ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်)

(၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)

၁။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန် စေရေး တပ်မတော်ဘက်မှ စတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ် မြေ၊ တြိဂံဒေသ တိုင်း စစ်ဌာနချုပ်နယ်မြေများတွင် ၂ဝ၁၈ ခုနှစ၊် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အထိ အချိန်ကာလအားဖြင့် (၈) လကြာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားရေး ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သော ဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ပါသည်။

၂။ လက်ရှိ အခြေအနေတွင် တပ်မတော် အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား ယုံကြည်မှု အပြည့်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်‌ကြောင်း သတင်းထုတ်ပြန် ကြေညာ အပ်ပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။