ပဲနို့အချိုရည်ဘူးဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ပွိုင့် ၂၂ ကျည်တောင့်များဖမ်းဆီရမိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပဲနို့အချိုရည်ဘူးခွံ (၂၂)ဘူး၊ပလတ်စတစ်ဘူး ၁ ဘူးတို့တွင် ထည့်ထားသော ပွိုင့် ၂၂ ကျည် (၁၅၀၀)တောင့်ကိုရဲတပ်ဖွဲ့က လွိုင်ကော်မြို့၌သိမ်းဆည်းရမိခဲ့…

သြဂုတ်လ(၂၇)ရက်နေ့ ၁၅:၃၀အချိန်တွင် အဝေးပြေး ကားကွင်း ၊ရွှေရာဇာဂိတ်တွင် မကေသီမြ(၃၃)နှစ်သည် မန္တလေးသို့ကားပစ္စည်းများ ပို့လိုသည်ဟုပြောဆို၍ လိပ်စာမပါဝင်သော ဆာလာအိတ်တစ်လုံးအား အပ်နှံခဲ့ကြောင်း ဂိတ်မှူးဖြစ်သူက မူးယစ်ဆေးဝါးတားဆီးနှိမ်ရေး ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးရာ ၎င်းအိတ်အတွင်း မော်တော်ယာဉ်ကလပ်ဘရိတ်အဟောင်း (၁)ခု၊ပဲနို့ အချိုရည် ဘူးခွံ(၂၂)ဘူးနှင့်ပလတ်စတ်ဘူးတို့ဖြင့်ထည့်ထားသည့် ပွိုင့် ၂၂ ကျည်(၁၅၀၀)တောင့်၊ ပဲနို့အချိုရည်ပါ ဘူးငယ်(၅)ဘူး၊ ဖောက်စက် ဟောင်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ချက်အရ နေအောင်(၃၄)နှစ်၏ နေအိမ်အားဆက်လက် ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိယာဉ်အမှတ် KYH/1G-XXXX Nissan ယာဉ်ရှေ့ခန်းထိုင်ခုံကြားမှ WYစိတ်ကြွဆေးပြား (၁၁၁)ပြားကိုထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေး ကသတင်းထုတ်ပြန်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မကေသီမြ(၃၃)နှစ်နှင့် နေအောင် (၃၄)နှစ်တို့အား လွိုင်ကော်မြို့မ ရဲစခန်း (ပ)၄၂၇/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(စ)၊ နေအောင် (၃၄)နှစ်အား လွိုင်ကော်မြို့မရဲစခန်းမယ(ပ)၄၆/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့

သိမ်းဆည်းရမိသည့် ပွိုင့် ၂၂ ကျည်တောင့်များ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။