ပြည်သူတွေကြားစိတ်ဝမ်းကွဲခြင်းသည် ဝမ်းနည်းစရာကောင်းပြီး ဒေါသများ ဖျောက်ကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO / နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

လွန်ခဲ့တဲ့ (၂၄)နာရီ အတွင်းမှာ COVID-19 ရောဂါ ကူးစက် နေသူ (၂၁)ဦး ထပ်တွေ့ရှိ ခဲ့ပါတယ်။ဒီအပတ်နဲ့ နောက်အပတ် အတွင်းမှာ ရောဂါ ပျံ့နှံ့မှု နှုန်း များလာနိုင်မယ် ဆိုတာ ကျွန်မတို့ မှန်းဆ ထားပြီးဖြစ်လို့ ပြည်သူ တွေကိုလည်း သတိပေးခဲ့ပါတယ်။ စိတ်တွေကို ပြင်ထား စေချင်လို့ပါ။ ကျန်းမာရေး စောင့်ရှောက်မှု ဘက်ကတော့ နိုင်ငံတော်က အတတ်နိုင်ဆုံး ပြင်ဆင် ထား ပါ တယ်။

ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက် ကြောင့် ကျွန်မတို့ ပြည်သူတွေကြား စိတ်ဝမ်းကွဲကြ ရတာတွေဟာအလွန် ဝမ်းနည်းစရာ ကောင်းပါတယ် …

  ရောဂါကူးစက်ထားသူ အရေအတွက် များလာတော့ စိုးရိမ်ကြောင့်ကြမှုတွေ လည်း များလာ ပါတယ်။ Quarantine နေရာ ကနေ ထွက်ပြေးဖို့ ကြိုးစား တာတောင် ရှိတယ်ဆိုတာ သိကြ မှာပါ။ ရောဂါပိုး ဝင်နေပြီ ဆိုရင် ထွက်ပြေးလို့ မ လွတ်ပါဘူး။ စောစော သိပြီး စောစော ဆေးကုခံယူတာ အကောင်းဆုံး ပါ။ COVID-19 ဟာ ကုလို့ရနိုင်တဲ့ ရောဂါပါ။ စောစောသိမှ စောစော ကုသနိုင်ပြီး၊ ပျောက်နိုင်ခြေပိုများမှာပါ။ ဒါကြောင့် ရှောင်ပြေးခြင်းဟာ ကာယကံ ရှင် အတွက် အန္တ ရာယ် များပါတယ်၊ အခြားသူတွေ အတွက် လည်း အန္တရာယ် များပါတယ်။

ပြည်သူတွေက ကျွန်မတို့ အားလုံးရဲ့ ဘုံရန်သူ ဖြစ်တဲ့ COVID-19 ကို အောင်နိုင်ဖို့ ကိုသာ ညီညီ ညွတ်ညွတ် နဲ့ လုပ်ကြပါ …

♦  စိုးရိမ်စိတ်တွေ ကြီးလာတာနဲ့အမျှ၊ ဒေါသတွေလည်း ကြီးလာကြပါတယ်။ COVID-19 ကိုတိုက်ဖို့ လိုတဲ့အင်အားတွေ ကို ကိုယ့်အချင်းချင်း တိုက်ဖို့ မသုံး ကြပါနဲ့။ အင်းစိန်မှာ လူတစ်စု ရောဂါပိုးရှိကြောင်း သိရှိရမှု ကအစချီပြီး၊ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက် ကြောင့် ကျွန်မတို့ ပြည်သူတွေကြား စိတ်ဝမ်းကွဲကြ ရတာတွေဟာအလွန် ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒေါသတွေကို ဖျောက်ကြပါ။ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ အနေနဲ့ ကျွန်မ ဒီကိစ္စကို မှန်ကန် မျှတအောင် ဖြေရှင်းဖို့ တာဝန် ယူပါမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

  ပြည်သူတွေက ကျွန်မတို့ အားလုံးရဲ့ ဘုံရန်သူ ဖြစ်တဲ့ COVID-19 ကို အောင်နိုင်ဖို့ ကိုသာ ညီညီ ညွတ်ညွတ် နဲ့ လုပ်ကြပါ။ ယခုအချိန် မှာ အရေးကြီးဆုံး လိုအပ်ချက် တစ်ခုက Quarantine ကိစ္စ ကိုထိထိ ရောက်ရောက် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ အစိုးရ ဌာနတွေ၊ ဝန်ထမ်းတွေ ချည်း လုပ်ရတာ မနိုင်မနင်းဖြစ်နေပါတယ်။ မေတ္တာ၊ စေတနာ၊ သတ္တိ တို့နဲ့ဝိုင်းဝန်း ကူညီ ကြတဲ့ လူ ငယ် တွေရဲ့ လုပ်အားက ကြီးမားတဲ့ အထောက် အပံ့ ဖြစ်ပါတယ်။ဒီလို နိုင်ငံ့ သားကောင်း သမီးကောင်း တွေကို အများကြီးကျေးဇူး တင်ပါတယ်။

♦  သင်္ကြန်ရေ မစိုရတဲ့ အတာပွဲမှာ မေတ္တာရေနဲ့ အေးကြပါစေ။

▪️ ဒေါ်အောင်ဆန်းစုကြည်
ဧပြီ၊ (၁၄)၊၂၀၂၀
Source – (D) ASSK FB


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,