ပရဟိတကျောင်းဆရာလူငယ်နှစ်ဦးသည် စက်တင်ဘာလ(၂)ရက်နေ့ ညရှစ်နာရီကျော်ခန့်က အာမခံဖြင့်ပြန်လွတ်လာပြီဖြစ်ကြောင်း ကျောင်းဆရာလူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူ ဦးစိုင်းစောလှက ငြမ်းဒီယာသို့ပြော…
စက်တင်ဘာ(၃)၊၂၀၁၉၊ရန်ကုန်
ပရဟိတကျောင်းဆရာလူငယ်နှစ်ဦးသည် စက်တင်ဘာလ(၂)ရက်နေ့ ညရှစ်နာရီကျော်ခန့်က အာမခံဖြင့်ပြန်လွတ်လာပြီဖြစ်ကြောင်း ကျောင်းဆရာလူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူ ဦးစိုင်းစောလှက ငြမ်းဒီယာသို့ပြောသည်။
ပရဟိတကျောင်းဆရာ လူငယ်နှစ်ဦးဖြစ်သည့် (ကို)စိုင်းခွန်မိုင်(၂၈)နှစ်နှင့် (ကို)စိုင်းလိုင်းစင် (၂၄)နှစ်တို့သည် သြဂုတ်လ(၁၅)ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် သံသယဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
“ ပုဒ်မပြောင်းစွဲလိုက်တယ်လို့ပြောတယ်။ကျွန်တော်လည်းသေချာနားမလည်ဘူးအခုတော့ သူတို့တွေ အိမ်ရောက်နေကြပါပြီ။ဆက်သွယ်ရေးပုဒ်မနဲ့ပြောင်းပြီး တရားစွဲတယ်လို့လည်းပြောတယ်။သေချာမသိဘူး” ဟု ဦးစိုင်းစောလှက ငြမ်းမီဒီယာသို့ပြောသည်။
အာမခံဖြင့်ပြန်လည်လွတ်မြောက်လာသည့် ပရဟိတကျောင်းဆရာ လူငယ်နှစ်ဦးအား ၎င်းတို့တွေ့ကြုံခဲ့ရသည့်အခြေအနေများကိုမေးမြန်ရန် ငြမ်းမီဒီယာက ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။
ထိုအခြေအနေအပေါ်လတ်တလောအနေဖြင့်နားလည်ပေးပါရန် ဖခင်ဖြစ်သူဦးစိုင်းစောလှက ငြမ်းမီဒီယာသို့ပြောသည်။
ဓာတ်ပုံ – Sai Hsai Leng