အဖွဲ့ တစ်ခုဖြစ်သည့် တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU ၏ အတွင်းရေးမှူး (မ) လွေးလှားရိုန်းအား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ခေးနင်းရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက် ထုတ်ပြန်တာတွေ့ရပါတယ်။ဒီသဘောထားထုတ်ပြန်ချက်ထုတ်ပြန်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ။

LLY – ပထမတစ်ချက်က ဒါက ဒီဆရာတော်က ရိုးရိုးပျံလွန်တော်မူ သွားတာမဟုတ်ဘူး။ပစ်သတ်ခံရတာ။ ဒီအခြေအနေအပေါ်မှာ အမှုမှန်ပေါ်ပေါက်ဖို့ ထုတ်ပြန်ကြေညာရခြင်းဖြစ်ပါတယ်။

ငြမ်း – အခု ဒီဆရာတော် လုပ်ကြံမှုမတိုင်ခင်မှာ ဒီဒေသမှာ သတ်ဖြတ်ခံရတဲ့ပြည်သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေက ဒီဒေသမှာ ဘာကြောင့် အဲလိုတွေဖြစ်နေရတာလဲ။

LLY- ရှင်းရှင်းပြောရရင်တော့ ကျမတို့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှဖြစ်တာလည်း ပါမှာပေါ့။ကျမတို့ စဉ်းစားမိတာဒေသလုံခြုံရေး။ဒါကလည်း တရားဥပဒေစိုးမိုးရေး မရှိတာလည်းပါမှာပဲ။ အခုဆိုရင် ခေးနင်းရွာကိစ္စမှာဆိုရင် မြို့နဲ့ မနီးမဝေးရွာမှာ၊အများသွားတဲ့ လမ်းမကြီးနားမှာပဲဖြစ်နေတဲ့ အခါကျတော့၊ ဒါက မထင်မှတ်တဲ့နေရာ၊ လူတွေစုံတဲ့နေရာ ။တောထဲတောင်ထဲမှာ ဆိုရင်ကျမတို့ စဉ်းစားလို့ရသေးတယ်။အခုက လမ်းမကြီးပေါ်မှာ၊ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဒါကဖြစ်သွားတယ် ဆိုတော့ ဒေသခံတွေအတွက် အရမ်းတုန်လှုပ်ရတဲ့ Case တစ်ခုဖြစ်တယ်ဆိုတာ ကျမတို့တွေ့ရတယ်။

ငြမ်း – အခုလုပ်ကြံသတ်ဖြတ်ခံရတဲ့ ခေးနင်းဆရာတော်အကြောင်း ကို သိသလား။ ဆရာတော် အဲဒီမှာ သီတင်းသုံးချိန်မှာ ဘာတွေ လုပ်ဆောင်မှုရှိလဲ။

LLY – ကျမတို့နားလည်တာကတော့ ဆရာတော်က အခြားထူးထူးထွေထွေတော့ မရှိဘူး။ဆရာတော်က ဒီမှာ အများအတွက်လုပ်တယ်။အများပြည်သူလေးစားရတဲ့ဆရာတော်ဆိုရင်လည်းမမှားဘူး။ကလေးတွေခေါ်ထားတယ်။ပရဟိတ စိတ် ရှိသူလို့လည်း ကျမတို့အကဲခတ်မိတယ်။ ပြဿနာရှိဖူးတယ်လို့ ကျမတို့ မသိထားဘူး။ သူ့ရဲ့နောက်ကြောင်းတော့ ကျမတို့အများကြီးမသိဘူး။သိတာကတော့ ဆရာတော်က တအာင်းဖြစ်တယ်။ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းထိုင်တယ်။ဒီမှာ ကိုရင်လေးတွေအပါး သုံးဆယ်ကျော်လောက်ကို ပြုစုစောင့်ရှောက်ပေးတယ်။အဲလိုပဲနားလည်တယ်။နောက်ပြီးတော့ ဒီမှာရှိတဲ့ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်အလုပ် လုပ်နေတဲ့ ပရဟိတစိတ်အပြည့်နဲ့ ဆရာတော်တစ်ပါး ပါ။ကျမတို့ က အဲလိုတွေ့ရ တယ်။ကျန်တဲ့ကိစ္စတွေ မသိဘူး ဒီမှာက ဆရာတော်ကို ချစ်ခင်လေးစားသူပေါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဆရာတော်က ကလေးတွေခေါ်ထားတယ်ဆိုတာ ဘယ်လိုကလေးမျိုးတွေကိုခေါ်ထားတာလဲဗျ ။

LLY – ကျောင်းမတက်နိုင်တဲ့ကလေးတွေကိုခေါ်ထားတယ်။ ကိုရင်လေးတွေခေါ်ထားတယ်။ ကျောင်းပေးတက်တယ်။တချို့ဆိုရင် ကျောင်းမှာ စာသင်တယ်။ စာသင်ကျောင်း ပို့ပေးထားတာတွေလည်း ရှိတယ်။

ငြမ်း – ဆရာတော်ကို ရပ်ရွာအနီးက ပြည်သူတွေက ချစ်ခင်လေးစားကြတယ်လို့ သိရပါတယ်။ဆရာတော်အနေနဲ့ အဲဒီမှာ သီတင်းသုံးတာ ဘယ်လောက်ကြာသွားပြီလဲ။

LLY – အဲဒါတော့ ကျမသေချာမသိဘူး။ဒါပေမယ့် ဝါတော်က တော့ ၂၅ ဝါ ရှိပြီပေါ့နော်။အဲဒီလိုတော့ သိတယ်။

ငြမ်း – အခု ဆရာတော် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ဒေသခံတွေရဲ့ ထင်မြင်ယူဆချက်ကရော ဘယ်လိုတွေ ရှိသလဲဗျ။

LLY – ဆရာတော်က ပစ်သတ်ခံရတာပဲ။ဒီမှာက လက်နက်ကိုင် အဖွဲ့တွေကများတယ်။ဒေသခံတွေအနေနဲ့ တော့ အနေနဲ့ ဘယ်လိုမှတော့ မသုံးသပ်တတ်ဘူး။သုံးသပ်ထားတာမျိုးတော့ မရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဒီနေ့ဆရာတော်ရဲ့ ဈာပနကို ဒီနေ့ လိုက်ပါပို့ဆောင်တဲ့ လူပရိသတ်ဘယ်လောက် လောက်ရှိသလဲဗျ။

LLY – လိုက်ပါပို့ဆောင်သူ တစ်ထောင်ကျော်လောက်ရှိပါတယ်။

ငြမ်း – ကျေးဇူးတင်ပါတယ်ခင်ဗျ။

လုပ်ကြံသတ်ဖြတ်ခံရသည့် ခေးနင်းဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား

#ငြမ်းမီဒီယာ #အင်တာဗျူး #ခေးနင်းဆရာတော် #လုပ်ကြံသတ်ဖြတ်ခံရမှု #သေနတ် #လက်နက်ကိုင် #တအာင်း #အရပ်ဘက်အဖွဲ့အစည်း

ပုံ -၁။ လုပ်ကြံသတ်ဖြတ်ခံရသည့် ခေးနင်းဆရာတော်

ပုံ – ၂။ ခေးနင်းဆရာတော် လုပ်ကြံသတ်ဖြတ်ခံရသည့်နေရာ

ပုံ – ၃။ ခေးနင်းဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင်သူများ

ပုံ- ၄။ခေးနင်းဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင်သူများ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။