ပြည်သူတွေအမေး၊ ဒေါ်အောင်ဆန်းစုကြည်အဖြေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO

♦ ပြည်သူ – ပိတ်ရက်အတွင်း လက်လုပ် လက်စားများရဲ့ စားဝတ်နေရေး။

DASSK – နိုင်ငံ့ဘဏ္ဍာ၊ COVID-19 ဗဟိုကော်မတီ ရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ တစ်နေရာ၊ တစ်ဒေသအတွက်သာ မဟုတ်၊ တစ်နိုင်ငံလုံးအတွက် စဉ်းစားရပါမယ်။ ဗဟိုကော်မတီ ရန်ပုံငွေ အတွက် တတ်နိုင်သမျှလှူကြဖို့ မေတ္တာရပ်ခံ ပါတယ်။

♦ ပြည်သူ – Mask ကိစ္စ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DASSK – ဒီလအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေကို ဖြန့်ဖြူး ပေးနိုင်ဖို့အတွက် Mask ၆.၃ သန်း ရှိပါတယ်။ ထပ်မံလည်း မှာယူထားပါတယ်။

♦ ပြည်သူ – မီတာခ လျှော့ပေးရေး။

DASSK – မီတာခတွေ လျှော့ပေးရေး အကောင်းဆုံးနည်းလမ်း ညှိနှိုင်းနေပါတယ်။

♦ ပြည်သူ – အင်တာနက် သုံးစွဲမှု နှုန်းထား ကောက်ခံမှု လျှော့ပေးရေး။

DASSK – အင်တာနက် သုံးစွဲမှုနှုန်းထားတွေကို တယ်လီဖုန်းအော်ပရေတာများက လျှော့ချထားပေးပြီးပါပြီ။

“ သတိကြီးစွာနဲ့ခွာခွာ နေရတဲ့အချိန်မှာ မေတ္တာ ကရုဏာ ကိုလည်း မမေ့ပါနဲ့။ ကျွန်မတို့အားလုံး ပြည်ထောင်စု သွေးရင်းတွေပါ။ Facebook သုံးခါစ ဆိုတော့ တစ်လုံးချင်း ရိုက်ဖို့ အတော်အချိန် ယူရပါတယ်။ ဒါပေမဲ့ ပြည်သူတွေနဲ့ ဆက်သွယ်နိုင်တာ ဝမ်းသာ ပါတယ်။ မကြာခင် လက်သွက်သွားမှာပါ။အေးအတူ၊ ပူအမျှ၊ သွေးချင်းအားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။”

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်

၅၊၄၊၂၀၂၀


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,