ပြည်ခိုင်ဖြိုးလုပ်သမျှလိုက်ပြီး ခြေထိုးနေတဲ့လူတွေက သဘောရိုးနဲ့ ဟုတ်ရဲ့လား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

T T O / ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး

ယခုရက်ပိုင်း လူမှုကွန်ရက်တွင်ပြောဆိုဝေဖန်မှုများရှိနေခဲ့သည့် ဒီမိုကရေစီအရေးတော်ပုံသီချင်းတစ်ပုဒ်ဖြစ်သော “ အရေးကြီးပြီ” သီချင်းကိစ္စ အပါအဝင် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲသည့် ကိစ္စများကို ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးအား ငြမ်းမီဒီယာကဆက်သွယ်မေးမြန်း ဖော်ပြလိုက်သည်။

ငြမ်းမီဒီယာ – တစ်ချိန်က သောင်ရင်းမြစ်ကမ်းတစ်နေရာက တော်လှန်ရေးစခန်းတစ်ခုမှာ ဒီမိုကရေစီအရေးတော်ပုံအတွက် (ဦး) ထူးအိမ်သင်ရေးဖွဲ့ခဲ့ပြီး’ ငြိမ်းချမ်းရေးတိုက်ပွဲ’ တေးစီးရီးမှာ (ဦး) မွန်းအောင်သီဆိုခဲ့တဲ့ “အရေးကြီးပြီ” ဆိုတဲ့သီချင်းကို ဖယ်ခုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလုပ်တဲ့ပွဲတစ်ခုမှာ Copy ပုံစံနဲ့သီဆိုခဲ့တာတွေ့ရပါတယ်။ ဒီလိုသီဆိုခဲ့ခြင်းကို လူမှုကွန်ရက်ပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ ဒီအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့် ရှိသူတစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UTTO – Copy Right ဥပဒေက ဘယ်လိုဆိုထားလဲမသိဘူးဗျ။ အဲဒီပြောနေကြတဲ့လူတွေက Copy Right ဥပဒေကို နားမလည် ကြလို့လားတော့မသိဘူး။ ဒီသီချင်းရဲ့မူရင်းက Copy လို့ကျနော်ထင်တယ်။ အဲဒါကြောင့်မို့ Copy Right ဥပ ဒေကိုလေ့လာပြီးမှ ဝေဖန်ရေးသားကြပါလို့ ဒီလိုပဲကျနော် ပြောချင်ပါတယ်ဗျ။ ကျနော်ကတော့ ထဲထဲဝင်ဝင်တော့ သေသေချာချာ မလေ့လာမိပါဘူး။ ဘာလို့ဆိုတော့ ပြည်ခိုင်ဖြိုးလုပ် သမျှကိုလိုက်ပြီးတော့ ခြေထိုးနေတဲ့လူတွေက သဘောရိုးနဲ့ ဟုတ်ရဲ့လားမသိဘူး။ ဒီလိုပဲမေးခွန်းထုတ်ချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တဖက်ကကျနော်တို့ကို  စော်စော်ကားကား လုပ်နေသော ထောင်ပေါင်းများစွာသော အုပ်စုကို၊ လူတွေကိုကျတော့ မပြောဘဲနဲ့ အခု ကျနော်တို့ …

ငြမ်းမီဒီယာ – တစ်လောက လူမှုကွန်ရက်ပေါ်မှာဘယ် သူ တင်လိုက်မှန်းမသိတဲ့၊ Photoshop နဲ့လုပ်ထားတဲ့ စာသားတစ်ခုကို Share လုပ်မိတဲ့သူတွေရှိခဲ့တယ်။ Share ကြတဲ့အထဲမှ တချို့လည်း ရည်ရွယ်ချက်ရှိရှိနဲ့ Share ကြတာရှိနိုင်သလို၊ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေမရည်ရွယ်တဲ့သူတွေ၊ မသိနားမလည်ဘဲ Share မိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအထဲက (၅) ဦး ကို ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတရားစွဲဆိုခဲ့တယ်။ ဒီအခြေအနေအပါအဝင် ၆၆ (ဃ) လိုပုဒ်မတွေနဲ့ တရားစွဲဆိုမှု အများစုဟာ ဒီမိုကရေစီစံနှုန်းနဲ့မညီဘူးဆိုတဲ့ ဝေဖန်သုံးသတ်မှုတွေကိုရော ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

UTTO – နံပါတ်တစ်ကတော့ ခင်ဗျားပြောတဲ့ မသိနားမလည်လို့ Share လိုက်တယ်ဆိုတာကိုတော့ လက်မခံပါဘူး။ ဘာကြောင့်လဲ ဆိုလို့ရှိရင် Share တဲ့လူတစ်ယောက်သည် သူ Share တဲ့ကိစ္စကို သေသေချာချာ ဂဃနဏဖတ်ပြီးမှ Share တယ်လို့ တစ်အချက်ပြောလို့ရပါတယ်။ ၆၆ (ဃ) မှာက ဖော်ပြထားတဲ့ဟာသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ဂုဏ်သရေထိခိုက်စေတဲ့လုပ်ရပ်ကို မည် သည့်နည်းနဲ့မဆို ဖြန့်ဝေခြင်းဆိုတဲ့အချက်ပါတယ်ဗျ။ သူသည်အဲဒါနဲ့အကျုံးဝင်တဲ့အတွက် အဲဒီလိုတရားစွဲဆိုခံရတယ်။ ဟုတ်ပြီ။ ကျနော်တို့စွဲလိုက်တဲ့ဟာမှာ Share တဲ့လူ ရာနဲ့ထောင်နဲ့ရှိနေတဲ့အထဲကမှ Account အစစ်အမှန်နဲ့ Share တဲ့ တရားစွဲဆိုလို့ရနိုင်တဲ့ (၅) ဦးလောက်ကိုသာ ကျနော်တို့ တရားစွဲဆိုလိုက်တယ်။ ဒါဘာကြောင့်လဲ ဆိုလို့ရှိရင် ကျနော် တို့အစိုးရလက်ထက်တုန်းက ဒီမိုကရေစီစံနှုန်းနဲ့အညီ ရပ်တည်ခဲ့တယ်၊ သည်းခံတယ်၊ စိတ်ရှည်တယ်။ အခုလည်းပဲ ကျနော်တို့ကဆက်ပြီးတော့သည်းခံတယ်၊ စိတ်ရှည်ပေးတယ်။ များသောအားဖြင့် ကျနော်တို့ရဲ့ အခုတရားစွဲဆိုမှု (၅) ဦးဆိုတဲ့ဟာက Percentage အားဖြင့် ဒသမ သုည သုည အလွန်တရာမှနည်းပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဒီလိုတွေ သည်းခံနေတော့ ဒီမိုကရေစီစံနှုန်းနဲ့အညီ တစ်ဖက် ကလူတွေကရပ်တည်သလားဆိုတာ မေးခွန်းထုတ်စရာအကြောင်းရှိပါတယ်။

နိုင်ငံတော်ရဲ့ဘတ်ဂျက်အပေါ်မှာ အသုံးပြုပြီးတော့ တစ်ဖက်လှုပ်ရှားမှု၊ တစ်ဖက်ရဲ့ေ၀ ဖန်မှုတွေကို နှိပ်ကွပ်နေတဲ့ သဘောမျိုးလား။ ဒါကြောင့်မို့လို့ လာမယ့်ရွေးကောက်ပွဲဟာ …

ငါတို့စော်ကားချင်သလိုစော်ကားမယ်၊ မင်းတို့ဒီမိုကရေစီစံနှုန်းနဲ့အညီ အံကြိတ်ခံပေးဆိုတဲ့သဘောမျိုးဆို မျှတမလားဆိုတဲ့ဟာ ဒါတော့စဉ်းစားဖို့လိုပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့သည် မလုပ်ချင်သော်လည်းဘဲလုပ် ရတာ၊ အခုလုပ်ရပ်သည်ပင်လျှင် ဒီမိုကရေစီစံနှုန်းနဲ့သူတို့တွေမျှမျှတတတွေးနိုင်ခေါ်နိုင်အောင်၊ အမှန်ကိုအမှန်အတိုင်းမြင်အောင်၊ အမှားကိုအမှန်မဖြစ်ရလေအောင် ကျနော်တို့တွေက ဆောင်ရွက်ခြင်း ဖြစ်တယ်။ ကျနော်တို့ ပါတီက ဟုတ်နေတာကို ပြောရင် ကျနော်တို့ မလုပ်ခဲ့ဘူး။ အခုဟာက မဟုတ် တဲ့ဟာကို အဟုတ်ပုံစံမျိုးလုပ်တဲ့အတွက် ကျနော်တို့တရားစွဲတာ။ တရားစွဲပုံစွဲနည်းမတူဘူးနော်။ ဒါကြောင့်မို့လို့ ကျနော် ပြောချင်တာက တစ်ဖက်ကအဲဒီလိုပြောနေတဲ့လူတွေက ဒီမိုကရေစီစံနှုန်းနဲ့အညီ ဘယ်လောက်ရပ်တည်နိုင်သလဲ။ အဲဒီလို ပြောနေတဲ့လူတွေက တဖက်ကကျနော်တို့ကို စော်စော် ကားကားလုပ်နေသော ထောင်ပေါင်းများစွာသောအုပ်စုကို၊ လူတွေကို ကျတော့မပြောဘဲနဲ့ အခုကျနော်တို့ (၅) ယောက် လောက်ကိုမှ စံနမူနာပြအနေနဲ့ စွဲလိုက်တဲ့အပေါ်မှာ ဝေဖန် မှုကရော တရားသလားဆိုတာမေးခွန်းထုတ်လိုပါတယ်။ ဒါကြောင့်မို့လို့ တရားမျှတခြင်း၊လွတ်လပ်ခြင်း ဆိုတဲ့ဟာကို သွားချင်တယ်၊ ဒီမိုကရေစီစံနှုန်း အပြည့်နဲ့သွားချင်တယ်ဆို လို့ရှိရင် ဘက်လိုက်မှုမရှိဘဲနဲ့ မျှမျှတတ ကျနော်တို့ရပ်တည် ဆောင်ရွက်မှ သာလျှင် ကျနော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ ဖြောင့်ဖြူးသာယာလိမ့်မယ်လို့ ဒီလိုပဲပြောချင်ပါတယ်။

ငြမ်းမီဒီယာ – လူမှုကွန်ရက်ပေါ်မှာ ဟိုဘက်ဒီဘက် ပြောဆိုနေကြတာတွေကတော့ရှိပါတယ်။ အခု ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ဒီလိုတရားစွဲဆိုတဲ့ဆောင်ရွက်မှုက ပါတီရဲ့ပုံရိပ်အပေါ် သက်ရောက်မှုတစ်ခုခုဖြစ်မလာနိုင် ဘူးလား။

UTTO – ကျနော်ပြောပြမယ်ဗျ။ ကျနော်တို့ပါတီရဲ့ဆောင် ပုဒ် က စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး။ ကျနော်တို့ သူများ တစ်ဖွဲ့သူများတစ်ဦးတစ်ယောက်ကို မဟုတ်တမ်းတ ရား ပြောဆိုခြင်း၊ သူများ တစ်ဦးတစ်ယောက်ကို မဟုတ်တာကို အဟုတ် လုပ်ပြီးပြောဆိုခြင်း ကျနော်တို့ပါတီက အလျဉ်းမရှိခဲ့ဘူး။ မဟုတ်တာကို အဟုတ်ဖြစ်အောင်လုပ်တဲ့ဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာ အဲဒါက ပြည်သူများကြည့်ကြရင်မြင်နိုင်ပါလိမ့်မယ်။ သူတို့တွေသည် တရားမျှတခြင်းရှိမရှိဆိုတာကိုလည်းပဲ ထည့်သွင်း စဉ်းစားဖို့ လိုတယ်။ အမုန်းစကားဆိုပြီး သတ်မှတ်တဲ့ Social Network ခြောက်ထောင့်လေးရာနှစ်ဆယ့်ခြောက်သန်း အသုံးပြုပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စတွေသည် ပြည်ခိုင်ဖြိုးကိုစော်ကားတယ်၊ ဗုဒ္ဓကိုစော် ကားတယ်ဆိုတဲ့ဟာတွေကိုကျတော့ အမုန်း စကား မသတ်မှတ်ဘူးလား။ အမုန်းစကားလို့သတ်မှတ်တယ်ဆိုရင် နိုင်ငံသားမည်သူ့ကိုမဆို၊ နိုင်ငံသားတွေကိုးကွယ်နေသော မည် သည့်ဘာသာကိုမဆို စော်ကားတယ်ပုတ်ခတ်တယ်ဆိုရင် အမုန်းစကားလို့သတ်မှတ်သင့်တာပေါ့။ အခုတော့ သူတို့က အဲဒီလို သတ်မှတ်တယ်လို့ ပြောကောင်းပြောနိုင်ပေမယ့်လို့ တကယ်လက်တွေ့မှာက Online မှာကြည့်လိုက်ပါ။ ဘယ် လို Account မျိုးတွေကိုပိတ်ပြီးတော့ ဘယ်လိုတွေကိုဆောင် ရွက်သလဲဆိုတာ ထင်သာမြင်သာပါလိမ့်မယ်။ ဒါကြောင့်မို့ လို့ ဒါသည် တစ်ဖက် စောင်းနင်း နိုင်ငံတော်ရဲ့ဘတ်ဂျက်အပေါ်မှာ အသုံးပြုပြီးတော့ တစ်ဖက်လှုပ်ရှားမှု၊ တစ်ဖက်ရဲ့ေ၀ ဖန်မှုတွေကို နှိပ်ကွပ်နေတဲ့ သဘောမျိုးလား။ ဒါကြောင့်မို့လို့ လာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲဖြစ်ပါမယ်လို့ ဘယ်လိုပင် ကြွေးကြော်ကြွေးကြော် လုပ်ရပ်တွေက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက် ပွဲ ဖြစ်နိုင်မလားဆိုတာ စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။

ငြမ်းမီဒီယာ – ခုနကပြောတဲ့ ဖယ်ခုံမြို့နယ်ကသီချင်းကိစ္စမှာ ဒီသီချင်းဟာဒီမိုကရေစီအရေးတော်ပုံသီချင်းဖြစ်သလို၊ မူပိုင်ခွင့် အရဆိုရင်လည်း သီချင်းဖန်တီးခဲ့သူရဲ့မိသားစုထံ ခွင့်ပြုချက်တောင်းခြင်း၊ အသိပေးခြင်းမရှိဘဲ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးပါတီ တစ်ရပ်ရပ်က အခုလို Copy လုပ်ပြီးသီဆိုအသုံးပြုတာမျိုးဟာ မသင့်တော်ဘူးဆိုတဲ့ သုံးသပ်ထောက်ပြမှုတွေကို ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UTTO – ကျနော်က အဲဒါကိုတော့ သက်ဆိုင်ရာဒေသဆိုင် ရာပါတီနဲ့ မချိတ်ရသေးဘူးဗျ။ အဲဒီအပေါ်မှာ ကျနော်မှတ်ချက် မပေးလို ဘူး။ ကျနော်မြင်တာကကျတော့ ကျနော်တို့ သည် လုပ်တယ်ဆိုလို့ရှိရင် ဥပဒေပေါ်မှာပဲ ကျနော်တို့အမြင် ရှိတယ်ဗျ။ ဥပဒေ ပေါ်မှာ ပဲ ကျနော်ရပ်တည်ပြီးတော့ပြောလို့ရမယ်။ ကျနော်တို့ရဲ့သဘောထားအမှန်ကလည်း ဥပဒေအပေါ်မှာပဲ မူတည် ပါလိမ့်မယ်။ ကျန်တဲ့ဟာကတော့ကျနော်သည် သဘောထား မတောင်းခံရသေးတဲ့ အတွက်ကြောင့် မှားသွားရင်မသင့်တော်ပါဘူး။ မှတ်ချက်မပေးလိုပါဘူး။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,