ပြည်ထဲရေးရဲ့ အခွင့်အာဏာကို နိုင်ငံရေးအရ တရားဝင်ဖြစ်အောင် လုပ်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / Yangon Watch တည်ထောင်သူ၊ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်း

ဒီမိုကရေစီ ယဉ်ကျေးမှုအရ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်လူတွေရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့်ကို အာမခံတဲ့ ငြိမ်း စု စီ ဥပဒေ ရှိပြီးတဲ့အခါ မှာအခုလို အဲ့ဒါနဲ့ဆန့်ကျင်တဲ့ရာဇဝတ်ကျင့်ထုံးတွေနဲ့ သူ့ကိုအာဏာ ပြန်ပေးတာက နောက်ကြောင်းပြန်တဲ့ သဘောဖြစ်နေတာ။ ဒီမိုကရေစီနဲ့ဆန့်ကျင်နေတယ်။ မဖြစ်သင့်မဖြစ်ထိုက် တာတွေဖြစ်နေတယ်ပေါ့။ နောက်တစ်ခါ …

မြို့နယ်အုပ်ချုပ်ရေး ဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သလို Yangon Watch ၏ တည်ထောင်သူတစ်ဦးလည်းဖြစ်သည့် ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်း အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – မြို့နယ်အုပ်ချုပ်ရေး ဥပဒေကြမ်းထွက်လာတယ်။ဝေဖန်မှုတွေလည်း ရှိသလိုထောက်ခံဆွေးနွေးတာတွေ လည်းတွေ့ရတယ်။ဒေါ်ညိုညိုသင်းအနေနဲ့ ဒီဥပဒေကြမ်းအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

DNNT – ထုတ်ပြန်တဲ့ ဒီဥပဒေကြမ်းရဲ့ရည်ရွယ်ချက်ကကောင်းတယ်။ နားလည်သလောက်က ထွေအုပ်တွေက အရပ်သားဝန်ကြီး ချုပ်တွေ တာဝန်ခံဖို့အတွက် ဒီဥပဒေကိုပြဌာန်းဖို့လုပ်တယ်လို့ကြားရတယ်။ ရည်ရွယ်ချက် ကကောင်းပေမယ့် ဒီဥပဒေမှာပါနေတဲ့ အခန်း(၄)နဲ့ အခန်း(၆)ကိုကြည့်လိုက်တဲ့အခါမှာ ပြည့်သူအခြေပြု ဒီမို ကရေစီ အုပ်ချုပ်ရေးကို အဟန့်အတားဖြစ်စေမယ့် အန္တရာ ယ်ဖြစ်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကိုအများကြီး တွေ့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည့်သူအခြေပြု ဒီမို ကရေစီ အုပ်ချုပ်ရေးကို အဟန့်အတားဖြစ်စေမယ့် အန္တရာယ ်ဖြစ်စေမယ့်ဘေး ထွက် ဆိုးကျိုးတွေကိုအများကြီး တွေ့ရတယ်လို့ပြောသွားတယ်။ ဘယ်လိုဟာမျိုးလဲ။ ဥပမာပြောပြပါလား။

DNNT – ဥပမာပြောရမယ်ဆိုရင် အခုဆိုရင် NLDနိုင်ထားပြီဆိုတော့ အရပ်သားအစိုးရက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရော က်ပြီလေ။ အုပ်ချုပ်ရေးဖြစ်စဉ်ဟာ အရပ်သား အခြေပြုတဲ့ အုပ်ချုပ်ရေးဖြစ်စဉ်ပဲ ဖြစ်သင့်တာ ပေါ့။အခုဆိုရင်ရင်ရပ် ကွက် (သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေမှာတောင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်တဲ့ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေး မှူးက အုပ်ချုပ်တဲ့စနစ်လေ။အဲ့လိုအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ကို နိုင်ငံဝန်ထမ်းတွေနဲ့ပဲဖွဲ့ထားတာတွေ့ရတယ်။ မှန်တယ် အုပ်ချုပ်ရေးကိုဦးဆောင်တာကတော့နိုင်ငံဝန်ထမ်း ကဦးဆောင်လို့ရတယ်။ ဒါပေမယ့် တစ်ဖွဲ့လုံးက နိုင်ငံဝန်ထမ်း တွေပဲဆိုတာ ကတော့သွားနေတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ဆန့်ကျင်နေတာတွေ့ရတယ်။ ပြည်သူအခြေပြုတဲ့ဒီမိုကရေစီ ယဉ်ကျေးမှု စနစ်ဖန်တီး ချင်တယ် ဆိုရင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို နိုင်ငံဝန်ထမ်းတွေနဲ့ပဲဖွဲ့ထားတာက အဓိပ္ပာယ်လည်းမရှိဘူး ပြည့်စုံမှုလည်း မရှိဘူး။

ငြမ်းမီဒီယာ- ပြည်သူ့ရွေးချယ်မှုဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကလည်း အုပ်ချုပ်ရေး ဘက်မှာ ဝင်မပါရဘူး ဆိုတော့ဘယ်လိုပုံစံနဲ့ ပြည်သူ့ရွေးချယ်ထောက်ခံသူတွေပါဝင်လို့ရမယ်လို့ပြောတာလဲ။

DNNT – ပါရမယ်။ရွေးကောက်ပွဲနဲ့ပါရမယ်။ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေမှာ ပြည်သူ့ကိုယ်စားလှယ်တွေ ပါရမယ် ဆိုတာ မြန်မာနိုင်ငံအတွက် ဆန်းပြားတဲ့အတွေးအခေါ်မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ဒေသန္တရ အုပ်ချုပ်ရေးကို လေ့လာလိုက်မယ်ဆိုရင် အင်္ဂလိပ်ခေတ် အုပ်ချုပ်ရေးမှာတောင်မှ ဒီလိုဒေသန္တရ အုပ်ချုပ်ရေးတွေမှာ ပြည်သူ လူထု တင်မြှောက်တဲ့ သူတွေ ပါဝင်ပြီးအုပ်ချုပ်ခဲ့တာက ကျွန်မတို့နိုင်ငံမှာရှိပြီးသား။ အခုပြောနေတာက ထူးထူးဆန်းဆန်း အခြားနိုင်ငံတွေက ဟာတွေကို ချပြနေတာ မဟုတ်ဘူး မြန်မာနိုင်ငံမှာရှိခဲ့ဖူးတဲ့ ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးကို အကြံပြုတာဖြစ်တယ်။ အဲ့ဒီတော့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနအောက်က မြို့နယ်အုပ်ချုပ်ရေးမှုးတွေ ကို ဥက္ကဌ ခန့်တာမှန်တယ်။ ဒါပေမယ့် ပြည်သူရွေးချယ်တဲ့ အရပ်သားကိုယ်စားလှယ်တွေ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရှိမှသာလျှင် ပြည်သူ့ အခြေပြုတဲ့ဒေသန္ တရအုပ်ချုပ်ရေး စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်မယ်။ ဒီအတိုင်းကတော့ တပ်မတော် အုပ်ချုပ်ရေးနဲ့အလား သဏ္ဍန်တူနေ တယ်။ အခုပုံစံက၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရအာဏာ ယူတုန်းက အုပ်ချုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒီအုပ်ချုပ်ပုံစနစ်နဲ့ အုပ်ချုပ် မယ်ဆိုရင် ၂၀၁၅မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင် ခဲ့တယ်ဆို တဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်သွား မယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ခဲ့တဲ့ ရည်ရွယ်ချက်က တိုင်း ပြည်မှာ အရပ်သား အစိုးရဖြစ်ချင်လို့။ အခုကပြည်သူနဲ့ အနီးဆုံမြို့နယ် အုပ်ချုပ်ရေးမှာ နိုင်ငံဝန်ထမ်းတွေပဲ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာ ပါနေတာ ဒီမိုကရေစီစံနှုန်းနဲ့ လွဲမှားတယ်။ ဒီမိုကရေစီ စနစ်စံတွေနဲ့လည်း မကိုက်ညီ ဘူး။

ငြမ်းမီဒီယာ- ဒါပေမယ့် မြို့နယ်ဖွံဖြိုးတိုးတက်ရေး ကော်မတီမှာတော့ တောင်သူလယ်သမား အလုပ်သမားတွေနဲ့ ရပ်မိရပ်ဖတွေ ပါတယ်။အရပ်ဘက်အဖွဲ့အစည်းအသင်း အဖွဲ့ကိုယ်စားလှယ်တွေပါတယ်။ဒါပေမယ့် အုပ်ချုပ်ရေးအဖွဲ့ထဲမှာမပါစေချင် လို့သီးသန့်ဖယ်ထားသလိုဖြစ်နေတာမျိုးလား။

DNNT – အဲဒီလူတွေကိုပြည်သူက တင်မြှောက်တာမဟုတ်ဘူး။ ဖွဲ့စည်းမှာကအုပ်ချုပ်ရေး အဖွဲ့အစည်းက ဖွဲ့ပေးမှာ သူ့ကို ခေါင်းညိတ်မယ့်လူတွေ ကိုယ်စားလှယ်တွေ နယ်မြေ ကိုယ်စားလှယ်တွေ ၊အလုပ်သမားကိုယ်စားလှယ်တွေ လယ်သမား ကိုယ်စားလှယ်တွေ လူမူရေး အသင်းဖွဲ့ကိုယ်စားလှယ်ဆိုပြီး ရွေးချယ်မှာ ရွေးကောက်ပွဲနဲ့ တက်လာ မယ့်လူတွေ မဟုတ်ဘူး ကိုယ်စားပြုမှု မှာမေးခွန်း ထုတ်စရာတွေ အများကြီး ဖြစ်တယ်။ အုပ်ချုပ်ရေး အဖွဲ့က များသောအားဖြင့် မြန်မာပြည်ရဲ့ အနေထား ဆိုရင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သူတို့နဲ့ အလွမ်းသင့် တဲ့လူတွေကိုပဲ ရွေးပြီးမြို့နယ်ဖွံဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်းကြတာပဲ။ ဒါကြောင့် မြို့နယ် ဖွံဖြိုး တိုးတက်ရေးကော်မတီသည် ပြည်သူလူထုအကျိုးကို ဦးစားပေးဖို့ထက၊် ပြည်သူလူထုကို ဦးထိပ်ထားဖို့ထက် သူ့ကို ခန့်ထားတဲ့  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ လက်အောက်မှာပဲ ရှိနေပြီး အုပ်ချုပ်ရေး အဖွဲ့စည်းနဲ့လွပ်လပ် တယ်လို့မှတ်ယူဖို့ ခဲယဉ်းတယ်။မြို့နယ်ဖွံဖြိုး ရေးကော်မတီ ရဲ့လုပ်ငန်းတာဝန်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း  မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေအောက်မှာပဲ ရှိနေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- အခုလိုမျိုး နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ ပြည်သူနဲ့တိုက်ရိုက် ထိစပ်နေတဲ့ မြို့နယ် အုပ်ချုပ်ရေး ကဏ္ဍမှာ နိုင်ငံဝန်းထမ်းတွေကိုပဲ ပါဝင်စေတာကိုရော ဘယ်လိုမှတ်ချက်ပေးချင်လဲ။

DNNT – အရပ်ဘက်နဲ့စစ်ဘက် ဆက်ဆံရေးအဆင်ပြေအောင်ကြိုးစားနေတယ်ဆိုပေမယ့်လည်း အားပြိုင်နေကြ တာပဲ။စစ်ဘက် အဖွဲ့အစည်းကလည်းအားကောင်းခိုင်မာအောင် လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်နီးပါးမှာ ခိုင်မာအားကောင်းအောင် တည်ဆောက် လာနိုင်တယ်။ အရပ်ဘက်အင်စတီကျူးရှင်းတွေအားကောင်း ခိုင်မာအောင် အခုရွေးကောက်ပွဲနိုင်တဲ့အစိုးရက တာဝန်ရှိတယ်။ ရွေးကောက်ပွဲ နိုင်တဲ့အစိုးရက အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိတယ်။အရပ်ဘက် အဖွဲ့အစည်း တွေခိုင်မာအောင် မလုပ်ပေးနိုင်တဲ့ အပေါ်မှာအခွင့်ကောင်းယူပြီး တော့ စစ်ဘက် အင်စတီကျူးရှင်းတွေ ပိုခိုင်မာ အောင်ကြိုးစားတဲ့ ကြိုးစားချက်တစ်ရပ်ပဲလို့ ကျွန်မကတော့ မှတ်ယူတယ်။ ဘာကြောင့်လဲဆိုတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့မိခင်ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာနပဲဖြစ်တယ်။အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သည် ပြည်ထဲရေး လက်အောက်က မလွတ်မြောက်သေးဘဲနဲ့ မြို့နယ်အုပ်ချုပ်ရေး ဥပဒေကို ပြဌာန်းခြင်းဟာ ဆိုရင် ပြည်ထဲရေး ပြည်ထဲရေးရဲ့ အခွင့်အာဏာကို နိုင်ငံရေးအရ တရားဝင် ဖြစ်အောင်လုပ်တာ ဥပဒေအရ တရားဝင် ဖြစ်အောင် လုပ်တာ။ ရွေးကောက်ပွဲအနိုင်ရတာ အရပ်သားအစိုးရဖြစ်ပေမယ့် အမှန်တကယ်အုပ်ချုပ်တာက ပြည်ထဲရေးဦးဆောင်သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပါတယ် လို့ တရား ဝင်အသိပေးတာပဲ။

ငြမ်းမီဒီယာ- အခုလက်ရှိမှာလည်းတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအတွင်းရေးမှုးတွေက ပြည်ထဲရေးအောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လူတွေပဲ ခန့်ထားရတာပဲ။အဲ့ဒီတော့ အခုက သိပ်ပြီးထူးထူးခြားခြားပုံစံ ပြောင်းလဲမသွားဘူး ပြောချင်တာလား။

DNNT – မဟုတ်ဘူး။အဲဒါက တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာပဲလေ။ရွေးကောက်ပွဲ ကနေတက်လာတဲ့ ဝန်ကြီးချုပ်တွေက အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ ကျွမ်းကျင်မှု နည်းပါးမှာပဲလေ။ဒါကြောင့်အစဉ် တစိုက် အုပ်ချုပ်ရေးနယ်ပယ် မှာပါဝင် ခဲ့သူတွေဖြစ်တဲ့ တိုင်းမင်းကြီးတွေ ပြည်နယ်မင်းကြီးတွေက အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ်နဲ့ ပါဝင်နေတာ အဲဒါက တစ်ပိုင်း။ တိုင်းနဲ့ပြည်နယ် အဆင့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခိုင်မာအောင် နေရာယူထားပြီးပြီ အခုက ဒီဥပဒေနဲ့မြို့ နယ်အဆင့်မှာပါ ကိုယ့်ရဲ့နေရာကို ခိုင်မာအောင် ပြည်ထဲရေးက နေရာယူတယ်လို့ပဲ သတ်မှတ်တယ်။

ငြမ်းမီဒီယာ- မြို့နယ်အုပ်ချုပ်ရေး ဥပဒေကြမ်း အခန်း(၆)မှာပါတဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဘာများပြောစရာရှိလဲ။

DNNT – ဒီမိုကရေစီနိုင်ငံတွေမှာ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ ဥပဒေပြုရေးကဏ္ဍဆိုပြီး ကဏ္ဍကြီးသုံးရပ် ကိုပီပီပြင်ပြင်ခွဲခြားထားပြီးသားဖြစ်တယ်။ ဒီမဏ္ဍိုင်သုံးရပ်က အပြန်အလှန် ထိန်းကျောင်းရမယ်ဆိုတာ ဒီမိုကရေစီ ရဲ့အခြေခံ သဘောတရား။ကျွန်မတို့နိုင်ငံကဖွဲ့စည်းပုံ အခြေခံဥပဒေ စနစ်နဲ့သွားနေတဲ့နိုင်ငံဖြစ် တယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူးကိုပေးထားတဲ့ အခွင့်အာဏာတွေက အာဏာကြီး သုံးရပ်လုံးကို ယူထားလားမှတ်ရအောင်ကို ကျယ်ပြန့်န က်ရှိုင်းတာကိုကျွန်မတို့ တွေ့ရတယ်။ဥပမာဆိုရင် ကျွန်မတို့နိုင်ငံမှာ ငြိမ်း စု စီ ဥပဒေပြဌာန်းထားပြီး ပြီ။ဒါပေမယ့် ဒီဥပဒေမှာက ဘာပါလဲဆိုတော့ ရာဇဝတ်မှုကျင့်ထုံး ၁၂၉ အရ ဥပဒေနဲ့ဆန့်ကျင်သော အစုအဝေးကိုခွဲတဲ့အခါမှာ တပ်မတော်အင်းအားကို တောင်းခံနိုင် တယ်ဆိုတာပါတယ်။ဒါတွေကိုတော့ ကျွန်မတို့စိုးရိမ်တယ်။ ငြိမ်း စု စီ ဥပဒေရှိပြီးသား လူတွေက လွပ်လွပ်လပ်လပ် ဆန္ဒပြနိုင်တယ်။ ဒီလိုအခွင့်အာဏာကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုဘာကြောင့် ပြန်ပေးရတာလဲ။ နောက်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေတွေအရ သူ့ကိုလုပ်ပိုင်ခွင့်တွေတော်တော် များများပေးထားတယ်။ကျွန်မတို့နိုင်ငံ လွပ်လပ်ရေး မရခင်တုန်းက ကိုလိုနီ အစိုးရက အုပ်ချုပ်ခံပြည်သူတွေကို ငြိပ်ဝပ်ပိပြားအောင် ရည်ရွယ်ပြီး ဒီအာဏာတွေ ကိုပေးထား ခဲ့တာ။ကျွန်မတို့နိုင်ငံမှာ အဲ့ဒါနဲ့ဆန့်ကျင်ပြီးတော့ ဒီမိုကရေစီ ယဉ်ကျေးမှုအရ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်လူတွေရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော် ခွင့်ကို အာမခံတဲ့ ငြိမ်း စု စီ ဥပဒေ ရှိပြီးတဲ့အခါ မှာအခုလို အဲ့ဒါနဲ့ဆန့်ကျင်တဲ့ရာဇဝတ်ကျင့်ထုံးတွေနဲ့ သူ့ကိုအာဏာ ပြန်ပေးတာက နောက်ကြောင်းပြန်တဲ့ သဘောဖြစ်နေတာ။ ဒီမိုကရေစီနဲ့ဆန့်ကျင်နေတယ်။ မဖြစ်သင့်မဖြစ်ထိုက် တာတွေဖြစ်နေတယ်ပေါ့။ နောက်တစ်ခါ ပါဝါတွေပေးထားပြီး သူ့ရဲ့တာဝန်ခံမှုကျမရှိဘူး။အုပ်ချုပ်သူက အုပ်ချုပ်ခံရသူကို ငြိပ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်တဲ့ အင်မတန် ကျယ်ပြန့်တဲ့ အခွင့်အာဏာတွေရရှိထားသော်လည်းပဲ ပြည်သူလူထုအပေါ်မှာ အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ တရားစွဲပိုင်ခွင့်တို့တိုင်ကြားစာတွေ ကိုဖြေရှင်း ရမယ်ပြောထားတယ်။ အဲဒါတွေကိုမလုပ်ဘူးဆိုရင် ဘယ်လို တာဝန်ခံမလဲ။ သူကတာဝန်ခံမယ့် အပိုင်းတွေကို ရှင်းရှင်းမတွေ့ရဘူး။ အုပ်ချုပ်သူ ဘက်ကို ဦးစားပေးပြီး အုပ်ချုပ်သူရဲ့ အကျိုးစီးပွားကို ကာကွယ်ပြီး ရေးဆွဲထားတဲ့ ဥပဒေသက်သက် ဖြစ်နေတယ်။ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ပြီး ရေးဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး ဖြစ်နေတယ်။ပြည်သူလူထုအတွက်ခိုင်မာတဲ့ အာမခံချက်တွေ ဒီဥပဒေကြမ်းမှာ လောလောလတ်လတ် ရှာမတွေ့ဘူး ဖြစ်နေတယ်။ အဲဒီတော့ လွှတ်တော်မှာ ဆွေးနွေးရင်တော့ ပြည်သူ့အကျိုးစီးပွားတွေကို ကာကွယ် ပေးနိုင်ဖို့ မျော်လင့်တယ်။ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က နိုင်ငံသားတွေရဲ့ရပိုင်ခွင့်နဲ့အခွင့်အရေးကို အာမခံချက် မပေးနိုင်တဲ့ အခါမျိုးမှာ သူတို့ကိုယ်တိုင် နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ကိုချိုးဖောက်တဲ့ အခါမျိုးမှာ တရားစွဲပိုင်ခွင့်တို့ ၊ပြည်သူ လူထုရဲ့ အကျိုးစီးပွား တွေကို ခိုင်မာအောင်ဘယ်လို လုပ်မလဲဆိုတဲ့အချက်တွေ ဒီဥပဒေထဲမှာပါလာ မယ်ဆိုရင်တော့ မျှတတဲ့ ဥပဒေတစ်ခုဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အများကြီးကောင်းအောင် ဖြစ်လာမယ် လို့တော့ယုံကြည်ပါတယ်။ နောက်ပြီး တာဝန်နဲ့လုပ်ပိုင်ခွင့်တွေဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့မကိုက်ညီဘဲ ခေတ်ဟောင်းက ဥပဒေတွေ နဲ့လုပ်ပိုင်ခွင့်ပေးထားတာကို ပြည်သူ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ပယ်ဖျက်ဖို့ကြိုးစားရမယ်လို့ပြောလိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီဥပဒေကြမ်း ကို အများပြည်သူအကြံပေးဖို့အချိန်လုံလောက်ပါ့မလား။ လာမယ့် လွှတ်တော်မှာ တင်သွင်းမယ်လို့ကြားနေရတယ်။ အခုထိပြည်သူကိုထုတ်ပြန်တာမျိုး မတွေ့ရသေးဘူး။

DNNT – မကြာခင်တော့ နိုင်ငံပိုင်သတင်းစာတွေကနေ ပြည်သူကိုထုတ်ပြန်မယ်လို့တော့ မျော်လင့် တာပဲ။အခုကတော့ လွှတ်တော်အသိုင်းအဝိုင်းကပဲ ထွက်နေတာလို့နားလည်ထားပါတယ်။ ။

ငြမ်းမီဒီယာ
မေ(၉)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,