ပိုးတွေ့ (၂၉၂)၊ မြဲမြံထားရမည့်သတိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကမ္ဘာ တစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ကိုးသန်း နီးပါးရှိပြီး သေဆုံးသူ လေးသိန်း ခုနှစ်သောင်းနီးပါး ရှိပြီဖြစ် …

ငြမ်း

ရန်ကုန်မြို့လယ်၊ဆူးလေ ခုံးတံတားအနီးတွင် တွေ့ရသည့် ကိုဗစ်ရောဂါကာကွယ်ရေးသတိပေး နံရံကပ် ပိုစတာ၊မိုးခိုနေသူများနှင့် လိုရာခရီးသွားလာနေသူများ။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကို ၂၀၂၀၊မတ်လ(၂၃) ရက်နေ့တွင်စတင်တွေ့ရှိခဲ့ပြီး ၂၀၂၀၊ဇွန်လ၊ ၂၄ရက်နေ့ နံနက်ရှစ်နာရီ အချိန်အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၂၉၂)ဦး၊ပိုးတွေ့ပြန်လည်သက်သာလာ သည့် လူနာ(၂၀၄)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦး ရှိပါသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ လူနာ (၃၁၅၇) ဦး၊ပိုးတွေ့ ပြန်လည် သက်သာလာသည့် လူနာ(၃၈၂၆)ဦး၊ ပိုးတွေ့သေဆုံးလူနာ (၅၈) ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ပိုးတွေ့ လူနာ (၁၁၉၁၁၈)၊ ပိုးတွေ့ပြန်လည်သက်သာလာသည့် လူနာ (၄၇၆၃၅) ဦး၊ပိုးတွေ့သေဆုံးလူနာ (၁၅၄၅) ဦး၊တရုတ်နိုင်ငံတွင် ကိုဗစ်ပိုးတွေ့ လူနာ (၈၃၄၃၈)ဦး၊ပိုးတွေ့ပြန်လည် သက်သာ လာ သည့် လူနာ (၇၈၄၂၈)၊ပိုးတွေ့သေဆုံးလူနာ (၄၆၃၄) ဦး၊ အိန္ဒိယနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ လူနာ (၄၅၆၅၅၂)ဦး၊ ပိုးတွေ့ပြန်လည် သက်သာလာသည့် လူနာ (၂၅၈၆၈၅)ဦး၊ပိုးတွေ့သေဆုံး လူနာ (၁၄၄၈၃)ဦး၊ လာအိုနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ လူနာ (၁၉) ဦး၊ ပိုးတွေ့ ပြန်လည်သက်သာ လာသူ (၁၉) ဦး ဖြစ်ပြီး သေဆုံးသူ မရှိပေ။ကမ္ဘာ တစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ကိုးသန်း နီးပါးရှိပြီး သေဆုံးသူ လေးသိန်း ခုနှစ်သောင်းနီးပါး ရှိပြီဖြစ်သည်။

ငြမ်း

ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်ထားသည့် ရန်ကုန်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်။ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆိုင်တွင် သွားရောက် စားသောက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန် နှင့် အာဟာရဆိုင်ရာ အကြံပြုချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါ အကြံပြုချက် များတွင် သန့်ရှင်း လတ်ဆတ်သော သဘာဝအစားအစားများကို နေ့စဉ် စားသုံးရန်၊ရေကို လုံလောက်စွာ သောက်သုံး ရန်၊ ဆီနှင့်အဆီများကို ချင့်ချိန်စွာစားသုံးရန်၊ဆား နှင့်သကြားကို လျှော့စားရန်နှင့် ဆိုင်တွင် သွားရောက် စားသောက်ခြင်း ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် တို့ဖြစ်သည်။

ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်များအနေဖြင့် လိုက်နာလုပ်ဆောင်ပြင်ဆင်ရမည့် အချက်များ၊ဆိုင်သို့ လာရောက် စားသုံးသူ များအနေဖြင့် လိုက်နာရမည့် အချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် အချို့စားသောက်ဆိုင် များနှင့် စားသုံးသူများသည် ကျန်းမာရေး လမ်းညွှန်ချက် များနဲ့အညီ ဆောင်ရွက်မှု မရှိဘဲ ပေါ့ပေါ့ ဆဆ ပြုကျင့်နေထိုင်မှုများသည် မိမိနှင့်မိမိသားစု၊ ပတ်ဝန်းကျင်အတွက် အလွန် အန္တရာယ်များပေသည်။

ငြမ်း

ဇွန်လ(၂၃)ရက်။ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များနှင့် အခြားမော်တော်ယာဉ်များ။

ငြမ်း

ဇွန်လ(၂၃)ရက်။မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အား လိုက်ပါစီးနင်းရန် ယာဉ်ပေါ်သို့ တက်ရောက်နေသည့် ခရီးသည် များ။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခပ်ခွာခွာနေရန် အကြံပြုထားသော်လည်း ရုံးတက်၊ရုံးဆင်း အချိန် အများသုံးခရီးသည်တင် ယာဉ် အသုံးပြုရာတွင် ခပ်ခွာခွာနေဖို့ရန် မဖြစ်နိုင်သည့် မလွှဲမရှောင်သာ အခြေအနေများ ကိုလည်း တွေ့ကြုံနေရဆဲ ဖြစ်သည်။

ငြမ်း

ဇွန်လ(၂၃)ရက်။ရန်ကုန်မြို့လယ်တစ်နေရာတွင် နှာခေါင်းစည်း လက်ပွေ့ရောင်းသူတစ်ဦးနှင့် ဝယ်ယူနေသူ တစ်ဦး အား တွေ့ရစဉ်။ နှာခေါင်းစည်းတစ်ခုလျင် တစ်ရာနှုန်းဖြင့် ရောင်းချ သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အများစု အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်စည်းတပ်သည့် အလေ့အထကို စွဲစွဲမြဲမြဲ ပြုလုပ်လာသည်ကိုလည်း တွေ့ရသည်။

ဒုတိယ COVID-19 လှိုင်းသည် ပထမထက်ဆိုးဖို့ ရာများသည်ကို လေ့လာ သူတွေက သုံးသပ်ထားကြောင်းနှင့်ပထမလှိုင်း ကို ကျော်လွှားနိုင်ခဲ့ခြင်းသည် လည်း မလွယ်ကူခဲ့ဘဲ ငွေအင်အား၊ လူအင်အား၊ စိတ်ဓါတ်အင်အား၊ အင်အား အမျိုးမျိုး ရင်းနှီးခဲ့ရ သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံက ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှာ မှ တဆင့် ပြည်သူသို့ သတင်းစကားပါးထားသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,