ပဋိပက္ခနဲ့ စိတ်ဝမ်းကွဲပြားမှုကို ပိုဖြစ်စေမယ့် သင်ရိုးညွှန်းတမ်းတွေ ပညာရေးစနစ်မှာ မရှိသင့်တော့ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SSK / မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဆရာစိုင်းစမ်ခမ်း

“ သွေးနှောတာ ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း” ဆိုတဲ့ စာသားမျိုး ပါနေတာတွေ့တယ်။ ကြည့်လိုက်တဲ့အခါမှာ ဒီလူမျိုးရေး၊ ဘာသာရေးဟာ ကျွန်တော်တို့ နိုင်ငံမှာ အင်မတန် အကဲဆတ်တဲ့ ကိစ္စဖြစ်တယ်။ အဲဒါနဲ့ ဆက်စပ် တဲ့၊ အကြမ်းဖက်တဲ့ ကိစ္စရပ်တွေ၊ ဒေသတချို့တွေမှာ မတည်မငြိမ် ဖြစ်စေတာတွေ …

မူလတန်း သင်ရိုးညွှန်းတမ်းပါ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ခန်းစာ များတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုကို အားပေးသည့် သင်ခန်းစာများ ပါဝင်နေသည့်အတွက် ယင်းကိစ္စကို ဖြေရှင်းပေးရန် အရပ်ဘက် အဖွဲ့အစည်းပေါင်း (၁၂၁) ဖွဲ့နှင့် တစ်သီးပုဂ္ဂလ လူ ပုဂ္ဂိုလ် (၉) ဦးတို့က ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် လက်မှတ်ရေး ထိုး ပြီး နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ အရေးဆိုခဲ့ ကြ သည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ အရေးဆိုရာတွင် ပါဝင် သည့် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဆရာစိုင်းစမ်ခမ်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်း ထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – လူမျိုး၊ ကိုးကွယ်ရာဘာသာ အပါအဝင် အကာအကွယ်ပေး ရမယ့် ဝိသေသ လက္ခဏာတွေ အပေါ်မှာ အခြေခံပြီး ခွဲခြားခြင်း၊ ဖိနှိပ်ခြင်းကို အားပေးတဲ့ အယူအဆတွေ ထည့်သွင်းသင်ကြား တယ်လို့ ဆိုထားတယ်။ ဘယ်အချက်တွေ ဖြစ်မလဲ။

အင်မတန် နုနယ်သေးတဲ့ ကလေးတွေရဲ့ စိတ်ထဲကို အမုန်းတရားတွေ သွပ်သွင်းရာရောက် နေတယ်လို့ ကျွန်တော်တို့ မြင်တဲ့အတွက်၊ စိတ်ပူတဲ့အတွက် …

S.S.K – ကျွန်တော်တို့က အခုတလော social media မှာ ကလေးတွေ စာကျက်တဲ့အခါ ဝံသာနုစိတ်ဓာတ် ထက်သန်ရေးနဲ့ ပတ်သက်တဲ့ ကဗျာတွေကို သင်ကြားနေရတာ တွေ့တယ်။ အဲဒီအထဲမှာပါတဲ့ စာပိုဒ်လေး တစ်ခုဆိုရင် “ သွေးနှောတာ ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း” ဆိုတဲ့ စာသားမျိုး ပါနေတာတွေ့တယ်။ ကြည့်လိုက်တဲ့အခါမှာ ဒီလူမျိုးရေး၊ ဘာသာရေးဟာ ကျွန်တော်တို့ နိုင်ငံမှာ အင်မတန် အကဲဆတ်တဲ့ ကိစ္စဖြစ်တယ်။ အဲဒါနဲ့ ဆက်စပ် တဲ့၊ အကြမ်းဖက်တဲ့ ကိစ္စရပ်တွေ၊ ဒေသတချို့တွေမှာ မတည်မငြိမ် ဖြစ်စေတာတွေ၊ ငြိမ်းချမ်းရေးကို ထိပါးနေတာတွေ၊ ဒါတွေလည်း ရှိနေသေးတယ်။ ဒီလိုဖြစ်နေတဲ့ အချိန်မျိုးမှာ ပုဂ္ဂလိက ကျောင်းတွေ မှာရော၊ အစိုးရကျောင်းတွေမှာပါ အခြေခံပညာ မူလတန်း သင်ခန်း စာတွေမှာ အင်မတန် နုနယ်သေးတဲ့ ကလေးတွေရဲ့ စိတ်ထဲကို အမုန်းတရားတွေ သွပ်သွင်းရာ ရောက်နေတယ်လို့ ကျွန်တော်တို့ မြင်တဲ့အတွက်၊ စိတ်ပူတဲ့အတွက် ကျွန်တော်တို့ ဒီစာကို ထုတ်တာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခြေခံပညာ ကျောင်းတွေနဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ သင်နေတာ တွေ့ရတယ်ဆိုတော့ ကျောင်းပေါင်း ဘယ်လောက်မှာ တွေ့တာလဲ။

S.S.K – ကျွန်တော်တို့ အဲဒီလိုမျိုး အတိအကျ သုတေသန လုပ်ထား တာ မရှိပါဘူး။ ဒါပေမယ့် social media မှာ တွေ့လိုက်တဲ့အခါ နီးစပ်ရာ မိတ်ဆွေတွေကို မေးကြည့်တယ်။ တော်တော်များများ ကလည်း သူတို့သားသမီးတွေ အဲဒါကို ကျက်နေတာ တွေ့တဲ့အခါ သူတို့လည်း စိုးရိမ်ပူပန်မှုတွေ ရှိတယ် ဆိုတာမျိုး တုန့်ပြန်တာကို တွေ့ရပါတယ်။

ငြမ်းမီဒီယာ – ဒီလို သင်ကြားမှုတွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်မလဲ။

S.S.K – ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့် လိုက်ရင် လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထား တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ ပါ ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မတူညီတဲ့လူမျိုး၊ ဘာသာ တရား၊ ရာထူး၊ ကျား၊ မ ဖြစ်တည်ခြင်းပေါ်မှာ ခွဲခြားဆက်ဆံခြင်း မရှိ စေရဆိုတဲ့ စကားရပ်ကလည်း ပါ ထားပြီးသား ဖြစ်တယ်။

ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ လျော်ညီတဲ့၊ နောက် အစိုးရရဲ့မူဝါဒ ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်တွေနဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အထူးသဖြင့် ကတော့ ခေတ်စနစ်နဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်အောင် …

အခြေခံ ဥပဒေမှာ ဒီလို ကာကွယ်ထားပေမယ့် ကလေးတွေကို နုနယ်တဲ့ အရွယ်မှာ ဒီလို ခွဲခြားဆက်ဆံမှုတွေ လုပ်ကောင်းတယ်လို့ သင်ပေး နေတာက ကလေးတွေဟာ မတူညီတဲ့ လူမျိုးနဲ့ ဘာသာတွေ အပေါ် မှာ နားလည်နိုင်မှု၊ သည်းခံနိုင်မှုတွေ ထိခိုက်သွားနိုင်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ နောက်ပြီး အေးချမ်း တည်ငြိမ်မှုတွေနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ အပေါ်မှာလည်း ထိခိုက်မှု ရှိမယ်လို့ ကျွန်တော်တို့ စိုးရိမ်ပူပန်တယ်။

ငြမ်းမီဒီယာ – မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ဘာသာတရားတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို အချက်အလက်တွေ ပို့ချသင်ကြားနေတဲ့ ပညာရေးစနစ်ကို ဘယ်လိုသုံးသပ်ချင်ပါ သလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

S.S.K – ပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အပိုင်းကို ကျွန်တော်တို့ မြင်ရတယ်။ အားမရတာတွေ ရှိသလို အပြုသဘောဆောင်တာတွေ လည်း ရှိတယ်။ အထူးသဖြင့် ဘတ်ဂျတ်တွေ တိုးလာတယ်။

ကျွန်တော်တို့မှာ အပြုသဘောနဲ့ ကြိုးစားရမယ့်၊ တည်ဆောက်ရမယ့် ကဏ္ဍတွေ အများကြီး ရှိပါတယ်။ အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် နှိမ့်ချဆက်ဆံတဲ့ ကိစ္စရပ်တွေကို၊ အထူးသဖြင့် ပညာရေး ဌာနမှာ ဒီလို …

တချို့နေရာတွေမှာ ကျောင်းအဆောက်အဦတွေ ပိုကောင်း လာတာ မျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ လျော်ညီတဲ့၊ နောက် အစိုးရရဲ့မူဝါဒ ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်တွေနဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အထူးသဖြင့် ကတော့ ခေတ်စနစ်နဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ဖြစ်အောင် ပြန်ပြီး ပြုပြင်ဖို့ လိုတယ် လို့ သုံးသပ်မိပါတယ်။

ငြမ်းမီဒီယာ – သင်ရိုးမှာ ခုလိုခွဲခြားမှုတွေကို ဘယ်ခုနှစ်လောက်က စ ထည့်ခဲ့တယ်လို့ သိရပါသလဲ။

S.S.K – ကျွန်တော် သတိပြုမိတာတော့ တစ်နှစ်၊ နှစ်နှစ်လောက် ရှိနေပြီလို့ ထင်ပါတယ်။ ဒီကိစ္စက ခုတလောမှ ပြန်ပြောပြီး ပြန် ပေါ်လာတာ။

ငြမ်းမီဒီယာ – သမ္မတကို အိတ်ဖွင့်ပေးစာ ပို့တယ်လို့ ဆိုထားတယ်။ အခြားဘယ်ကို ပို့သေးလဲ။ ပညာရေးဝန်ကြီးဌာနကိုရော မပြော ဘူးလား။

S.S.K – ကျွန်တော်တို့ မိတ္တူကို နိုင်ငံတော် အတိုင်ပင်ခံရုံးတို့၊ ပညာရေးဝန်ကြီးဌာန စသည်ဖြင့် ပို့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လူ့အခွင့်အရေး ကော်မရှင်ကိုရော အကြောင်းကြားတာမျိုး ရှိလား။

S.S.K – ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ငြမ်းမီဒီယာ – သမ္မတဆီကို အိတ်ဖွင့်ပေးစာ ပို့တာအပြင် အခြားဘာတွေ လုပ်သွားဖို့ ရှိသေးလဲ။

S.S.K – ကျွန်တော်တို့က အထူးသဖြင့် ပြန်ပြီး စုံစမ်း မေးမြန်းတာမျိုး လုပ်ပြီးမှ ဒါကို တုံ့ပြန်ဖြေရှင်းဖို့ ကြိုးစားတာမျိုး လုပ်ဖို့ရှိပါတယ်။ နောက်ဆက်တွဲ ဆက်လုပ်သွားဖို့ ရှိပါတယ်။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

S.S.K – ကျွန်တော်တို့နိုင်ငံဟာ လူမျိုးဘာသာ ပေါင်းစုံရှိတဲ့ နိုင်ငံဖြစ် တယ်။ နောက်ပြီးတော့ နိုင်ငံကို ငြိမ်းချမ်း တည်ငြိမ်ဖို့၊ ဖွံ့ဖြိုးတိုး တက်ဖို့ အများကြီး ကြိုးစားနေရတဲ့ ဒီမိုကရေစီ နုနယ်သေးတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အပြုသဘောနဲ့ ကြိုးစားရမယ့်၊ တည်ဆောက်ရမယ့် ကဏ္ဍတွေ အများကြီး ရှိပါတယ်။ အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် နှိမ့်ချဆက်ဆံတဲ့ ကိစ္စရပ်တွေကို၊ အထူးသဖြင့် ပညာရေး ဌာနမှာ ဒီလိုဟာမျိုးတွေက ရှိကို မရှိသင့်ဘူးလို့ မြင်ပါ တယ်။ ကြိုးစားရမယ့် ကဏ္ဍတွေက အရမ်းများတယ်။ အဲဒီလိုအခြေ အနေမှာ ပဋိပက္ခကို ပိုဖြစ်စေမယ့်၊ စိတ်ဝမ်းကွဲပြားမှုကို ပိုဖြစ်စေမယ့် သင်ရိုးညွှန်းတမ်းတွေက ပညာရေးစနစ်မှာ မရှိသင့်တော့ပါဘူး။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,