ပျံကျဈေးသည်တွေ စားရေး ခက်ရင် ကူညီဖို့ ကြိုစဉ်းစားထားတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်တွင်နေထိုင်သည့် အသက်(၈၀) အရွယ် အမျိုးသားတစ်ဦးတွင် COVID – 19 ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနက ဧပြီလ၊(၂၃)ရက်နေ့ ၊ည ရှစ်နာရီအချိန်တွင် သတင်းထုတ်ပြန်ခဲ့ သည်။ ပိုးတွေ့လူနာသည် Case ၁၃၂ ဖြစ်ပြီး၊ပြည်ပသို့ ခရီးသွား ရာဇဝင်မရှိဟုဆိုသည်။ယခုအခါ ရောဂါပျံ့ပွားနိုင်မှုအား ကာကွယ် နိုင် ရန် မတ္တရာဈေးကြီးအား ပိတ်ထားပြီး ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟုသိရသည်။ အဆိုပါအခြေအနေ များနှင့် ပတ်သက်၍ မန္တလေးတိုင်း၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မတ္တရာမဲဆန္ဒနယ်၊ အမှတ်(၂)၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးမင်းမင်း ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းခဲ့သည်။

MDYH / ဦးမင်းမင်း( မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မတ္တရာမဲဆန္ဒနယ်၊ အမှတ်(၂))

ငြမ်းမီဒီယာ – Case – ၁၃၂ က မတ္တရာမြို့နယ်ကဆိုတော့ ကာကွယ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေလဲခင်ဗျ။

UMM – သူ့ရဲ့မိသားစုဝင်တွေ၊ သူ့အိမ်ဝင်ထွက်သွားလာတဲ့သူတွေ ကို အခုကတော့ ဆေးရုံစောင့်ကြည့်နဲ့ အိမ်မှာစောင့်ကြည်ပေါ့။ Quarrantine နဲ့ ပတ်သက်ပြီး ဒါတွေလုပ်ထားပါတယ်။ သူတို့အိမ်တွေ၊ အိမ်အနားတွေ၊ အနီးထိစပ်ခဲ့တဲ့ အိမ်တွေကို လည်း Lock Down လုပ်ထားပါတယ်။သူတို့အမျိုးအဆွေ မဟုတ်တာလည်း ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – Case ၁၃၂ နဲ့ ထိစပ်ခဲ့တဲ့ လူဦးရေ က ဘယ်လောက် လောက်ရှိလဲ။

UMM – အခုကတော့ (၁၇) ယောက်ပေါ့။ မတ္တရာကပေါ့။

ဒီမှာက အကုန်လုံးက ရပ်ဆွေရပ်မျိုး တွေ ဖြစ်နေတော့ ရပ်ကွက် ငါးခုရှိတယ်။ အကုန်လုံး က သွားလာ ဝင်ထွက်နေကြတော့ ကျနော်တို့ ဒီလို မလုပ်လို့ မရဘူး။ လောလောဆယ် …

ငြမ်းမီဒီယာ – ရောဂါပျံ့ပွားမှုမရှိအောင်၊ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေ၊ ပြည်သူရဲ့ စိုးရိမ်မှုတွေ ဒါတွေကို ဘယ်လို စီမံဆောင်ရွက် ထားတာရှိလဲ။

UMM – ဖြစ်တာကတော့ မနေ့ကတွေ့တာဆိုတော့ စိုးရိမ်တာလည်း စိုးရိမ်တာတစ်ကြောင်းပေါ့လေ။ စိုးရိမ်တာကိုလည်း မစိုးရိမ် ရအောင်၊ ကူးစက်မှု မရှိအောင် ကျနော်တို့ ဘာလုပ်သလဲဆိုတော့ မတ္တရာဈေး။ ဈေးကြီးကလည်း တစ်ဈေးတည်း ရှိတာပါ။ ပျံကျဈေးက ကျနော်တို့ မြို့နယ်နဲ့ရွာတွေရောဆို (၇) ခုရှိတာပါ။ ကျနော်တို့ မနေ့က ဖြစ်တယ်ဆိုတာ သိသိခြင်း အိမ်ကို ဆေးဖြန်း တယ်။ နောက်တော့ ကျနော်တို့ မြို့နယ်မှာ ဖွဲ့စည်းထားတဲ့ ကိုဗစ်ကာကွယ်ရေး အဖွဲ့အစည်းနဲ့ အစည်းအဝေးထိုင်ပြီး တိုင်းကိုတင် ပြတယ်။ ဈေးတွေရော၊ အိမ်ဆိုင်တွေရော၊ အရောင်းအဝယ်အားလုံးကို ဒီနေ့ရပ်လိုက်တယ်။ ပိတ်လိုက်တယ်။ ဒီနေ့ တစ်ရက်ပေါ့။

တချို့ကလည်း မသွားနဲ့ဆို သွားနေကြတာဗျာ။ လမ်းတွေပေါ် အပြင်ထွက်နေတဲ့သူ တချို့လည်း ရှိတယ်။ အဲဒါတွေကတော့ မလိုက်နာဘူး …

သူကနေ ဆက်စပ်တဲ့ လူက ဘယ်လောက်များသလဲ၊ဘယ်လောက်ထိတွေ့ထားသလဲဆိုတာ မသိရဘူး။ အဲဒီတော့ ကျနော်တို့ စာရင်းကောက်နိုင်ရုံလေးပေါ့။ဒါက ဆက်စပ်ခဲ့တဲ့သူတွေက နောက်ထပ် ထိတွေ့ ဆက်စပ်မှုတွေ ပြန်မဖြစ်အောင်။ ဖြစ်ခဲ့သည် ရှိသော်ပေါ့ဗျာ။ ကျနော်တို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဈေးကို ဒီတစ်ရက်ပိတ်လိုက်တယ်။ မနက်ဖြန်တော့ ပါဆယ် ရောင်းတာ တော့  ကျနော်တို့ခွင့်ပြုမယ်။ ဈေးကြီးနဲ့ မြို့ပေါ်က ပျံကျဈေး နှစ်ဈေးကိုတော့ မနက်ဖြန်တစ်ရက် ထပ်ပိတ် ဦးမယ်။ မနက်ဖြန်လည်း ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး ကြိုတင်ကာကွယ်မှု လုပ်ရမယ်။

ငြမ်းမီဒီယာ – ဒေသခံတွေကရော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ၊ဒေသဆိုင်ရာ ထုတ်ပြန်ချက်တွေကို လိုက်နာတာ၊ ပူးပေါင်းဆောင်ရွက်တာ ရော အခြေအနေဘယ်လိုရှိလဲခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMM – ရာခိုင်နှုန်းအားဖြင့်ပြောရမယ်ဆိုရင် လိုက်နာတယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုးဆယ် ရာခိုင်နှုန်း ကျော်လောက်က လိုက်နာတယ်။ တချို့ကလည်း မသွားနဲ့ဆို သွားနေကြတာဗျာ။ လမ်းတွေပေါ် အပြင်ထွက်နေတဲ့သူ တချို့လည်း ရှိတယ်။ အဲဒါတွေကတော့ မလိုက်နာဘူး၊ လိုက်နာတယ် ပြောရမှာတော့ သူတို့အကြောင်းနဲ့ သူတို့တော့ ရှိမှာပေါ့။ လမ်းပေါ် လူမများစေချင်ပေမယ့် လူများခဲ့တဲ့ နေ့တွေတော့ ရှေ့မှာ ရှိခဲ့တာပေါ့။ မလိုက်နာဘူးပြောရမှာလည်း ခက်ပါတယ်။ သူတို့လည်း သူတို့ လူမှုရေးအကြောင်းလည်း ရှိကြမှာပေါ့။

ငြမ်းမီဒီယာ – ဈေးက အခု တစ်ရက် ပိတ်မယ်ဆိုတော့ နောက်ထပ် ရက်တွေမှာရော။

UMM – အခု Quarrantine ဝင်တဲ့သူတွေ ကို ဒီနေ့ Swab ယူပြီးတော့ ဒီနေ့ ရန်ကုန်ပို့တယ်။ မနက်ဖြန် အဖြေထွက်မယ်၊ ဒါမှမဟုတ် သဘက်ခါ အဖြေထွက်မယ်ဆိုရင် အဖြေထွက်ပြီးရင်တော့ ဘယ်လို အဖြေထွက်ထွက်ပါ ကျနော်တို့ ဒီကနေ ကြိုတင်လည်း စဉ်းစား ထားတယ်။ ဈေးကတော့ ကျနော်တို့ ပြန်ပြီးတော့ ဖွင့်မယ်။တချို့ပါဆယ် ရောင်းတာ၊ အိမ်ဈေးဆိုင်တွေကတော့ မန္တလေးတောင် မှတွေ့တယ်။ဒီလို မလုပ်ဘူးပေါ့။ တို့ မတ္တရာကျ မှ လုပ်တယ်ဆိုတဲ့ ဟာလေးတွေကတော့ ရှိတာပေါ့။ ကျနော်တို့က နယ်မြို့ ဆိုတော့ နယ်ရဲ့သဘာဝအရ ကူးလူးဆက်ဆံမှုက များတယ်။ မြို့ကြီးတွေမှာလို မဟုတ်ဘူး။ မြို့ကြီးတွေ မှာတော့ တစ်အိမ်နဲ့ တစ်အိမ် သွားလာတာ အင်မတန် နည်းပါတယ်။ ဒီမှာက အကုန်လုံးက ရပ်ဆွေရပ်မျိုး တွေ ဖြစ်နေတော့ ရပ်ကွက် ငါးခုရှိတယ်။ အကုန်လုံး က သွားလာ ဝင်ထွက်နေကြတော့ ကျနော်တို့ ဒီလို မလုပ်လို့ မရဘူး။ လောလောဆယ် ဈေးက ထိစပ်အနိုင်ဆုံးနေရာတွေ ဆိုတော့ ကျနော်တို့ က ဈေးကို ဒီတစ်ရက်ပိတ်လိုက်တယ်။ စာရင်းရသလောက်လုပ်ကြတယ်။ လောလောဆယ် ကိုဗစ် ၁၃၂ အဖိုးရဲ့ ဆက်စပ်တဲ့ မိသားစု အရင်းကိုတော့ Quarantine ဝင်ခိုင်းထားတာမှန်တယ်။ ဒါပေမယ့် သူတို့နဲ့ ဆက်စပ် တာကို ပြန်လိုက် ထားရတယ်။ တချို့ကလည်း Home Quarantine။ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်နေကြတယ်။ ဘာပဲပြောပြော ဒီတစ်ရက်ပိတ်ပြီး ဒါလေးတွေ လုပ်လိုက်တော့ ကြိုတင်ကာကွယ်ပြီးသား နည်းနည်းတော့ ရတာပေါ့။ အခုကတော့ ဒီအဖိုးနဲ့ထိတွေ့ခဲ့တဲ့သူတွေက သူတို့ကိုယ်တိုင်အကြောင်းကြားတယ်။ သူတို့ ဘယ်လို လုပ်ရမလဲလိုက်နာချင် တယ်ပေါ့။ အဲဒါဆို Home Quarantine လုပ်ပါ။ ကျနော်တို့ မြို့နယ်ကျန်းမာရေး ကို လည်း လိုအပ်တဲ့ အကူအညီပြောပြီး လုပ်ရတာပေါ့။

ငြမ်းမီဒီယာ – ဈေးတွေ ပိတ်တော့လေ အထူးသဖြင့် ပျံကျဈေးပေါ့ တချို့ဆို ဒီနေ့ ရောင်းမှ ဒီနေ့အတွက် စားရေးကိစ္စ ဖြေရှင်းရတာဆိုတော့ အဲဒီအတွက် ဘယ်လို ကူညီမှုတွေ ပေးဖို့ ရှိလဲခင်ဗျ။

UMM – ဒီနေ့ကတော့ ဈေးသည်တွေရဲ့ ပစ္စည်းကို ကျနော်တို့ကားနဲ့ လမ်းပေါ်လှည့်ရောင်းပေးတယ်။ မနက်ဖြန်လည်း ကားထပ် တိုးဖို့ စီစဉ်ထားတယ်။ စီစဉ်ထားတယ်ဆိုတာ သူတို့ပစ္စည်းတွေကို ကျနော်တို့ကရောင်းပေးတဲ့သဘောပေါ့။ ကျနော်တို့အနေနဲ့ သူတို့ စားဝတ်နေရးခက်ခဲတယ်ဆိုရင် ဖြေရှင်းပေးဖို့ တိုင်တော့တိုင်ပင်ထားတယ်။ သူတို့ကလည်းတောင်းဆိုလာမယ်၊အကူအညီတောင်း လာမယ် ဆိုရင် အခုကျနော်တို့ ပျံကျဈေးမှာဆို နှစ်ရာနီးပါရှိတယ်။ သူတို့တွေရဲ့ ဖုန်းနံပါတ်တွေ ယူထားတယ်။ သူတို့လည်း လိုအပ် လို့ ရှိရင် ဆက်သွယ်နိုင်အောင် စည်ပင်ကော်မတီကလည်း ဖုန်းနံပါတ်တွေ ပေးပြီးသား။ သူတို့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရင် ကျနော်တို့ဘက်က ကူညီနိုင်အောင်ပါ။ နိုင်ငံတော်ကဝေသလို ပေါ့။ ဒီဘက်က တော့ စားဖို့ပံ့ပိုးပေးနိုင်မယ့် အစီအစဉ်လေးတွေတော့ ကြိုတော့ စဉ်းစားထားပါတယ်။

ဒီနားလေးတင်ပါ၊ဟိုနားလေးတင်ပါ ဆိုတဲ့ ပြဿနာ တွေ က ရှိတယ်။ အဲဒီတော့ စောင့်ကြည့်တဲ့ သူနဲ့ သူတို့နဲ့ စကားများ။ ပြဿနာလေးတွေ ရှိလာရော။ Home Quarantine က …

ငြမ်းမီဒီယာ – Quarantine လုပ်တဲ့အထဲမှာ Home Quarantine အရေအတွက်က ဘယ်လောက်ရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMM – သူက ဘဏ်ကိုလာသွားတဲ့အတွက် ဘဏ်ဝန်ထမ်းတွေ Home Quarantine ဝင်ကြမယ်။ နောက်ထပ်မိသားစု သုံး၊လေးစု လည်း ရှိပါတယ်။ နောက်ထပ်လည်း ရှိသေးတယ်။ ကျနော်တို့ကို မဆက်သွယ်ဘူး။အဲဒီတော့ ကျနော်တို့က စုံစမ်းရတာပေါ့။ ပြောရ မယ်ဆိုရင် Quarantine ဝင်ထားတဲ့ သူတွေကို မေးရတာပေါ့ဗျာ။ဘယ်သွားခဲ့လဲ။ ဘာလုပ်ခဲ့လဲဆိုတာ မေးရတယ်။ နောက်ထပ် ရှိလာမယ့် ဟာတွေလည်း ရှိတာပေါ့။

မထွက်နဲ့ဆိုထွက်တယ်။မလုပ်နဲ့ဆို လုပ်တယ်။ စောင့်ပေးနေတဲ့ သူတွေရဲ့ စကားကို နားမထောင်ဘူး။ မသောက်နဲ့ဆို သောက်တယ်။ အဲဒီလို …

Pixabay

ငြမ်းမီဒီယာ – Home Quarantine ဝင်တဲ့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်း၊ ရှိ၊မရှိ စောင့်ကြည့် တာရော ရှိလားခင်ဗျ။

UMM – စောင့်ကြည့်တာ လုပ်တယ်ဗျ။ ဒီရောဂါ စဖြစ်တော့ နိုင်ငံခြားက ပြန်လာတဲ့သူတွေကို Home Quarantine လုပ်တယ်။ နောက် မအောင်မြင်တော့ Facility Quarantine လုပ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် Home Quarantine မှာ ကိုယ့်အသိနဲ့ ကိုယ်နေတဲ့သူက ဘာမှ ပြောစရာမလိုဘူး။  စောင့်ကြည့် တယ် ဆိုတာက အိမ်တွေ သိပ်များလာရင် စောင့်ကြည့်နိုင်ဖို့က အင်မတန် ခက်တယ်။ သူတို့အသိစိတ်နဲ့နေမှ ဖြစ်မယ်ဆိုတော့ Home Quarantine က ကျနော်တို့ ထိန်းကျောင်းနိုင်တဲ့ အနေအထား မရှိဘူး။ ဒီနားလေးတင်ပါ၊ဟိုနားလေးတင်ပါ ဆိုတဲ့ ပြဿနာ တွေ က ရှိတယ်။ အဲဒီတော့ စောင့်ကြည့်တဲ့ သူနဲ့ သူတို့နဲ့ စကားများ။ ပြဿနာလေးတွေ ရှိလာရော။ Home Quarantine က လိုက်နာလား ဆိုရင် ရာခိုင်နှုန်းအားဖြင့် မလိုက်နာသူကများတယ်။

ငြမ်းမီဒီယာ – အခု မတ္တရာမှာ Home Quarantine လုပ်ထားတဲ့သူတွေရှိတော့ သူတို့ကိုရော။

UMM – မလိုက်နာရင်တော့ Facility Quarantine ကို ချက်ခြင်းပြောင်းပေးတယ်။ Facility Quarantine က စီစဉ်ထားတဲ့နေရာ ရှိတယ်။ ကျနော်တို့ အဲဒီနေရာကို ချက်ခြင်းပြောင်းပေးတယ်။ ကျနော်တို့ လိုက်နိုင်ရင်လိုက်၊ မလိုက်နိုင်ရင် ညမို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကျေး သူတို့အဖွဲ့က ပြောင်းပေးတာရှိတယ်။ ရပ်ကွက်တွေမှာ မလိုက်နာဘူး။ မလိုက်နာတော့ အကြောင်းကြားတယ်။ အကြောင်း ကြားတော့ ကျနော်တို့ ကဖျောင်းဖြတယ်။ ဖျောင်းဖြလို့မရဘူး။ မထွက်နဲ့ဆိုထွက်တယ်။မလုပ်နဲ့ဆို လုပ်တယ်။ စောင့်ပေးနေတဲ့ သူတွေရဲ့ စကားကို နားမထောင်ဘူး။ မသောက်နဲ့ဆို သောက်တယ်။ အဲဒီလိုဟာတွေက ရှိသေးတာကို။ လုံးဝမလိုက်နာရင် ကျနော်တို့ ကိုယ်တိုင်သွားခေါ်တဲ့ဟာတွေ ရှိပါတယ်။ ခေါ်ပြီး မြို့နယ် Facility Quarantine ကို ပြောင်းပြီးထားပေးတာပေါ့။ အဲဒီမှာက ရဲ အစောင့်အရှောက် လုပ်ပေးတယ်။ လူမှုကူညီရေးအသင်းကလည်း စောင့်ရှောက်တယ်။ သီးသန့်ဆိုတော့ သူတို့ မလိုက်နာ လို့လည်း မရဘူး။ အိမ်ကလာတဲ့သူတွေနဲ့လည်း ထိတွေ့မှုမပေးတော့ဘူး။ ဒီက အလှူရှင်တွေကလည်း ချက်ကျွေးတယ်။ မတ္တရာ မှာဆိုရင် အောင်မြေသုခ ကျောင်းက ဆရာတော်က ပရဟိတအသင်းချုပ် ဥက္ကဌ။ ဆရာတော်ဆီမှာ အလှူရှင်ပုံမှန် ရှိတယ်။ အလှူရှင် မရှိလည်း အခြောက်အခြမ်း၊ဆန် သိုလှောင်ထားတာရှိတော့ ချက်ကျွေးတာပဲ။ ဘုန်းကြီးနဲ့ကျနော်တို့ နဂို ကတည်း က တိုင်ပင်ပြီးသား။ဘုန်းကြီးကလည်း ရတယ်ချက်ကျွေးမယ်။ ဘယ်သူမှ အဝင်မခံဘူး။ မိသားစု လည်း အဝင် မခံဘူး။ အရင်ကတော့ (၁၄)ရက်၊အခု (၂၁) ရက်ပေါ့။ လုံးဝထိတွေ့ခွင့်မပေးဘူး။ပြီးမှ ကျနော်တို့ ပြန်ပြီး လိုက်ပို့ပေးတယ်။ ကျနော်တို့ အဲလို စီစဉ်ထား ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးပါခင်ဗျာ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,