ပြည်သူတွေဘာဖြစ်နေသလဲ ပြောတာကို ရာဇဝတ်မှုသတ်မှတ်တာ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KBC/KYM / ကချင်တစ်မျိုးသားလုံးဆိုင်ရာလူငယ်များသမဂ္ဂဥက္ကဌ ကိုလွမ်းဇောင်း

အစိုးရ၊တပ်မတော်စွဲတဲ့အမှုမှာ ကျွန်တော်တို့အမြဲတမ်းထောင်ချ ခံရတယ်။ပြစ်ဒဏ်ပေးခံရတယ်။ ပြီးတော့တရားသူကြီးတွေရဲ့ တရားစီရင်ရေးဟာ လွတ်လပ်သော တရားစီရင်ရေးမဟုတ်ဘူး ဆိုတာ အရမ်းကြီးပေါ်လွင်စေပါတယ်။ ပြည်သူတွေက…

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စစ်ရှောင်စခန်းမှ ပြည်သူတွေရဲ့ ဘဝ၊ မှန်ကန်တဲ့ တရားစီရင်ရေးစနစ်နဲ့  ပြည်သူတွေအား ကို ယုံကြည်တဲ့ တရားစီရင်ရေး စနစ် ဖြစ်ပေါ်လာဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုပွဲကိုစက်တင်ဘာလ (၉)ရက်နေ့က ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာပြည်ရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အခြေအနေ၊ တရားစီရင်ရေးစနစ်၊ အစိုးရရဲ့ပြုမူ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ကချင်တစ်မျိုးသားလုံး ဆိုင်ရာလူငယ်များ သမဂ္ဂဥက္ကဌ ကိုလွမ်းဇောင်းကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – ဒီနေ့ဆန္ဒထုတ်ဖော်ပွဲကို ဘာကြောင့်လုပ်ဖြစ်တာလဲ။ ဘယ်မှာလုပ်တာလဲ။

KLZ – ဒီနေ့ ကချင်ပြည်နယ်မြစ်ကြီးနားမှာရှိတဲ့ ကချင်လူငယ်တွေ၊ စစ်ဘေးရှောင် လူငယ်တွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းပြီး မြစ်ကြီးနားတရားရုံးမြောက်ဘက်မှာ စစ်ပွဲဖြစ်ခဲ့တာ ရှစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကချင်လူငယ်တွေ တေး သရုပ်ဖော်ပြဇာတ် လုပ်ခဲ့တာမှာ ကိုပေါလုနဲ့မဆိုင်နူးပန် တို့ မတရားပြစ်ဒဏ်ချခံရတဲ့ အပေါ်မှာ တရားရုံးနဲ့တရားသူကြီးရဲ့ စီရင်ချမှတ်မှု၊နောက်တော့ စစ်ရှောင်ပြည်သူတွေဘဝမှန်ကိုထင်ဟပ်တဲ့ တင်ပြတဲ့ပုံစံလုပ်တာကို မတရား တရားစွဲဆို ပြစ်ဒဏ် ချတဲ့ကိစ္စကို ကျွန်တော်တို့ကန့်ကွက် ဆန္ဒပြတာ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ပြောဆိုမှုအတွက် ဘယ်တော့မှ လက်မြောက် အရှုံးပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ထောင်ချရင်ချလို့ရမယ်။ ကျွန်တော်တို့တွေရဲ့ …

အဓိကကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ ပြည်သူအယုံအကြည် ကင်းမဲ့နေပြီး လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ကို လိုလားတဲ့ အတွက်ကြောင့်မို့ပြည်သူတွေ ယုံကြည်အားကိုးတဲ့ တရားရုံး တရားစီရင်ရေးဖြစ်ဖို့ အတွက် တောင်းဆို ဆန္ဒ ပြခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုကို နှိပ်ကွပ်တဲ့ ပုံနဲ့ မတရား ပြစ်ဒဏ်တွေ စီရင်ချမှတ်တာ၊ လွတ်လပ်စွာ ထုတ်ပြောဆိုခွင့်ကို ပိတ်ပင်တဲ့ နိုင်ငံတော် အစိုးရ၊ တရားစီရင်ရေးကို မီးမောင်းထိုးပြဖို့ ဆန္ဒထုတ် ဖော်ခြင်း ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – အဲတော့ဒီနေ့ဆန္ဒထုတ်ဖော်ပွဲက ကိုပေါလုကို ထောင်သုံးလချလိုက်တဲ့အပေါ်မှာ တရားစီရင်ရေးစနစ်ကို မကျေနပ်တဲ့အတွက် လား။

KLZ – သုံးလချလိုက်လို့တင်မဟုတ်ဘူး။လွန်ခဲ့တဲ့ စက်တင်ဘာ(၂) ရက်နေ့မှာ ငြိမ်း စု စီ ပုဒ်မနဲ့ ကိုပေါလုနဲ့မဆိုင်နူးပန်တို့ကို ထောင်ဒဏ်(၁၅)ရက်ချမှတ်လိုက်တယ်။အဲဒီအပေါ်မှာရော ကျွန်တော်တို့က ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲလို့မရတဲ့ဟာကို စွဲပြီးမှ ကျွန်တော်တို့လူငယ်တွေကို စိတ်ဓာတ် စစ်ဆင်ရေး အနေနဲ့ အမိန့်ချတာ၊ မတရား တရားစွဲဆိုတဲ့ အပေါ်ကို လက်မခံနိုင်ဘူး။ ဒါကိုကျွန်တော်တို့က န့်ကွက်ဆန္ဒပြတဲ့ဟာ ဖြစ်တယ်။နောက်ပြီးတော့ တရားရေး မထီမဲ့မြင် ပြုတာလည်းမဟုတ်ဘူး။ တရား စီရင်မှု နောက်ပိုင်းမှာ ကျွန်တော်တို့က Symbolအနေနဲ့ ချိန်ခွင်ပေးတဲ့ဟာကိုတရားသူကြီးတွေက ထောင်ဒဏ်ချတာဟာ နှိပ်ကွပ်တဲ့ ပုံစံ ပြစ်ဒဏ် ဖြစ်နေတယ်။ဒီလိုမျိုး လုပ်ဆောင်ခြင်းဟာ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာအများကြီး ထိခိုက် ဆုံးရှုံးမှုတွေဖြစ်ပေါ်လာတယ်လို့ ကျွန်တော်တို့ မြင်တယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေရဲ့ဆန္ဒ၊ပြောရေးဆိုခွင့်၊အားလုံးရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေ ကရောဘယ်လို အနေအထားမှာရှိတယ်လို့မြင်လဲ။

KLZ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို နိုင်ငံတော်အစိုးရနဲ့ တရားရုံးက နိုင်ငံသားတွေရဲ့အခြေခံ အခွင့်အရေးဖြစ်တဲ့ဟာကို နှိပ်ကွပ်တဲ့ ပုံသဏ္ဍန်နဲ့ အမြဲတမ်းအစိုးရနဲ့ တပ်မတော် တရားစွဲဆိုတဲ့ အမှုမှန်သမျှကို တရားသူကြီးတွေက လွတ်လပ်တဲ့ ဆင်ခြင် တုံ တရားနဲ့ တရား စီရင်မှုမဟုတ်ဘဲနဲ့ယိမ်းယိုင်ပြီး ဥပဒေအထက်မှာ တစ်ယောက်ရှိနေသလိုပဲ။ အုပ်ချုပ်ရေးရှိနေတယ်။

ကချင်မျိုးဆက်သစ် လူငယ်တွေကို ဖိနှိပ်တဲ့၊ နှိပ်ကွပ်တဲ့ ပုံသဏ္ဍန်နဲ့ အုပ်ချုပ်ရေး၊တရားရေးက ဒီလို လုပ်ဆောင်တယ်ဆိုရင် ကချင် လူငယ်တွေက ဒီလိုမျိုးနှိပ် ကွပ်တာကိုလက်မြောက် အရှုံးပေးမှာ မဟုတ်ဘူး …

တရားသူကြီး အထက်မှာကြိုးကိုင်တဲ့ ဟာဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီတရားစီရင်ရေးဟာ ပြည်သူ အယုံအကြည်ကင်းမဲ့ လာတယ်။ အစိုးရ၊တပ်မတော်စွဲတဲ့အမှုမှာ ကျွန်တော်တို့အမြဲတမ်း ထောင်ချ ခံရတယ်။ပြစ်ဒဏ် ပေးခံရတယ်။ ပြီးတော့ တရားသူကြီးတွေရဲ့ တရားစီရင်ရေးဟာ လွတ်လပ်သော တရားစီရင်ရေး မဟုတ်ဘူးဆိုတာ အရမ်းကြီးပေါ်လွင်စေပါတယ်။ ပြည်သူတွေက နိုင်ငံတာ် အစိုးရကို ဆန့်ကျင်တာလည်းမဟုတ်ဘူး။ တရားစီရင်ရေးကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ပြည်သူတွေက တကယ့် ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့ ကချင်လူငယ်တွေကလည်း ယဉ်ယဉ်ကျေးကျေးနဲ့တေးသရုပ်ဖော် တင်ပြတာတွေ၊ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်တဲ့ ဟာတွေ၊စစ်ရှောင်တွေရဲ့ ဘဝမှန်ကို ထင်ဟပ် တဲ့ တေးသရုပ်ဖော်လုပ်တဲ့ ဟာတွေကို တကယ့်ရာဇဝတ်မှုလို သတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်တာ လုံးဝ တရားမျှတမှု မရှိဘူး။ဒီလိုမျိုးချိန်ခွင်နဲ့လုပ်ဆောင်တာကို သံခြေကျင်းတွေ၊ သံကြိုးတွေချည်ပြီး ကိုပေါလု ကို ခေါ်ဆောင်လာတာတွေ၊ အဲဒီလိုလုပ်မှု တွေဟာ တကယ်စိတ်ပျက်စရာ ကောင်းနေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်သူတွေတင်မြှောက်ထားတဲ့အရပ်သား အစိုးရ လက်ထက်မှာ ဒီလိုအခြေအနေတွေ တွေ့ကြုံနေရတာကို ရောဘာပြောချင်သလဲဗျ။

KLZ – အန်အယ်လ်ဒီအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ၊ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရက နိုင်ငံပြုပြင် ပြောင်းလဲရေး ကို လုပ်ဆောင်တယ်ဆိုသော်ငြားလည်း အခုလိုမျိုး  နိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးတွေကို ပိတ်ဆို့တာတွေ၊ လုပ်ဆောင်တာတွေ၊ ဒါတွေကိုတော့ ကျွန်တော်တို့ လက်ခံလို့မရဘူး။

ငြမ်းမီဒီယာ – ဒီနေ့ ကေဘီစီဥက္ကဌ ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က တရားရုံးဦးတိုက် လျောက်ထားတဲ့ အခြေအနေ သိရ မယ် ထင်ပါတယ် (ယခုအင်တာဗျူးချိန်တွင် ကေဘီစီ ဥက္ကဌနှင့်ပတ်သက်၍ တရားရုံးဦးတိုက်လျောက် ထားသည့် တပ်မတော် ဘက်မှ ကျေအေးမှုမပေးသေး)။အဲဒီတော့ ကိုပေါလုအပါအဝင်ပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆောင်ရွက် သွားဖို့ရှိလဲ။

KLZ – နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ပြောဆိုမှုအတွက် ဘယ်တော့မှ လက်မြောက် အရှုံး ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ထောင်ချရင် ချလို့ရမယ်။ ကျွန်တော်တို့တွေရဲ့ နိုင်ငံသားအခွင့်အရေး ဖြစ်တဲ့ ပြည်သူတွေ ဘာဖြစ်နေ သလဲ ဆိုတာကို ကျွန်တော်တို့က ပြောဆိုတဲ့ဟာကို ရာဇဝတ်မှု သတ်မှတ်တာ ဘယ်လိုမျိုး နိုင်ငံ တည်ဆောက် မလဲ။အစိုးရကို ကျွန်တော်တို့ဆန့်ကျင်နေတာ မဟုတ်ဘူး။တိုက်ခိုက်နေတာမဟုတ်ဘူး။ ပုန်ကန်နေတာ မဟုတ်ဘူး။အစိုးရကို နိုင်ငံသားတွေ ဖြစ်နေတဲ့ အရာကိုမီးမောင်းထိုးပြတာ။ တကယ့်ဒီမိုရေစီ ယဉ်ကျေးမှု အသိုင်းအဝိုင်းကပြည်သူတွေကို လေးလေး စားစားနဲ့ ပြည်သူရဲ့ သဘောဆန္ဒ အခြေအနေကို ထင်ဟပ်တာ ကျေးဇူးတင်ရမှာ။ ကျွန်တော်တို့က အကြမ်းဖက်တာ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီလိုမျိုး လုပ်ဆောင်တာကို အရင်ကစစ်အာဏာရှင် ခေတ်မှာရောအခုဒီမိုကရေစီလို့ပြောတဲ့ ကမ္ဘာ့ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ အစိုးရရော အခု ဒီလိုမျိုး ပြည်သူတွေကို နှိပ်ကွပ်ပြီးမှ လုပ်ဆောင်တယ် ဆိုရင် တိုင်းပြည်က ကောင်းတဲ့ဘက်ကိုဦးတည်လာမှာမဟုတ်ဘူး။ အခု ကချင်မျိုးဆက်သစ် လူငယ်တွေကို ဖိနှိပ်တဲ့၊ နှိပ်ကွပ်တဲ့ ပုံသဏ္ဍန်နဲ့ အုပ်ချုပ်ရေး၊တရားရေးက ဒီလိုလုပ်ဆောင်တယ်ဆိုရင် ကချင် လူငယ်တွေက ဒီလိုမျိုးနှိပ် ကွပ်တာကိုလက်မြောက် အရှုံးပေးမှာ မဟုတ်ဘူး။ကျွန်တော်တို့ကနည်းလမ်းပေါင်းစုံနဲ့မိမိရဲ့အခွင့်အရေး နဲ့နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို တိုက်ပွဲဝင် သွားမှာပါ။

ငြမ်းမီဒီယာ – ဒီနေ့ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေချိန်မှာ တပ်မတော် စစ်ကြောင်းက တင့်ကားတွေနဲ့ လှည့်လည် လာတာ တွေ့ရတယ်။ အဲဒါကတိုက်ဆိုင်တာလား၊အရင်လည်းဒီလို ရှိတတ်တဲ့ အခြေအနေလား။ ဘယ်လိုယူဆသလဲဗျ။

KLZ – ပြည်သူတွေ ရှိတဲ့မြို့မှာဒီလိုမျိုး စစ်ရေးပြ ပုံသဏ္ဍန်နဲ့ တင့်ကားတွေ။သေနတ်တွေနဲ့ ဒီလိုမျိုး  လုပ်ဆောင်တာ အမြင်မသင့် တော် ဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ ပြီးတော့ ကချင်ပြည်နယ်မှာ စစ်ရပ်ဆိုင်းထားတဲ့ အချိန် ကာလလည်း ဖြစ်တယ်။ အဲလို အချိန်မှာ ပြည်သူတွေကို စိုးရိမ်ကြောက်လန့်စေတဲ့ ပုံသဏ္ဍန်မျိုးတွေ လုပ်ဆောင်တာ လုံးဝမသင့်တော်ဘူး။ ဒီနေ့မြန်မာနိုင်ငံအစိုးရ ကလည်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေတဲ့အချိန်မှာ၊သိက္ခာတော်ရဆရာတော် ရုံးချိန်းနေ့မှာ၊ ဆန္ဒထုတ်ဖော်ပွဲလုပ်နေချိန်မှာ ပြည်သူ တွေကိုစိတ်ဓာတ်စစ်ဆင်ရေး၊စစ်ရေးပုံစံနဲ့လုပ်တာ စိတ်ပျက်စရာ ကောင်းတဲ့ လက္ခဏာလို့ ကျွန်တော်တို့မြင်တယ်။ ပြည်သူတွေကို လက်နက်တွေ တင့်ကားတွေနဲ့ ဒီလိုမျိုး စစ်ရေးပြတဲ့ဟာက ငြိမ်းချမ်းရေးလုပ်ဆောင် နေချိန်မှာ ပြည်သူတွေရဲ့ အယုံအကြည် က ဒီတပ်မတော် အပေါ်မှာ ပိုကင်းမဲ့လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီနေ့လိုဆန္ဒထုတ်ဖော်ပွဲလုပ်တဲ့ အချိန်ကျမှ တင့်ကားတွေလှည့်တာ လား။ဒီနေ့မှာမှ လှည့်တာလား။ အရင်တုန်းကရော ဒါမျိုး သူတို့လှည့်တာပြုတာရှိသလား။

KLZ – သူတို့မလုပ်တာ အရမ်းကြာပြီ။ဟိုးအရင်စစ်ဖြစ်တဲ့ အချိန်နည်းနည်းပါပါးလုပ်တယ်။အခုဟာ ဒီလိုမျိုးပြန်လုပ်တော့ ကျွန်တော်တို့ကဘာလဲပေါ့။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,