အခုပြောပြလိုတာကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတစ်ပုဒ်အကြောင်း ဖြစ်ပါတယ်။
သည်သတင်းကို Phyo Phyo Phyo အမည်ရတဲ့ အကောင့်ပိုင်ရှင် က နိုဝင်ဘာလ(၁) ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး သည်သတင်းကို ရွှေဘိုမြို့ရဲ့ ရင်ဖွင့်ရာ၊ ရွှေဘိုဆုံမှတ် ထမိန်ခြုံများအား ဆုံးမခြင်း၊ မြန်ပြည်ချစ်၊ မွန်ပြည်နယ်က ဟစ်တိုင်၊ NLD ဆို ချီးထက်ရွံ့ကြသူများ စတဲ့ ဂရုတွေ ထဲကို ထပ်ဆင့်ပြန်လည် ဖြန့်ချိသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
သည်သတင်းအမှား ကို ဖန်တီးဖြန့်ချိသူဟာ သည်သတင်းကို သတင်းစာ (သို့) သတင်းဂျာနယ် တစ်စောင် က ဖော်ပြထားသယောင် ဖန်တီးထားတာတွေ့ရပါတယ်။
သည် သတင်းနဲ့ ပတ်သက်ပြီး အချက်အလက် အမှား၊အမှန် စစ်ဆေးရန် သတင်းထဲမှာ ဖော်ပြခံထားရတဲ့ ကာယကံရှင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းအတု၊ သတင်းအမှား သာ ဖြစ်တယ်လို့ မုံရွာအောင်ရှင်က အတည်ပြုပြောကြားပါတယ်။
“ မဟုတ်ပါဘူးဗျာ။တစ်ခါမှ မပြောဖူးပါဘူးဗျာ။တစ်ခါမှ မပြောဖူးပါဘူး။တခြားပါတီတွေကို ပုတ်ခတ်ပြီး တစ်ခါမှ အဲဒီလို မပြောဖူးပါဘူး ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။
ငြမ်းမီဒီယာ